Nucleus Computer Center

Nucleus Computer Center ဝန်ဆောင်မှုက ပထမ ၊ ရောင်းရဖို့က ဒုတိယ

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့် ၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက...
03/04/2024

သာမန်အဆင့်က ရုန်းထွက်ဖို့အတွက်အဆင့်(၈)ဆင့်

၁။ ကိုယ့်ဘဝအတွက် တာဝန် စ ယူပါ

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။

၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလဲရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။

၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့ အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။

၅။ စည်းကမ်းရှိပါ

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ။ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။

၇။ လူရွေးပေါင်းပါ

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ်ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

၈။ စိတ်ရှည်ပါ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ကျဆုံးမှာပဲ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။ စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။ အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ။

လူရာဝင်ခြင်းမှတ်စုများ
ဒေါက်တာသူရိန်လှိုင်ဝင်း
(အ​ပြောင်းအလဲမှာစိတ်ရှည်ပါ၊စည်းကမ်းရှိပါ၊သင်ယူပါ)

အောက်ခြေလွတ်တဲ့ လုပ်ငန်း…လူတွေ မှာ အောက်ခြေလွတ်တဲ့လူ လို့ ပြောကြလေ့ရှိပါတယ်။ အဓိပ္ဗာယ်ကတော့ မူလ နိမ့်ပါးရာ အနေအထား ကနေ ပ...
03/04/2024

