المروة

المروة Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from المروة, Yangon.

တမန်တော်မြတ်PBH မိန့်တော်မူခဲ့သည်မှာ ..အကယ်၍သာ လူသားတွေဆီမှာ ပစ္စည်းဉစ္စာနှင့် ပြည့်နေတဲ့ وادی (valley) နှစ်ခုရှိရင်တောင...
14/09/2023

တမန်တော်မြတ်PBH မိန့်တော်မူခဲ့သည်မှာ ..
အကယ်၍သာ လူသားတွေဆီမှာ ပစ္စည်းဉစ္စာနှင့် ပြည့်နေတဲ့ وادی (valley) နှစ်ခုရှိရင်တောင် သူတို့က တတိယ တစ်ခုကိုထပ်မံရှာဖွေမှာဖြစ်ပါတယ်။
လူသားတွေရဲ့ ဗိုက်​ကမြေကြီးနဲ့သာ ပြည့်ဝမှာ ဖြစ်ပါတယ်။
အလ္လာဟ်ရှင်မြတ်သည် သောင်ဗာဟ်ဝန်ခံသူ ဖက်သို့ ဂရုဏာဖြစ် လှည့်ပါတယ်။
🔵ပတ်ဝန်ကျင်တွင်ဖြစ်နေသောကိစ္စ များကို
ဟဒီးစ်တော်တွင်လာရှိထားသောစကားများဖြင့် လူသားများအဖို့ စဉ်းစားစရာဖြစ်သည်။ ထိုနည်းတူစွာ ပြုပြင်စရာလဲ ဖြစ်ပါသည်။
လူသာများ သည် ‌ပိုက်ဆံနောက် လိုက်တာက သူတို့ရဲ့ အကျင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့နောက် အဲ့လောက်လဲ မလိုက်ရဘူး။ နမာဇ်အချိန် နမားဇ်မဖတ်တော့ဘူး။ ရမ်ဇာန်မှာ အလု​ပ်ပင်ပန်းတာကိုအကြောင်းပြပီး ရိုဇာမထားတော့ဘူး။ အဲ့လိုတွေ မလုပ်သင့်ပါဘူး။ လောဘဆိုတာက မထားနှင့်ပြော ရင် မဖြစ်နိုင်တာ ပြောတယ်ဖြစ်မယ်။ အာ့ကြောင့် ထားသင့်သလောက်ပဲ ထားရမယ်လို့ ပြောချင်တယ််။ ကောင်းတဲ့ကိစ္စတွေမှာပေါ့နော်။ ဉပမာ ငါဒီနေ့ နမားဇ် ၅ကြိမ်မှာ ၅ကြိမ်လုံး ဂျမာအသ်နဲ့မရဘူးတိုရင် နောက် နေ့ ၂ ကြိမ် လောက် ဂျမာသ်နဲ့တော့ရ အောင်လုပ်မယ်ဆိုတဲ့ ခံယူချက်တွေရှိသင့်ပါတယ်။ အဲ့ဒါမှ လောဘက ချူပ်ငြိမ်းမှာပါ။
နောက်တစ်ချက် က တော့ ဟဒီစ်ရဲ့နောက်ဆုံးစားကြောင်းကနေ ကိုယ်တော်ကမိန့်နေပါတယ်။ ခုလဲ အချိန် ရှိသေးတယ် မင်းတို့ အလ္လာဟ်ဘက်ကို ဦးတည်ကြပါ။ အလ္လာဟ်လဲ မင်းတို့ ဘက်ကို ဂရုဏာတော်နှင့် လှည့်ပါလိမ့်မယ်။ အာ့ကြောင့် နောက်ကြပေမဲ့ အခါမဆိုင်း​​ဘူး။ ​ကိုယ်က ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာ စဉ်စာပြီး လုပ်သင့်တာတွေကို လုပ်ပါ ✅

