01/10/2026
ဂရန်ခွဲ (မြေကွက်ခွဲစိတ်ခြင်း) ပြုလုပ်ရာတွင် သိထားသင့်သော အချက်များ
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် “ပေ (၂၀×၆၀) ရှိလို့ ဂရန်ခွဲလို့ရတယ်” ဟူသော ပြောဆိုမှုများကို မကြာခဏကြားတွေ့ရပါသည်။ သို့သော် လက်တွေ့တွင် မြေကွက်တစ်ကွက်အား ဂရန်ခွဲနိုင်ခြင်း ရှိ/မရှိဆိုသည်မှာ အတိုင်းအတာတစ်ခုတည်းကိုသာ ကြည့်၍ ဆုံးဖြတ်နိုင်သည့် ကိစ္စမဟုတ်ဘဲ မြေစာရင်း၊ မြို့ကွက်မြေပုံ၊ ဝင်ထွက်လမ်း၊ ကျန်ရှိမည့်မြေကွက်အခြေအနေနှင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအားလုံးနှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။
ဂရန်ခွဲ လျှောက်ထားနိုင်သော မြေအမျိုးအစားများ
✔️ ဂရန်မြေ
✔️ မြေပိုင်မြေ
✔️ ဂရန်ရှိမြေပိုင်မြေ
✔️ B မြေပိုင်မြေ
✔️ B လ/န (၃)(ခ) မြေ
✔️ B လ/န (၃၉) မြေ
✔️ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ၃(က)၊ ၃(ခ) လက်မှတ်ရရှိထားပြီး အိမ်ယာမြေအဖြစ် သတ်မှတ်ထားသော မြေများ
အဆိုပါ မြေအမျိုးအစားများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတွင် ခွဲစိတ်ပေးနိုင်ပါသည်။
ဂရန်ခွဲရာတွင် အဓိကစိစစ်သော အချက်များ
📌 ခွဲစိတ်ပြီးနောက် မြေကွက်တစ်ကွက်ချင်းစီ၏ မျက်နှာစာအကျယ်သည် အနည်းဆုံး (၂၀) ပေ ရှိရမည်။
📌 ဂရန်မြေအမျိုးအစားများတွင် ခွဲစိတ်မည့် မြေကွက်၏ ဧရိယာသည် အနည်းဆုံး (၁,၂၀၀) စတုရန်းပေ ပြည့်မီရမည်။
📌 အများပိုင်လမ်း သို့မဟုတ် ကိုယ်ပိုင်လမ်း အသုံးပြုခွင့်မရှိပါက အနည်းဆုံး (၁၀) ပေ လမ်းချန်ထားရမည်။
📌 ခွဲစိတ်မျဉ်းသည် မြေပြင်ရှိ အဆောက်အအုံများနှင့် ကင်းလွတ်ရမည်။
📌 ခွဲစိတ်ပြီးနောက် ကျန်ရှိမည့် မြေကွက်သည် အသုံးပြုရန် မသင့်တော်သော “ကွက်ပျက်” အနေအထား မဖြစ်ရပါ။
(က) ခြမ်း၊ (ခ) ခြမ်း သတ်မှတ်ပုံ
လူအများအထင်မှားနေကြသည့် အချက်တစ်ခုမှာ -
❌ ခေါင်းရင်းဘက် = (က) ခြမ်း
❌ ခြေရင်းဘက် = (ခ) ခြမ်း
ဟု မဟုတ်ပါ။
လက်တွေ့ မြေတိုင်းနှင့် မြေစာရင်းဆောင်ရွက်မှုများတွင် လမ်းဘက်မှ မြေကွက်ဘက်သို့ မျက်နှာမူကြည့်သောအခါ -
✔️ ဘယ်ဘက်ခြမ်း = (က) ခြမ်း
✔️ ညာဘက်ခြမ်း = (ခ) ခြမ်း
ဟု သတ်မှတ်ဆောင်ရွက်လေ့ရှိပါသည်။
ပေ (၂၀×၆၀) = ၁,၂၀၀ စတုရန်းပေ ပြည့်မီသော်လည်း -
▪️ ကျန်မြေကွက်ဘက် မျက်နှာစာပျက်နေခြင်း
▪️ ဝင်ထွက်လမ်း မလုံလောက်ခြင်း
▪️ ခွဲစိတ်ပြီးနောက် ကွက်ပျက်ဖြစ်သွားခြင်း
▪️ အဆောက်အအုံနှင့် ခွဲစိတ်မျဉ်း ထိစပ်နေခြင်း
▪️ မြေစာရင်းတွင် ကန့်ကွက်မှတ်ချက်များ ရှိနေခြင်း
တို့ ရှိပါက ဂရန်ခွဲခွင့် မရနိုင်ပါ။
မြေကွက်ခွဲစိတ် လျှောက်ထားလာပါက သက်ဆိုင်ရာဌာနမှ -
✔️ မြေသိမ်းမှတ်ချက် ရှိ/မရှိ
✔️ မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ/မရှိ