အောက်ခြေလွတ်တဲ့ လုပ်ငန်း…
လူတွေ မှာ အောက်ခြေလွတ်တဲ့လူ လို့ ပြောကြလေ့ရှိပါတယ်။ အဓိပ္ဗာယ်ကတော့ မူလ နိမ့်ပါးရာ အနေအထား ကနေ ပြီး အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် မြင့်မား ချမ်းသာ သွားတဲ့အခါမှာ ငါ မှငါ ဆိုပြီး ယခင်က ပတ်သတ်သမျှ လုပ်ဖူးသမျှကို အဖက်မတန်သလိုလုပ်ဆောင်လာတာ၊ အတိုင်းအဆ မရှိ အရှည်ကိုမတွေးပဲ သုံးဖြုန်းလာတာ ၊ မောက်မာလာတာ မာန်မာနတွေ ကြီးမားလာတာစတဲ့ အခြေအနေမျိုးကို ဆိုတာပါပဲ။ စီးပွား ရေး လုပ်ငန်းတစ်ခုဟာ အောင်မြင်လာတဲ့အချိန်မှာလဲ အထက်က နဲ့ သဘောသဘာ၀ တူတဲ့ အခြေအနေတွေကို ရည်ရွယ်ပြီး လုပ်ဆောင်တာ မဟုတ်ပဲ ဖြစ်တတ် လုပ်လာတတ် လေ့ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာ တော့ လုပ်ငန်းတစ်ခုအောင်မြင်လာ ပြီးနောက် မှာ ဘယ်လို အောက်ခြေလွတ်တဲ့ အပြူအမူတွေ လုပ်တတ်တယ် ပြင်ဆင်သင့်တယ်ဆိုတာ ကို မျှဝေပေးလိုပါတယ်။
ပြိုင်ဖက်ကင်း တဲ့ လုပ်ငန်းရှင်..
စီးပွားရေး လုပ်ငန်းလေးတစ်ခု စတင်ချိန်မှာတော့ဈေးကွက် တစ်ခုရအောင် ရပ်တည်နိုင်အောင် အသည်းအသန်ကြိုးစားရလေ့ရှိပါတယ်။ ဒီလိုအခြေအနေ ကအောင် အောင်မြင်သွားပြီး ဈေးကွက် တစ်ခုလုံးနီးပါးကို သိမ်းပိုက်ကာ Market Leader ဖြစ်လာ လို့ အချိန် တစ်ခုကြာတဲ့ အခါမှာ ကိုယ့်ကို ဖက်ပြိုင်ပြီး ယှဉ် တိုက်နိုင်တဲ့ Competitor လုပ်ငန်း မရှိတော့ပဲ ဖြစ်လာတတ် ပါတယ်။ တကယ်တော့ စီးပွားရေးလောက မှာ ပြိုင်ဖက်ရှိမှ လုပ်ငန်းတွေ ဟာပိုပြီး တိုးတက်မှု မြန်ဆန်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဖက် ရှိတဲ့ အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လေလေ Service တွေ ကိုပိုကောင်းကောင်း တန်တန် ပေးလေ ဖြစ်တာကြောင့် Customer တွေ အတွက် လဲ ပိုပြီးအကျိုး ရှိပါတယ်။ ဒါပေမယ့် ပြိုင်ဖက် မရှိ တော့တဲ့အခါမှာ ကိုယ့် ဆီမှာသာ Customer တွေက မှီခို အားကိုးလာရတဲ့နောက် တဖြည်းဖြည်း တိုးတက်မှုတွေ Customer Service တွေ နည်းပါးကျဆင်းလာတတ်ပါတယ်။ ဒီလိုနဲ့ customer တွေ ရဲ့ မကျေနပ်မှုတွေ ကနေ အစိုင်အခဲတွေ ဖြစ်လာပြီး New Entrance လို့ခေါ်တဲ့ ကိုယ့်ဈေးကွက် အတွင်း ကို အသစ် ဝင်ရောက် လာ သူ ပေါ်လာတာနဲ့ တန်းပြီး တော့ ပြောင်းလဲ အားပေး သွားကြလေ့ရှိပြန်ပါတယ်။ ဒီအခြေအနေ မှာ လုပ်ငန်းဟာ ရုတ်တရက် market share တွေ ကျဆုံး သွားပြီး တစ်ဖက် အသစ်ဝင်လာတဲ့ လုပ်ငန်းက လဲ တဟုန်ထိုးတိုးတက် သွားကာ ကိုယ့်ပြိုင် ဖက် အဖြစ်ကို ချက် ချင်း ရောက်ရှိ လာ တဲ့ အပြင် သူက Market leader ဖြစ်ဖို့ ပိုပြီး အခွင့်အရေး များ သွား နိုင်ပါတော့တယ်။
အရင်အတိုင်းလဲ အဆင်ပြေနေတာပဲ..
လုပ်ငန်း ကအောင်မြင် လာပြီး အမြတ် ဝင်ငွေ တွေ ရလာတဲ့အခါမှာ ဖြစ်တတ် တာ တစ်ခုက Innovation တွေ Creation တွေ လို့ ဆိုကြတဲ့ အသစ်အသစ်သော တီထွင် ဖန်တီးမှုတွေ၊ ဆန်းသစ်မှု တွေကို မလုပ်ဆောင် ကြတော့တာပါပဲ။ ဒီအတိုင်း လုပ်လဲ ငွေက ဝင်နေတာပဲ ဘာ ထပ်ပြီး လုပ်ဖို့လို ဦးမလဲ ဆိုပြီး ဒီအတိုင်း ငြိမ်နေရင်း ပြိုင်ဖက် လုပ်ငန်းတွေက နည်းနည်း စီ နည်းနည်းစီ ကျော်သွားကာ ကိုယ်သတိပြုမိချိန်မှာတော့ လိုက်မမှီတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။ အသစ် အသစ် သော ဆန်းသစ်မှုဆိုရာမှာ လုပ်ငန်း Process တွေ၊ Product တွေ၊ Decoration တွေ ကအစ Product design , Packaging design တွေ အထိ ပါဝင်ပါတယ်။
တစ်ခါက မြို့ကြီးတစ်ခုမှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုရှိပါတယ်။ ဒီလုပ်ငန်းကလဲ အထက်ကလို ဖြစ်ရပ် မျိုး ဖြစ်သွားကာ မိဘ လက်ထက်က ဆိုင်ကို သားသမီး တွေ လက်ထက် အထိ ဘာမှ ပြင်ဆင် တာမျိုး မလုပ်တော့ပဲ အရင် အတိုင်း လဲရောင်းနေရတာပါပဲ ဆိုပြီး နေလိုက် တာပါပဲ။ တခြားပြိုင်ဖက် ဆိုင်တွေ ကခေတ် နဲ့အညီ Decoration တွေ အပြင်အဆင်တွေ မီးဆလိုက်တွေကို နှစ်စဉ် ပြင်ဆင် ပြောင်းလဲသွားရာမှာ ဆယ်စုနှစ်တစ်ခုကြာတော့ သူတို့ ဆိုင်လေးဟာ လူဝင်ချင်စိတ် မပေါ်တော့တဲ့ ဟိုးအရင် ခေတ်က Decoration တွေ က သိသိသာသာ ဖြစ်သွားတဲ့ အပြင် လူလဲ အတော် အဝင် နည်းသွားပါတော့တယ်။
