MKTT Real Estate - ဒလအိမ်ခြံမြေ အကျိုးတော်ဆောင် အေဂျင်စီ

  • Home
  • Myanmar
  • Yangon
  • MKTT Real Estate - ဒလအိမ်ခြံမြေ အကျိုးတော်ဆောင် အေဂျင်စီ

MKTT Real Estate - ဒလအိမ်ခြံမြေ အကျိုးတော်ဆောင် အေဂျင်စီ Our value is your satisfaction

မြေအရောင်းအဝယ်လုပ်တဲ့အခါမှာ သိထားသင့်တဲ့ မြေအမျိုးအစားများအကြောင်းယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ...
08/08/2025

မြေအရောင်းအဝယ်လုပ်တဲ့အခါမှာ သိထားသင့်တဲ့ မြေအမျိုးအစားများအကြောင်း

ယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်
မြေပိုင်ဆိုင်မှု စာချုပ် စာတန်း အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်
ဝယ်ထားသော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်
မြေ အရောင်းဝယ်မှာမြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကိုဝယ်ယူခြင်း ဖြစ်ပါသည်

ဂရန်မြေ
======
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရန်မြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရန်မြေ စိုက်ပျိုး ဂရံမြေ စက်မှုဇုံ ဂရန်မြေ
လူနေထိုင်အိမ်ဂရန်မြေ အမျိုးမျိုးရှိသည်

• သစ်တော ဂရန်မြေ

သစ်တောရုံးမှ ထုတ်ပေးသော ဂရန်မြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။

• စိုက်ပျိုး ဂရန်မြေ

အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရန်(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ် ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။

• စက်မှုဇုံဂရန်မြေ

က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။

• လူနေထိုင်အိမ်ဂရန်

ထို ဂရန် မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။
ဂရန်မြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊မခိုင်မာသော ဂရန် မြေများ လည်း ရှိသည့် နည်းတူ၊အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရန်မြေ များလည်း ရှိသည်

*မှတ်ချက် - ဂရန်မြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။*

ပါမစ်မြေ
=======

ဂရန် ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ်မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာထည့်ပါ။ ပါမစ်မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
*မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။*

ပြေစာမြေ(စလစ်)
============

ပြေစာ၊ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီးမြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက် နိုင်ပါသည်။

• Gပြေစာ(စလစ်)
• R/G ပြေစာ(စလစ်)
• L ပြေစာ (စလစ်)
• ပုံစံ(5) ပြေစာ (စလစ်)
• ရွာမြေ ပြေစာ(စလစ်)
• R4 ပြေစာ(စလစ်)

• G ပြေစာ(စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။

• R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက် ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ် ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။

• L ပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။

• ပုံစံ(5) ပြေစာ
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

• ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေအမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု မျိုး အရှင်း မရှိ။

• R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။

လယ်မြေ
======
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

ဘိုးဘပိုင်မြေ
=========
ခိုင်မာမှု့ တွင် ဂရံ မြေ ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက် အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌ အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

ဘိုးဘပိုင်မြေကို မြေပိုင်မြေလို့လဲ ခေါ်ပါတယ်။ မြေပိုင်မြေဆိုတာကတော့ ဘိုးဘွားအစဉ်အဆက် အဆင့်ဆင့်နေထိုင်လာပြီး သားစဉ်မြေးဆက် ဆက်လက်နေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစားပါ။ ဒီမြေကို မိမိကိုယ်တိုင် အမည်ဖေါက်လို့ ရသလို့ ဒီတိုင်းအရပ်စာချုပ်နဲ့ အဆင့်ဆင့် ပြန်လည်ရောင်းချလို့ ရပါတယ်။ အင်းစိန်မှာ ရှိတဲ ဘိုးဘပိုင်မြေတော်တော်များများက အရောင်းအဝယ်စာချုပ်နဲ့ အဆင့်ဆင့် အရောင်းအဝယ်လုပ်တဲ့ မြေတွေများပါတယ်။ ဘိုးဘပိုင်မြေက သက်တန်းကုန်တာမျိုးမရှိပါဘူး.. သူ့ကို ဝယ်ထားပြီး အမည်ဖေါက်လိုက်ရင် သားစဥ်မြေးဆက် ကမ္ဘာတည်နေသေးသရွေ့ နေထိုင်ခွင့် အသုံးပြုပိုင်ခွင့် ရှိပါတယ်။ ဘိုးဘပိုင်မြေကို နားလည်တဲ့ သူတွေကတော့ ဘိုးဘပိုင်မြေက ဂရန်ထက်ပိုပြီးခိုင်မာတယ်လို့ပြောကြပါတယ်။

