ဒဂုံစမ်းရေ အိမ်ခြံမြေရောင်းဝယ်ရေး ဒဂုံ၄မြို့နယ်အိမ်ခြံမြေ

  • Home
  • Myanmar
  • Yangon
  • ဒဂုံစမ်းရေ အိမ်ခြံမြေရောင်းဝယ်ရေး ဒဂုံ၄မြို့နယ်အိမ်ခြံမြေ

ဒဂုံစမ်းရေ အိမ်ခြံမြေရောင်းဝယ်ရေး ဒဂုံ၄မြို့နယ်အိမ်ခြံမြေ 09254448991 /09443074133 (ရောင်းမယ်/ဝယ်မယ်ဆိုရင် ဆက်သွယ်ပေးပါခင်ဗျာ
Dagon Sanyay Real Estate
Dagon Sanyay Iand and House, service🏡🏠🏠🏠🏠🏠🏠🏠🏠

🌈မြန်မာနှစ်ဦး အခါသမယမှာ အစတည်၍🌈🌈ကျွန်တော်မှအစပြုပြီး များနေသတ္တဝါ အပေါင်း ဘေးရန်ကင်းကွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့်...
17/04/2026

🌈မြန်မာနှစ်ဦး အခါသမယမှာ အစတည်၍🌈

🌈ကျွန်တော်မှအစပြုပြီး များနေသတ္တဝါ အပေါင်း ဘေးရန်ကင်းကွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် နောင်နုစ်ဦးပေါင်း
များစွာ ချမ်းငြိမ်းသာယာစွာ ဖြတ်ကျော်နိုင်ကြပါစေ🌈🌈

🌈သူတော်ကောင်းတို့ ချီးမွန်းအပ်သော အလုပ် အကိုင် အပြောအဆို မှန်သမျှ ပြီးမြောက်အောင်မြင်ခြင်းတို့ ရောက်ကြပါစေ🌈

🌈သူတော်ကောင်းတို့ မချီးမွန်းအပ်သော အလုပ်အကိုင် အပြောအဆို
အကြံအစီ မှန်သမျှ ပြီမြောက်အောင်မြင်ခြင်းတို့ မရောက်ရှိပါစေ🌈

❤️ဒီနိုင်ငံ စည်းလုံးခြင်း တရားတွေ နုင့်
အမြန်ဆုံး ပြည်စုံအေးချမ်းပါစေ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

🏡မဂ်လာပါခင်ဗျာ🏡🏡DAGON SANYAY REAL ESTATE🏡🏡🏡🏡🏡🏡🏡🏡ရန်ကုန်တိုင်း  ဒဂုံ (4 )မြို့နယ်အတွင်းရှိ ဝန်ထိမ်း ပါမစ် မြေကွက်များ ဂရန...
08/04/2026

🏡မဂ်လာပါခင်ဗျာ🏡

🏡DAGON SANYAY REAL ESTATE🏡🏡🏡🏡🏡🏡🏡

🏡ရန်ကုန်တိုင်း ဒဂုံ (4 )မြို့နယ်
အတွင်းရှိ ဝန်ထိမ်း ပါမစ် မြေကွက်များ ဂရန်မြေကွက်များ
ဈေးအမြင့်ဆုံးပေါက်ဈေးဖြင့်
အိမ်အရောက်ငွေချေး ဝယ်ယူလိုပါတယ်ခင်ဗျာ 🏡🏡🏡

🌈ဒဂုံမြို့သစ် တောင်ပိုင်း 141/2
ရပ်ကွက်အတွင်းရှိ ပါမစ် ဂရန်
မြေကွက်များ ယနေ့ပေါက်ဈေး
အမြင့်ဆုံးဖြင့် ဝယ်ယူလိုပါသည်🌈🌈🌈🌈🌈🌈🌈🌈🌈🌈

🏰ဒဂုံ(၄)မြို့နယ်အတွင်း ကွန်ဒို
အဆင့်မြင့်တိုက်ခန်း ဂိုထောင်
များအဝယ်အရောင်းနုင့်ဌား
ရမ်းမည်ဆိုလျှင်ဆက်သွယ်
ပေးပါခင်ဗျာ🏫🏘️🏘️🏘️🏘️

📞PHO //09443074133🏠

📞PHO//09254448991🏠

🌿သာယာချမ်းမြေ့စွာဖြင့် အရောင်းအဝယ်ပွဲဖြစ်ဖို့ pho call
လေးခေါ်ပေးပါခင်ဗျာ🌿

🌿ရန်ကုန်တိုင်း ဒဂုံမြို့သစ် (4) မြို့နယ်အတွင်း ရှိမြေဈေးများ
စုံစမ်းလိုလျှင် အချိန်မရွေး PHO
ဆက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ🌿

Dagon Sanyay Real Estate
🌱🌱🌱🌱🌱🌱🌱🌱🌱🌱

12/03/2026
26/12/2025

ဘိုးဘွားပိုင် (မြေပိုင်) မြေကို ဝယ်မည်ဆိုလျှင်

“ဘိုးဘွားပိုင်မြေဆိုတာ ဘယ်လို မြေအမျိုးအစားလဲဆရာ။ မြေကိုခွဲ စိတ်ရောင်းချလို့ရပါသလား”ဟု မိတ် ဆွေဆရာဝန်ကြီး၏ သားဆရာဝန်က စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးပါသည်။

“ဘိုးဘွားပိုင်မြေဆိုတာ၊ လယ်ယာမြေစကားနဲ့ ပြောရင်တော့ ဓားမ ဦးချစတင်နေထိုင်တဲ့ နေရာဖြစ်တယ်။ ဘိုးစဉ်ဘောင်ဆက်အမွေ ဆက်ခံနေထိုင်လာကြတာဖြစ်ပါတယ်။ ဥပဒေအရ ပြောရရင်လည်း အောက်မြန်မာ နိုင်ငံ မြို့နှင့် ကျေးရွာ မြေများ အက်ဥပဒေပုဒ်မ (၄)၊ ပုဒ်မ ခွဲ (၁၀) အရ ဘိုးဘပိုင်မြေ (မြေပိုင် မြေ) ဆိုသည်မှာ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေအမျိုး အစားဖြစ်သည် လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်။ မြေဝယ်ဖို့ စိတ်ကူးလို့လား”