သုံးပစ်လိုက်ကွ…
လုပ်ငန်းအောင်မြင်လာ လို့ ဝင်ငွေ ကြမ်းလာတဲ့ အခါ ငွေအသုံးကလဲ ကြမ်းလာလေ့ရှိပါတယ်။ ယခင် လုပ်ငန်းလေး ဘဝတုန်းကတော့ Expenses ကို အသေချုပ်ထားရပြီး တစ်ပြားက နှစ်ပြားခွာရပေမယ့် ဝင်ငွေကောင်းလာတဲ့အခါ ကြိတ် လိုက်ကွ ဆိုတာမျိုး ဖြစ်လာတော့တာပါပဲ။ မလိုအပ်တဲ့ အပြင်အဆင်တွေ လုပ်မယ်၊ လစာ သိပ်များ တဲ့ မလိုအပ်တဲ့ရာထူးတွေ ဖောင်းပွစွာ ခန့်ထားလာမယ်၊ အပိုအသုံးစရိတ်တွေ များပြားလာမယ် စတာတွေဟာ ဆင်ခြင်ရမယ့် ကိစ္စ တစ်ရပ်ဖြစ်ပါတယ်။ငွေကို ကောင်းကောင်း ပေါပေါ သုံးတတ် သွားတဲ့ လုပ်ငန်း တစ်ခုဟာလည်း လူ တစ်ယောက်လိုပဲ အသုံးအစွဲ ကို အကျင့်ပါသွား Culture ဖြစ်သွားကာ နောင် ပြန်လည်ထိမ်းသိမ်ဖို့ သိပ်ကို ခက်ခဲတတ်ပါတယ်။
လုပ်သမျှ အောင်မြင်မယ်..
လုပ်ငန်း ကအောင်မြင်လာပြီး ငွေ တွေ ဝင်လာတဲ့အခါ လုပ်ငန်း ရဲ့ Management Team ဟာ ငါတို့ လုပ်သမျှ ဖြစ်ရမယ်ဆိုတဲ့ မာန် လေး ကပ်လာ တတ် ပြန်ပါတယ်။ ဒီအခါမှာ တကယ့် အခြေအနေ မှန်ကို မသုံးသပ်နိုင်တော့ပဲ ဆုံးရှုံးမယ့် တွက်ခြေမကိုက်မယ့် လုပ်ငန်း အသစ်တွေ စလိုက်တာ ဈေးကွက် မပေါက်နိုင်မယ့် Product အသစ်တွေ ထုတ် တာ၊ စတာတွေ ကို လုပ်ဆောင် လာတတ် ပြန်ပါတယ်။ ဒီအခါမှာ လုပ်ငန်းအသစ်တွေ က အမြတ်လဲ မထွက်၊ ရပ်လိုက်ရင်လဲ ရင်းနှီးငွေ တွေ အလဟသ ဖြစ်မယ် ဆက်လုပ်ရင်လဲ မြတ်နေတဲ့ ငွေ တွေ က အဲဒီအထဲ ထပ်ထည့်နေရဦးမယ် ဆိုတဲ့ မထွေးနိုင် မအံနိုင် အဖြစ် မျိုး ကိုကြုံရတော့တာပါပဲ။
One go Two Come ပဲ…
လုပ်ငန်းက အောင်မြင်လာတဲ့ အခါ ဖြစ်တတ်တဲ့ Error ကတော့ Human Resources ပိုင်းဆိုင်ရာ ပြဿနာ တွေ ပါပဲ။ အဓိက အားဖြင့်တော့ လူဟောင်းတွေကို ပြုစုပျိုးထောင် ပြီး မြှင့်တင်ပေးရမယ့် အစား Senior Position တွေကို အပြင်က လစာ အမြင့်ကြီးနဲ့ လူအသစ်တွေကို ခေါ်ခန့် တာမျိုး လုပ်ကြလေ့ရှိပါတယ်။ ပြင်ပ က တတ်ကျွမ်းနားလည် သူတွေကို ခေါ်ယူတာဟာ အပြစ်မဟုတ်ပေမယ့် ကိုယ့်လူရင်းလောက်မှ မလုပ်နိုင်တဲ့ သူတွေကို လစာအမြင့်ပေး၊ ကိုယ့်လူ တွေကိုတော့ ပစ်ပယ်ထား ပြီး one go, two come သဘော ထားကို ပြသမိတဲ့ အခါ လူရင်းလူဟောင်း အားကိုးရသူတွေ က လုပ်ငန်းကို စွန့်ခွာသွား တတ် လေ့ရှိပါတယ်။ လူရင်း တွေ မရှိတဲ့ ပြဿနာ ဟာ လုပ်ငန်း ပြန်လည်နိမ့်ကျ ချိန် သေရေး ရှင်ရေး အချိန်မှာ အကြီးအကျယ် အခက်အခဲ တွေ့စေတော့တာပါပဲ။
ခပ်ချေချေပဲ..
အောင်မြင်လာတဲ့ လုပ်ငန်းကြီးတွေရဲ့ အောက်ခြေလွတ်သွားတတ်တဲ့ တစ်ချက်ကတော့ ချေ မိုး လာတော့ တာဖြစ်ပါတယ်။ အထက်က တစ်ချက်မှာပြောခဲ့သလို Customer တွေကို ချေ မိုးလာပြီး Customer service တွေ ကျဆင်းလာကာ customer တွေရဲ့ စိတ်ကျေနပ်မှုကို မပေးနိုင်တော့တာ တွေ ဖြစ်လာသလို လုပ်ငန်းနဲ့ ထိတွေဆက်စပ်နေတဲ့ Stakeholders တွေ အားလုံးကိုပါ ချေမိုး လာမိတော့တာ ဖြစ်ပါတယ်။ Supplier တွေ၊ wholesalers တွေ Distributors တွေ စတဲ့ ဆက်စပ် အဖွဲ့ အစည်းတွေကို ချေမိုးမိတဲ့အခါ ဆက်ဆံရေးတွေ ပြတ်တောက်ပြီး လုပ်ငန်းအကျဖက်ကို ဦးတည် သွားတတ် လေ့ရှိပါတော့တယ်။
မိတ်ဆွေစစ်…
လူတွေ မှာ မိတ်ဆွေ စစ်ရှိဖို့လိုသလို လုပ်ငန်းတွေ မှာလည်း မဟာမိတ်တွေ ရှိဖို့လိုပါတယ်။ စစ်တိုက် ရင်တောင်မှ ဘယ်လောက် စစ်အင်အားကြီးပါတယ်ဆိုတဲ့နိုင်ငံ ဖြစ်ဖြစ် စစ်တကယ်ဖြစ်ရင် ကိုယ့်ဖက်က ကူတိုက်မယ့် မဟာမိတ် aligns တွေကို ရှာဖွေ မိတ်ဖွဲ့ စာချုပ်ထားရစမြဲဖြစ်ပါတယ်။ ကိုယ်က အအောင်မြင်ဆုံး အကြီးဆုံး လုပ်ငန်းဖြစ်လာချိန်မှာ ဘယ်လုပ်ငန်းနဲ့မှ မတူဘူး မတန်ဘူးလို့ ယူဆပြီး မိတ်ဖက်တွေ ဖွဲ့မထားတာ Align တွေ လုပ်မထားတော့ဟာ လုပ်ငန်းအခက်ကြုံရချိန်မှာ တစ်ခါထဲ တန်းပြီး ထိုးဆင်းသွားတတ်စေပါတယ်။
အထက်က အချက်တွေကတော့ လူတွေမှာလိုပဲ လုပ်ငန်းတွေ မှာလည်း အောင်မြင်လာရင် အောက်ခြေ လွတ်ရာကနေ ဖြစ်တတ်တဲ့ အမှားလေးတွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ဒါလေးတွေကို လေ့လာ ပြီး ခိုင်မာ တဲ့ လုပ်ငန်းကြီးတွေ တည်ထောင် နိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe – Strategic
Business Consultant ကို Credit ပေးပါတယ်