ဂရန်မြေဆိုတာတော့ အစိုးရကနေ နှစ် ၃၀ ဖြစ်စေ နှစ် ၆၀ ဖြစ်စေ နှစ် ၉၀ ဖြစ်စေ သတ်မှတ်ထားတဲ့ နှစ်အလိုက် ပြန်ပြီး ငှားရမ်းတဲ့မြေကို ဆိုလိုပါတယ်။ ဂရန်မြေစာရွက်စာတန်းမှာ မြေငှားဂရန် ဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။ ဒါက ဘာကိုဆိုလို တာလဲ ဆိုတော့ ဂရန်မြေဆိုတာက အစိုးရက ငှားတဲ့မြေကို ဆိုလိုတဲ့ သဘောပါ။ သူ့သက်တမ်း ကုန်သွားပြီဆိုရင်တော့ အစိုးရကို တစ်ခါ အခွန်ထပ်ဆောင်ပြီး မြေငှားရမ်းသက်တမ်းကို ထပ်တိုးရပါတယ်။ ဘိုးဘပိုင်မြေကတော ဒါတွေ လုပ်စရာမလိုပါဘူး။

ဂရန်မြေရဲ့ အားသာချက်တွေကတော့ ဘဏ်မှာ အလွယ်တကူ ပေါင်လို့ရတယ်။ ဘဏ်နဲ့ ချိတ်ဆက်ပြီး ရောင်းမယ်ဆိုရင် အဆင်ပြေတဲ့မြေမျိုးပါ။ လုပ်ငန်းကြီးတွေ လည်ပတ်ဖို့အတွက်ဆိုရင်လဲ ဘိုးဘပိုင်မြေထက် ဂရန်မြေက ပိုအဆင်ပြေပါတယ်။ အမည်ပြောင်းတဲ့ ကိစ္စတွေ အခွန်ဆောင်တဲ့ ကိစ္စတွေကလဲ ဂရန်မြေတွေက ပိုပြီးလွယ်ကူမြန်ဆန်တဲ့ အနေအထားမှာ ရှိလို့ လူတွေ တော်တော်များများက ဂရန်မြေကို ပိုပြီး အားသာကြပါတယ်။

အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်

မြေဝယ်ယူမည်ဆိုပါက မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန် လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်

သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည် ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး ခွင့်သာ ရှိပါသည်

Crd to original uploader

07/08/2025

ကျန်စစ်သား တပင်ရွှေထီး အရောင်းကွက်လေးတွေရှိရင် တစ်ချက်ပြပေးပါခင်ဗျ အခြားရပ်ကွက်တွေဆိုလည်း ကြည့်ချင်ပါတယ် အကျိုးတူရပါမယ် ကျေးဇူးပါခင်ဗျာ

09 750 269 999

ရွာမြေ VS ပုံစံ(၇)မြေဝယ်ဖို့ စဉ်းစားနေသူတွေအတွက် ရွာမြေနဲ့ ပုံစံ ၇ မြေရဲ့ ကွာခြားချက်၊ အားသာချက်၊ အားနည်းချက်တွေကို သိထာ...
06/08/2025

ရွာမြေ VS ပုံစံ(၇)

