Ah Lin Zin အလင်းဇင် အိမ်ခြံမြေ အကျိုးဆောင်

  • Home
  • Myanmar
  • Yangon
  • Ah Lin Zin အလင်းဇင် အိမ်ခြံမြေ အကျိုးဆောင်

Ah Lin Zin အလင်းဇင် အိမ်ခြံမြေ အကျိုးဆောင် တိကျ မှန်ကန်သော ဝန်ဆောင်မူ 09763809581, 09983209862 ,09766398822,09691991717

ယနေ့ ကျရောက်တယ့် ကမ္ဘာ့အလုပ်သမားနေ့ မှာ လုပ်ငန်းခွင်အသီးသီးရှိ ကာယ၊ ဉာဏအလုပ်သမားအားလုံးကို လေးစားစွာဖြင့် ကြိုဆိုဂုဏ်ပြု...
01/05/2026

ယနေ့ ကျရောက်တယ့် ကမ္ဘာ့အလုပ်သမားနေ့ မှာ လုပ်ငန်းခွင်အသီးသီးရှိ ကာယ၊ ဉာဏအလုပ်သမားအားလုံးကို လေးစားစွာဖြင့် ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်ရှင် …


#အလုပ်သမားနေ့

30/04/2026

ဗုဒ္ဓဘာသာဝင် တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ့် ကဆုန်လပြည့် ( ဗုဒ္ဓနေ့ ) ညောင်ရေသွန်းပွဲတော်အခါသမယမှာ ဖေါက်သည်တော် ၊ မိတ်ဆွေများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ အေးမြ ကြည်သာရှိပါစေကြောင်း အလင်းဇင် မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါရပါတယ်ရှင် 🥰🙏

#ကဆုန်လပြည့်နေ့
#ဗုဒ္ဓနေ့
#ညောင်ရေသွန်းပွဲတော်

17/04/2026

ချစ်ခင် လေးစား ရပါသော မိတ်ဆွေများရှင် … 🥰

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် …

မြန်မာ နှစ်သစ် … နှစ်ဆန်းတစ်ရက်နေ့မှစတင်ပြီး စိတ်သစ်၊ လူသစ် အတွေးသစ် များနှင့် ကောင်းမွန်သော အစပျိုးမှုများ လုပ်ဆောင်နိုင်ကြပါစေ … 🥰🙏😇

ယနေ့မှစ၍ တစ်နှစ်ပတ်လုံး စီးပွား လာဘ်လာဘများ ဒီရေအလား တိုးတက်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ရည်မှန်းချက်များ အောင်မြင်ကြပါစေကြောင်း အလင်းဇင် မိသားစု မှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင် 🥰🙏😇

မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့လေး ဖြစ်ပါစေ။ 🙏🥰😇

#မြန်မာနှစ်သစ်
#နှစ်ဆန်းတစ်ရက်နေ့

မိတ်ဆွေများ … အတာသင်္ကြန် ကာလတွင်စိတ်ချမ်းသာ ကိုယ် ကျန်းမာစွာဖြင့်ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်း မေတ္တာ ပို့သ လိုက်ရပါတ...
14/04/2026

မိတ်ဆွေများ …

အတာသင်္ကြန် ကာလတွင်
စိတ်ချမ်းသာ ကိုယ် ကျန်းမာစွာဖြင့်
ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်း မေတ္တာ ပို့သ လိုက်ရပါတယ် …

မင်္ဂလာပါရှင် 🥰🥰🥰 သိန်း ၂၀ အရင်သွင်း 🥰 ကျန်ငွေ အတိုးမဲ့ အရစ်ကျ … ၅လ 🥰✅ သိန်း ၁၂၀ ထဲနဲ့ ပေ ၄၀ x ၆၀ … မြေပိုင်ရှင် ဖြစ်နို...
06/04/2026

