23/07/2026
မိဘပြည်သူများထံသို့ အသိပေးတင်ပြခြင်း
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊သာကေတမြို့နယ်အတွင်းရှိ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း နှင့် သုမနလမ်းတို့ရှိ 33kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းအား သစ်ပင်းခုတ်ခြင်းနှင့် လိုင်းထိန်းပြင်လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါသဖြင့် 33kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းအား (23.7.2026)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၄:၀၀)နာရီ အချိန် အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည် ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ၂/တောင် ၊ ၃/ရန်ပြေ၊ ၃မာန်ပြေ၊ ၄/တောင်၊ ၄/မြောက်၊ ၅ ရပ်ကွက်များ တွင် အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း နှင့် ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျှော့နည်းစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း