Than Saw Oo English & Japanese Languages Researcher

Than Saw Oo English & Japanese Languages Researcher ACME at Learn English & Japanese Languages to make your ambition come true.

လူ့ဘဝမှာ ပေါင်မုန့်စားချင်လို့ သွားတု ဖြုတ်ရောင်းရတာမျိုး ကြုံရတတ်တယ် 😔
21/09/2024

လူ့ဘဝမှာ ပေါင်မုန့်စားချင်လို့ သွားတု ဖြုတ်ရောင်းရတာမျိုး ကြုံရတတ်တယ် 😔

19/09/2024

ရေတစ်စက်မစိုဘဲ ရေဘေးကြောင့်ဒုက္ခရောက်တဲ့သူစာရင်းထဲ ကျွန်တော်ပါသွားခဲ့ပြီ…

(လိုရင်းဘဲပြောပါ့မယ် - ကိုယ့်လိုအလိမ်မခံရအောင်လို့ပါ)

အိမ်ကိုအမျိုးသမီးတစ်ယောက်ရောက်လာတယ်။ (ဘယ်လိုလူမျိုး၊ ဘယ်လိုပုံစံလဲအတိကျရေးရရင် လူကောင်းတွေအတွက်ထိခိုက်မှာစိုးလို့ မရေးတော့ပါ)
ပစ္စည်းသယ်ဖို့ကားကူညီလိုလို့ ကားအငှါးလိုက်ပေးလို့ရမလားမေးပါတယ်..
ကျွန်တော်က ဒီကားက အငှါးလိုက်တဲ့ကားမဟုတ်ကြောင်း၊ အိမ်သုံးတာဖြစ်ကြောင်းပြောပါတယ်..
အဲ့ဒီအမျိုးသမီးက ရေဘေးအတွက်လှူဖို့လိုနေတဲ့ အအေးကတ်လေးနဲနဲ စံပြစျေးနား သွားဝယ်ခြင်လို့ပါ.. တစ်ခြားကားတွေလဲငှါးမရလို့ပါ.. သွားလှူမဲ့ကားကထွက်တော့မှာမလို့အမှီထည့်ပေးလိုက်ခြင်လို့ပါ.. ပဲခူးဘက်သွားလှူမလို့ပါဆိုပြီးထပ်ပြောပါတယ်..
"ရေဘေးအတွက်လှူမလို့ပါ” ဆိုတဲ့စကားက ကျွန်တော့ခေါင်းကိုအများကြီးအလုပ်ပေးသလိုဖြစ်သွားပါတယ်.. ဒီရက်ပိုင်းရေဘေးနဲ့ပတ်သက်ပြီးစိတ်မကောင်းစရာသတင်းတွေ၊ အဖြစ်အပျက်တွေအစုံကိုလဲ တွေ့မိ ဖတ်မိနေတာရယ်၊ သူကိုလိုက်ပို့ရမဲ့နေရာကလဲ တစ်မှတ်တိုင်သာသာဝေးတာဆိုတော့ ဆက်ငြင်းရမှာ စိတ်မလုံသလိုခံစားမိတယ်.. ကူညီမယ်ဆို ဖြစ်အောင်ကူညီလို့ရတဲ့အခြေနေမျိုးဖြစ်နေတာကိုး..
အဲ့ဒါနဲ့ဘဲ အခမဲ့ကူညီပါ့မယ်.. ကျွန်တော်သမီးတော့ခေါ်ခဲ့မယ်နော်.. အိမ်မှာကလေးကြည့်မယ့်သူမရှိလို့ပါဆိုတော့.. အဲ့ဒီအမျိုးသမီးက "ရပါတယ်” ဆိုတာနဲ့ ကျွန်တော့သမီးလေးပါခေါ်ပြီး သူသွားမယ့်နေရာလိုက်ပို့ပါတယ်..
လမ်းမှာသူက စကားတွေပြောပါသေးတယ်.. ကျွန်တော်ကသိပ်ပြန်မပြောဖြစ်ဘူး.. ကျွန်တော့စိတ်ထဲမှာ သမီးကိုရေချိုးပေးဖို့နဲ့ ထမင်းကျွေးဖို့အချိန်မှီပြန်ရောက်ဖို့ဘဲတွေးနေမိတယ်.. အဲ့ဒီအမျိုးသမီးကိုသံသယဝင်တဲ့စိတ်လဲ တစ်စက်ကလေးမှမရှိတာပါ.. "ရေဘေးအတွက်လှူမလို့ပါ” ဆိုတဲ့စကားလုံးအောက်မှာ ကူညီပေးလိုတဲ့စိတ်နဲ့ ဘာမှကိုနောက်ဆက်တွဲ မတွေးမိလိုက်တာပါ..
ကျွန်တော့ကို ဘုရားလမ်း(သင်္ဃန်းကျွန်း) အကျော်က သင်္ဃန်းကျွန်းစျေးအနောက်ထဲခေါ်သွားပြီး ကားပေါ်ကသူအရင်ဆင်းသွားပါတယ်.. ခဏနေတော့ပြန်လာပြီး ပိုက်ဆံလိုလို့တစ်ခေါက်ပြန်ယူခြင်ပါတယ် ကူညီပါဦးထပ်ပြောပါတယ်..
ဘယ်လောက်လိုတာလဲဆိုတော့ ၁၇၀၀၀၀ ပါတဲ့.. ကျွန်တော်လဲ ကူညီခြင်စိတ်ကများနေတော့ ကျွန်တော်စိုက်ထားပေးပါ့မယ်.. အိမ်ပြန်ရောက်တော့မှပေးပါပြောလိုက်တယ်..
အဲ့ဒီအမျိုးသမီးက ဆန် ၂ အိတ်လောက်လဲတစ်ခါထဲသယ်သွားခြင်လို့ပါပြောပြီး ကားကိုဆန်ဆိုင်ရှေ့ပါကင်ထိုးခိုင်းတယ်.. ကျွန်တော်က သူ့ကိုပိုက်ဆံ ၁၅၀၀၀၀ ပေးလိုက်ပြီး ကားကိုဆန်ဆိုင်ရှေ့ပါကင်ထိုးဖို့လုပ်တယ်.. အဲ့ဒီအမျိုးသမီးက ကျွန်တော့ဆီကပိုက်ဆံမယူခင် ဆန်ဆိုင်မှာဆန်အရင်မှာထားပြီးသားဆိုတော့ ဆန်ဆိုင်ဝန်ထမ်းတွေကလဲ ကျွန်တော်ကားပါကင်ထိုးတာဝိုင်းကူညီကြတယ်.. စျေးထဲဆိုတော့ လမ်းကရှုပ်တယ်လေ..
ကားရပ်ပြီးတဲ့အချိန်ရောက်တော့ အဲ့ဒီအမျိုးသမီးကအနားမှာမရှိတော့ဘူး.. ဆန်ဆိုင်မှာ ဆန်မှာပြီးပိုက်ဆံမရှင်းသွားတော့ ဆန်ဆိုင်ကလဲသူ့ကိုစောင့်နေတာ.. ကျွန်တော်ကလဲ ဆန်အိတ်တင်မလားဆိုပြီး ဆန်ဆိုင်ရှေ့စောင့်တာပေါ့.. နဲနဲကြာတဲ့အထိမတင်တော့ဆိုင်ကိုမေးကြည့်မှ ပိုက်ဆံရှင်းမသွားဘူးတဲ့… အဲ့ဒီအချိန်ကြမှဘဲ ဆန်ဆိုင်ရော ကျွန်တော်ရော အခြေအနေမှန်ကို သဘောက်ပေါက်သွားကြတယ်.. ဆက်စောင့်နေလဲ မထူးတော့တာသိပေမယ့် ဆန်ဆိုင်ကိုကျွန်တော့ဖုန်းနံပတ်ပေးပြီးပြန်လာခဲ့လိုက်တယ်.. သူလိမ်သွားတာမဟုတ်ဘဲပြန်ရောက်လာရင် ဖုန်းဆက်ပေးပါလို့.. ကျွန်တော်လာပြန်သယ်ပေးပါ့မယ်လို့မှာခဲ့တယ်..
ဆန်ဆိုင်ကလူတွေက ကျွန်တော့ကိုပြုံးပြီးခေါင်းငြိမ့်ပြကြပါတယ်..
သူ့တို့ပြုံးတဲ့အဓိပ္ပါယ်ကို ကျွန်တော်နားလည်ပါတယ်..
ရေတစ်စက်မဆိုဘဲ ရေဘေးကြောင့်ဒုက္ခရောက်တဲ့သူစာရင်းထဲ ကျွန်တော်ပါသွားခဲ့ပြီလေ..✨✨✨

