Japanese knowledge by Win

Japanese knowledge by Win Always give best service.

24/08/2026

不運は何かが変わるシグナルだと理解する。
ကံမကောင်းခြင်းဆိုတာတခုခုပြောင်းလဲတော့မယ်ဆိုတဲ့အချက်ပြမှုဖြစ်တယ်။



29/07/2026
29/07/2026

ဂျပန်မှာရောက်နေတယ်ဆိုရင်ဒီဆိုင်လေး100 percent fully recommendပေးပါတယ်😘






16/07/2026

ないものねだりをやめて自己肯定感を回復する
Romaji: Nai mono nedari wo yamete jiko kouteikan wo kaifuku suru
မြန်မာပြန်: မရှိနိုင်တာကို အတင်းအဓမ္မ တောင်းဆိုနေတာမျိုးကို ရပ်တန့်ပြီး မိမိကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ် (Self-esteem) ကို ပြန်လည်မြှင့်တင်ပါ။

11/06/2026

Kombuchaအကြောင်းတစေ့တစောင်း

Kombucha (ကွန်ဗူးချား) ဆိုတာ ကစော်ဖောက်ထားတဲ့ လက်ဖက်ရည်ကျန်းမာရေးသောက်စရာတစ်မျိုး ဖြစ်ပါတယ်။၎င်းကို လက်ဖက်ရည် (အမည်းရောင် သို့မဟုတ် အစိမ်းရောင်)၊ သကြား၊ နှင့် SCOBY (Symbiotic Culture of Bacteria and Yeast) လို့ခေါ်တဲ့ ဘက်တီးရီးယားနဲ့ မှိုပိုးစုဖွဲ့မှုအချပ်ပြားတို့ကို သုံးပြီး ရက်သတ္တပတ်အနည်းငယ်ကြာ ကစော်ဖောက် (Ferment) လုပ်ထားတာ ဖြစ်ပါတယ်။အရသာနှင့် ပုံစံအရသာ: အနည်းငယ် ချဉ်ချဉ်ချိုချို ရှိပါတယ်။အာာရုံ: အချဉ်ဖောက်ထားတာကြောင့် သဘာဝအလျှောက် ဂတ်စ် (အမြှုပ်) အနည်းငယ်ပါဝင်ပြီး စပရိုက် (Sprite) သို့မဟုတ် ဘီယာကဲ့သို့ စတိုင်မျိုး ရှိပါတယ်။အရက်ပြန်: သဘာဝအတိုင်း အချဉ်ဖောက်ထားတာကြောင့် အယ်လ်ကိုဟော ပမာဏ အလွန်နည်းပါးစွာ (0.5% အောက်) ပါဝင်တတ်ပါတယ်။

ကျန်းမာရေးကောင်းကျိုးများအူလမ်းကြောင်းစနစ် ကောင်းမွန်ခြင်း: အစာခြေစနစ်ကို အထောက်အကူပြုတဲ့ Probiotics (အကျိုးပြုဘက်တီးရီးယား) များစွာ ပါဝင်ပါတယ်။ကိုယ်ခံအား တက်စေခြင်း: ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဓာတ်တွေကို ဖယ်ရှားပေးမယ့် Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) များ ပါဝင်ပါတယ်။အဆိပ်အတောက် ပြေစေခြင်း: အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးပါတယ်။

⚠️ သတိပြုရန် (ဂျပန်နိုင်ငံရောက် မြန်မာများအတွက်)ဂျပန်နိုင်ငံမှာ "Kombucha" (昆布茶 - ကွန်ဘူချာ) လို့ သွားပြောရင် အနောက်နိုင်ငံစတိုင် ဒီကျန်းမာရေးသောက်စရာကို မရဘဲ "ရေမှော် (Kelp) နဲ့လုပ်ထားတဲ့ အငန်အရသာ ရေနွေးကြမ်း" ကိုသာ ရပါလိမ့်မယ်။

အခုပြောတဲ့ အချဉ်ဖောက်ထားတဲ့ Kombucha ကို ဂျပန်လို "Kocha Kinoko" (紅茶キノコ - လက်ဖက်ရည်မှို) လို့ ရှေးယခင်က ခေါ်ဆိုခဲ့ကြပြီး၊ အခုခေတ် စူပါမားကတ်တွေမှာတော့ အနောက်တိုင်းအတိုင်း コンブチャ (Konbucha) လို့ ကာတာကာနာအက္ခရာနဲ့ ရေးသားပြီး ရောင်းချလေ့ရှိပါတယ်။

03/04/2026

努力が成功に至った 。
The effort led to success.


02/04/2026

嵐の後の静けさがある。
There is calm after the storm.