မင်္ဂလာပါရှင် 🥰🥰🥰

သိန်း ၂၀ အရင်သွင်း 🥰
ကျန်ငွေ အတိုးမဲ့ အရစ်ကျ … ၅လ 🥰

✅ သိန်း ၁၂၀ ထဲနဲ့ ပေ ၄၀ x ၆၀ … မြေပိုင်ရှင် ဖြစ်နိုင်ပါပြီ

✅ နောက် တစ်နှစ်ဆို ဒီစျေး နဲ့ ဒီနေရာ မျိုးမှာ ပြန်ဝယ်ဖို့ မလွယ်တော့ပါဘူး …

✅ ရန်ကုန် နဲ့လည်း နီးပြီး … ရွာမြေ စစ်စစ်တွေကို ရောင်းချ ပေးနေပါပြီ …

✅ တည်နေရာ …
မှောဘီမြို့နယ် … သရက်သုံးပင်ရွာ

✅ အားသာချက်များ …
စျေးနီး
ကျောင်းနီး
ဆေးရုံနီး
ဘူတာနီး ပါတယ်ရှင်

🏡 မြေကွက်အချက်အလက်များ …
အကျယ်အဝန်း ပေ ၄၀ x ပေ ၆၀
ခိုင်မာတယ့် ရွာမြေစစ်စစ်
ရေ ၊ မီး … အလွယ်တကူရ
မြေဆီလွှာကောင်းလို့ အပင်လေးနဲ့ အေးချမ်းစွာ နေလို သူများ အဆင်ပြေတယ်ရှင် 🥰🌴🌿

✅ ပိုင်ဆိုင်မူ
စာရွက် စာတမ်း အစုံအလင်ဖြင့် တရားဝင်ရောင်းချပေးမှာ ဖြစ်လို့ …
ကိုယ်တိုင် မြေပြင် ကွင်းဆင်း စစ်ဆေးကြည့်ပြီး မှ ဝယ်ယူနိုင်ပါတယ်ရှင် …

✅ ဝယ်သူ အမည်ပေါက် လျှောက်လို့ရပါတယ်ရှင် … 🥰

✅ ငွေပေးချေမူ 🎉🥰
✅ သိန်း ၂၀ အရင်သွင်း
ကျန်ငွေ အတိုးမဲ့ အရစ်ကျ … ၅လ

မြေကွက် အရေအတွတ် အကန့်အသတ် ရှိလို့ ဦးရာ လူစနစ် ဖြင့် ရောင်းချ ပေးသွားပါ့မယ်ရှင် 🥰
အကျိုးဆောင်များလည်း လက်ခံပါတယ်ရှင် 🥰

အသေးစိတ် စုံစမ်း မေးမြန်းလိုပါက
09763809581 ( Viber / Telegram )
09766398822 ( Telegram )
09691991717 ( Viber )

#မှော်ဘီအိမ်ခြံမြေ

#လှည်းကူးအိမ်ခြံမြေ

#ရန်ကုန်အိမ်ခြံမြေ

#ရွာမြေစစ်စစ်

#ခိုင်မာသောမြေ
#အတိုးမယ့်အရစ်ကျ
#ထိုက်သူယူဦးသူရ

31/03/2026

အိမ်နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။
=========================

၁။ ရောင်းသူနှင့်ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည်။

၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။

၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်း ခံရပါမည်။ လျော့ပြသည့်အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။

၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။

၅။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။

၇။ ကိုယ်စားလှယ်အဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှား ရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည်။

၈။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၉။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ်၊မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။

၁၀။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးရပါမည်။

၁၁။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက် မှတ်ရေးထိုးရပါမည်။ ထိုသို့ ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

၁၂။ အရွယ်မရောက်သူကိုယ်စား တရားရုံးကခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်း နိုင်သည့်ပစ္စည်းနှင့် မရွှ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။

၁၃။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့်စပ်လျဉ်း၍အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန် ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိုင်ရာက သိရှိလျှင် သော်လည်းကောင်း၊ တစ်ဦးတစ် ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ် ပါသည်။

၁၄။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ် လည်၍ကျမ်းကျိန်ဆိုမှုအတွက် အရေးယူခြင်းခံရနိုင်ကြောင်း သိရှိထားသင့်ပါသည်။

၁၅။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင် နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်းလျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည်။

၁၆။ ကွယ်လွန်သူ၏ အမွေဆိုင်များအနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ မပြောင်းနိုင်သောပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည်။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့်အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။ အမွေထိန်းစာ အပြိုင်လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရား ရုံးက စစ်ဆေးသွားမည် ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့်( ၇ ) ကျပ်နှုန်း ရုံးခွန်တော်ထမ်းဆောင်ရပါသည်။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင် သည့် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ထုခွဲရောင်းချလိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး ၏ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေး ရန် တာဝန်ရှိပါသည်။

၁၇။ အပိုဒ် ၁၆ အရ အမွေထိန်းလက်မှတ်စာ အပြိုင်အဆိုင်လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိ ပြုသင့်ပါသည်။ အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ရသင့်ရထိုက် သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည်။

( ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ်၊ခြံ၊မြေ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁ ထိ) ။

#ကျေးဇူးတင်ပါတယ်ရှင့်

22/03/2026

✅ အိမ်ခြံမြေ အကျိုးဆောင်အလုပ်မှာ …
ရောင်းသူ နဲ့ ဝယ်သူ စျေးညှိနှိုင်းကြတယ့် အခါ
အကျိုးဆောင် တစ်ယောက် အနေ နဲ့ ပြတ်သား မှန်ကန်စွာ ရပ်တည်ဖို့ အရေးကြီးပါတယ် …