“ဟုတ်ကဲ့။ သူငယ်ချင်းတစ်ယောက်ရဲ့ မြေကွက်ကို ခွဲရောင်းမယ်လို့ပြောတာနဲ့ စိတ်ကူးကြည့်မိတာပါ။ သူတို့ကလည်း အင်္ဂလန်မှာပဲ အနေများတော့ အမွေခွဲတဲ့ သဘောလားတော့ မသိဘူး”

“ကောင်းပါတယ်ကွယ်။ ဆရာ့ ရဲ့ အဖေလည်း အသက်ကြီးပြီ မဟုတ်လား”

“ဟုတ်ပါတယ်။ အမေနဲ့အဖေက တိုက်ခန်းမှာဆိုတော့ အတက်အဆင်း လမ်းလျှောက်ဖို့ကအစ အခက်အခဲ ရှိတယ် ဆရာ”

“ဒါနဲ့ ဆရာလည်း အင်္ဂလန်မှာပဲ မဟုတ်လား။ သမားတော်ဘွဲ့ရပြီး အင်္ဂလန်နိုင်ငံရှိ ဆေးရုံမှာပဲ အလုပ် လုပ်နေတယ်လို့ ဆရာကြီးနဲ့ တွေ့စဉ်က ပြောဖူးတယ်”

“ဟုတ်ပါတယ်။ ကျွန်တော်လည်း ဟိုမှာ ၁၀ နှစ်နီးပါးရှိနေပြီ”

“ငွေလည်း အတော်စုမိပြီပေါ့။ ဘာပဲဖြစ်ဖြစ် ခြံဝိုင်းလေးနဲ့ဆိုတော့ ပန်းပင်လေးတွေ စိုက်ရတာကအစ လူကြီးတွေအနေနဲ့ စိတ်ကြည်နူးမှုတော့ ရှိတာပေါ့”

“ဒါကြောင့်လည်း မြေဝယ်ဖို့ စိတ်ကူးမိတာပါ”

“အစောကပြောသလို ဘိုးဘွား ပိုင်မြေတွေကို ခွဲစိတ်ရောင်းချလွှဲ ပြောင်းပေးပိုင်ခွင့်ရှိတယ်။ ရောင်းမည့်သူနဲ့ မြေကွက်အမည်ပေါက်က တစ်ဦးတည်းလား၊ ဒါမှမဟုတ် မြေကွက်အမည်ပေါက်နဲ့ ဘယ်လိုဆက် စပ်မှုရှိသလဲဆိုတာ သေချာစုံစမ်းသိ ရှိဖို့ လိုတယ်”

“မြေကွက်က အကျယ်ကြီး ဆရာ။ သူ့အဘိုးအမည်ပေါက်လို့ ပြောပါတယ်။ မိသားစုတွေက အဆင် ပြေသလို တိုက်ဆောက်ပြီးနေကြတာ မျိုးတော့ ရှိတယ်”

“ဟုတ်ပါတယ်။ နှစ်ဧကလောက်ရှိတဲ့ မြေကွက်ထဲမှာ သားစဉ်မြေးဆက် အဆင်ပြေသလို မြေကွက်ပေါ်မှာ အိမ်ဆောက်နေလာခဲ့တာများတယ်။ သူစိမ်းတစ်ယောက်ကို လွှဲပြောင်းရောင်းပြီဆိုရင်တော့အတိုင်း အတာက အစ ခြံဝိုင်းထဲအဝင်အထွက် လမ်းကိစ်္စတွေပါ စဉ်းစားလာရတော့တယ်”

“ဟုတ်ကဲ့၊ အခုရောင်းမယ်ဆိုတဲ့ အိမ်က မြေကွက်ရဲ့ အတွင်းပိုင်း၊ အစွန်ဘက်ကျနေတယ်။ ဆရာပြောသလို သည အ့န မငါ့အ တပေ ဖြတ်သန်း သွားလာခွင့်ရှိဖို့တော့ လိုမယ်ထင်တယ်”

“မူလဝင်ပေါက်ကပဲ ခြံထဲကို ဝင်ခွင့်အသုံးပြုခွင့်ပေးဖို့၊ ဒါမှမဟုတ် သီးခြားကိုယ်ပိုင်လမ်းခွင့်ပြုဖို့ဆိုတာတွေ ရှိလာတယ်”

“ဒါဆိုရင် မြေတိုင်းပြီးမှ ဝယ်ရ မယ့် သဘောပေါ့နော်”

“မှန်ပါတယ်။ မြေတိုင်းရမယ်၊ မခွဲစိတ်ရသေးဘူးဆိုရင်လည်း မူလမြေကွက်ကြီးထဲကနေ ခွဲစိတ်ရမယ်။ ဝယ်သူရဲ့ အမည်နဲ့ မြေပုံသီးခြား ထွက်အောင် အဆင့်ဆင့်ဆောင်ရွက်သွားဖို့ လိုတယ်”

“ကျွန်တော့်ကို မြေပုံမိတ္တူနဲ့ အပေးစာချုပ်လားမသိဘူး။ သိပ်တော့ မမှတ်မိတော့ဘူး။ စာချုပ်တစ်ခုကို ထုတ်ပြတယ်။ မြေပုံထဲမှာက မြေကွက်အကျယ်အဝန်းကို ဧကနဲ့ ဖော်ပြထားတယ်။ ပေနဲ့ ဖော်ပြမထားဘူး။ အခု မြေ ပြန်တိုင်းရင်းနဲ့ ပြန်တိုင်းရမှာပေါ့ ဆရာ”

“ခွဲစိတ်ဝယ်မယ်ဆိုရင်တော့ မြေတိုင်းဆင်းရမှာပဲလေ။ မြေတိုင်း မြေပုံနဲ့ အရောင်းမြေပုံဆိုတာ နှစ်မျိုး ကူးရမှာဖြစ်တယ်။ ဧကအကျယ်အဝန်းကို ပေနဲ့ဖွဲ့ပြီး တိုင်းတာလို့ ရပါတယ်”

“ကျွန်တော် ဖတ်ကြည့်လိုက်မိတာတော့ အကျယ်အဝန်းက ၁.၈ ဧက နည်းနည်းကျော်တယ်။ နံပါတ် ၈ ဂဏန်းနောက်မှာ ဂဏန်းနှစ်လုံးရှိသေးတယ်။ အတိအကျတော့ မမှတ်မိဘူး”