ဩော် လူတွေ လူတွေ 📌📌📌📌📌📌📌📌📌

🌳ဗဟုသုတနဲ့ ဆင်ခြင်နိုင်စရာလေးမို့ ပြန်ပြီးမျှဝေပေးပါရစေ🌳သပြေပင်ရွာ ဘာကြောင့်ပျောက်ကွယ်ရတာလဲ ? လွန်ခဲ့တဲ့ရှစ်နှစ်ကျော် မိ...
18/09/2024

🌳ဗဟုသုတနဲ့ ဆင်ခြင်နိုင်စရာလေးမို့ ပြန်ပြီးမျှဝေပေးပါရစေ🌳

သပြေပင်ရွာ ဘာကြောင့်ပျောက်ကွယ်ရတာလဲ ?

လွန်ခဲ့တဲ့ရှစ်နှစ်ကျော် မိုးထိမိုးမိတောင်တန်းမှာ ဝန်ထမ်းလုပ်ခဲ့စဥ်က အမြဲဖြတ်သွားဖြတ်လာလုပ်ခဲ့ရတဲ့ ကျေးရွာလေးထဲကတစ်ခုပါ ဒီကျေးရွာလေးကို ရောက်ရင် တောင်ခြေကိုရောက်ပြီလို့ အလို အလျောက်သိရပြီး လှမ်းမျှော်ကြည့်တဲ့အခါ စိမ်းစိုမှိုင်းညို့နေတဲ့တောင်တန်းနဲ့အတူ ရေတံခွန်ကျတာကိုလည်း ရေးရေးလေးမြင်ရပါသေးတယ်။

ကားတွေရွာထဲကဖြတ်ရင် ဖုန် လုံးထတတ်လို့ အရှိန်လျော့မောင်းရတယ်။ ညမှောင်ရီပျိုးပြချိန်ဆိုရင် လမ်းမှာလူမရှိပဲ လူတိုင်းက အိပ်စက်အနားယူဖို့ တံခါးတွေတောင်ပိတ်ထားကြပြီ။

ကိုယ်ကတော့ ခွင့်ပြန်တဲ့အခိုက် ရွာအချို့သာ ဖြတ်ပြီးတောင်ခြေသာရောက်လာတယ် ကျေးရွာတွေရဲ့နာမည်ကိုမသိခဲ့ရပဲ ရေဘေးသင့်မှသာ သိရတာပါ

ကိုယ်သိတာကတော့ တောင်ခြေကနေ အနည်းငယ်
ကြာအောင်ဝင်လာရင် တောင်ပေါ်တက်ဖို့ အဆင်
သင့်လောက်ဖြစ်တဲ့နေရာလောက်က ငါးတဲစုကျေးရွာလေးပါ။သိဆို ထမင်းဝင်ဝင်စားတဲ့နေရာမို့ ခရီးလေးလည်း တထောက်နားရင်းပေါ့။ လူဦးရေ နည်းနည်းနဲ့ ရွာငယ်လေးတစ်ခုပါပဲ။

အခုလို ရေဘေးထဲ ရွံ့နွံထဲနှစ်မြုပ်ဖို့ အကြောင်း တရားဖန်လာတာကတော့ လွန်ခဲ့တဲ့(၉)နှစ်က စတင်ခဲ့တဲ့ သစ်ထုတ်လုပ်ရေးကြောင့်လို့ဆိုရပါမယ်။
မိုးထိမိုးမိရွှေလုပ်ကွက်ကိုမှီပြီး လောဘသားတို့ရဲ့ ကြိုက်နှစ်သက်ရာနေရာအဖြစ် လုပ်ကွက်စဝင်ပြီး သုံးနှစ်အကြာမှာ ငါးတဲစုကျေးရွာအနီးကနေ
သစ်တွေ အဖွဲ့အစည်းတစ်ခုကနေ ထုတ်လုပ်ခဲ့တာပါပဲ။အထူးသဖြင့်တောင်ခြေနားက သစ်တောဝိုင်းကနေ သစ်ထုတ်လုပ်ခဲ့တာပါ။