မြေဝယ်ဖို့ စဉ်းစားနေသူတွေအတွက်
ရွာမြေနဲ့ ပုံစံ ၇ မြေရဲ့
ကွာခြားချက်၊ အားသာချက်၊
အားနည်းချက်တွေကို သိထားဖို့
အလွန်အရေးကြီးပါတယ်။ လူအများစုဟာ ဈေးသက်သာတာကို
ပဲကြည့်ပြီး ပိုင်ဆိုင်မှုမခိုင်မာတဲ့ မြေတွေကို မှားယွင်းဝယ်ယူ
မိတတ်ကြပါတယ်။
ဒီ Content လေးက သင့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို
ချနိုင်အောင် ကူညီပေးပါလိမ့်မယ်။
ရွာမြေ
● အဓိပ္ပာယ်: ရွာမြေသည် မြန်မာနိုင်ငံ၏ မြေယာစီမံခန့်ခွဲမှု
ဥပဒေအရ ခေတ်အဆက်ဆက်အခွန်ကင်းလွတ်ခွင့် ရရှိထားကာ
ကျေးရွာ သို့မဟုတ် ရပ်ကွက်အတွင်း အိမ်ဆောက်လုပ်နေထိုင်ရန်
သတ်မှတ်ထားသော မြေအမျိုးအစားဖြစ်သည်။
● လက္ခဏာများ:
○ လူနေထူထပ်သော ကျေးရွာ/ရပ်ကွက်အတွင်း တည်ရှိသည်။
○ အိမ်ဆောက်လုပ်ခြင်း သို့မဟုတ် အိမ်တွင်းစီးပွားရေး
လုပ်ငန်းများအတွက် အသုံးပြုသည်။
○ မြေစာရင်းဦးစီးဌာနမှ ပုံစံ ၁၀၅/၁၀၆ တွင် “ရွာမြေ” အဖြစ်
မှတ်တမ်းတင်ထားသည်။
● ပိုင်ဆိုင်မှုအနေအထား: တရားဝင်မှတ်တမ်းတင်ထားပြီး ပိုင်ဆိုင်မှု
ရှင်းလင်းသည်။ မြေဝယ်ယူရာတွင် ပုံစံ ၁၀၅/၁၀၆ စာရွက်စာတမ်းများ
အရ မြေစာရင်းဦးစီးဌာနတွင် စစ်ဆေးအတည်ပြုရန် လိုအပ်သည်။
တစ်ကွက်ချင်းတိုင်းတာ ပုံထုတ်ထားတာမျိုးတော့ မရှိပါ။
● လွှဲပြောင်းမှုလုပ်ငန်းစဉ်: ရွာမြေဝယ်ယူရာတွင် ကျေးရွာအုတ်ချုပ်ရေး
မှုး၊ရှေ့နေတို့ဖြင့် ခိုင်မာစွာ စာချုပ်ချုပ်ဆိုနိုင်ပါသည်။
လုပ်ငန်းစဉ်သည် ယာမြေထက် ပိုမိုရိုးရှင်းပါသည်။
ပုံစံ(၇)
● အဓိပ္ပာယ်: ပုံစံ(၇) သည် လယ်ယာမြေလုပ်ကိုင်ခွင့်ကို အတည်ပြုပေးသော
စာရွက်စာတမ်းဖြစ်ပြီး၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေ၊ ကိုင်းကျွန်းမြေ
စသည့် စိုက်ပျိုးရေးအတွက် သတ်မှတ်ထားသော မြေအမျိုးအစားများအတွက်
ထုတ်ပေးသည်။
● လက္ခဏာများ:
○ စိုက်ပျိုးရေးလုပ်ငန်းများအတွက်သာ သတ်မှတ်ထားသည် (ဥပမာ: စပါး၊ ဥယျာဉ်သီးနှံ၊ နှစ်ရှည်ပင်)။
○ အိမ်ဆောက်လုပ်နေထိုင်ရန် မသင့်လျော်ပါ၊ ရွာမြေအဖြစ် ပြောင်းလဲရန် တရားဝင်လုပ်ငန်းစဉ်များ လိုအပ်သည်။
○ မြေဧရိယာ ၀.၂၅ ဧကအောက် အကွက်ရိုက်ရောင်းချပါက ပုံစံ(၇) အမည်ပေါက်
မရရှိနိုင်ပါ။
● ပိုင်ဆိုင်မှုအနေအထား: ပုံစံ(၇) သည် စိုက်ပျိုးမြေအတွက် လုပ်ကိုင်ခွင့်ကို
အတည်ပြုပေးသော်လည်း၊ အကွက်ရိုက်ရောင်းချမှုများတွင်
စာချုပ်အခြေခံသာ ပိုင်ဆိုင်မှုရှိပြီး တရားဝင်အမည်ပေါက်
မရခြင်း ဖြစ်ပါသည်။
● လွှဲပြောင်းမှုလုပ်ငန်းစဉ်: ပုံစံ(၇) မြေကို အခြားနည်းဖြင့် အသုံးပြုလိုပါက
(ဥပမာ: ရွာမြေအဖြစ် ပြောင်းလဲရန်၊လနလျှောက်ရန်) မြို့နယ်/တိုင်းဒေသကြီး
/ဗဟိုအဆင့် မြေယာစီမံခန့်ခွဲမှုကော်မတီထံတွင် တရားဝင်လျှောက်ထားရသည်။
လုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး အချိန်ကြာမြင့်နိုင်သည်။
ရွာမြေ၏ အားသာချက်နှင့် အားနည်းချက်များ
● အားသာချက်များ:
○ တရားဝင်ပိုင်ဆိုင်မှု ရှင်းလင်းပြီး စိတ်ချရသည်။
○ အိမ်ဆောက်လုပ်နေထိုင်ရန် တရားဝင်ခွင့်ပြုထားသည်။
○ အမည်ပြောင်းလွှဲပြောင်းမှု လုပ်ငန်းစဉ်များ ရိုးရှင်းသည်။
● အားနည်းချက်များ:
○ ရွာမြေသည် မြို့ပြဖွံ့ဖြိုးဆဲဒေသများတွင် ရရှိရန် ခက်ခဲနိုင်သည်�।
○ ဈေးနှုန်းသည် ပုံစံ(၇) ထက် ပိုမိုမြင့်မားနိုင်သည်။
ပုံစံ(၇) ၏ အားသာချက်နှင့် အားနည်းချက်များ
● အားသာချက်များ:
○ ဈေးနှုန်းသက်သာပြီး ဖွံ့ဖြိုးဆဲဒေသများတွင် ရရှိနိုင်သည်။
○ စိုက်ပျိုးရေးလုပ်ငန်းများအတွက် သင့်လျော်သည်။
○ တရားဝင်ခွင့်ပြုချက်ဖြင့် ရွာမြေအဖြစ် ပြောင်းလဲနိုင်သည်။
● အားနည်းချက်များ:
○ အကွက်ရိုက်ရောင်းချထားတဲ့ပုံစံ၇ မြေဖြစ်ပါက (၀.၂၅ ဧကအောက်) ဧရိယာကျဉ်းတယ်ဆိုရင်
အမည်ပေါက်မရခြင်း ဖြစ်ပေါ်နိုင်သည်။
○ ရွာမြေအဖြစ် ပြောင်းလဲရန် လုပ်ငန်းစဉ်သည်
ရှုပ်ထွေးပြီး အချိန်ကုန်လွယ်သည်။
○ အိမ်ဆောက်လုပ်နေထိုင်ပါက စည်းကမ်း
ဖောက်ဖျက်မှုဖြစ်ပြီး အရေးယူခံရနိုင်သည်။
ဘယ်ဟာက ပိုကောင်းသလဲ?
● ရွာမြေကို ရွေးချယ်သင့်သူများ:
○ အိမ်ဆောက်လုပ်နေထိုင်ရန် ရည်ရွယ်သူများ။
○ တရားဝင်ပိုင်ဆိုင်မှုနှင့် လွှဲပြောင်းမှုလုပ်ငန်းစ
ဉ်မြန်ဆန်မှုကို ဦးစားပေးသူများ။
○ ဥပမာ: ကျေးရွာအတွင်း လူနေအိမ်ရာအတွက်
မြေကွက်လိုအပ်သူများ။
● ပုံစံ(၇) ကို ရွေးချယ်သင့်သူများ:
○ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေလိုအပ်သူများ။
○ ဈေးနှုန်းသက်သာပြီး ဖွံ့ဖြိုးဆဲဒေသများတွင်
ရင်းနှီးမြှုပ်နှံလိုသူများ။
○ ရွာမြေအဖြစ်ပြောင်းရန် လုပ်ငန်းစဉ်ရှုပ်ထွေးမှုကို
သည်းခံနိုင်သူများ။
○ ဥပမာ: စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ်
ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် မြေလိုအပ်သူများ။
မြေဝယ်ယူရာတွင် စစ်ဆေးရမည့်အချက်များ
1. စာရွက်စာတမ်းများ:
○ ရွာမြေ: ပုံစံ ၁၀၅/၁၀၆ တွင် “ရွာမြေ” အဖြစ် မှတ်တမ်းတင်ထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနတွင် စစ်ဆေးပါ။
○ ပုံစံ(၇): သက်ဆိုင်ရာမြေယာငှာနတွင် စစ်ဆေးပါ၊အရောင်းအဝယ်စာချုပ်ပဲရှိပါက
ပုံစံ(၇) မူရင်းနှင့် အရောင်းအဝယ်စာချုပ်များကို စစ်ဆေးပြီး အကွက်ရိုက်ဧရိယာ ကျဉ်းနေတာမျိုး
မဖြစ်ကြောင်း အတည်ပြုပါ။
2. ပိုင်ရှင်နှင့် ရောင်းချခွင့်: ရောင်းသူသည် တရားဝင်ပိုင်ရှင်ဖြစ်မဖြစ် စစ်ဆေးပါ။
3. မြေကွက်တည်နေရာ: လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ထည့်သွင်းစဉ်းစားပါ။
4. အကြံပြုချက်: ကျွမ်းကျင်သော အိမ်ခြံမြေအကျိုးဆောင်များနှင့် တိုင်ပင်ပြီး
စာရွက်စာတမ်းများကို မြေစာရင်းဦးစီးဌာနတွင် သေချာစစ်ဆေးပါ။।
📜 #ရွာမြေ
📄 #ပုံစံ၇
🏡 #အိမ်ခြံမြေသတိပြု
🔍 #မြေယာရင်းနှီးမြှုပ်နှံမှု
ဖတ်ရှုပြီး စိတ်ဝင်စားရင် မျှဝေပေးဖို့ မေ့မထားပါနဲ့ 🙌
အခြားသူများလည်း သိထားနိုင်အောင် ဝေမျှပေးပါ! 🙏✨
Credit to original creator

