12/09/2026
မှန်းချက်နဲ့ နှမ်းထွက် ကိုက်မကိုက် စစ်ကြရအောင် 🤔
2022 ခုနှစ်လောက်က McDonald’s လို နာမည်ကြီး Fast Food Company တစ်ခုအနေနဲ့ ပြဿနာအကြီးစားတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
ပြဿနာကတော့ ကြော်ငြာထဲမှာ မြင်ရတဲ့ Fast Food နဲ့ တကယ်မှာယူတဲ့အခါ ရရှိတဲ့အစားအစာက သိသိသာသာ ကွာခြားနေခြင်း ပါ။
တစ်နည်းအားဖြင့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ဆိုတဲ့ ပြဿနာမျိုးပေါ့။
ဒီလို မကိုက်ညီမှုတွေက စီးပွားရေးနယ်ပယ်တင်မကဘဲ အိမ်ခြံမြေဝယ်ယူတဲ့အခါမှာလည်း သတိထားစစ်ဆေးရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။
ဥပမာ -
📌 စာရွက်စာတမ်းမှာ ပေ ၄၀ × ၆၀ လို့ ဖော်ပြထားတယ်ဆိုရင် မြေပြင်မှာလည်း အဲဒီအတိုင်း ဟုတ်/မဟုတ် တိုင်းတာစစ်ဆေးသင့်ပါတယ်။
ဒါ့အပြင်
📌 မြေကွက်ရဲ့ နယ်နိမိတ်
📌 ခြံစည်းရိုးအခြေအနေ
📌 အိမ်နီးချင်းတွေနဲ့ မြေနယ်နိမိတ် ကိုက်ညီမှု
📌 နယ်နိမိတ်ကျူးကျော်မှု ရှိ/မရှိ
စတဲ့အချက်တွေကိုလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။
မြေကွက်တစ်ကွက် ဝယ်ယူတဲ့အခါ စာရွက်စာတမ်းထဲက အချက်အလက်တွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာထက်၊ စာရွက်စာတမ်းနဲ့ မြေပြင်အခြေအနေ နှစ်ခုလုံး ကိုက်ညီမှုရှိ/မရှိ စစ်ဆေးတာက ပိုမိုစိတ်ချရပါတယ်။
ဘာကြောင့်လဲဆိုတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ညီတဲ့ အိမ်ခြံမြေတစ်ခုကို ဝယ်ယူမိရင် နောက်ပိုင်းမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်တာကြောင့်ပါ။
Zeno Property Team အနေနဲ့လည်း ပိုင်ဆိုင်မှုတစ်ခု ဝယ်ယူတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကို စနစ်တကျ စစ်ဆေးပြီး ပိုမိုစိတ်ချရတဲ့ အိမ်ခြံမြေရွေးချယ်မှုဖြစ်အောင် ကူညီပေးနေပါတယ်။
အိမ်ခြံမြေဝယ်ယူဖို့ စိတ်ချရတဲ့အကူအညီလိုအပ်ရင် Zeno Property ကို ဆက်သွယ်လိုက်ပါနော်။ 🏡
🌐 Website: https://zenoproperty.com/
📞 Contact: 09-988988761, 09-988988762
#အိမ်ခြံမြေ #မြေကွက်ဝယ်ယူခြင်း #အိမ်ခြံမြေဝယ်ယူခြင်း