✅ အကျိုးဆောင်ကောင်း တစ်ယောက်ရဲ့ တာဝန်က
အချက်အလက် အမှန်ကို ပြောပြပြီး နှစ်ဖက်စလုံး အဆင်ပြေအောင် ချိတ်ဆက်ပေးခြင်းဖြစ်ပါတယ် …

✅ စျေးညှိနှိုင်းကြတယ့် အခါ … အချက်လက်ကို အခြေခံပြီး ခိုင်မမူ ၊ မှန်ကန်မူ ကို အလေးထားရပါတယ် …

#အလင်းဇင်အိမ်ခြံမြေအကျိုးဆောင်

အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံမယ်ဆိုရင် လူအများစု စဉ်းစားတတ်ကြတဲ့ အချက်တွေကတော့ .. ✅ နေရာကောင်းပြီး တန်ဖိုးတက်နိုင်မလ...
19/03/2026

အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံမယ်ဆိုရင် လူအများစု စဉ်းစားတတ်ကြတဲ့ အချက်တွေကတော့ ..

✅ နေရာကောင်းပြီး တန်ဖိုးတက်နိုင်မလား
✅ ပိုင်ဆိုင်မှုနဲ့ စာရွက်စာတမ်းတွေ ခိုင်မာရဲ့လား
✅ စျေးနီး၊ ကျောင်းနီး အဆင်ပြေရဲ့လား
✅ ဆေးရုံ၊ ဆေးခန်းနီးပြီး ကျန်းမာရေးအတွက်
အဆင်ပြေရဲ့လား

✅ အမှန်တကယ်တော့ အိမ်ခြံမြေဆိုတာ
တစ်သက်တာနေထိုင်ရမယ့် အခြေခံပိုင်ဆိုင်မှုတစ်ခုဖြစ်သလို … တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပါတယ် 🏠🌿

ဒါကြောင့် အထက်ပါအချက်များကို မလွှတ်မတမ်း စဉ်းစားဖို့ လိုအပ်ပါတယ် 🥰

🥰 ယခုရရှိနိုင်မယ့် အထူးအခွင့်အရေး 🥰

🎉🥰 သူဌေးမင်းတို့အတွက် 🎉🥰
✅ သင့်တင့်သောစျေးနှုန်း
✅ သားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်မည့် ခိုင်မာသော ပိုင်ဆိုင်မူ
✅ ကျယ်ဝန်းပြီး နေထိုင်ရန်အဆင်ပြေသော မြေကွက်

အားလုံးကို တစ်နေရာတည်းမှာ စိတ်ကျေနပ်ဖွယ် ရရှိနိုင်ပါတယ် 🥰

📍 တည်နေရာ
ရန်ကုန်မြို့နှင့် သွားလာရ လွယ်ကူပြီး
မှော်ဘီမြို့နယ်၊ သရက်သုံးပင်ရွာရှိ
ရွာမြေစစ်စစ် နေရာကောင်း ဖြစ်ပါတယ်။

📄 ဝယ်ယူသူအမည်ပေါက် လျှောက်ထားနိုင်ပါသည်။

💰 ငွေပေးချေမှု 🎉🥰
✅ ၁ ကြိမ်ထဲ … သိန်း ၁၀၀
✅ အရစ်ကျ … သိန်း ၅၀ အရင်သွင်း
အတိုးမဲ့ ကျန်ငွေ ၂လ အရစ်ကျ
✅ အရစ်ကျ … သိန်း ၅၀ အရင်သွင်း
ကျန်ငွေ ၃လ အရစ်ကျ … ၁ လ သိန်း ၂၀

🎉🥰 မြေကွက် အရေအတွတ် အကန့်အသတ် ရှိလို့ ဦးရာ လူစနစ် ဖြင့် ရောင်းချ ပေးသွားပါ့မယ်ရှင် 🎉🥰

🤝 အကျိုးဆောင်များကိုလည်း လက်ခံပါသည်။

အသေးစိတ် စုံစမ်း မေးမြန်းလိုပါက
09763809581 ( Viber / Telegram )
09766398822 ( Telegram )
09691991717 ( Viber )

#မှော်ဘီအိမ်ခြံမြေ
#လှည်းကူးအိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#ရွာမြေစစ်စစ်
#ခိုင်မာသောမြေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ah Lin Zin အလင်းဇင် အိမ်ခြံမြေ အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category