စူရဟ်ကဟဖ်ဖတ်ခြင်းရဲ့ဖဇွီလသ်(ထွဠ်မြတ်မှု)များ……မွတ်စ်လင်မ်ကျမ်း၊အဘူဒါဝူးဒ်ကျမ်း၊သိစ်ရ်မီစီကျမ်း၊နစာအီကျမ်း၊မွတ်စ်နဒ်အဟ်မဒ...
14/09/2023

စူရဟ်ကဟဖ်ဖတ်ခြင်းရဲ့ဖဇွီလသ်(ထွဠ်မြတ်မှု)များ……

မွတ်စ်လင်မ်ကျမ်း၊အဘူဒါဝူးဒ်ကျမ်း၊သိစ်ရ်မီစီကျမ်း၊နစာအီကျမ်း၊မွတ်စ်နဒ်အဟ်မဒ်ကျမ်း စသည့်ကျမ်းကြီးများတွင် ဟဇရသ်အဘူဒရ်ဒါ၏ ဆင့်ပြန်ချက်တစ်ခုလာရှိထားသည်။ ၎င်းမှာ အကြင်သူသည် စူရဟ်ကဟဖ်၏ ပထမ (၁၀)အာယသ်ကို အလွတ်ကျက်မှတ်အာဂုံဆောင်ခဲ့လျှင် ထိုသူသည် ဒဂျ်ဂျားလ်၏ အန္တရာယ်ပေါင်းစုံမှ ကာကွယ်ပြီးဖြစ်သွားမည်။ ဤအကြောင်းအရာကိုပဲ ထိုဆင့်ပြန်သူ(အဘူဒရ်ဒါ)၏ နောက်ဆင့်ပြန်ချက်တစ်ခု၌ နောက်ဆုံး (၁၀)အာယသ်ဟု လာရှိထားပေသည်။

ထို့ပြင် မွတ်စ်နဒ်အဟ်မဒ်ကျမ်းတွင် ဟဇရသ်စဟလ်အိဗ်နိ မုဟားဒ်၏ ခိုင်လုံသောဆင့်ပြန်ချက်တစ်ခု လာရှိထားသည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွ)မိန့်ချွေတော်မူသည်။ "မည်သူမဆို စူရဟ်ကဟဖ်၏ အစပိုင်းနှင့်အဆုံးပိုင်း အာယသ်များကို ရွတ်ဆိုခဲ့သည်ရှိသော် ထိုသူ၏ခြေမှခေါင်းထိ အလင်းရောင်များ ထွက်နေပေလိမ့်မည်။ အကယ်၍ စူရဟ်တစ်ပုဒ်လုံးကို ရွတ်ဆိုခဲ့သည်ရှိသော် ထိုသူ၏လင်းဝင်းမှုမှာ မြေပထဝီမှမိုးကောင်းကင်ထိ ဖြစ်နေပေလိမ့်မည်"

တချို့သော်ဆင့်ပြန်ချက်များတွင် ဂျူမူအဟ်နေ့၌ စူရဟ်ကဟဖ်ကို ရွတ်ဖတ်ခဲ့သည်ရှိသော် ထိုသူ၏ ခြေထောက်မှ မိုးကောင်းထိ လင်းရောင်ချည်မှာ ဖျာထွက်နေပေလိမ့်မည်။ဤအလင်းရောင်သည် ထိုသူ့အား ကေရာမသ်နေ့တွင် လွန်စွာ အကျိုးပြုပေလိမ့်မည်။