“တချို့ကြတော့လည်း ခြံဝိုင်းတွေက မြေအနိမ့်အမြင့်မတူကြဘူး။ မူလက ချိုင့်သဘောဖြစ်နေလို့ မြေဖို့ ဆောက်ခဲ့တာတွေရှိကြတယ်။ ဒါကြောင့် တစ်ခြံနဲ့ တစ်ခြံက မြေအတိမ်းအစောင်းကြောင့် မြေအကျယ် အဝန်းပြောင်းလဲသွားတာမျိုးရှိတတ်တယ်။ မြေတိုင်းလိုက်မှ မြေအတိုင်းအတာက မြေပုံအတိုင်းမရှိတော့ဘဲ လျော့နေတာတွေ ရှိတတ်တယ်”

“အဲဒါမျိုးဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ”

“ပြဿနာမရှိအောင် ၁ ပေ၊ ၂ ပေ လောက်ကွာနေရင်တော့ အရှိအတိုင်း မျက်မြင်အတိုင်း သဘောတူပါ သည်လို့ မြေပိုင်ရှင်က လက်မှတ်ရေးထိုးမယ်။ ဝယ်သူကလည်း အရှိအတိုင်း ဝယ်တာပါလို့ သဘောတူရင် လက်ရှိမြေပြင်မှာရှိတဲ့ အတိုင်းအတာအတိုင်း မြေတိုင်းမြေပုံအသစ်ကို ထုတ်ပေးပါတယ်””

“အခုဝယ်မယ်ဆိုတဲ့ မြေကွက်က အဘိုးဖြစ်သူမှ သူ့အဖေကိုအပေး စာချုပ်နဲ့ပေးထားတဲ့ မြေကွက်ထဲက ခွဲစိတ်ရောင်းမှာ ဆရာ”

“ဒါဆိုရင်တော့ လုပ်ဆောင်ချက်အဆင့်တွေ လျော့သွားနိုင်ပါတယ်။ သူ့အဖေမှာ မောင်နှမဘယ်နှယောက် ရှိသလဲ”

“သုံးယောက် ဆရာ။ အစ်မ အကြီးဆုံးက အပျိုကြီးလို့ ပြောတယ်။ ပြီးတော့ သူ့အဘိုးနေခဲ့တဲ့ မူလအိမ် ကြီး အခုတော့ အလယ်တိုက်ပေါ့။ အဲဒီမှာနေတယ်။ အလတ်အစ်မက ရှေ့ဘက်ခြမ်း မြေကွက်မှာတိုက် ဆောက်နေတယ်။ သူ့ကတော့ အိမ် ထောင်ရှိတယ်။ သမီးတစ်ယောက်ရှိတယ် ပြောပါတယ်”

“မောင်နှမသုံးဦးမြေတစ်ကွက် စီခွဲနေလိုက်တဲ့ သဘောဖြစ်မယ်။ မူလဧရိယာက ၁.၈ ဧကကျော်ဆို တော့ ပေ ၂၈၀ ပတ်လည်လောက် ရှိမယ်”

“တစ်ဧကမှာ ဘယ်နှပေရှိပါသလဲ ဆရာ”

“တစ်ဧက အကျယ်အဝန်းမှာ ၄၃၅၆၀ စတုရန်းပေ အကျယ်အဝန်း ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ ကြောင့် ၁.၈ ဧက ကျယ်ဝန်းတယ်ဆိုတော့ ပေ ၂၈၀ ပတ်လည် စတု ရန်းပုံရှိနိုင်တယ်။ သုံးပုံခွဲရင်တော့ ပေ ၈၀ ပတ်လည် ခြံဝိုင်းသုံးဝိုင်းဖြစ်မယ်”

“အလယ်အိမ်က ပိုကျယ်တယ် ဆရာ”

“မူလအိမ်ဖြစ်တော့ ပိုကျယ်နိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရဲ့ ဖခင်ကို အပေးစာချုပ်နဲ့ မြေခွဲ ပေးထားတယ်ဆိုတော့ အမည်မပြောင်း မြေခွဲစိတ်မထားရင်လည်း တရားဝင်ပိုင်ဆိုင်ပြီးဖြစ်လို့ မြေခွဲစိတ် တိုင်းတာရာမှာ ပိုပြီး အဆင်ပြေပါတယ်။ တစ်ခါတည်းခွဲစိတ်ထားပြီး သူငယ်ချင်းဖခင်အမည်ပေါက်မြေပုံရှိ ရင်တော့ အကောင်းဆုံးပေါ့”

“ကျွန်တော်ဝယ်မယ်ဆိုရင် အစ်မကြီးနှစ်ယောက်ကို လက်မှတ်ရေးထိုးဖို့ လိုမလား”

“သူငယ်ချင်းရဲ့ ဖခင်ကို အပေးစာချုပ်နဲ့ မြေကွက်ခွဲစိတ်ပေးပြီးသားဆိုရင်တော့ အစ်မကြီးတွေမလိုအပ် တော့ပါဘူး။ သေချာပြန်စိစစ်ဖို့တော့လိုမယ်။ သူငယ်ချင်းရဲ့ ဖခင်အမည်ပေါက် မြေခွဲစိတ်ပြီးသားဆိုရင် အ ရောင်းမြေပုံနဲ့ မြေတိုင်းမြေပုံထုတ်ရပါမယ်။ မိမိလိုချင်တဲ့အတိုင်း အတာကို မြေပုံပေါ်မှာ ဖော်ပြပြီး စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ မြေခွဲစိတ်လျှောက်ထား အမည်ပြောင်းရမှာ ဖြစ်တယ်”

“ဆရာပြောသလို ကားအဝင်အထွက်က ဘယ်လိုဖြစ်နိုင်သလဲ”

“ဒါကတော့ လက်ရှိအတိုင်း ကားအဝင်အထွက်လမ်းကို အသုံးပြုခွင့်ပေးဖို့ အရောင်းမှတ်ပုံတင်စာချုပ်မှာ အတိအလင်းဖော်ပြချုပ်ဆိုပြီး မြေတိုင်းမြေပုံမှာ ကိုယ်ပိုင်လမ်းထည့်ဆွဲရမှာဖြစ်ပါတယ်”ဟု အကြံပြုဆွေး နွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