တစ်ခါတစ်လေ ကိုယ်ကခွင့်ပြန်သွားလာသူအနေနဲ့ သုံးလတစ်ခါ ​ခြောက်လတစ်ခါမှ တစ်ခဏတွေ့ရတဲ့မြင်ကွင်းမှာတောင် သက်တမ်းရင့်အပင်လုံးပတ်ကောင်းကောင်းတွေ ကားတွေနဲ့သယ်လာတာ (၁၀)လုံးထက်မနည်း တွေ့မြင်ရပါတယ်။

သူတို့ ဘယ်လောက်ထိ သစ်တောပြုန်းတီးအောင် သစ်ပင်ဘယ်လောက်ခုတ်ပြီးပြီလဲ သစ်တော
ပြုန်းတီးတဲ့ရလာဒ်​ကို သစ်တောထိန်းသိမ်းရေးက
မသိချင်ယောင်ဆောင်ခဲ့တာလား ကိုးနှစ်အကြာ ယနေ့လိုအချိန် ရလာတဲ့ရလာဒ်ကို ကြည့်ကြပါ။

သစ်ပင်ဆိုတာ ဖြတ်သန်းလာတဲ့ရေတွေကို အနည်းအကျဥ်းသာ တားစီးနိုင်စွမ်းရှိပေမယ့် ဖြာထွက်အောင်တော့ လုပ်နိုင်စွမ်းရှိတယ်။ တစ်နေရာထဲ စုပြီး မစီးဆင်းစေပါဘူး။ နောက်တစ်ခုက တောင်ကျ ချောင်းရေနဲ့အတူ မြေသားပြိုကျမှုကိုတော့ သစ်ပင်တွေက တကယ်ကို တားဆီးနိုင်စွမ်းရှိပါတယ်။

လက်ရှိမြေမြုပ်သွားတဲ့ ရွာအခြေအနေအရဆို
ထိုးဆင်းလာတဲ့တောင်ကျချောင်းရေနဲ့အတူ
ပြိုဆင်းလာတဲ့မြေသားတွေကို အတားအဆီးလုပ်ပေးနိုင်တဲ့အရာတွေ ကြားခံမရှိတာမို့ တောင်ခြေက ရွာလေးမှာ မြေသားတွေလာပြုံစုပြီး မြေမြုပ်သလိုဖြစ်နေတာပါ။

ဒါကြောင့် သစ်တောပြုန်းတီးမှုရဲ့နောက်ဆက်တွဲမို့
တစ်ဦးတစ်ယောက်ချင်းစီက လစ်လျုမရှုသင့်တော့တဲ့အရာမှန်း ရွာသုံးရွာက အသက်စတေး မြေမြုပ်ခံပြီး ဘဝတွေနဲ့ သက်သေပြခဲ့ပါပြီ။

တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေသူတွေကြားမှာ အသက်ပျောက်ခဲ့တာ ဒီရွာလေးတွေပါ။ လောဘ သားတွေလက်ထဲက တစ်ရွာလုံး မြေမြုပ်ခံလိုက်ရတဲ့ သုဿန်တစပြင်ဖြစ်ခဲ့ရပြီပေါ့။

နောက်နောင်ဘဝ တွေမှာ ဒီလိုအဖြစ်ဆိုး မကြုံရပါစေနဲ့ ရွာသူရွာသားတို့ရေ........😢😢😢

14/09/2024

အခု ​ရေကြီး​နေတဲ့ ​နေရာက ​ရေ​တွေဟာ ​ရန်ကုန်ကိုဆင်းလာမယ် ဆိုတာ​တွေဟာ ​နောက်ထပ် မုန်တိုင်းကြီးကြီးထပ်မရှိရင် ပထဝီ အ​နေအထားအရ လုံးဝ မဖြစ်နိုင်ဘဲ အ​ခြေအမြစ်မရှိတဲ့ အ​ကြောင်းအရာမို့ စိုးရိမ်စရာမရှိပါဘူး။