ပြီးနောက် အခြားဆင့်ပြန်ချက်တစ်ခုတွင် "လွန်ခဲ့သော်ဂျူမူအဟ်နေ့မှ လက်ရှိဂျူမူအဟ်နေ့ထိ ထိုသူ ကျူးလွန်ခဲ့သော အပြစ်များ အားလုံးကို ခွင့်လွှတ်ခြင်းခံရပေလိမ့်မည်" ဟူသော ဆင့်ပြန်ချက်ကို ဟဒီးစ်ပါရဂူအီမာန်အိဗ်နေကစီးရ်က မောင်ကူးဖ်ဟဒီးစ်( ဆွဟာဗာဟ်တစ်ဦးအထိသာရောက်ရှိပြီး ကိုယ်တော်မြတ်ထိ ကွင်းဆက်မရှိသောဟဒီးစ်)ဟု ကြေညာခဲ့သည်။

နောက်ထပ် သဖ်စီးရ်အိဗ်နေကစီးရ်ကျမ်းပါ ဟဇရသ်အလီ၏ ခိုင်လုံသောဆင့်ပြန်ချက်တစ်ခုအရ တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ "အကြင်သူသည် စူရဟ်ကဟဖ်ကို ဂျူမူအဟ်နေ့တွင် ရွတ်ဆိုခဲ့လျှင် ဖိသ်နာဟ်တိုင်းမှ ကာကွယ်ပြီးဖြစ်သွားပေလိမ့်မည်။ အကယ်၍ ဒဂျ်ဂျားလ်ထွက်ခဲ့လျှင်လည်း ထိုသူသည် ၎င်း၏စိန်ခေါ်မှုမှ ကာကွယ်ပြီး ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတင်ပြလိုသည့် အကြောင်းအရာလေးတစ်ခုမှ စူရဟ်ကဟဖ်သည် အချို့သောစူရဟ်များနည်းတူ တစ်အာယသ်ချင်း တစ်ပိုဒ်ချင်း ကျရောက်ခဲ့သည်မဟုတ်ပဲ တပြိုင်နက်တည်း တစ်ပုဒ်လုံး ကျရောက်ခဲ့သည့် စူရဟ်တစ်ပုဒ်ဖြစ်သည်။ ထို့ပင်မကသေးပဲ ထိုစူရဟ်ကျရောက်ခဲ့စဉ်မှာမူ ဖရစ်ရှ်သာအပါး၇သောင်းလည်း ထိုစူရဟ်၏ချပေးခြင်းနှင့်အတူ ပါလာခဲ့ကြောင်း ဟဇရသ်အနက်စ်၏ ခိုင်လုံသော ဆင့်ပြန်ချက်တစ်ခုအရ သိရှိရပေသည်။ ၎င်းအကြောင်းအရာသည် ရူးဟုလ်မအာနီ(သဖ်စီးရ်ကျမ်းကြီး)၌ ပါရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။

🛑အလ္လာဟ်ရှင်မြတ်သခင် မွတ်စလ်မားန်များအားလုံးကို စစ်မှန်သောအစ်ခ်လားဆ်(စိတ်စေတနာဖြူစင်ခြင်း)အတူ စူရဟ်ကဟဖ်ကို ဖတ်နိုင်စွမ်း ချီးမြှင့်ပေးသနားတော်မူပါစေ…..အာမီးန်

အင်ရှာလ္လာဟ် နောက်ပိုင်းတွင်လည်း အချို့သောစူရဟ်များ၏ ဖဇွီလသ်များကိုမူ အလျင်းသင့်လျှင် သင့်သလို တင်ပြပေးသွားပါအုံးမည်။

အမြင်မတူလို့(ကိုးကွယ်ရာအရှင်တွေ) ကွဲပြားတာကို လက်ခံတယ်။ မတူကွဲပြားနေတဲ့ အမြင်တွေအားလုံးရဲ့ ဆုံမှတ်က အမှန်တရား တစ်ခုပဲ(ဖြ...
10/09/2023

အမြင်မတူလို့(ကိုးကွယ်ရာအရှင်တွေ)
ကွဲပြားတာကို လက်ခံတယ်။
မတူကွဲပြားနေတဲ့ အမြင်တွေအားလုံးရဲ့
ဆုံမှတ်က အမှန်တရား တစ်ခုပဲ
(ဖြစ်တဲ့ အလ္လာဟ်ရှင်တစ်ပါးတည်း)
ဆိုတာကိုလည်း မိတ်ဆွေတို့
လက်ခံဖို့ လိုအပ်တယ်….