Shinwa no yu onsenသို့အလည်တစ်ခေါက်Yachigashiraနဲ့မတူတဲ့အချက်တွေကတော့အရင်ဆုံး ဖိနပ်ထားတဲ့နေရာမှာယန်း၁၀၀ထည့်ရပါတယ်။ဘေးကစက်...
15/03/2026

Shinwa no yu onsenသို့အလည်တစ်ခေါက်

Yachigashiraနဲ့မတူတဲ့အချက်တွေကတော့အရင်ဆုံး ဖိနပ်ထားတဲ့နေရာမှာယန်း၁၀၀ထည့်ရပါတယ်။
ဘေးကစက်မှာTicketဝယ် လူကြီးဆိုရင်ယန်း၆၅၀ပေးရပါတယ်။
ကျောင်းသားနဲ့ကလေးတွေကအစစျေးနှုန်းအမျိုးမျိုးရှိနိုင်ပါတယ်။
ကျား၊မသီးသန့်ခွဲထားပြီးအဝတ်အစားလဲတဲ့နေရာမှာLockerရှိပါတယ်။
ရှေ့ကpostမှာပြောထားတဲ့အတိုင်းယူလာမယ့်ပစ္စည်းတွေကိုခြင်းလေးနဲ့ထည့်ထားတာပိုကောင်းပါတယ်။
မေ့ကျန်ခဲ့တာရှိရင်Reception Areaနားမှာဝယ်လို့ရပါတယ်။
Onsen Roomထဲဝင်သွားလိုက်တာနဲ့အရင်ခန္ဓာကိုယ်ကိုသန့်စင်ပြီးတာနဲ့အပူချိန်အမျိုးမျိုးရှိတဲ့ကန်တွေကိုတွေ့ရမှာပါ။
ကိုယ်ခံနိုင်မယ့်အပူချိန်ရှိတဲ့ကန်ထဲကိုဝင်စိမ်ပါ။
ရေအေးကန်လည်းSauna Roomဘေးမှာထည့်ထားပေးပါတယ်။
မတူတာတစ်ခုကလဟာပြင်Areaမှာကန်ပေါင်း၃ကန်ပါရှိပြီးအနားယူတဲ့နေရာပါထည့်ထားပေးပါတယ်။
Sauna မဝင်ခင်ဖျာလေးတွေ(ဖော့ချပ်)ယူပြီးခင်းပြီးမှထိုင်ရပါတယ်အခန်းထဲမှာအပူချိန်များပြီးTVကြည့်လို့ရအောင်စီစဥ်ပေးထားပါတယ်။
ချွေးထုတ်ပြီးတာနဲ့အခင်းပြားကိုသေချာဆေးပြီးချွေးတိတ်အောင်ချွေးသုတ်ပြီးရင်ခဏနားချွေးခြောက်တာနဲ့ရေအေးချိုးပြီးရေမကျန်အောင်သုတ်ပါ။
ပြီးရင်တော့အဝတ်အစားလဲ ခေါင်းခြောက်အောင်သုတ် Dryerကတော့ယန်း၅၀ပေးရပါတယ်၃မိနစ်စာပါ။
အားလုံးပြီးတာနဲ့အပြင်မှာစားသောက်ဆိုင်ရှိပါတယ်။
RamenတွေDrinkတွေSet MenuတွေကိုTabletနဲ့ရွေးလို့ရပါတယ်။
Yachigashiraထက်စျေးများပေမယ့်ပေးရတာနဲ့အဆမတန်ပိုကောင်းပြီးပိုအဆင့်မြင့်ပါတယ်။

ပိတ်ရက်လေးမှာစိတ်နဲ့ကိုယ်ကိုအနားပေးပြီးRelaxလုပ်ဖို့မိမိကိုယ်ကိုအချိန်ပေးပါလို့အကြံပြုလိုက်ရပါတယ်ရှင့်။

အောက်ကပုံလေးကတော့onsenထဲကစားသောက်ဆိုင်မှာမင်မင်ရွေးထားတဲ့Set Menuလေးပါ
စျေးလေးတွေကလည်းသင့်တင့်ပြီးအရမ်းစားကောင်းလို့Osusume ပါရှင့်။

ဂျပန်မှာရှိတဲ့အမျိုးတွေရောမြန်မာမှာရှိတဲ့အမျိုးတွေရောကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်🙏








ဂျပန်မှာနေတဲ့ရောင်းရင်းများ၁၀၀၀ကျပ်နဲ့သန်ချကြမယ်။နာနတ်သီး ၅၀၀ တန် ၁ လုံးပျားရည် ၄၀၀တန် ဘူးသေးဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၆...
07/03/2026