လက်ရှိ ​ရေကြီးတဲ့နေရာများဟာ စစ်တောင်းမြစ်၊ သံလွင်မြစ် ၊ ရွှေကျင်မြစ်၊ သောင်ရင်းမြစ်၊ပဲခူးမြစ် တို့ အနီးတဝိုက်က ​နေရာ​ဒေသ​တွေ ဖြစ်ပြီး
အဲ့မြစ်တွေက ​ရေ​တွေဟာ မုတ္တမကွေ့ထဲကိုစီးဝင်မှာ ဖြစ်ပြီး ကြားမှာ တောင်တန်းတွေခံနေတာမို့ ဧရာဝတီမြစ်ထဲကို အထက်ကကျလာတဲ့ရေတွေစီးဆင်းလာဖို့ဝေးပါတယ်။

ရှမ်းရိုးမအခြေကနေ အနောက်ဘက် ၁၅ မိုင်အတွင်း ဒေသတွေမှာပဲ ဆိုးဆိုးရွားရွား ရေကြီးရေလျှံဖြစ်နေတာပါ။ အဲဒီရေတွေက မြောက်ကနေ တောင်ဖက်ကို စီးဆင်းရင်း နီးတဲ့မြစ်ကြီးထဲကို (စစ်တောင်း ၊ သံလွင် ၊ ဧရာ၀တီ) (ဧရာ၀တီမြစ်တောင် နည်းနည်းလှမ်းနေပါတယ်) အဓိက စီး၀င်သွားမှာပါ။ မြစ်ကြီးတွေဘေးဘက်ကို ရေဆောင့်တက်လာပြီး ရေပြင်ကြီးဖြစ်သွားနိုင်ပါတယ်။

ရန်ကုန်က အဲဒီမြစ်ကြီး ၃ခုစလုံးနဲ့ အတော်‌ဝေး အလှမ်း‌ဝေးပါတယ်။ ကြားထဲမှာလည်း မိုင်ဆယ်ချီ ကျယ်တဲ့ မြေဝှမ်း တခုလုံးရှိတဲ့အတွက် ပိုပြီးတောင် မဖြစ်နိုင်ပါဘူး။ ရန်ကုန်ရေကြီးမယ်လို့ ဘယ်မိုးလေ၀သပညာရှင်ကမှ မပြောထားပါဘူး။ ရန်ကုန်ကို ရေကြီးစေနိုင်တဲ့ ငမိုးရိပ်ဆည်ကလဲ အခြေအနေကောင်းနေပါတယ်။ ရန်ကုန်မြို့ကိုပတ်ထားတဲ့ လှိုင်မြစ် ၊ ပဲခူးမြစ် ၊ ငမိုးရိပ်ချောင်းကလဲ ရေကြီးဖို့ အခြေအနေမရှိပါဘူး။ ထူးကဲဒီရေကြောင့် ရေနည်းနည်းတက်ဖို့ရှိပါမယ်။ ဒါကလဲ ပုံမှန်ပါပဲ။ မိုးလည်း
ပိုနည်းသွားပြီဖြစ်လို့ ရန်ကုန်ရေကြီးဖို့ ဖြစ်နိုင်​ချေ
မများတဲ့အခြေအနေမှာရှိပါတယ်။ လက်ရှိရေကြီးတဲ့ဒေသအောက်ဖက်တစ်လျှောက် မြစ်နားချောင်းနား နေတဲ့ရွာတွေက​တော့ ရှောင်သင့်ပါပြီ။ ပြင်ဆင်ချိန်မရလိုက်အောင် ရေအမြင့်ရုတ်တရက် ဆောင့်တက်လာနိုင်ပါတယ်။

မိုးတအားထပ်ကြီးရင်​တော့ မြစ်ဘေး​ ​ချောင်း​ဘေး အနီးတဝိုက် နေရာတွေ မိုးကြီးရေလျှံမှာကိုတော့ သတိထားသင့်ပါတယ် ။