"အီမာန်" ဆိုတာ ဘယ်လိုအရာမျိုးလဲ….🙄??ကမ္ဘာအပြည့်ရွှေရခြင်းထက် အီမာန်ရခြင်းက ပိုပီးတန်ဖိုးရှိကြောင်း အလ္လာဟ်ရှင်ကိုယ်တော်တ...
09/09/2023

"အီမာန်" ဆိုတာ ဘယ်လိုအရာမျိုးလဲ….🙄??

ကမ္ဘာအပြည့်ရွှေရခြင်းထက် အီမာန်ရခြင်းက ပိုပီးတန်ဖိုးရှိကြောင်း အလ္လာဟ်ရှင်ကိုယ်တော်တိုင် ကျမ်းတော်မြတ်ကုရ်အာန်မှာ အတိအလင်းဖော်ပြထားတယ်….👇
"اِنَّ الَّذِيْنَ كَفَرُوْا وَمَاتُوْا وَهُمْ كُفَّارٌ فَّلَنْ يُّقْبَلَ مِنْ أَحَدِهِمْ مِّلْءُ الْاَرْضِ ذَهَبًا وَّلَوْ افْتَدٰى بِه"
"အမှန်တကယ် အကြင်သူတို့ဟာ သွေဖည်ငြင်းပယ်ကြပြီး သွေဖည်ငြင်းပယ်သူတွေအဖြစ်နဲ့ပဲ သေဆုံးကြတယ်။ တကယ်လို့ သူတို့ထဲကတစ်ဦးဟာ (အပြစ်လွတ်ဖို့) ကမ္ဘာမြေနဲ့အပြည့် ရွှေကို လျော်ကြေးပေးရင်လည်း (အရှင်မြတ်က)လုံးဝသဘောတူလက်ခံတော်မူမှာမဟုတ်ဘူး"

အီမာန်ဆိုတဲ့ရတနာကြီးက အလ္လာဟ်ရှင်မပေးပဲ ဘယ်သူမှမရနိုင်ဘူးဆိုတာကိုလည်းပဲ ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်ရှင်ကိုယ်တိုင် ဖော်ပြထားတယ်…..👇
"وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْئٍ قُبُلًا مَّا كَانُوْا لِيُؤْمِنُوْا اِلاَّ اَنْ يَّشَاءَ اللهُ وَلٰكِنَّ اَكْثَرَهُمْ يَجْهَلُوْنَ"

"ဒါ့အပြင် ငါအရှင်မြတ်ဟာ သူတို့အပေါ် အရာအားလုံးကို သူတို့ရှေ့မှာ စုပေးတော်မူခဲ့မယ်ဆိုရင်လည်း သူတို့ဟာ အလ္လာဟ်ရှင်မြတ်အလိုရှိသူကလွှဲလို့ အီမာန်ယုံကြည်ကြမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ထဲက အမြောက်အမြားဟာ အသိတရားကင်းမဲ့ကြတယ်"

🛑ဒါဆိုရင် ကျတော်တိို့ ဘာဆက်လုပ်သင့်လဲ?