ပြီးလုဆဲ ဒလတံတားကြီးရဲ့ ရှုမငြီး ညအလှ 🌉🌌
25/07/2025

ပြီးလုဆဲ ဒလတံတားကြီးရဲ့ ရှုမငြီး ညအလှ 🌉🌌

ဥပဒေ နှင့် နည်းဥပဒေများ စုစည်းမှု“မြေယာဥပဒေများ”------------------(၁) The Lower Burma Land Revenue Manual      https://d...
25/07/2025

ဥပဒေ နှင့် နည်းဥပဒေများ စုစည်းမှု

“မြေယာဥပဒေများ”
------------------
(၁) The Lower Burma Land Revenue Manual
https://drive.google.com/file/d/0B1rJB2UJgwXkUEJFM0lpUF9pV00/view?usp=sharing

(၂) The Lower Burma Town and Village Act 1898
https://drive.google.com/file/d/0B1rJB2UJgwXkc19maGNCQ1U2cnc/view?usp=sharing

(၃) အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများအက်ဥပဒေကို ပြင်ဆင်သည့်
ဥပေဒ
https://drive.google.com/file/d/0B1rJB2UJgwXkV3VOUmY0TzVtaDA/view?usp=sharing

(၄) မြေနှင့်အခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၅)
https://drive.google.com/file/d/0B1rJB2UJgwXkRUNxVlJxeGJWdWM/view?usp=sharing

(၅) The Burma Land Acquisition Manual 1947
https://drive.google.com/file/d/0B1rJB2UJgwXkQWczaG45ek02eXc/view?usp=sharing

(၆) အစိုးရမြေယာချထားရေးဥပဒေ
https://drive.google.com/file/d/0B1rJB2UJgwXkWFpXS21LUUdaN1U/view?usp=sharing