ပင်လယ်​ရေထရက် (စက်တင်ဘာ ၁၇ ရက်က​နေ ၂၁ ရက်အတွင်း) ရန်ကုန်က သံလျင်ဝန်းကျင်နဲ့ ဒဂုံဆိပ်ကမ်းဖက်အနီးတဝိုက်က ​မြေနိမ့်ပိုင်း နေရာမျိုး​တွေက​တော့ ထုံးစံအတိုင်း ​အနိမ့်​နေရာ​တွေ ​ရေတက်နိုင်လို့ သတိထားရပါမယ်။ပြင်ဆင်ထားသင့်ပါတယ်။(ဒါ​တောင် မိုးထပ်မများရင် အရမ်းစိုးရိမ်စရာမရှိပါ)

ရန်ကုန်ရဲ့ Infrastracture ညံ့လို့ ​မိုးကြီးတာနဲ့ ​​ရေ​တွေမဆင်းနိုင်ဘဲ ကားလမ်း​ပေါ် မှာ ​ရေ​တွေလျှံနေတာကို ​ရေကြီးတယ်လို့ ယူဆရင်​တော့ မ​ပြောတတ်ပါဘူး။ အဲ့တာဟာလည်း လက်ရှိ​ရေကြီး​နေတဲ့​နေရာက ​ရေ​တွေ ရန်ကုန်​ရောက်လာတာလို့ ယူဆလို့မရပါဘူး ။ ​မြောင်းပိတ်ပြီး လမ်း​ပေါ်က​မိုး​ရေ​တွေ မဆင်းနိုင်လို့ တင်ကျန်​နေတဲ့ရေပါ။ လက်ရှိ​ရေ​ဘေးသင့်​ဒေသ​တွေကလို မြစ်​ရေ ​ချောင်း​ရေ လျှံထွက်လွန်ကဲပြီး ​ရေကြီးတဲ့ အ​နေအထားမျိုး မဟုတ်ပါဘူး။ Infrastracture ညံ့ဖျင်းမှုနဲ့ စည်းကမ်းမဲ့ ပစ်ကြတဲ့ အမှိုက်​တွေဟာ ​​ရေ​မြောင်း​တွေကို ပိတ်စို့ကြလို့ ဖြစ်​နေတာပါ ။

ဒါ​ကြောင့် ​ရေကြီးတဲ့​နေရာက ​ရေ​တွေ သုံး​လေးရက်အတွင်း ရန်ကုန်​ရောက်လာမယ်ဆိုတာကို တကယ်ထင်ပြီး မဖြစ်နိုင်တာ ကြို​တွေးလို့ Panic ဖြစ်ကြရင် ကြားထဲက ဒိုင်စားပြီး ​တော​ကြောင်​တွေ လက်ခ​မောင်းခတ်သွားတဲ့ အဖြစ်​​တွေ ထပ်ကြုံကြရဦးမှာပါ။

တကယ်က ရှင်းရှင်း​လေးပါ။ မိုး​လေဝသအ​ကြောင်းကို ဂရုစိုက်ရင် တကယ့် မိုး​လေဝသ နယ်ပယ်က ကျွမ်းကျင် ပညာရှင်​တွေရဲ့ သတင်းစကားကိုသာ နား​ထောင်ပြင်ဆင်ကြရမှာပဲ ဖြစ်ပါတယ် ။

ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်ထဲက ယုန်​လေးလို မိုးပြိုလာလို့ ​ပြေးရတယ်ဆိုတဲ့ အဖြစ်မျိုးမဖြစ်ဖို့က​တော့ တကယ်တိကျတဲ့ Reliable Sources ​တွေကိုသာ နား​ယောင်သင့်ပြီး သတင်းပြတာလား အတင်းဖွ တာလားဆိုတာကို​တော့ ခွဲခြားနားလည်နိုင်ကြဖို့လိုပါတယ် ။