ဒီလောက်ကြီးမားတဲ့အရာကြီး ဘယ်သူ့ဘယ်သူ့ကြောင့်မှမဟုတ်ပဲ အလ္လာဟ်ရှင် နှစ်သက်လို့ကိုးပေးထားတာဖြစ်တဲ့အတွက် အဲ့သည့်အရာကြီး မပျောက်ပျတ် မပျက်ဆီးသွားအောင် ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းဖို့ဆိုတာ ကျတော်တို့ တာဝန်ပဲဖြစ်တယ်။

အလ္လာဟ်ရှင် မွတ်စလ်မာန်အားလုံးကို ရှိနေတဲ့ အီမာန်ပေါ် ကြံ့ကြံ့ခံ ရပ်တည် ထိန်းသိမ်းကာကွယ်နိုင်စွမ်း ချီးမြှင့်ပေးသနားတော်မူပါစေ……အာမီန်း

မြင်နေမှ ချစ်တဲ့အချစ်က စစ်မှန်တဲ့အချစ်မဟုတ်ဘူးဗျ….. စစ်မှန်တဲ့အချစ်ဆိုတာ မမြင်ပဲနဲ့လဲ ချစ်နေတဲ့အချစ်မျိုးကို ခေါ်တာ……❤️ဉ...
08/09/2023

မြင်နေမှ ချစ်တဲ့အချစ်က စစ်မှန်တဲ့အချစ်မဟုတ်ဘူးဗျ…..

စစ်မှန်တဲ့အချစ်ဆိုတာ မမြင်ပဲနဲ့လဲ ချစ်နေတဲ့အချစ်မျိုးကို ခေါ်တာ……

❤️ဉပမာ- နှစ်ဘဝသခင်တမန်တော်မြတ်(ဆွ)ပေါ်ချစ်တဲ့ မွတ်စလ်မာန်တွေရဲ့ ချစ်ခြင်းမျိုးပေါ့❤️

عن رسول الله صلى الله عليه وسلم : (من قرأ المتوذتين فكأنما قرأ الكتاب التي أنزلها الله تعالى كلها ) (الكشاف)ကိုယ်တော်မြတ...
08/09/2023

عن رسول الله صلى الله عليه وسلم : (من قرأ المتوذتين فكأنما قرأ الكتاب التي أنزلها الله تعالى كلها )

(الكشاف)

ကိုယ်တော်မြတ်صلى الله عليه وسلم ထံမှ ဆင့်ပြန်ချက် တစ်ခုလာရှိသည်မှာ……

"အကြင်သူသည်မုအောင်ဝါဇသိုင်းန် (စူရဟ် ဖလပ်က်နှင့်စူရဟ်နားစ်)တို့ကိုဖတ်ရွတ်ခဲ့သော် ထိုသူသည်ကုရ်အာန်တစ်အုပ်လုံးကို ဖတ်ရွတ်သကဲသို့ပင်ဖြစ်လေသည်။"

(အလ်ကရှ်ရှားဖ်)

[ဆိုလိုသည်မှာ .....ကုရ်အာန်တစ်အုပ်လုံးဖတ်သကဲ့
သို့ ကုသိုလ်စဝါးဗ်ရရှိမည်ဖြစ်သည်]

✍🏻
ابن صلاح

عن ابي سعيد(رضي الله عنه) ان النبي(صلي الله عليه وسلم) قال من قرأ سورة الكهف في يوم الجمعة اضاء له النور ما بين الجُمعتي...
08/09/2023

عن ابي سعيد(رضي الله عنه) ان النبي(صلي الله عليه وسلم) قال من قرأ سورة الكهف في يوم الجمعة اضاء له النور ما بين الجُمعتين….(رواه البيهقي)

ဟဇရသ်စအီးဒ်(ရ)သခင်ထံမှ ဆင့်ပြန်ချက်လာရှိတယ်။ တမန်တော်မြတ်(ဆွ)သခင် မိန့်တော်မူသည်မှာ-
"ဂျူမူအဟ်နေ့၌ စူရဟ်ကဟဖ် ဖတ်တော်သူအဖို့ (နောက် ဂျူမူအဟ်တစ်ခုမလာခင်) ဂျူမူအဟ်နှစ်ခုရဲ့ ကြားကားလ၌ နူးရ်အလင်းရောင်ချည်သည် ထိုသူ့အား လင်းဝင်းစေတော်မူမည်"

(ဗိုင်ကကီကျမ်း)