Photoshop ဒ / ဓ ရေးနည်းပထမဆုံး Photosho ကိုဖွင့်ပါ၊ Edit ကိုဝင်ပါ၊ Preferences ကိုထပ်ဝင်ပါ၊ Type ကိုထပ်ဝင်ပါ၊ Use Smart ...
03/04/2024

Photoshop ဒ / ဓ ရေးနည်း
ပထမဆုံး Photosho ကိုဖွင့်ပါ၊ Edit ကိုဝင်ပါ၊ Preferences ကိုထပ်ဝင်ပါ၊ Type ကိုထပ်ဝင်ပါ၊ Use Smart Quotes မှာ အမှန်ချိတ်ကို ဖြုတ်ထားလိုက်ပါ

I T. Value မှ ရေးသားတင်ပြသည်

ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။၁။ လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။လစာမတိုးရင် ပညာပြတယ်။လိုချင်တာရမှ လုပ်တတ်တယ်။အခွင့်အရေးသမာ...
03/04/2024

ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။

၁။ လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။
လစာမတိုးရင် ပညာပြတယ်။
လိုချင်တာရမှ လုပ်တတ်တယ်။
အခွင့်အရေးသမား ဝန်ထမ်း။

၂။ အလုပ်ရှင် ရှေ့မှာ ကြိုးစားပြတယ်။
မမြင်သာတဲ့ အချိန်မှာ ဘာမှ မလုပ်တာ၊
ရှေ့တစ်မျိုး နောက်တစ်မျိုး
ဟန်ပြ သရုပ်ဆောင် တတ်တာ
လူပါးဝ ဝန်ထမ်း။

၃။ လစာလည်း တိုးမတောင်းဘူး။
အလုပ်လည်း မကြိုးစားဘူး။
ဘာမှလည်း မပြောဘူး။
ငပျင်း ဝန်ထမ်း။

၄။ သူများ ကြိုးစားနေတာကိုလည်း မနာလိုဘူး။
ကိုယ်ကိုယ်တိုင်းလည်း မလုပ်နိုင်ဘူး။
ဟိုလူကို အတင်းပြော ၊ ဒီလူကို အတင်းပြော၊
ကြားကနေ ရန်တိုက်ပေးနေတာ၊
ကလိမ်ကကျစ် ဝန်ထမ်း။

၅။ အလုပ်ရှင် အားနည်းချက်ကို
အမြဲချောင်းနေတတ်ပြီး၊
အခွင့်အရေး ပေါ်တာနဲ့ တစ်ခုမကျန်
ကိုယ့်ဘက်ကိုပဲ အမြဲယက်၊
ငါ အဆင်ပြေဖို့ အဓိက၊
မင်း ဘာပဲဖြစ်ဖြစ်၊ ငါ မရှိရင်၊
မင်း ဒုက္ခရောက်မယ်၊ အမြဲ ကြံနေတတ်တဲ့
လူယုတ်မာ ဝန်ထမ်း။