(၇) The Upper Burma Land and Revenue Manual 1939
https://drive.google.com/file/d/0B1rJB2UJgwXkZHRNRmp5LWRFRUk/view?usp=sharing

#########################################################

ယစ်မျိုးဥပဒေများ
--------------
(၁) 1917 Burma Excise Manual (Volume I)
https://drive.google.com/file/d/0B1rJB2UJgwXkRXdCS2N0TF9lWmM/view?usp=sharing

(၂) 1917 Burma Excise Manual (Volume II)
https://drive.google.com/file/d/0B1rJB2UJgwXkQTBHejRrWE8yaDA/view?usp=sharing

(၃) ၁၉၃၀ပြည့်နှစ်၊ ယစ်မျိုးလက်စွဲဥပဒေ https://drive.google.com/file/d/0B1rJB2UJgwXkTHhIN1RuTVFXOGM/view?usp=sharing

######################################################x

အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေများ
---------------------------
(၁) ၂၀၁၄ခုနှစ်၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ https://drive.google.com/file/d/0B1rJB2UJgwXkSTVGbTEyc3pnX0U/view?usp=sharing
(၂) 2014 The Law Relating to Registration of Association
https://drive.google.com/file/d/0B1rJB2UJgwXkb0hwbE5vUW1zWDg/view?usp=sharing
(၃) အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ
https://drive.google.com/file/d/0B1rJB2UJgwXkek1MZXdsazlUb0U/view?usp=sharing
(၄) အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ
https://drive.google.com/file/d/0B1rJB2UJgwXkTnQ0dUdneWl4WlE/view?usp=sharing
(၅) အသင်းအဖွဲ့မှတ်ပုံတင်ခွင့် လျှောက်လွှာပုံစံများ
https://drive.google.com/file/d/0B1rJB2UJgwXkbDBBQlRPQk1XSFk/view?usp=sharing

###################################################

Burma Code (Volume I to XIII)
----------------------------------
(၁) The Burma Code (Volume I )
https://drive.google.com/file/d/0B1rJB2UJgwXkUFM2aDFvT3RNYXM/view?usp=sharing
(၂) The Burma Code (Volume II)
https://drive.google.com/file/d/0B1rJB2UJgwXkTDAxZEhvU3FibTA/view?usp=sharing
(၃) The Burma Code (Volume III)
https://drive.google.com/file/d/0B1rJB2UJgwXkYmJFNDNZUFB1WGc/view?usp=sharing
(၄) The Burma Code (Volume IV)
https://drive.google.com/file/d/0B1rJB2UJgwXkS05nYnlQalo1Tlk/view?usp=sharing
(၅) The Burma Code (Volume V)
https://drive.google.com/file/d/0B1rJB2UJgwXkRmVoRE1XV3lHTFE/view?usp=sharing
(၆) The Burma Code (Volume VI)
https://drive.google.com/file/d/0B1rJB2UJgwXkYVlBWjR3Y1NNbkk/view?usp=sharing
(၇) The Burma Code (Volume VII)
https://drive.google.com/file/d/0B1rJB2UJgwXkdzVzWGtHRVdwQlU/view?usp=sharing
(ဂ) The Burma Code (Volume VIII)
https://drive.google.com/file/d/0B1rJB2UJgwXkelh2Y0VLZHEtNHc/view?usp=sharing
(၉ ) The Burma Code (Volume IX)
https://drive.google.com/file/d/0B1rJB2UJgwXkY1JqQURocTBJYUU/view?usp=sharing
(၁၀) The Burma Code (Volume X)
https://drive.google.com/file/d/0B1rJB2UJgwXkRUdHTDFtT2VUaDA/view?usp=sharing
(၁၁) The Burma Code (Volume XI)
https://drive.google.com/file/d/0B1rJB2UJgwXkRzVQaWRoLW5MbXM/view?usp=sharing
(၁၂) The Burma Code (Volume XII)
https://drive.google.com/file/d/0B1rJB2UJgwXkU1V2Rnh5MHRYeUE/view?usp=sharing
(၁၃) The Burma Code (Volume XIII)
https://drive.google.com/file/d/0B1rJB2UJgwXkSUxXVmVMZktPSUk/view?usp=sharing
############################################################