🛑အင်ရှာလ္လာဟ် နောက်နေ့တွေမှာ စူရဟ် ကဟဖ်နဲ့ ပတ်သတ်တဲ့ ဖဇွီလသ်တွေကို တင်ပြပေးပါမယ်

တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူသည်မှာ-"အလ္လာဟ်ရှင်မြတ်ထံတော်ပါးတွင် အမွန်မြတ်ဆုံးသော နမားဇ်က ဂျူမူအဟ်နေ့၌ ဂျမာအသ်နှင့်တက...
08/09/2023

တမန်တော်မြတ်(ဆွ)မိန့်ကြားတော်မူသည်မှာ-

"အလ္လာဟ်ရှင်မြတ်ထံတော်ပါးတွင် အမွန်မြတ်ဆုံးသော နမားဇ်က ဂျူမူအဟ်နေ့၌ ဂျမာအသ်နှင့်တကွဖတ်သော ဖဂျရ်နမားဇ်ဖြစ်တယ်"

ဆွဟီးဟ်ဘူခါရီ(၁၁၁၉)

07/09/2023

မှန်ကန်တိကျပြီး ပြီးပြည့်စုံလွန်းတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ တုနှိုင်းမဲ့ အံ့ဖွယ်(မုအ်ဂျီဇာဟ်)လေးတစ်ခု……

အရ်ဗီဝေါဟာရမှာ "زوجة" ဆိုတာလဲ အမျိုးသမီးကိုခေါ်တာဖြစ်ပီး "إمرأة" ဆိုတာလဲ အမျိုးသမီးကိုပဲ ခေါ်တာဖြစ်တယ်။

အဓိပ္ပာယ်ချင်း ပေးတဲ့နေရာမှာ တူနေပေမယ့်လဲ ကျမ်းတော်မြတ်ကုရ်အာန်မှာ တမန်တော်ဇကရီယာ(အ)ရဲ့ဇနီး (တစ်ယောက်တည်း)ကိုပဲ နေရာ(၂)နေရာမှာ ထိုမတူတဲ့စကားလုံး(၂)လုံးကို ခွဲပီးသုံးပြသွားတဲ့ပုံရိပ်လေးက စဉ်းစားလို့လိုက်မမှီနိုင်လောက်အောင်ပဲ မှင်သက်အံ့ဩဖွယ်ရာတစ်ခုဖြစ်တယ်။
ပြောရမယ်ဆိုရင်တော့…….👇👇

ကုရ်အာန်ရဲ့ (၃:၄၀) မှာ " وامرأتي عاقر" ဆိုပီး "امرأة"လို့ သုံးထားပီး ကုရ်အာန်ရဲ့နောက်တစ်နေရာဖြစ်တဲ့ (၂၁:၉၀)မှာ "واصلحنا له زوجة" ဆိုပီး "زوجة" လို့သုံးထားတယ်။

၂ နေရာလုံးက တမန်တော်ဇကရီယာ(အ)ရဲ့ဇနီးကြင်ယာကိုပဲ ညွှန်းဆိုနေတာဖြစ်ပေမယ့် ဇနီးကြင်ယာလို့ အမည်ပေးတဲ့ မတူညီတဲ့စကားလုံး၂လုံးကို နေရာ၂နေရာမှာ ခွဲခြားသုံးပြသွားတဲ့သဘောကတော့ …….