၆။ အခြေခံကနေ အလုပ်ဝင်လာတယ်၊
တတ်သွားတဲ့အခါ ဆရာ အထာ ကိုင်တယ်။
အခွင့်အရေးတောင်းတယ်၊
မပေးနိုင်ရင် ရန်လုပ်ပြီး အလုပ် ထွက်တယ်။ ငယ်မွေးခြံပေါက်
ကျေးဇူးကန်း ဝန်ထမ်း။

၇။ တစ်ခြား အလုပ်က
ဒီအလုပ်ထက် ပိုကောင်းတယ်။
ဟိုဘက်က အခွင့်အရေး ပိုရတယ်။
လစာပိုကောင်းတယ် ဆိုပြီး၊
ခနဲ့ သလိုလို၊ ရွဲ့ သလိုလို
အလုပ် ပြောင်းခွင့်တောင်းတယ်။
ဟိုဘက်က အဆင်မပြေလာတဲ့အခါ
မျက်နှာငယ်လေးနဲ့
အလုပ် ပြန်ခန့်ခွင့်တောင်းတာ
အရှက်မရှိတဲ့ ဝန်ထမ်း။

၈။ ဆရာကို ဖားတယ်၊ အောက်ကို ဖိတယ်။
ကိုယ်တိုင် ကလည်း၊ ဆရာ ခိုင်းရင်
ဘာပဲလုပ်ရလုပ်ရ ကျန်တဲ့ကောင်တွေကို
ဂရုမစိုက်တတ်တာ
ဖိနပ်တိုက် ဖားဝန်ထမ်း။

၉။ ခိုင်းစရာမလို၊ အလိုက်သိတယ်။
သာသည်နာသည် မတွက်။
အလုပ်မှန်သမျှ မိမိနဲ့ဆိုင်သည်ဟု
အကုန် လုပ်တတ်တာ
လိမ္မာတဲ့ ဝန်ထမ်း။

၁၀။ စေတနာပါတယ်။ ကြိုးစားတယ်။
အပြန်အလှန် လေးစားမှု နားလည်တယ်။
လေ့လာသင်ယူမှု အသစ်ကို အမြဲရှာတယ်။
အလိုက်သိတယ်။ မှတ်ဥာဏ် ကောင်းတယ်။
မာန မရှိဘူး။ ကိုယ်ချင်းစာတရား ရှိတယ်။
အနာဂတ် အတွက် တော်တဲ့
ခေါင်းဆောင်ကောင်း ဝန်ထမ်း။

Credit photo

Window နဲ့ Office အတွက် အလွယ်ကူဆုံး Activate လုပ်နည်းLicense version မဟုတ်တဲ့ Window ကိုသုံးတဲ့အခါ "Your Window License ...
03/04/2024