13/12/2025

မြို့မြေမှာ နေအိမ်ခြံစည်းရိုးကို မှားယွင်းပြီး တိုင်းတာခဲ့လို့ဖြစ်စေ ၊ ကျူး ကျော်ကာရံတာဖြစ်စေ ၊ ဒီလိုအခြေ အနေမျိုး ရှိခဲ့မယ်ဆိုရင် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိပါရစေ

ဖြစ်ခဲတယ်လို့ ဆိုနိုင်သလို ဖြစ်လေ့ ဖြစ်တတ်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ မြို့မြေကွက်တွေ မှာ ဂရန်လျှောက်လျှင်၊ ခြံစည်းရိုးကာရံလျှင်၊ မြေကွက်လွှဲပြောင်း ရောင်းဝယ်မှုပြုလျှင်၊ အိမ်သစ် ဆောက်လုပ်လျှင်၊ မြေကွက်ခွဲစိတ်လျှင် မိမိ၏ မြေနယ်နိမိတ်နှင့် ဆက်စပ်နေသည့် တစ်ဖက်ခြံ မြေကွက်နှင့် နယ်နိမိတ်ပြဿနာ တွေ့ရတတ်ပါတယ်။

ထိုကိစ္စရပ်မျိုး ဖြစ်သည့်အခါ ကိစ္စရပ်အလိုက် ပိုင်းခြားဖြေရှင်းရမှာ ဖြစ်ပါတယ်။ မိမိပိုင်နက် မြေအတွင်း ကျူးကျော်တိုးချဲ့လာခြင်း၊ မိမိ၏ မြေသည် တစ်ဖက်သို့ ပါသွားခြင်းတို့အတွက် လတ် တလော ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ဆိုလျှင် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ အစီအမံဖြင့် ဖြေရှင်းလို့ အဆင်ပြေတတ်ပါတယ်။ ယခုမှ ခြံစည်းရိုး ကာရံခြင်း၊ မြေတိုင်းတာခွဲစိပ်ခြင်း၊ ဖေါင်ဒေးရှင်း တူးခြင်း၊ နယ်နိမိတ်တိုင် စိုက်ထူခြင်းများမှာ မိမိ၏ ခြံမြေနှင့် တစ်ဖက်ခြံ၏ နယ်နိမိတ် အငြင်းပွား မှု ဖြစ်ပါက သက်ဆိုင်ရာ ဌာနများ၏ အဆုံးအဖြတ် ကွင်းဆင်းတိုင်းတာ ဖြေရှင်းမှုဖြင့် ပြေလည် သွားတတ်ပါသည်။

အရင်ကပင် သူ့မြေ ကိုယ့်မြေ နယ်ခြား သေသေချာချာ ခွဲခြားမှှု မရှိခဲ့၊ သူ့နယ် ကိုယ့်နယ် နယ်နိ မိတ် မစစ်ဆေးမိဘဲ ကြာမြင့်စွာ အသုံးပြုလာခဲ့ပြီးမှ မိမိဂရန်မြေကွက်အရ ဧရိယာ သို့မဟုတ် မိမိ ဝယ်ယူစဉ်က မြေပုံပါ ဧရိယာနှင့် လက်ရှိအသုံးပြုနေရမှုအပေါ် မသင်္ကာရာမှ စစ်ဆေး တွေ့ ရှိလာရသော ဖြစ်ရပ်နှင့် မိမိအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြေနှင့် အဆက်ပြတ်နေစဉ် တစ်ဖက်ခြံမှ မိမိမြေကို တိုးချဲ့ ဖဲ့ယူထားမှု..စသည့် ဖြစ်ရပ်များကို ဖြေရှင်းရန်အတွက်မူ လက်ရှိ မိမိမြေကို တစ်ဖက်မှ ဆန့် ကျင်လက်ရှိထား အသုံးပြုနေမှု. .မိမိမြေ တစ်ဖက်သို့ ပါဝင်နေ သည်ကို သိရှိလာပြီးနောက်ပိုင်း မိမိမှ ဆောင်ရွက်မှုတို့သည် ကာလစည်းကမ်း သတ် ကာလများ မကျော်လွန်ရန် သတိပြုရပါမည်။

မြေနယ်နိမိတ် ကျူးကျော်မှု အတွက် ဖြေရှင်းလေ့ရှိသော နည်းလမ်းများ ရှိပါတယ်။

ပထမ နည်းမှာ လိုင်စင်ရ မြေတိုင်းစာရေးအား ခေါ်ယူ၍ ပုဂ္ဂလိက မြေ တိုင်းတာခြင်းဖြင့် နယ်နိမိတ် အမှန် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ သို့သော် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် ကြေးတိုင်နှင့် မြေစာရင်းဌာနမှ လိုင်စင်မြေတိုင်းစာရေးများ ခန့်ထားမှု မပြုတော့သည့်အတွက် လိုင်စင်ရ မြေ တိုင်းစာရေးဖြင့် ပုဂ္ဂလိက မြေတိုင်းတာခြင်း ဆောင်ရွက်ဖြေရှင်းခြင်း မပြုနိုင်တော့ပါ။

ဒုတိယနည်းလမ်းမှာ ကြေးတိုင်နှငိ့မြေစာရင်းဌာန (ယခု လယ်စီအင်းဌာန) သို့ ပုဂ္ဂလိက မြေ တိုင်း တာမှု လျှောက်ထား ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ကြေးတိုင်နှင့် မြေစာရင်းဌာန၏ အမြဲအ မိန့် ၁၂၂ အရ ပုဂ္ဂလိက တိုင်းတာခြင်း ဆောင်ရွက်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထား ပါက တိုင်းတာရန် တာဝန်ပေးအပ်မှုနှင့်အတူ ခွင့်ပြုမိန့် ချမှတ် ဆောင် ရွက်ပေး ပါသည်။ ထိုအခါ အငြင်းပွား နယ်နိမိတ်ကို အမှန် ရရှိလာနိုင်ပါတယ်။