‎💗"إمرأة" ဆိုတာက သားသမီးမထွန်းကားတဲ့အမျိုးသမီးကို ခေါ်တာဖြစ်ပီး "زوجة" ဆိုတာက သားသမီးထွန်းကားတဲ့အမျိုးသမီးကို ခေါ်တာဖြစ်တဲ့အတွက်…… အာယသ်(၃:၄၀)မှာက *သားသမီးမရှိတဲ့အပေါ်မှာ သားသမီးပေးဖို့အလ္လာဟ်ဆီမှာဒုအာတောင်းနေတာ* ဖြစ်တဲ့အတွက် "إمرأة" လို့သုံးထားပီး အာယသ် (၂၁:၉၀) မှာက *အလ္လာဟ်ရှင်မြတ်သခင်က တမန်တော်ယာဟ်ယာ မည်တဲ့သားကို ချီးမြင့်လိုက်ပီ* ဖြစ်တယ်ဆိုတဲ့ သတင်းကောင်းကို ပေးနေတဲ့အတွက် ထိုအမျိုးသမီးကို "زوجة" လို့ သုံးထားခြင်းပဲဖြစ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန်က ဘယ်လောက်တောင်တိကျမှန်ကန်လှတဲ့ ကျမ်းတစ်ဆူလဲဆိုတာ အသေးစိတ်အနုစိတ်လေးကအစ သုံးနှုန်းထားတာကိုကြည့်လျှင်ပင် ယှဉ်နှိုင်းမဲ့ဆိုတာ ပြောနေစရာပင်မလိုလောက်အောင် သိနေရတယ်💗

‎عن رسول الله صلى الله عليه وسلم أنه سمع رجلا يقرأ قل هو الله أحد فقال:( وجبت ). قيل : يا رسول الله وما وجبت ?‎قال :(وجب...
07/09/2023

‎عن رسول الله صلى الله عليه وسلم أنه سمع رجلا يقرأ قل هو الله أحد فقال:( وجبت ). قيل : يا رسول الله وما وجبت ?
‎قال :(وجبت له الجنة ) ...... (ألكشاف)

တမန်တော်မြတ်(ဆွ)သခင်ဆီမှ ဆင့်ပြန်ချက်တစ်ခုလာရှိတယ်……..

"(တစ်နေ့၌) ကိုယ်တော်မြတ်(ဆွ)သခင်သည်ပုဂ္ဂိုလ်တစ်ဦး၏ "قل هو الله احد" (စူရဟ်အိခ်လားဆ်) ဖတ်နေတာကို ကြားခဲ့ပီးတဲ့နောက် "ဝါဂျစ်ဖြစ်သွားပီ" လို့ အမိန့်ရှိတော့ (အဆွ်ဟားဗ်တော်တွေက) ကိုယ်တော့်ကို မေးကြတယ်။ အိုး.. အလ္လာဟ်ရဲ့ရစူးလ် (အသင်ပြောခဲ့တဲ့စကားမှာ ဝါဂျစ်ဖြစ်သွားပြီဆိုတာ) ဘာ ဝါဂျစ်ဖြစ်သွားတာလဲ? အဲ့တော့ ကိုယ်တော်မြတ်သခင်(ဆွ)အမိန့်ရှိတော်မူသည်မှာ ထို(စူရဟ်အိခ်လားဆွ်ဖတ်တဲ့)သူအတွက် ဂျန္နသ်က ဝါဂျစ်ဖြစ်သွားပြီ(လို့ပြောတာ ဖြစ်တယ်)။"

(အလ်ကရှ်ရှားဖ်)