ဂျပန်မှာနေတဲ့ရောင်းရင်းများ၁၀၀၀ကျပ်နဲ့သန်ချကြမယ်။
နာနတ်သီး ၅၀၀ တန် ၁ လုံး
ပျားရည် ၄၀၀တန် ဘူးသေး
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆လတစ်ခါသန်ချပြီးကျန်းမာရေးကိုအထူးဂရုစိုက်ကြပါအထူးသဖြင့်Sashimiအလွန်ကြိုက်သူများ ငါးအလွန်စားသူများ အထူးစားသုံးရန်သင့်တော်ပါကြောင်းထပ်မံအကြံပြုလိုက်ပါရစေနော်။
သာယာသောနေ့ရက်လေးဖြစ်ပါစေ😍






🇯🇵 ဂျပန် Onsen စည်းကမ်းများ🛎1️⃣ အဝတ်အစားမဝတ်ဘဲ ဝင်ရသည်Onsen ထဲကို အဝတ်မဝတ်ဘဲ (naked) ဝင်ရပါတယ်။အမျိုးသား / အမျိုးသမီး သီ...
12/02/2026

🇯🇵 ဂျပန် Onsen စည်းကမ်းများ🛎

1️⃣ အဝတ်အစားမဝတ်ဘဲ ဝင်ရသည်
Onsen ထဲကို အဝတ်မဝတ်ဘဲ (naked) ဝင်ရပါတယ်။
အမျိုးသား / အမျိုးသမီး သီးခြားခန်းများ ခွဲထားတတ်ပါတယ်။

2️⃣ ရေမစိမ်မီ ကိုယ်လက်သန့်ရှင်းရမည်
ရေပူစမ်းထဲ မဝင်ခင်
🚿 Shower နဲ့ ကိုယ်လက်ကို သန့်စင်စွာ ဆေးကြောရပါမယ်။
(ဆပ်ပြာအကျန်မကျန်အောင် လုံးဝဆေးကြောရမည်)

3️⃣ ပုဝါကို ရေထဲမထည့်ရ
အသေးစား ပုဝါ (small towel) ကို
❌ ရေထဲ မထည့်ရပါ
✔️ ခေါင်းပေါ်တင်ထားနိုင်သည် သို့မဟုတ် ဘေးတွင်ထားနိုင်သည်

4️⃣ ရေထဲတွင် မခုန်မပေါက်ရ
Onsen သည် အပန်းဖြေရာဖြစ်သောကြောင့်
🔇 တိတ်တဆိတ်နေရမည်
❌ ခုန်ခြင်း၊ ရေဖြန်းခြင်း မလုပ်ရ

5️⃣ ရေထဲမကူးရ
Swimming pool မဟုတ်သောကြောင့်
❌ မကူးရပါ
အေးအေးဆေးဆေး စိမ်ခြင်းသာ ပြုလုပ်ရပါသည်။

6️⃣ တက်တူး (Tattoo)
အချို့ Onsen များတွင် Tattoo ရှိသူများကို မခွင့်ပြုနိုင်ပါ။
တစ်ချို့နေရာများတွင် Tattoo sticker နဲ့ ဖုံးထားနိုင်သည်။

7️⃣ အချိန်ကြာရှည် မစိမ်ရ
ပုံမှန်အားဖြင့် ⏰ 10–20 မိနစ်လောက်သာ သင့်တော်သည်။
မူးဝေခြင်းဖြစ်ပါက ချက်ချင်း ထွက်ရပါမယ်။

8️⃣ ရေထွက်ပြီးနောက်
ကိုယ်ကို အနည်းငယ် သုတ်ပြီးမှ ပြန်လှည့်ခန်းသို့ ဝင်ရမည်။

🥤ရေများများသောက်ပါ (Dehydration မဖြစ်ရန်)

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🛁 Onsen ဝင်ပုံ အဆင့်ဆင့်💁💁‍♂️

① Reception မှာ Check-in လုပ်ပါ
ဝင်ကြေးပေးပါ

Locker key / လက်ပတ်ပေးပါလိမ့်မယ်

② လဲလှယ်ခန်း (Changing Room)
ဖိနပ်ကို locker ထဲထားပါ

အဝတ်အစားအားလုံး ချွတ်ပြီး locker ထဲထည့်ပါ

သေးငယ်တဲ့ Towelလေးယူပါ။

🍹🍉🍋

မှတ်ချက်။ ။တချို့ Onsen တွင် အနားယူခန်း၊ နို့ / ရေဖျော်ရည် ရရှိနိုင်ပါသည်။👈

မင်မင်တို့သွားရောက်ခဲ့ဖူးတဲ့onsenနာမည်လေးပါထည့်သွင်းဖော်ပြပေးလိုက်ပါရစေရှင့်။😍









Address

Hakodate
Yangon
0411251

Website

Alerts

Be the first to know and let us send you an email when Japanese knowledge by Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share