တတိယနည်းလမ်းမှာ သက်ဆိုင်ရာ တရားရုံး၏ မြေတိုင်းကော်မရှင်ဖြင့် တိုင်းတာဖြေရှင်းရန် ဖြစ်ပါတယ်။ ပုဂ္ဂလိကများ၏ မြေပိုင်နက် နယ်နိမိတ် အငြင်းပွားပါက မိမိ၏ ဦးပိုင်ပေါက် မြေကွက် မူလဧရိယာအတိုင်း လက် ရှိဖြစ်ကြောင်း ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာပေး စေလိုမှု၊ မိမိ ပိုင်နက် မြေအမှန် ဖြစ်ကြောင်း ကြေညာပေးစေလိုမှု၊ မိမိပိုင်နက်မြေအတွင်း ကျူး ကျော် ဝင် ရောက်သော အစိတ်အပိုင်းအား ဖယ်ရှားပေးစေလိုမှု၊ မိမိမြေကို လက်ရောက် ပေးအပ်စေလိုမှု စသည်ဖြင့် တရားမမှု စွဲဆိုခြင်း ဖြစ်ပါတယ်။ ထိုအခါ တရားရုံးမှ အချင်း ဖြစ်နေရာတွင်သာ ရနိုင်သော အချက် အလက်များကို စိစစ်ရှာဖွေရန်အတွက် တရားမကျင့်ထုံး ဥပဒေ Code of Civil procedure အမိန့် ၂၆၊ နည်း ၉ အရ local investigation ခေါ် ဒေသန္တရ စုံစမ်းစစ် ဆေးခြင်းပြုရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်း ဆောင် ရွက်ရပါတယ်။ ဒေသန္တရစုံစမ်းစစ်ဆေးရေး ကော်မရှင် ဟု ဆိုသော်လည်း အရပ်ခေါ်အရ မြေတိုင်းကော်မရှင် ပင် ဖြစ်ပါတယ်။ ယင်းမြေတိုင်း ကော် မရှင်က နှစ်ဖက် နယ်နိမိတ်များအား စစ်ဆေး ပိုင်းခြား သတ်မှတ် တွေ့ရှိမှုကို တရားရုံးသို့ အစီရင်ခံတင်ပြပြီး တရားရုံးမှ သင့်လျော်သည် ထင်မြင် သည့်အတိုင်း အမိန့်ချမှတ်မည် ဖြစ်ပါ တယ်။ အဆိုပါ မြေတိုင်းကော်မရှင် ဖွဲ့စည်း တာဝန် ပေး မှုအား တရားရုံးလက်စွဲ ပုဒ်မ ၂၉၂ အရ ကြေး/မြေ ရုံးချုပ်သို့ တရားရုံးမှ ပေးပို့ရပြီး ညွှန်ကြားရေးမှူးချုပ်၏ အခွင့်ရမှသာ မြေစာရင်း အရာရှိများအနေဖြင့် မြေတိုင်းကော်မရှင် တွင် ပါဝင် ဆောင် ရွက်ခွင့် ရှိပါတယ်။

မေးခွန်းရှင် အနေဖြင့် မူရင်းမြေပုံအတိုင်း ပြန်ရအောင် ဘယ်လို လုပ်ရမလဲဟု နယ်နိမိတ် ပြန်တောင်းခြင်း ဆိုပါက မိမိအစီအစဉ်ဖြင့် ရေးကူးထားသော မိမိထံတွင်ရှိသည့် ပုံစံ ၁၀၅ မြေပုံကို အမှီပြုတောင်းခံခြင်း ဖြစ်ပါက အခက်အခဲ ရှိနိုင်ပါတယ်။ ၁၀၅ သည် အဆိုပါ ပုံစံ တွင် ဖေါ်ပြထားသည့် မြေကွက်၏အချက်အလက်များ (ဥပမာ- ကွင်း၊ ဦးပိုင်၊ ဧက၊ မြေမျိုး၊ မြေအ တန်း အစား၊ အခွန်စည်းကြပ်ခံရသူအမည်၊ စသည်.) ကိုသာ သက် သေခံခြင်း ဖြစ်ပြီး ပိုင်ရှင်ဖြစ် ကြောင်း သက်သေခံ လက်မှတ် မဟုတ်ပါ။ တရားဝင် အသုံးပြုခွင့် ပေးထားသည့် ဂရန်၊ သို့မဟုတ် တရားဝင် အသုံပြုခွင့်အမိန့် တစ်ရပ်ရပ်အရ တောင်းခံခြင်းက ပိုအဆင်ပြေနိုင်ပါတယ် ။ ဒါ့အပြင် မြေကျူးကျော်ခံရသည်ဟု တင်ပြသော အပိုင်းသည် မိမိ ကြာ ရှည်စွာ လက်ရှိ မထား လက်မဲ့ဖြစ်နေသော မြေအစိတ်အပိုင်း ဖြစ်နေပါက လည်းကောင်း၊ မိမိလက်လွတ် ဆုံးရှုံးနေ သည့် ကာလသည် ကာလ စည်းကမ်းသတ် မကျော်လွန်ရန်စေရန်လည်းကောင်း၊ သတိပြုစေလိုပါတယ်။

Credit By: DVBLawLab

11/12/2025

မြေပိုင်ဆိုင်မှု (၁-က)စာရင်း (I.A) အကြောင်း။

မြေစာရင်းဌာနမှာ (၁-က) စာရင်း (I.A) ဆိုတာ မြေပိုင်ဆိုင်မှု အချက်အလက် မှတ်တမ်းတွေကို မှတ်ပုံတင်စာရင်း တစ်ခုနဲ့ ထိန်းချုပ် ထားတာကို ခေါ်တာပါ။ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ မြို့တော်စည်ပင်မှာတော့ TLR (Town Land Roll) လို့ ခေါ်ပါတယ်။ မြို့မြေရာ စာရင်းလို့ မှတ်ယူနိုင်ပါတယ်။

