29/03/2024
April 1 ရက်နေ့မှာတော့ Mercury Retrograde စတင်မှာ ဖြစ်ပြီး April 4 ရက်နေ့ဟာ အထူးဂရုစိုက်ကြရမယ့် နေ့ရက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ March 25 ရက်နေ့မှာ လကြတ်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် April 8-9 ရက်နေ့မှာတော့ နေကြတ်မှု ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လကြတ်မှုနဲ့ နေကြတ်မှု ကြားကာလကို ရောက်ရှိနေကြတာဖြစ်ပြီး လကြတ်မှုရဲ့ အားကြီးစွာ လွှမ်းမိုးမှုကို သိသာစွာ သိရှိခံစားနေကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကြတ်မှုဟာ အားပျော့သော Penumbral Lunar Eclipse ဖြစ်တာကြောင့် လွှမ်းမိုးခံရသူများဟာ ဘဝတစ်ခု ပြောင်းလဲဖို့အတွက် အစပျိုးမှုအနေနဲ့သာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှေ့မှာ ရောက်ရှိလာမယ့် နေကြတ်မှုဟာ Total Solar Eclipse အမျိုးအစား ဖြစ်တာကြောင့် လွှမ်းမိုးမှု အားကောင်းသော Eclipse ဖြစ်တဲ့အပြင် Mercury ၐြိုဟ် Retrograde ကြောင့် လကြတ်မှုထက် ၁၀ဆ ပိုမိုအားပြင်းထန်ဖို့ မျှော်လင့်ထားကြရမှာ ဖြစ်ပါတယ်။
Aries ရာသီခွင်မှာ Mercury Retrograde ဖြစ်ပေါ်တဲ့အခါ ကိုယ့်မှာ ရှိတဲ့ အလျင်စလိုနဲ့ ရေတိုတွေးတတ်၊ လုပ်တတ်တဲ့ ရွေးချယ်မှုများရဲ့ သွားရာလမ်းကြောင်းကို မီးမောင်းထိုးပြပါတယ်။ ဒေါသနဲ့ ရန်လိုမှုများဟာလည်း ပျော့ပြောင်းစွာ ကိုင်တွယ်ဖြေရှင်းလို့ ရနိုင်တယ်ဆိုတာကို Reflect လုပ်ကြရမှာ ဖြစ်ပါတယ်။ လိုတာထက် ပိုမိုတဲ့ မျှဝေမှုများဟာ ပင်ပန်းနွမ်းနယ်စေပြီး ကိုယ့်ရဲ့ Energy များကို စည်းစနစ်ကျစွာ အသုံးချလာစေဖို့ တွန်းအားပေးထားပါတယ်။ Mercury Retrograde ခရီးစဉ်မှာ နေကြတ်မှု ဖြစ်ပေါ်မယ့် North Node, Chiron, Sun နဲ့ Venus ၐြိုဟ်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ စိတ်ဒဏ်ရာများကို ရင်ဆိုင်ခြင်း ရှိမရှိ စာမေးပွဲ ဖြေဆိုကြရမှာ ဖြစ်ပြီး ကုစားကြဖို့ သင်ယူစေပါတယ်။ ကိုယ့်အတွက် ကိုက်ညီတဲ့ အလုပ်အကိုင်နဲ့ Relationship တွေဟာ ကိုယ့်ရဲ့ ကုစားမှုတွေကနေ နေရာလွတ် ဖြစ်ပေါ်ပြီး မားမားမတ်မတ် ရပ်တည်နိုင်မှသာ လမ်းပွင့်လာနိုင်တယ်ဆိုတာကို ပြောပြပေးနေပါတယ်။
ဒါကြောင့် April လဟာ ၂၀၂၄ ခုနှစ်အတွက် Energy အပြင်းထန်ဆုံးလ ဖြစ်ပြီး ကိုယ့်ကိုယ်ကို သေချာစွာ စောင့်ကြည့်ကြဖို့ လိုအပ်ပါတယ်။ ကံကြမ္မာရဲ့ ခေါ်ဆောင်မှုတွေနောက်မှာ အမြင်ကျယ်မှု၊ အကောင်းမြင်မှုတွေနဲ့ ရင်ဖွင့်ထားကြရမယ့် အချိန် ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဘယ်လို အဖြစ်အပျက်မျိုးကို ကြုံတွေ့ရသည်ဖြစ်စေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်ဆိုတာကို လက်ခံထားကြရပါလိမ့်မယ်။ အရှိန်လျှော့ချထားရမှာ ဖြစ်ပြီး ကိုယ့်အတွက် လုံခြုံတဲ့ နေရာတွေမှာပဲ အချိန်ကုန်ဆုံးသင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးများမှာ အလျင်စလို လုပ်ဆောင်မှုတွေကို လျှော့ချထားပြီး ဘာလုပ်လုပ် ၂ကြိမ် ၂ခါ စစ်ဆေးပြီးမှသာ လုပ်ဆောင်သင့်ပါတယ်။ ခရီးသွားလာမှုများမှာလည်း သေချာစွာ ကြိုတင် ပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။ Eclipse Energy ပြင်းထန်တာကြောင့် အလွယ်တကူ ထိမိခိုက်မိ ဖြစ်နိုင်ပြီး ကုန်းလမ်း၊ ရေလမ်း ခရီးများ အထူး ဂရုပြုသင့်ပါတယ်။ စိတ်ကို မူးယစ်ရီဝေစေသော၊ ပြောင်းလဲစေသော အစားအစာ၊ ဆေးဝါးနဲ့ အရက်သေစာများကို ရှောင်ရှားသင့်ပါတယ်။ ကိုယ့်ရဲ့ အတ္တနဲ့ ကံတရားများကို ဆေးကြောကြရချိန်၊ အနက်ရှိုင်းဆုံး နေရာက ဒဏ်ရာများကို ကုစားကြရမယ့် အချိန် ဖြစ်တာကြောင့် စိတ်ရဲ့ ငြိမ်းအေးရာ အလုပ်တွေကိုပဲ ဦးစားပေး လုပ်ဖို့ ပြင်ဆင်ကြရပါလိမ့်မယ်။
Aries, Libra, Cancer, Capricorn ရာသီခွင် Signs ရှိသူများဟာ Eclipse ရဲ့ Roller Coaster ကို ရှေ့ဆုံးတန်းကနေ စီးကြရမှာ ဖြစ်ပါတယ်။ လကြတ်မှုမှာ ကိုယ့်အတွက် Positive ဖြစ်တယ်လို့ တွေးထားကြသူတွေဟာလည်း April လကစလို့ လေးလံပြီး ပြင်းထန်တဲ့ Energy များကို သိသာစွာ ခံစားရနိုင်ပါတယ်။ ငလျင်လှုပ်သလို၊ မီးတောင် ပေါက်သလို Energy များကို လက်ခံရရှိတဲ့အခါ ကောင်းမွန် မှန်ကန်စွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အတွက် အကျိုးမရှိစေမယ့် အတ္တစိတ်တွေရဲ့ ငြင်းခုန်မှုနဲ့ အားပြိုင်မှုတွေကို ဉာဏ်ပညာနဲ့ ရှောင်ကွင်းရပါလိမ့်မယ်။ Mind, Body, Spirit ကို ဟန်ချက်ညီဖို့အတွက် ကိုယ့်လက်လှုပ်ရှားမှုနဲ့ Meditation တို့ကို မျှတစွာ လုပ်ဆောင်ရပါလိမ့်မယ်။ ရေဓါတ်ပြည့်ဝစွာ ဖြည့်တင်းဖို့၊ ပြည့်ဝစွာ အနားယူဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်သလို မလိုအပ်ဘဲ Energy တွေကို အလဟဿ အသုံးမပြုဖို့ ထိန်းသိမ်းရပါလိမ့်မယ်။ စိတ်ကို ဖိနှိပ်ထိန်းချုပ်ထားဖို့ထက် ပျော့ပျောင်းနေတဲ့ ထိလွယ်ရှလွယ် အနေအထားမှာ Healing ရရှိကြပါတယ်။
Mercury Retrograde နဲ့အတူ နေကြတ်မှုတို့ ရောက်ရှိလာမယ့် April လမှာ ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ်ကို အမှန်တကယ်ချစ်ဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ကိုယ့်အတွက် မလိုအပ်တော့တဲ့အရာတွေကို လွှတ်ချထားခဲ့ဖို့ အခွင့်အရေး ရရှိတာကြောင့်လည်း ဘဝရဲ့ Next Chapter ကို ဘယ်အချိန်မှာ ခုန်ကူးရမလဲဆိုတာကို သိရှိအောင် လုပ်ဆောင်ဖို့ အခွင့်အရေးကို ရရှိကြပါတယ်။
(P.S - ဂဏန်းဗေဒမှ Post များကို ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူအသုံးပြုခွင့် မပြုပါ။ လွတ်လပ်စွာ Share နိုင်ပါတယ်)
ဂဏန်းဗေဒ