Window နဲ့ Office အတွက် အလွယ်ကူဆုံး Activate လုပ်နည်း
License version မဟုတ်တဲ့ Window ကိုသုံးတဲ့အခါ "Your Window License will expire soon" ဆိုတဲ့ စာလေးပေါ်လာတာတို့ ၊ Microsoft Software တွေ သုံးမရတာတို့ဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ အကြောင်းအရင်း သေချာမသိတဲ့သူတွေအနေနဲ့ Laptop လေးပျက်ပြီလား မသိဘူးဆိုပြီး အထိတ်တလန့်ဖြစ်သွားတတ်ပါတယ်။
ဒီလိုကိစ္စလေးအတွက်နဲ့လည်း Service ကို သွားပြစရာမလိုပါဘူး။
အမှန်တကယ်တော့ Activate လုပ်ခိုင်းတာပဲဖြစ်ပါတယ်။
ချစ် customer တွေအတွက် window နဲ့ microsoft ကို ကိုယ်ကိုယ်တိုင် activate လုပ်လို့ရမယ့် နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။
နည်းလမ်း(၁)
Restart Window Explorer Process
1. Keyboard မှာ Ctrl+Alt+Del နှိပ်ပြီး Task manager ခေါ်ပါ
2. ပြီးရင် Task manager > Processes > Windows Explorer မှာ right click နှိပ် End task ကိုရွေးပါ
3. Windows + R နှိပ်ပြီး box ထဲမှာ explorer.exe ရိုက်ထည့် ok နှိပ်ပါ။
4. Windows Key + X ကိုနှိပ်ပြီး Command Prompt(Admin) ကိုရွေးပါ
5. Command Prompt ထဲမှာ slmgr-rearm လို့ရိုက်ထည့် ok နှိပ်ပြီး reboost လုပ်လိုက်ပါ
ဒီအချက်တွေအတိုင်းလုပ်ပြီးသွားရင် မြင်ချင်ပါတယ်ဆိုရင်တောင် Your window will expire soon ကိုမြင်ရမှာမဟုတ်တော့ပါဘူး။
နည်းလမ်း(၂)
Change Your Group Policy
1. Windows + R ကိုနှိပ်ပြီး runbox ခေါ်ပါ ပြီးရင် gpedit.msc လို့ရိုက်ထည့်ပါ။
2. Group Policy Editor ဆိုတဲ့ window ကျလာပါလိမ့်မယ်။
3. Computer Configuration > Administrative Templates > Windows Components > Windows Update အတိုင်းသွားလိုက်ပါ။ ပြီးရင် ဘေးက No auto-restart with logged on users for scheduled automatic updates installations ကို နှစ်ချက်နှိပ်ပါ။
4. အဲ့ဒီမှာ Enabled ကိုရွေး apply နှိပ် ok နှိပ် ဒါဆိုပြီးပါပြီ။
နည်းလမ်း(၃)
Disable Services
ဒီနည်းကအလွယ်ဆုံးပါပဲ
1. Windows+R နဲ့ runbox ခေါ် ပြီးရင် services.msc လို့ရိုက်ထည့်
2. Windows License Manager Service ကိုနှစ်ချက်နှိပ် Disabled ကိုရွေး Service Status မှာ running ပြနေရင် stop ကိုနှိပ် apply နှိပ် ok နှိပ် ပြီးရင် Windows Update စာကြောင်းကိုနှစ်ချက်နှိပ် Disabled ကိုရွေး service status က running ဆိုရင် stop နှိပ် apply နှိပ် ok နှိပ်
3. ဒါဆို ပြီးသွားပါပြီ။
ဒီလို ရှုပ်ယှက်ခက်တာတွေမလုပ်ချင်ဘူး လွယ်တာလေးပဲ လုပ်ချင်တဲ့သူတွေကတော့
ဒီ link က software လေးကို download လုပ်ပြီး သုံးနိုင်ပါတယ်။
(https://activators4windows(.)com/2023/04/02/download-reloader-activator/)
dot com ဆိုတဲ့နေရာလေးက ကွင်းစ ကွင်းပိတ်ကိုဖြုတ်ပြီး browser မှာ copy/paste လုပ်ရမှာပါ။
တစ်ခုအကြံပေးချင်တာက အတတ်နိုင်ဆုံးအဆင်ပြေရင် License windows ကိုပဲသုံးဖို့ပါ. . .
အားလုံးပဲ Activate လုပ်ရတဲ့ဒုက္ခကနေကင်းဝေးပြီး Laptop လေးကို စိတ်ချမ်းချမ်းသာသာ သုံးနိုင်ကြပါစေခဗျာ

Credit.....ITKingdoms မှ ကူးယူဖော်ပြလိုက်ပါသည်။

Telegram ကြောင့် ဖုန်းဟန်းနေတာကို ဖြေရှင်းနည်း =================Telegram မှာ video တွေ Auto ဒေါင်းနေတာAuto play နေတာတွေက...
05/09/2023

Telegram ကြောင့် ဖုန်းဟန်းနေတာကို ဖြေရှင်းနည်း
=================

Telegram မှာ video တွေ Auto ဒေါင်းနေတာ
Auto play နေတာတွေကို telegram version အသစ်ကနေ ပိတ်လို့ရမှာဖြစ်ပါတယ်။မိတ်ဆွေရဲ့ ဖုန်းမှာ Telegram က video တွေ အလိုအလျောက်ဒေါင်းထားလို့ phone storage ပြည့်နေပါလိမ့်မယ်။
Telegram version အသစ်လေးကို ဒေါင်းပီး video တွေ auto Dowm နေတာနဲ့ auto play နေတာကို ပိတ်လိုက်ပါ။

Telegram နောက်ဆုံးထွက်ထားတဲ့
ဆော့ဝဲလ်ကိုဒီမှာဒေါင်းပါ
https://bit.ly/3QxTd1j
--------------------------------------
နည်းပညာပန်းခင်း

ကိုရီးယား ဂျပန်စကားကိုလေ့လာနေသူတွေအတွက်ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး. .. .. - မြန်မာဘာသာကို ဂျပန် ကိုရီးယား လို ပြန်ကြည့်လိ...
04/09/2023

ကိုရီးယား ဂျပန်စကားကိုလေ့လာနေသူတွေအတွက်ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး. .. ..
- မြန်မာဘာသာကို ဂျပန် ကိုရီးယား လို ပြန်ကြည့်လိုရမယ်။ .
- မိမိ မသိတဲ့စာလုံးတွေကို အသံထွက်နဲ့မြန်မာလိုတွဲပြီး လေ့လာလိုရမဲ့ဆော့ဝဲလ်လေးဖြစ်တဲ့အပြင် .
File Size ကလည်းနည်း လေ့လာရလည်းအရမ်းအဆင်ပြေတာကြောင့် မျှဝေပေးလိုက်ပါတယ်။. .. .. .. ..
ဆော့ဝဲလ်ဒေါင်းလုဒ်လုပ်ရန်လင့်
https://bit.ly/3soB2Bu