မြို့ကွက်အတွင်းက မြေကွက် တစ်ကွက်ချင်း၊ ဦးပိုင် တစ်ခုချင်းရဲ့ မြေရာဇဝင် မှတ်တမ်း ဖြစ်ပါတယ်။ မြေကွက်ပိုင်ရှင်တွေကို ဦးပိုင်အမှတ်တွေနဲ့ ခွဲခြား မှတ်တမ်းတင်ရပါတယ်။ တစ်ဦး တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု တစ်ဆက် တစ်စပ်တည်း တည်ရှိပြီး လုပ်ကိုင်ခွင့် တစ်မျိုးတစ်စားတည်း ဖြစ်တဲ့ မြေတွေကို ဦးပိုင်တစ်ခုလို့ သတ်မှတ်တာ ဖြစ်တဲ့အတွက် ပိုင်ဆိုင်မှု မတူရင်ဘဲ ဖြစ်ဖြစ်၊ ပိုင်ဆိုင်မှု တူသော်လည်း လုပ်ကိုင်မှု၊ မြေအသုံးချမှု မတူရင် ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ဆက်တစ်စပ်တည်း မဟုတ်ရင် ဖြစ်ဖြစ် ဦးပိုင် ကွဲသွားပါတယ်။

မြို့ကွက်တွေ အကွက်သစ် တိုင်းတဲ့အခါ ကွင်းတစ်ကွင်း ပြန်လည် တိုင်းတာပြီးရင် ဦးပိုင် ခွဲဖို့အတွက် ဦးပိုင် စုံစမ်း သတ်မှတ် ခွဲခြားခြင်း (tenure enquire) လုပ်ကြပါတယ်။ မြို့မြေမှာ တစ်ဦးတည်းက ပိုင်နေတဲ့ မြေကွက်တွေ ဖြစ်ပေမဲ့ အိမ်ရာမြေအဖြစ်သုံးနေတဲ့ အစိတ်အပိုင်းက ဦးပိုင် တစ်ခု၊ ဆွမ်းလောင်းရုံအဖြစ် သုံးနေတဲ့ မြေကွက်နဲ့ ဝပ်ရှော့ ဖွင့်ထားတဲ့ မြေကွက်တွေက ဦးပိုင် တစ်ခုစီနဲ့ ခွဲခြား သတ်မှတ်ပေးရ ပါတယ်။ အဲဒီလို ဦးပိုင် သတ်မှတ်ပြီးတဲ့ အခါမှာ ပိုင်ဆိုင်ခွင့်တွေ ခွဲခြားရတယ်။ ပိုင်ဆိုင်ခွင့်တွေ၊ လုပ်ကိုင်ခွင့်တွေ I.A မှာ မှတ်တမ်း တင်ရပါတယ်။

ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို ဘယ်လို သတ်မှတ် ထားသလဲ၊ လုပ်ကိုင်ခွင့် (status) အမျိုးအစားတွေက ဘာတွေ ရှိသလဲ၊ လုပ်ကိုင်တဲ့ အခြေအနေ (description) ဆိုတာ ဘာတွေလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။ အဲဒီ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အခြေအနေ ဆိုတာတွေ သိမှသာ တစ်နည်း ဆိုရရင် မြေစာရင်း ဌာနရဲ့ မြေကွက် ပိုင်ဆိုင်မှု စာရင်း (record of possession) ခေါ်တဲ့ ဦးပိုင် မှတ်ပုံတင်စာရင်း (1-A) ပုံစံတွေကို သဘောပေါက် နားလည်မှသာ (I-A) ပါ ပိုင်ဆိုင်မှု အမျိုးအစားကို မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်မှာ ဖြစ်ပါတယ်။

ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို I-A မှာ အောက်ပါအတိုင်း အမျိုးအစား ခွဲထားပါတယ်။

(၁) အပိုင်ရထားမြေ၊ ဘိုးဘွားပိုင်မြေကို O၊ အချို့အရပ်မှာ B၊

(၂) မြေပိုင်အခြေအနေရရှိတဲ့ (လယ်ဝယ်ထားရှိပိုင်ခွင့်ရှိသော) မြေကို C

(၃) အပိုင်ဂရန်ရထားမြေကို G

(၄) အငှားဂရန်မြေကို L

(၅) လိုင်စင်မြေကို H

(၆) အခွင့်မရဘဲ ဝင်ရောက် ကျူးကျော် နေထိုင်တဲ့ squarter ကို A လို့ ဖော်ပြ သတ်မှတ်ပါတယ်။

လုပ်ကိုင်ခွင့် (status) အခြေအနေကို ခွဲခြားရာမှာ...

(၁) သီးစားနှင့် ကိုယ်တိုင် ပိုင်ဆိုင် လုပ်ကိုင်သူကို O၊

(၂) လွှဲပြောင်းအပေါင်ခံ လက်ရောက် ရရှိသူများကို M လို့ ခွဲပါတယ်။

လုပ်ကိုင်မှု အခြေအနေ (description) ကို သုံးမျိုး ခွဲခြားထားပါတယ်...

(၁) စိုက်ပျိုးမှု မလုပ်ကိုင်ဘဲ မြေပေါ် နေသူ R

(၂) နေလည်း မနေ၊ လုပ်လည်း မလုပ်သူ N

(၃) စိုက်ပျိုး လုပ်ကိုင်သူ AG လို့ ခွဲခြားသတ်မှတ် ဖော်ပြထားပါတယ်။

အချို့နေရာတွေမှာ "န"တွေနဲ့ ပြတာလည်း ရှိပါတယ်။ အထက်က ဖော်ပြခဲ့သလို I.A မှာ ပိုင်ဆိုင်မှု၊ လုပ်ကိုင်မှုများ သတ်မှတ်ထားတဲ့ အင်္ဂလိပ် သင်္ကေတတွေအပြင် မြန်မာအက္ခရာနဲ့ သင်္ကေတတွေ ရှိသေးတာကိုလည်း တွေ့ရတတ်ပါတယ်။ မြို့ကွက်တွေမှာ သိပ်မတွေ့ရပေမဲ့ တောကွင်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ O တွေ၊ B, M, G L, H တွေ ဖော်ပြထားတဲ့ I.A တွေ ရှိသလို ပိုင်ဆိုင်မှု (tenure) ကို (က)၊ (၀)၊ (ရ) တွေနဲ့ ဖော်ပြတဲ့ I.A တွေလည်း ရှိပါသေးတယ်။