သတိထားတာ မမှားဘူးဆိုသူ​တွေအဖို့ ​ပြောချင်​​နေတဲ့ စကား​လေးက​​တော့ အခုအ​ခြေအ​နေ အခုကာလမှာ အကုန်သတိထား​နေကြရတာပါပဲ။သတိတရားက​တော့ ​လူမှန်းသိတတ်ကတည်းက ဘာမသိညာမသိ ဘာဖြစ်မယ်မသိ ဘယ်လို​တွေညွှန်ကြားမယ်မသိနဲ့ သတိက​တော့ ထား​နေကြရတာပါ။
တိုးတက်​နေတဲ့တိုင်းပြည်​တွေမှာဆိုရင် ၁၂ လရာသီ သဘာဝ​ဘေးအန္တရာယ်​တွေကိုကာကွယ်ဖို့ Plan ​တွေလုပ်ထားပြီး သတိထားကာကွယ်​နေကြတာလည်း ရှိပါတယ်။သတိက​တော့ အမြဲထားကြရမှာပါ။မီး​တွေ
မ​လောင်​နေ​ပေမယ့် မီးသတ်သမား​တွေကအမြဲ အဆင်သင့်ရှိ​နေသလိုကို သတိထား ပြင်ဆင်ထားကြတဲ့ ဥပမာလိုပါပဲ။သတိထားရမယ် ဆိုတာက​တော့ ဘယ်​တော့မှမမှားတဲ့ ပုံ​သေနည်းစကားမို့ Faith ဖြစ်​ပါတယ်။

ဒါ​ပေမယ့် Fact ​ကို Logic ကျကျ စဥ်းစားတဲ့အခါ တကယ့်နယ်ပယ်က တတ်သိပညာရှင်​တွေရဲ့ ညွှန်ကြားချက်​တွေကိုသာလိုက်နာပြီး တိတိကျကျ ​သေ​သေချာချာ ​ရေ​ရေရာရာ သတင်းများကို သိရှိနားလည်ဖို့လိုပါတယ်။

မိုး​လေဝသ ပညာရှင်မဟုတ်တဲ့ သူတွေ ​ပြောသမျှကို လိုက်နား​ယောင်ပြီး အစိုးရိမ်ကြီး​နေဖို့ထက် တကယ့် သက်ဆိုင်ရာနယ်ပယ်က အမှန်တကယ် တတ်သိနားလည်တဲ့ ပညာရှင်အစစ်​တွေရဲ့ ​တွက်ချက်ပြထားတဲ့ သတင်းအချက်အလက်​တွေကိုသာ လိုက်နာ ဦးစား​ပေး​ဆောင်ရွက်ရင်း ​ရေ​ဘေးသင့်ထားသူ​​တွေကို ဘယ်လို တတ်စွမ်းသမျှကူညီမယ်၊ စိုက်ပျိုး​မြေ​တွေ ​ရေနစ်လို့ ကုန်​စျေးနှုန်း​တွေ တက်မယ့်အ​ရေးကို ဘယ်လိုဝိုင်းလို့ ထိန်းကြမယ်ဆိုတာ​တွေကိုသာ ဝိုင်း​​​ဖြေရှင်းပေးနိုင်ကြ​ဖို့သာ ​အ​ရေးကြီးပါတယ် ။

တစ်ခါတရံ ​စေတနာနဲ့ သတိ​ပေးတာဖြစ်​ပေမယ့်
​Fact မမှန်ရင် ​ဘေးထွက်ဆိုးကျိုး​တွေများတဲ့အခါ ​စေတနာက​နေ ​​ဝေဒနာဖြစ်သွားတတ်ပါတယ် ..
စိုးရိမ်စိတ်ပူ သတိ​ပေးကြတာလို့​ပြော​ပေမယ့် မတိကျမ​သေချာတဲ့အခါ ​ဘေးထွက်ဆိုးကျိုး​တွေ ကပ်ပါလာမှာလည်း သတိထားသင့်ပါတယ်။

ဒုက္ခရောက်‌နေသူများအ​ပေါ် ကိုယ့်ကြောင့် အပူမတိုးစေဘဲ အပူလျော့သွားစေတာကလည်း ကရုဏာပါပဲ။

​​သောက ပရိ​ဒေဝ သဘာဝ​ဘေးဒုက္ခများနဲ့ မမှန်မကန်
ကောလာဟလများ​ကြောင့် ခံစားရတဲ့ စိုးရိမ်​ကြောင့်ကျ​မှုဘေးအ​ပေါင်းမှ ကင်း​ဝေးကြပါ​စေ ......✨✨✨

Address

Yangon
790771

Telephone

+959260708439

Website

Alerts

Be the first to know and let us send you an email when Than Saw Oo English & Japanese Languages Researcher posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share