လက်ဆောင်မွန်....ကျွန်တော်တို့တွေဟာ နေ့စဥ်ကုရ်အာန်ကျမ်းတော်မြတ်ကို သေလာဝသ်လုပ်ဖို့ထက်
မိမိတို့ရဲ့ အရေးကိစ္စတွေမှာ နစ်မွန်းနေကြတာကိုစိတ်မချမ်း​မြေ့စွာ တွေ့မြင်နေရပါတယ်။ ဒီတော့
ကျွန်တော် စာရေးသူအနေနဲ့ မိတ်ဆွေတို့အတွက် လက်ဆောင်မွန်လေးတစ်ခုကို စဝါးဗ်မျှော်ကိုးလျက် ပေးချင်မိပါတယ်။ အဲ့ဒီ့ လက်ဆောင်မွန်လေးကတော့ မိမိဟာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ
စူရာဟ် အိခ်လားစွ်ကို သုံးကြိမ် ဖတ်ခြင်းအားဖြင့်
ကုရ်အာန်ကျမ်းမြတ်တစ်အုပ်လုံး ဖတ်တဲ့စဝါးဗ်နဲ့
ညီမျှတဲ့ အကျိုးကုသိုလ်ကို အလ္လာဟ်ရှင်မြတ်က
ချီးမြှင့်ပေးတော်မူမှာဖြစ်တယ်။
ဒီ့အတွက်ကြောင့် ကျွန်တော်အပါအဝင် မိတ်ဆွေညီနောင်တို့ပါ နေ့စဥ် ဖတ်ရွတ်ကျင့်ဆောင်န်ိုင်တဲ့ သောင်ဖီးက် စွမ်းအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူပါစေ.…….အာမီးန်

🖊
Hameed

ကိုယ်တော်သခင် صلى الله عليه وسلم က အမိန့်ရှိတော်မူတယ်။ "အသင်တို့(ထဲက ဘယ်သူမဆို) အေကာမသ်ပေးသံကို ကြားပြီဆိုရင် နမားဇ်ဖတ်ဖ...
07/09/2023

ကိုယ်တော်သခင် صلى الله عليه وسلم က အမိန့်ရှိတော်မူတယ်။
"အသင်တို့(ထဲက ဘယ်သူမဆို) အေကာမသ်ပေးသံကို ကြားပြီဆိုရင် နမားဇ်ဖတ်ဖို့အတွက် လျှောက်လှမ်းလာကြလေကုန်။ (လာတဲ့အခါမှာလဲ) တည်ငြိမ်မှုအပြည့်နဲ့ ဖျတ်လတ်သွက်လတ်နေဖို့ အရေးကြီးတယ်။ အလျင်စလိုပုံစံမျိုးနဲ့ လာခြင်းမျိုးတွေ မလုပ်ကြပါနှင့်။ မှီသလောက်ရကသ်ကိုဖတ်ပြီး လွတ်သွားတဲ့ရကအသ်တွေကို ပြန်ဖြည့်လိုက်ပါ။" (ဆွဟီးဟ်ဘူခါရီ)

အမှာစကား ______ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့မြင်ရတာတစ်ခုက အိမာမ် က တစ်ရကအသ်ပြီးတော့မယ်ဆိုရင် မြန်မြန်ဆန်ဆန်ပဲ အပြေးအလွှား အလုအရပ်နဲ့ နမာဇ်မှီဖို့ သွားကြတယ်။ နမားဇ်မှီချင်ဇောနဲ့ သွားတာမှန်ပေမယ့် သွားတဲ့ပုံစံကမမှန်တော့ ခက်တယ်။ ရှေ့နောက်မကြည့် ပြာယာခက် ဟိုတိုက်ဒီတိုက်နဲ့။ အဲ့လိုမျိုးတွေမလုပ်ကြဖို့ ဒီဟဒီးစ်တော်က လမ်းညွှန်းနေတာဖြစ်တယ်။အဲ့လိုလုပ်ရပ်တွေကို လုပ်မိသူက ကိုယ်တိုင်တော့ ဘားမှမဟုတ်တဲ့ အသေးအမွှားလေးတစ်ခုပဲလို့ ထင်နေပေမယ့် ကိုယ့်လုပ်ရပ်ရဲ့နီဂုံးမှာ အစ္စလာမ်ပုံရိပ် ဘယ်လောက်ထိ ကျဆင်းသွားသလဲဆိုတာ မသိတာက ကြီးကျယ်တဲ့မှားယွင်းမှုတစ်ခုပဲ။ ဒါ့ကြောင့် နောက်ဆိုရင် ဟဒီးစ်တော်တွေမှာ လာရှိထားတဲ့အတိုင်း လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when المروة posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share