အဲဒီလို မြန်မာသင်္ကေတ တွေကို I.A စာရင်းက ပိုင်ဆိုင်မှုပြ (tenure) ခေါင်းစဉ်အောက်မှာ တွေ့ရတဲ့အခါ I.A မှာ B, O, C, H, A, M စသဖြင့်သာ ရေးသွင်း အညွှန်းပြတာ တွေ့နေကျ ကြောင့်ပါ။ ဒီလိုမြန်မာ သင်္ကေတတွေ I.A မှာ ရှိလာရခြင်းဟာ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးလုပ်ငန်းကြောင့် ဖြစ်လာ ရတာပါ။ လယ်/နိုင်လုပ်ငန်းဆောင်ရွက် တဲ့အခါ တစ်ဦးတစ်ယောက်တည်းက ပိုင်နေတဲ့ ဧက ၅၀ အထက် လယ်မြေတွေ၊ ၂၅ ဧကအထက် ယာမြေတွေကို အစိုးရက သိမ်းယူပြီး မြေယာ ချို့တဲ့နဲ့ မြေမဲ့ယာမဲ့တွေကို တစ်တုံးထွန်စီ ပြန်ဝေပါတယ်။

ဒါပေမဲ့ ၁၉၅၃ ခုနှစ် လယ်/နိုင် ဥပဒေက လယ်ယာမြေဆိုတိုင်း သိမ်းယူခံရတာ မဟုတ်ဘဲ သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပြုခဲ့တဲ့ မြေတွေလည်း ရှိပါတယ်။ ဥပဒေ အာဏာတည်စဉ် ရွာဖြစ်နေတဲ့ နေရာတွေ၊ သာသနာ အဆောက်အအုံ အသုံးပြုနေတဲ့ မြေတွေ၊ ဧက ၅ဝ အောက် လယ်၊ ၂၅ ဧကအောက် ယာမြေ စသဖြင့်ပေါ့။ အဲဒီမြေတွေကို မသိမ်းပါဘူး။ သိမ်းတဲ့ လယ်ယာမြေတိုင်း ကိုလည်း ပေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီရွာမှာ ဝေမရလို့၊ ဝေဖို့ မလိုအပ်လို့၊ လယ်ပိုင်ရှင်ကိုယ်တိုင်က စွန့်လွှတ်လို့ အစိုးရဆီ ပြန်အပ်မြေတွေ ရှိပါသေးတယ်။ အဲဒီ မြေမျိုးကို ပြန်လည် ဝေငှခြင်း မပြုဘဲ အစိုးရမြေလို့ သတ်မှတ်လိုက်တဲ့မြေလို့ ခေါ်ပါတယ်။ လယ်/နိုင် ဆောင်ရွက်တာက တစ်နိုင်ငံလုံး ဆောင်ရွက်မပြီးစီးခဲ့ပါဘူး။ အခက်အခဲတွေ၊ ပြဿနာတွေမျိုးစုံ တွေ့ရတာကြောင့် ၁၉၅၇ ခုနှစ်လောက်မှာ လယ်/နိုင် လုပ်ငန်း ဆက်မဆောင်ရွက်နိုင်ဘဲ ရပ်ဆိုင်းသွားရ ပါတယ်။

သို့ပေမဲ့ လယ်/နိုင် ဆောင်ရွက်ပြီးခဲ့တဲ့ ဒေသတွေမှာ (၁-က) စာရင်းပုံစံကို မြေစာရင်းပုံစံ-၂ နဲ့ ရေးသွင်းရမယ့်အစား မြေစာရင်း ပုံစံ ၂-က နဲ့ ပြောင်းလဲ ရေးသွင်းစေခဲ့ပါတယ်။ လယ်/နိုင် လုပ်ပြီးဒေသအတွက် I.A ပုံစံသစ် ဖြစ်ပြီး လယ်/နိုင် မလုပ်ရသေးတဲ့ ဒေသတွေအတွက် ကတော့ မူရင်း I.A ပုံစံကို ဆက်အသုံးပြု ရပါတယ်။ အဲဒီလို လယ်/နိုင် လုပ်ပြီး ဒေသက I.A ပုံစံသစ်မှာ မြန်မာလို ရေးသွင်းချက်တွေကို အောက်ပါအတိုင်း ရေးသွင်းဖို့ ညွှန်ကြားခဲ့တဲ့ အတွက် I.A တချို့မှာ မြန်မာသင်္ကေတတွေ တွေ့ရခြင်း ဖြစ်ပါတယ်။

* "က" ကင်းလွတ်ခွင့်ပြုသည့် လယ်ယာမြေများ၊

* "ဝ" ဝေငှသည့် လယ်ယာမြေများ၊

* "ခ" နိုင်ငံတော် အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာ စိုက်ပျိုးလုပ်ငန်းလုပ်ခွင့် သို့တည်းမဟုတ် အခြားနည်းဖြင့် သုံးစွဲခွင့်ပြုထား သည့်မြေ၊

* "ရ" လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၅ အရ သိမ်းယူပြီး ဝေငှခြင်း မပြုနိုင်သဖြင့် ကျန်ရှိသည့် မြေနှင့် နိုင်ငံတော်အစိုးရထံ ပြန်အပ်မြေများ။

I.A မှာ အင်္ဂလိပ်စာလုံး သင်္ကေတတွေနဲ့ မျက်စိယဉ်နေရာက ခုလို မြန်မာ သင်္ကေတတွေ တွေ့တဲ့အခါ "ဝ" လုံးက ဘာလဲ၊ "ရ" ကောက်က ဘာလဲ။ "က" ကြီးကို ဘယ်လို ယူဆရမှာလဲ ဆိုပြီး ဇဝေဇဝါ ယောင်တောင်တောင် ဖြစ်တတ်ပါတယ်။ အမှန်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ကွင်းတွေ၊ ဧရိယာတွေ မှာသာ အဲဒီ မြန်မာသင်္ကေတတွေ ရှိခဲ့ပါတယ်။