✔️ ဌာနဆိုင်ရာ ကန့်ကွက်ချက် ရှိ/မရှိ
✔️ တရားရုံးတားဝရမ်း ရှိ/မရှိ
✔️ စစ်ဆေးဆဲအမှု ရှိ/မရှိ
✔️ ဂရန်စည်းကမ်းပျက် မှတ်ချက် ရှိ/မရှိ
✔️ တင်ပြထားသော အထောက်အထားများနှင့် မြေစာရင်း ကိုက်ညီမှု ရှိ/မရှိ
✔️ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/မရှိတို့ကို အသေးစိတ် စိစစ်ဆောင်ရွက်ပါသည်။
အိမ်ခြံမြေဝယ်ယူမည့်သူများအနေဖြင့် -
✔️ “ဂရန်ခွဲလို့ရတယ်” ဆိုသော စကားတစ်ခွန်းတည်းအပေါ် မူတည်၍ မဝယ်သင့်ပါ။
✔️ မြေတိုင်း (D-Map) ထုတ်စစ်ခြင်း
✔️ မြေစာရင်းရာဇဝင် စစ်ခြင်း
✔️ မြို့ကွက်မြေပုံတွင် စစ်ဆေးခြင်း
✔️ သက်ဆိုင်ရာ မြေစာရင်းရုံး၊ စည်ပင်သာယာရေးဌာနများတွင် စုံစမ်းခြင်း
✔️ အိမ်ခြံမြေဥပဒေနားလည်သော ရှေ့နေနှင့် လိုင်စင်ရမြေတိုင်းပညာရှင်များအား တိုင်ပင်ဆောင်ရွက်ခြင်း
တို့ကို ကြိုတင်ပြုလုပ်သင့်ပါသည်။
“မြေကွက်တစ်ကွက်၏ တန်ဖိုးသည် ဧရိယာအရွယ်အစားပေါ်တွင်သာ မမူတည်ဘဲ ဂရန်ခွဲနိုင်မှု၊ လမ်းအသုံးပြုခွင့်နှင့် ဥပဒေအရ လွှဲပြောင်းနိုင်မှုတို့အပေါ်တွင်လည်း များစွာမူတည်နေပါသည်။”
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ပြစီမံခန့်ခွဲမှုနှင့် မြေယာစီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကတော့
မြေကွက်ခွဲစိတ်ရာတွင် မျက်နှာစာအနည်းဆုံး ပေ(၂၀)၊ ဧရိယာ အနည်းဆုံး ၁၂၀၀ စတုရန်းပေ၊ လမ်းဝင်ထွက် လုံလောက်မှု၊ အဆောက်အအုံလွတ်ကင်းမှု စသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်။
လမ်းမရှိသော မြေကွက်များဖြစ်က၁၂၀၀ စတုရန်းပေ ပြည့်မီနေသော်လည်း တရားဝင်ဝင်ထွက်လမ်းမရှိခြင်း၊ ခွဲစိတ်ပြီးနောက် ကျန်မြေကွက်က လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သော “ကွက်ပျက်” အနေအထား ဖြစ်သွားခြင်းများရှိပါက ခွဲစိတ်ခွင့် မရနိုင်ပါ။
မြေကွက်တစ်ကွက်သည် ပေ (၂၀ × ၆၀) ရှိရုံဖြင့် ဂရန်ခွဲနိုင်သည်ဟု ယူဆ၍ မရပါ။ မြေကွက်၏ တည်နေရာ၊ မျက်နှာစာအကျယ်၊ လမ်းအသုံးပြုခွင့်၊ ကျန်ရှိမည့်မြေကွက်၏ အခြေအနေ၊ မြေရာဇဝင်မှတ်ချက်များနှင့် သက်ဆိုင်ရာဌာန၏ စည်းမျဉ်းစည်းကမ်းများအားလုံးနှင့် ကိုက်ညီမှသာ ဂရန်ခွဲဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် အိမ်ခြံမြေ ဝယ်ယူခြင်းမပြုခင်သက်ဆိုင်ရာဌာနများတွင်နားလည်သူများနှင့် ကြိုတင်စစ်ဆေး၍ ဆောင်ရွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။”
#ဒေါ်ထူးသဥ္ဇာဦး
#တရားလွှတ်တော်ရှေ့နေ
#အောင်ဇမ္ဗူဟိန်း ဥပဒေရေးရာ
📞 09-404410070 (Viber)
📞 09-787080337(Viber)
#ဂရန်ခွဲ
#မြေကွက်ခွဲစိတ်ခြင်း
#အိမ်ခြံမြေဥပဒေ
#တရားလွှတ်တော်ရှေ့နေ
#အောင်ဇမ္ဗူဟိန်းဥပဒေရေးရာ
#အမှုလိုက်ပါဆောင်ရွက်ခြင်း