Facebook ကို အာရုံမနောက်အောင်သုံးချင်တယ်ဆိုရင်☪☪☪☪☪☪☪☪☪☪☪☪☪☪☪☪မိမိ News Feed မှာ Low-quality videos တွေSpam တွေ Click နှ...
04/09/2023

Facebook ကို အာရုံမနောက်အောင်သုံးချင်တယ်ဆိုရင်
☪☪☪☪☪☪☪☪☪☪☪☪☪☪☪☪
မိမိ News Feed မှာ
Low-quality videos တွေ
Spam တွေ Click နှိပ်ခိုင်းတဲ့ဟာတွေ၊
post တစ်ခုတည်းကို အကြိမ်များစွာ ခဏခဏ ရှယ်တာတွေ၊
သူများ reports လုပ်ထားတဲ့ articles တွေ ကူးယူဖော်ပြတာတွေ၊
original content မဟုတ်ပဲ ပြန်ရှယ်တာတွေ၊ Sexually suggestive content တွေ ဆိုးဆိုးရွားရွား ရုပ်ပုံတွေ Community Standards နဲ့ ဆန့်ကျင်တဲ့ ပို့စ်တွေကို လျော့ချပေးတဲ့ Setting တွေ လုပ်ထားလို့ရပါတယ်။
အောက်ပါပုံမှာ တစ်ခုချင်း ပြထားပါတယ်။

Original by

ဖေ့ဘွတ် Password တွေ Gmail Password တွေကို ကိုယ့်ရဲ့ လက်ဗွေစနစ်နဲ့ သိမ်းထားလို့ရမယ့် ဆော့ဝဲလ်ဒီလိုမျိုး သိမ်းထားတဲ့ကောင်...
14/08/2023

ဖေ့ဘွတ် Password တွေ Gmail Password တွေကို ကိုယ့်ရဲ့ လက်ဗွေစနစ်နဲ့ သိမ်းထားလို့ရမယ့် ဆော့ဝဲလ်
ဒီလိုမျိုး သိမ်းထားတဲ့ကောင်းကျိုးကတော့ ကိုယ်ကြိုက်တဲ့အချိန်မှာ လက်ဗွေ နဲ့ ပြန်စစ်လို့ရတာပဲ ဖြစ်ပါတယ်။
သုံးရတာလွယ်ပြီးတော့ အရမ်းကို အသုံးဝင်လွန်းလို့ မျှဝေပေးလိုက်ပါတယ်။
အားလုံးအကောင့်လော့ကျခြင်း ကင်းဝေးကြပါစေ။

ဆော့ဝဲလ်ဒေါင်းယူရန် နှိပ်ပါ - https://bit.ly/43KGzPs
----------------------------------------------------------

Location တည်နေရာ ပို့နည်း 4Browser က ပို့နည်း ။Crome က ပို့နည်း ။Browser  အမျိုးမျိုး ရှိပါတယ် ။Crome က ဖုန်းတိုင်းမှာ ပ...
04/08/2023

Location တည်နေရာ ပို့နည်း 4
Browser က ပို့နည်း ။
Crome က ပို့နည်း ။
Browser အမျိုးမျိုး ရှိပါတယ် ။
Crome က ဖုန်းတိုင်းမှာ ပါတတ်လို့ Crome ကို ပြပါမယ် ။
မိမိ တည်နေထာ GPS ကိန်း ဖြစ်တဲ့ လောင်ဂျီတွတ် လတ်တီတွတ် ဂဏန်းများ ဖေါ်ပြ ပါရှိပါက မိမိ တည်နေရာကို အတိအကျ သိနိုင်မှာ ဖြစ်ပါတယ်
အခြား Browser များလည်း ခပ်ဆင်ဆင် ဖြစ်ရာ စမ်းသပ်ကြပါ ။
အချို့ Google က Map / မြေပုံ လို့ တန်းပါတတ်ပါတယ် ။ အဲဒိ ခလုတ် တန်းနှိပ်ပါ

မြန်မာမူလတန်းကျောင်း ApkMM မူလတန်းကျောင်းအက်ပလီကေးရှင်းသည်မြန်မာနိုင်ငံမှနောက်ဆုံးပေါ်သင်ရိုးညွှန်းတမ်းများကို KG မှ ၄ တ...
29/06/2023

မြန်မာမူလတန်းကျောင်း Apk

MM မူလတန်းကျောင်းအက်ပလီကေးရှင်းသည်မြန်မာနိုင်ငံမှနောက်ဆုံးပေါ်သင်ရိုးညွှန်းတမ်းများကို KG မှ ၄ တန်းအထိထားရှိသည်။
ကျောင်းသားများသည်စေတနာ့ဝန်ထမ်းပါမောက္ခများ၏အသံဖြင့်အသံသွင်းထားသည့်သင်ခန်းစာကိုပြန်လည်သုံးသပ် နားဆင်နိုင်မှာဖြစ်ပါသည်။