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာဥပဒေများ
------------------------------
၁။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (The Anti Money Laundering Law)
https://drive.google.com/file/d/0B1rJB2UJgwXkVzhaR2ktY0hPamM/view?usp=sharing
၂။ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ
https://drive.google.com/file/d/0B1rJB2UJgwXkX0w0OVh0QkFKWUU/view?usp=sharing
၃။ လက်နက်(ယာယီ)ပြင်ဆင်ချက်အက်ဥပဒေ THE ARMS (TEMPORARY AMENDMENT) ACT [ ACT LI, 1951.] (27 th October, 1951.)
https://drive.google.com/file/d/0B1rJB2UJgwXkbjJkdHRfVHNqSjQ/view?usp=sharing
၄။ လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေ(၁၉၄၉ ခုနှစ်)
https://drive.google.com/file/d/0B1rJB2UJgwXkRFpCSnJmajlqV1k/view?usp=sharing
၅။ လက်နက်များအက်ဥပဒေ [ INDIA ACT XI, 1878.] (1 st October, 1878.)
https://drive.google.com/file/d/0B1rJB2UJgwXkMzJCeENHQ0FPQ3M/view?usp=sharing
၆။ လက်နက်ကိုင်ဆောင်ရေးမူ
https://drive.google.com/file/d/0B1rJB2UJgwXkVmlqak8za0plWFE/view?usp=sharing
ရ။ စုံထောက်မှုဌာနလက်စွဲဥပဒေ(မြန်မာ)
https://drive.google.com/file/d/0B1rJB2UJgwXkTnJDSmpCcTVXN3M/view?usp=sharing
၈။ The Criminal Investigation Department Manual
https://drive.google.com/file/d/0B1rJB2UJgwXkMFk1WFpDZFB4eEE/view?usp=sharing
၉ ။ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် နည်းဥပဒေများ
https://drive.google.com/file/d/0B1rJB2UJgwXkcU9tRVBETUU0SDg/view?usp=sharing
၁၀ ။ ရဲတာဝန်များနှင့်သက်ဆိုင်သော ဥပဒေရေးရာအဖြာဖြာ
https://drive.google.com/file/d/0B1rJB2UJgwXkNFUwMFppRk9qdEE/view?usp=sharing
၁၁။ Burma Police manual (Volume II)
https://drive.google.com/file/d/0B1rJB2UJgwXkVlBOZlh2a1VlZWM/view?usp=sharing
၁၂။ မီးရထားအက်ဥပဒေ(၁၈၉၀ပြည့်နှစ်)
https://drive.google.com/file/d/0B1rJB2UJgwXkM1plOVhHNGRSY2s/view?usp=sharing
၁၃။ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ(Eng)
https://drive.google.com/file/d/0B1rJB2UJgwXkeWFiR0JWaEN3S28/view?usp=sharing
၁၄။ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ(မြန်မာ)
https://drive.google.com/file/d/0B1rJB2UJgwXkeUUxbHhGSTV0NXM/view?usp=sharing
၁၅။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ(The Anti Trafficking in Persons Law) (၂၀၀၅ခုနှစ်)
https://drive.google.com/file/d/0B1rJB2UJgwXkLVptd3RJcl9HMG8/view?usp=sharing
၁၆။ ကလေးသူငယ်ဥပဒေ(Eng)
https://drive.google.com/file/d/0B1rJB2UJgwXkeGYtYmJjQzNTRWM/view?usp=sharing
၁၇။ ကလေးသူငယ်ဥပဒေ(မြန်မာ)
https://drive.google.com/file/d/0B1rJB2UJgwXkWU9UdmZiVXI4ejA/view?usp=sharing
၁၈ ။ ၁၉၆၄ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ
https://drive.google.com/file/d/0B1rJB2UJgwXkZkRMcXNWd2VsYnc/view?usp=sharing
၁၉ ။ သက်သေခံဥပဒေ မြန်မာဘာသာပြန်ဆိုချက်
https://drive.google.com/file/d/0B1rJB2UJgwXkRll0Qmx3ZUJ6YlU/view?usp=sharing
၂၀။ ရန်ကုန်ရဲအက်
https://drive.google.com/file/d/0B1rJB2UJgwXkSjlYMS1LcEdyWFk/view?usp=sharing
၂၁။ Burma Police Manual (Volume IV)
https://drive.google.com/file/d/0B1rJB2UJgwXkZjZjS2p2UnE0aE0/view?usp=sharing
၂၂။ Burma Police Manual (Volume I)
https://drive.google.com/file/d/0B1rJB2UJgwXkX0RYLXFORjZxYzQ/view?usp=sharing
၂၃။ ပြစ်မှုဆိုင်ရာအထူးဥပဒေများအသုံးချလက်စွဲ(ပထမတွဲ)
https://drive.google.com/file/d/0B1rJB2UJgwXkRVQ5eDVicnBpaTQ/view?usp=sharing
၂၄။ ပြစ်မှုဆိုင်ရာအထူးဥပဒေများအသုံးချလက်စွဲ(ဒုတိယတွဲ)
https://drive.google.com/file/d/0B1rJB2UJgwXkV1Btd0xmbFFXeUE/view?usp=sharing
၂၅။ ပြစ်မှုဆိုင်ရာအထူးဥပဒေများအသုံးချလက်စွဲ(တတိယတွဲ)
https://drive.google.com/file/d/0B1rJB2UJgwXkVlR0UGM2Z3E3T0k/view?usp=sharing
၂၆။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် တားဆီးနှိမ်နင်းရေး အရာရှိများ လိုက်နာရမည့် ကျင့်ဝတ်လက်စွဲစာအုပ်
https://drive.google.com/file/d/0B1rJB2UJgwXkWnp0a1RWNTFmUU0/view?usp=sharing
၂၇။ ရဲအက်ဥပဒေ
https://drive.google.com/file/d/0B1rJB2UJgwXkUkp4UGJZUzFVUlU/view?usp=sharing
၂၈ ။ ရဲအရာရှိလက်စွဲဥပဒေ အကျဉ်းချုပ်
https://drive.google.com/file/d/0B1rJB2UJgwXkdG1PcTNMUTdPdEU/view?usp=sharing
၂၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ
https://drive.google.com/open?id=11PTKP9abzwLmfCnoiSj1JnAo1T4WaK_x
၃၀။ ရာဇသတ်ကြီး(Eng)
https://drive.google.com/file/d/0B1rJB2UJgwXkWHpVZG9jSXgtYjQ/view?usp=sharing
၃၁။ ရာဇသတ်ကြီး
https://drive.google.com/file/d/0B1rJB2UJgwXkUC16bGJ3X0IxUVk/view?usp=sharing
၃၂။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ(Eng)
https://drive.google.com/file/d/0B1rJB2UJgwXkQ0ZHSWRJQk8zS2c/view?usp=sharing
၃၃။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ
https://drive.google.com/file/d/0B1rJB2UJgwXkR2FfSmtSay1GLXM/view?usp=sharing
၃၄။ ရဲလက်စွဲ(ပထမတွဲ)
https://drive.google.com/file/d/0B1rJB2UJgwXkcEJqQ09SSnRtSU0/view?usp=sharing
၃၅။ ရဲလက်စွဲ(ဒုတိယတွဲ)
https://drive.google.com/file/d/0B1rJB2UJgwXkSDMzXzE4cHdCZjA/view?usp=sharing
၃၆။ ရဲလက်စွဲ(တတိယတွဲ)
https://drive.google.com/file/d/0B1rJB2UJgwXkNzIxQVQySTVPNjg/view?usp=sharing
၃၇။ တရားစွဲဆိုခွင့်ပြုမိန့်
https://drive.google.com/file/d/0B1rJB2UJgwXkY1ZINHVfVVRfdEk/view?usp=sharing
၃၈။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ
https://drive.google.com/open?id=1KXY4pmgbH-OIbloVKkecvZEarHlCywJN