ရန်ကုန် တောင်ပိုင်းခရိုင်တို့၊ ကျောက်ဆည်ခရိုင်တို့မှာ အများဆုံး တွေ့လေ့ရှိပါတယ်။ လယ်/နိုင် လုပ်ငန်းကလည်း ၁၉၅၇ လောက်မှာ ရပ်သွားတော့ “လန” မလုပ်ရသေးတဲ့ ကျန်ဒေသ နေရာတွေမှာ ရှေးက သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာလုံး သင်္ကေတများသာ I.A မှာ ရှိပါတယ်။ ပြီးတော့ အထူးသိစေလိုတဲ့ အချက်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်တယ် ဆိုကတည်းက လယ်ယာမြေကို သိမ်းယူခြင်း၊ ပြန်လည် ဝေငှခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း ဆောင်ရွက်တာ ဖြစ်လို့ လ/န ဆောင်ရွက်ခဲ့တဲ့ မြေဆိုတာ လယ်ယာမြေသာ ဖြစ်ပါတယ်။ မြို့မြေ မပါပါဘူး၊ တောမြေသာ ဖြစ်တယ်ဆိုတာ သိဖို့ပါ။

မြို့တွေ၊ ရွာတွေက ချဲ့ချဲ့လာတော့ကာ လက်ရှိ မြို့ကွက်တွေ ထဲက I.A မှာ ဒီလို “ဝ"တွေ၊ “က”တွေ၊ “ရ"တွေ၊ "ခ"တွေ တွေ့ပြီ ဆိုရင် ၁၉၅၃ ခုနှစ်က လယ်/နိုင် လုပ်ခဲ့တဲ့မြေ၊ တစ်နည်း ပြောရရင် အဲဒီမြေဟာ ၁၉၅၃ လယ်/နိုင် ကာလတုန်းက လယ်ယာ မြေသာ ဖြစ်ခဲ့တယ် ဆိုတာ အသိဝင်ဖို့ပါ။ ဒီမြေတွေကို ဂရန် တန်းပေးလို့ မရပါဘူး။ "ဝ"လုံးကို O (အို) လို့ သွားမထင်ပါနဲ့။ လယ်/နိုင်လုပ်ပြီး ဒေသတွေအတွက် I.A မှာ ရေးသွင်းရမယ့် ညွှန်ကြားချက်တွေကို ကြေး/မြေ မင်းကြီးရုံးက ညွှန်ကြား သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
credit to copy.

ဒဂုံမြိုသစ် တောင်ပိုင်း(၁၀၇)ရပ်ကွက် ရပ်ကွက်လမ်းကျယ်ပေါ် (၂၀/၆၀)ပေ အိုးအိမ်ပါမစ်မူရင်း (၁)ထပ် တိုက်ပါ တစ်အိမ်လုံးကြွေပြား...
18/10/2025

ဒဂုံမြိုသစ် တောင်ပိုင်း

(၁၀၇)ရပ်ကွက် ရပ်ကွက်လမ်းကျယ်ပေါ် (၂၀/၆၀)ပေ အိုးအိမ်ပါမစ်
မူရင်း

(၁)ထပ် တိုက်ပါ တစ်အိမ်လုံးကြွေပြားခင်းပြီး အမိုးစလပ်လောင်းထားပါတယ်ခင်ဗျာ

အတွင်းထပ်ခိုး အိမ်ခန်းကျယ်
နှစ်ခန်းပါ အိမ်နုင့်ပက်သက်ပြီး
ကြိုက်စေရပါမယ် အထက်မြင့်ဆက်တတ်ချင်လည် တတ်လို့ရပါတယ်ခင်ဗျာ

အိမ်ကောင်း လမ်းကောင်း
စာရွက်စာတမ်း (၁၀၀)% အာမခံပါတယ်

ဈေး/ သိန်း၂၇၀၀

Pho/09254448991
Pho/09443074133

မြောက်ဒဂုံ (၃၉)ရပ်ကွက်(၂၀/၆၀)ပေ ဂရံအမည်ပေါက်နှစ်ထပ်ခွဲ 2RC အိမ်အသစ်ပါအရောင်းပါခင်ဗျာမြောက်ဒဂုံ ဗန္ဓုလလမ်းမကြီးနုင့်တစ်ပင...
18/10/2025

မြောက်ဒဂုံ (၃၉)ရပ်ကွက်

(၂၀/၆၀)ပေ ဂရံအမည်ပေါက်

နှစ်ထပ်ခွဲ 2RC အိမ်အသစ်ပါ

အရောင်းပါခင်ဗျာ

မြောက်ဒဂုံ ဗန္ဓုလလမ်းမကြီးနုင့်
တစ်ပင်ရွှေထီးလမ်းမကြီးနီပါမယ်

ဈေး/သိန်း ၉၅၀၀

Pho/09254448991
Pho/09443074133

အကျိုးဆောင်

ဒဂုံမြို့သစ်တောင်ပိုင်း(၅၄)ရပ်ကွက် လှော်ကားလမ်းကြီးဒဲ့ဆင်း ဇေယျာမြိုင်လမ်းမကြီးဒဲ့ဆင်း (၂၀)/(၆၀) ပေဂရံ (စာချုပ်ဆက်ဆက်)ရပ...
18/10/2025

ဒဂုံမြို့သစ်တောင်ပိုင်း
(၅၄)ရပ်ကွက် လှော်ကားလမ်းကြီးဒဲ့ဆင်း

ဇေယျာမြိုင်လမ်းမကြီးဒဲ့ဆင်း (၂၀)/(၆၀) ပေ
ဂရံ (စာချုပ်ဆက်ဆက်)
ရပ်ကွက်အလယ်လမ်းကျယ်ပေါ်
လူမူ့နေထိုင်ခြင်းအေးချမ်းသာယာတဲ့နေရာလေးပါ

မိသားစုနှစ်စုလောက် နေထိုင်လို့ရမဲ့ အိမ်ပါမြေကွက်အရောင်းပါ

ရောင်းသူနုင့်စာရွက်စာတမ်း
ခိုင်လုံပါတယ်ခင်ဗျာ

ဈေး/သိန်း၁၉၀၀
Pho/09254448991
Pho/09443074133
အကျိုးဆောင်
နေတဲ့လမ်းမှာပါ

Address

No(89)B. Inwa Road, (54) QTR. South Dagon Myothit
Yangon
11431

Telephone

+959443074133

Website

Alerts

Be the first to know and let us send you an email when ဒဂုံစမ်းရေ အိမ်ခြံမြေရောင်းဝယ်ရေး ဒဂုံ၄မြို့နယ်အိမ်ခြံမြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဒဂုံစမ်းရေ အိမ်ခြံမြေရောင်းဝယ်ရေး ဒဂုံ၄မြို့နယ်အိမ်ခြံမြေ:

Share

Category