စာသင်ခန်းတစ်ခုစီသည် ကလေးများထိထိရောက်ရောက်သင်ယူရန်စာသင်ခန်းကဲ့သို့သောအခြေအနေမျိုးကိုလွယ်ကူချောမွေ့စေရန်စိတ်အားထက်သန်မှုနှင့်ဂရုစိုက်မှုရှိစေရန် စီစဉ်ထားပါသည်။

ယခုလို ကာလမှာ စာသင်ကျောင်းတက်ဖို့ အခက်အခဲကြုံနေရချိန်မှာ ကလေးတွေ ကျောင်းစာနဲ့ မပြတ်သွားဖို့နှင့် အိမ်မှာလွယ်ကူစွာ စာလေ့လာနိုင်အောင် ပြင်ပဆရာ၊ ဆရာမများနှင့် လူငယ်များက ကလေးတွေအတွက် မေတ္တာဖြင့် အချိန်တိုအတွင်း ဖန်တီးပေးထားတဲ့ Myanmar Primary School Apk တင်ပေးလိုက်ပါတယ်။
လိုအပ်တဲ မိတ်ဆွေ မိဘ ညီကိုများ ဒေါင်းယူနိုင်ပါတယ်။

APK Download - https://bit.ly/3bfYdW0

အားလုံးဘဲ အဆင်ပြေပါစေ။

Laptop တွေမှာ battery performance ဘယ်လိုစစ်မလဲ? Battery ကို ကြာရှည်ခံအောင် ဘယ်လိုဂရုစိုက်မလဲ?ဒီနေ့မှာတော့ ကျနော်တို့သုံး...
24/06/2023

Laptop တွေမှာ battery performance ဘယ်လိုစစ်မလဲ?
Battery ကို ကြာရှည်ခံအောင် ဘယ်လိုဂရုစိုက်မလဲ?

ဒီနေ့မှာတော့ ကျနော်တို့သုံးနေတဲ့ Laptop battery လေးတွေမှာ mAh ဘယ်လောက်ပါလဲ၊ လက်ရှိဘယ်လောက်ကျန်နေသေးလဲ ဆိုတာလေးတွေကို စစ်ကြည့်လို့ရမယ့်
နည်းလမ်း လေးကိုပြောပြပေးသွားမှာပါ။

Full Charge Capacity အပေါ်မူတည်ပြီး အားခံတဲ့ အချိန်
ကွဲပြားသွားမှာပါ။ ပုံမှန်အားဖြင့် mAh များရင်များသလို
အားပိုခံပါတယ်။

Laptop Battery လေးတွေကို ကြာရှည်ခံအောင် ဘယ်လိုမျိုးလေးတွေ ဂရုစိုက်ပေးရမလဲဆိုရင်

- Battery ကုန်တဲ့အထိသုံးပစ်တာမျိုးတွေရှောင်ပါ။
Battery ကို 20-80% ကြားမှာထားတာကောင်းပါတယ်။
- အချိန်ကြာကြာမသုံးပဲ ပစ်ထားမယ်ဆိုရင် 50-70%
လောက်မှာ ထားပြီးသိမ်းပါ။
- အပူချိန်များတဲ့ နေရာတွေမှာ Laptop အသုံးပြုခြင်းကို
အတတ်နိုင်ဆုံးရှောင်ပါ။
- မလိုအပ်ဘူးဆိုရင် USB stick တွေ၊ External HDD တွေကို ဖြုတ်ပြီးအသုံးပြုပါ။ မလိုအပ်တဲ့ Background App
တွေကိုလဲ သေချာစိစစ်ပြီး ပိတ်ထားပေးပါ။ သူတို့ကလဲ
Battery ကိုသိသိသာသာစားပါတယ်။
- နောက်ဆုံးအနေနဲ့ Laptop လေးကို Hardware Cleaning လိုအပ်လာရင်လုပ်ပေးပါ။ ဖုန်တွေများတဲ့အခါ
Heat တက်ပြီး စက်ကပုံမှန်ထက်ပိုပြီး Run ရပါတယ်။
အဲ့အချိန်မှာ Battery ပိုကုန်စေပါတယ်။

ဒီအချက်လေးတွေအတိုင်း Laptop Battery လေးတွေကြာရှည်ခံအောင် သေချာဂရုစိုက်ပေးပြီး အသုံးပြုနိုင်ပါတယ်....
Thank you..😍

MKT_Computer_Service
Knowledge_Sharing
Laptop_Battery

Address

ဇေယျ၀တီ (၂)လမ်း. သာကေတ (၁၀)တောင်ရပ်ကွက်
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 12:00

Telephone

+959444100512

Website

Alerts

Be the first to know and let us send you an email when Nucleus Computer Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nucleus Computer Center:

Share

Category