Respectively crd to original uploaders

18/07/2024

CNI နဲ့ Admin ပြောဖြစ်တာလေးတွေထဲက တစ်ချို့ 🤝

တပင်ရွှေထီး ကျန်စစ်သားရပ်ကွက်များအတွက် အဝယ်များ ရှိနေပါတယ် အရောင်းပိုင်ရှင်များ ဆက်သွယ်အပ်နှံနိုင်ပါတယ်ရှင့် 🙏🙏🙏Messenge...
17/07/2024

တပင်ရွှေထီး ကျန်စစ်သားရပ်ကွက်များအတွက် အဝယ်များ ရှိနေပါတယ် အရောင်းပိုင်ရှင်များ ဆက်သွယ်အပ်နှံနိုင်ပါတယ်ရှင့် 🙏🙏🙏

Messenger or 09 750 269 999

အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေတန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...ဖြစ်လာရင်...
08/06/2023

အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ
တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?

မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...

တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့်
အမြတ် အရမ်းကျန်ပါတယ်။
ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာ
ဈေးသက်သာလွန်းရင်လည်း
ဝယ်သူ မယုံကြည်မှာစိုးတာကြောင့်
ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြပါတယ်။
အဲ့ဒါကလည်း တရားမဝင်အကွက်
ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်းများစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ
အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့
တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့
ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက်
"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား" ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည်တော့ပါဘူး။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင်
သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။
အဲ့ဒီလိုရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာကြပါတယ်။

ဘယ်လိုအသုံးချသလဲဆိုရင်
အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီးအဖွဲ့ဖွဲ့ လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။
အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ်။
ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။
သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။
ဒါမှ မကျေနပ်တဲ့သူတွေကတိုင်ရင်
အခြားနည်း အသုံးပြုခွင့်လျှောက်ထားတာလို့
ဆင်ခြေပေးလို့ရအောင်လို့ပါ။
ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထားပါတယ် ဆိုပြီးတော့လေ။
မြေယာပုံစံ-၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ။

အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်းပေးမယ်။
ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီးရောင်းပါတယ်။
အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။ အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး
"မြေကွက်တွေဘယ်နားမှာ ရှိတယ် ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး" စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။ တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။
တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။
တစ်ချို့က မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။
နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...

တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး။
ခင်ဗျားကသင့်သလိုဈေးခေါ်
သိန်း အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း
ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်းဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။
ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
မြေကွက်အပိုင်ရမှာဆိုတာရယ်...
မြေယာဥပဒေတွေကို မသိနားမလည်းတဲ့
အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။

ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။
ဒီပစ္စည်းက ရောင်းသူလက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။
သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှုလား။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာများပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။

တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို
တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး။
အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ
မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။
အဲ့ဒီလိုဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။
ဒီမြေယာဟာ ဘယ်လောက်ပဲတန်တယ်ဆိုတာ
ဝယ်သူအများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။

ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော
တစ်ကယ်ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီးရောင်းတဲ့သူရယ်
သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်းအဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ်။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကိုအဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။
ပြဿနာဖြစ်လာရင် သူတို့ကိုဆွဲထည့်လို့
မရတော့ဘူးလေ။
သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည်ကြောင်ပတ်လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင်လုပ်မယ်။ ဘယ်လောက်ကောင်းလဲ။
စာချုပ်ထဲမှာ
အမည်ပါတဲ့သူတွေ
လက်မှတ်ထိုးတဲ့သူတွေ
လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။
အဲ့ဒီလို လုပ်ကြတာပါ။

အမြတ်ကြတော့လည်း တွက်ကြည်ဦး။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာပေးတဲ့သူ တစ်သိန်း
လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း
မြေကွက်အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။
ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။
ငါးယောက်လောက်စုပြီး
တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက်မြတ်မလဲ
စဉ်းစားကြည့်လို့ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။

တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။

တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင်
မချုပ်စေချင်ပါဘူး။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ်
အခွန်တွေ ဆောင်ရမယ်။
ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေလုပ်သလို
ဂျင်းထည့်တာပါ။
တစ်ချို့ဝယ်သူတွေကြတော့လည်း
ဘာမှနားမလည်ကြပါဘူး။
သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။
အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။
တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။
မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။
ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။
တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ
နားမလည်တဲ့သူတွေကို
အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။

မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...

ကိုယ်တိုင်ခံရမှ
အစိုးရမတရားဘူး တို့...
တရားမျှတမှုမရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့တာတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...

မူရင်းရေးသားသူ
မည်သူဆိုတာမတွေ့ရှိရပါ Crd ပဲတွေ့ရသဖြင့်
ကိုဇေယျာလင်းအကောင့်မှ တင်ပြချက်ကို

ပြန်လည်ကူးယူ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

လယ်မြေကိုဂရန်မြေအဖြစ်လျှောက်မယ်ဆိုရင်တိုက်ရိုက်တော့ လျှောက်ထားလို့မရပါဘူး။ ရှေးဦးစွာ လယ်မြေကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်...
30/03/2023

လယ်မြေကိုဂရန်မြေအဖြစ်လျှောက်မယ်ဆိုရင်

တိုက်ရိုက်တော့ လျှောက်ထားလို့မရပါဘူး။

ရှေးဦးစွာ လယ်မြေကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇)လျှောက်ထားရန်အတွက် မြေပုံ/မြေရာဇဝင်လို့ခေါ်သည့် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမယ်။

မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင် ခွင့်လက်မှတ် ပုံစံ (၇) လျှောက်ထားလို့ရပါပြီ

ပုံစံ(၇)စိစစ်ရာတွင် အမှန်တကယ်လယ်ယာလုပ်ကိုင်ခြင်း ရှိ/မရှိကို စိစစ်ပါတယ်။

လယ်ယာလုပ်ကိုင်သည်ဆိုလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွံရေးနှင့်စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ပေးပါသည်။

လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးပါက

လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊

ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း များကို တရားဝင် ဆောင်ရွက်လို့ ရသွားပါတယ်။

ထိုမှတဆင့် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါတယ်။

အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာတွင် သုံးစွဲလိုသည့်အကြောင်းအရင်းကို ဖော်ပြလျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားခြင်းအမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့ အဆင့်ဆင်တင်ပြပြီးနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြပြီးနောက် လယ်မြေတွင် အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန်ခွင့်ပြုမိန့်ပုံစံ (၁၅)ထုတ်ပေးပါတယ်။

လယ်မြေအား အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ရရှိပြီးပါက ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆) လအတွင်း အသုံးပြုရမှာဖြစ်ပါတယ်။

လ/ယ ပုဒ်မ-၃၁အရ ခွင့်ပြုချက်ရရှိသည့်နေ့မှ (၆) လအတွင်း စတင်အသုံးမပြုလျှင်သော်လည်း၊

သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်ပြဌာန်းထားတာပါတယ်။

ဌာနမှ စိစစ်လို့တွေ့ရှိ တယ်ဆိုလျှင် လ/ယ ၃၀ ခွင့်ပြုမိန့် ပယ်ဖျက်ပြီး စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ အရေးယူနိုင်ပါတယ် သတိပြုဖို့လိုပါတယ်။

ထိုသို့ အသုံးပြုပြီးနောက် ဂရန်လျှောက်ထားရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမည်။

ပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားသည့် မြေဧရိယာသည်

(၁) ဧကအထိဖြစ်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏

ဆုံးဖြတ်ချက်ဖြင့်

သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက် (၅) ဧကအထိဖြစ်ပါက

နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်။

(၅) ဧကအထက်ဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) ၏မှ ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ၍

ဝန်ကြီးဌာန ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါတယ်။

Address

No. 103, Sin Phyu Shin Street, Ta Pin Shwe Htee Ward, Dala Township
Yangon
11261

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959750269999

Website

Alerts

Be the first to know and let us send you an email when MKTT Real Estate - ဒလအိမ်ခြံမြေ အကျိုးတော်ဆောင် အေဂျင်စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MKTT Real Estate - ဒလအိမ်ခြံမြေ အကျိုးတော်ဆောင် အေဂျင်စီ:

Share

Category