Golden Home Real Estate

Golden Home Real Estate We are service

***စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦးဆောက်တော့မယ်ဆိုရင်***....ပထမဆုံး ဆောက်လုပ်ခွင့်တင်ပြရပါတယ်။မြေယာဌာနမှာ~~~~~~~~~- ပုံစ...
28/11/2024

***စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦး
ဆောက်တော့မယ်ဆိုရင်***....

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
~~~~~~~~~

- ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
~~~~~~~~~~~~~~
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

==================================

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။


မေး👉မြေယာကိုအကွက်ရိုက်ပြီး ရောင်းနေတဲ့ ‌ကြော်ငြာတွေထဲမှာ လန-၃၉ ကျပြီး  ၊ ပုံစံ(၁၀၅) (၁၀၆) ရပြီး .. ဆို တဲ့ စကားရပ်တွေပါန...
28/11/2024

မေး👉မြေယာကိုအကွက်ရိုက်ပြီး ရောင်းနေတဲ့ ‌ကြော်ငြာတွေထဲမှာ လန-၃၉ ကျပြီး ၊ ပုံစံ(၁၀၅) (၁၀၆) ရပြီး .. ဆို တဲ့ စကားရပ်တွေပါနေပါတယ် ။ ဝယ်သူအများစုကတော့ ဒါတွေကိုနားမလည်ကြပါဘူး ။ လန-၃၉ ကျပြီးရင် မြေကို ခွဲစိတ်ရောင်းချခွင့်သွားပြီလား ၊ ရောင်းလို့ဝယ်လို့ရတယ်ဆိုရင် ဂရန်လျှောက် လို့ ရပါသလားဆိုတာကို သိပါရစေ ။
==========================

ဖြေ👉လန ၃၉ ကျပြီးနှင့် ပုံစံ ၁၀၅၊ ၁၀၆ ရပြီး ဆိုတာ ပိုင်ဆိုင်မှုရှိတယ်ဆိုတာ ပြချင်တာနဲ့ ရောသုံးတဲ့ စကားရပ်လို့ ထင်ပါတယ်။ အမှန်က အဓိပ္ပာယ်ချင်း မတူပါဘူး။

၁၀၅ ဆိုတာက မကြာခဏ ရှင်းပြပြီး ဖြစ်လို့ အသေးစိတ် ထပ်မရှင်းတော့ပါ ။ မြေအသုံးပြု ခွင့် လျှောက်ထားနိုင်ရန်၊ မြေနှင့် ပတ်သက်၍ ခွင့်ပြုချက် တောင်းခံရန်၊ အိမ်ဆောက်ရန်၊ စာချုပ် မှတ်ပုံ တင်ရန်၊ စသည့်ကိစ္စရပ်များတွင် တရားရုံး သို့မဟုတ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ တင်ပြရန် အတွက် အဆိုပါ မြေ တည်နေရာ အကြောင်းအရာပြ သက်သေခံ မြေပုံ မိတ္တူ ဖြစ်ပါ တယ်။ ပုံစံ ၁၀၆ ကတော့ ယင်းမြေနှင့်ပတ်သက်သည့် မြေရာဇဝင် ကောက်နှုတ်ချက် ဖြစ်ပါတယ်။ ဖေါ်ပြပါမြေ၏ အကြောင်းအရာများကို ဌာနရှိ နေ့အထိ မှန်ကန်စွာ ပြင်ဆင်ထားသော စာရင်း မြေပုံမှ မှန်ကန်စွာ ကူး ယူ ဖေါ်ပြထားခြင်း ဖြစ်ကြောင်းကိုသာ အဓိ က ဝန်ခံ လက်မှတ်ရေးထိုးေ ပးသော မိတ္တူများ ဖြစ်ပြီး မြေပုံ စာရင်း ကူးယူ လက်ကိုင်ထားသူသည် ထိုမြေအား ပိုင်ဆိုင်သူ ဟု သက်သေခံချက် မဟုတ်ပါ။

လန ၃၉ ဆိုတာကတော့ ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေမှ အခြားနည်းသုံး ပြောင်းလဲအသုံးပြုရန် ဆင့်ဆိုသည့် ခွင့်ပြု အမိန့်ရရှိပြီးမြေ ဟု အဓိပ္ပါယ်သက် ရောက် ပါတယ်။ လယ်ယာမြေဟူသော အမျိုးအစားမှ နုတ်ပယ် လိုက်သောမြေဟု ဆိုရပါမည်။ လယ်၊ ယာ၊ ကိုင်း ကျွန်း၊ ဥယျာဉ်၊ ဓနိ ဟူသည့် လယ်ယာမြေ ဟူ သော စကားရပ်တွင် အကျုံးဝင်သော မြေ အမျိုး အစားတစ်ရပ်မှ လန ၃၉ ခွင့်ပြုမိန့်အရ အခြားနည်း အသုံးပြုခွင့် ဆင့်ဆိုလိုက်သောမြေသည် မူလ လယ်ယာမြေအမျိုးအစားမှ ဆင့်ဆို သတ်မှတ်သည့် မြေ အမျိုူအစား အဖြစ်သို့ ပြောင်းလဲ သွားပါ သည်။ လန ၃၉ အမိန့်ရသည့်အခါ မြေစာရင်း ဌာနရှိ စာရင်း မြေပုံများ၊ အခွန် စည်းကြပ်မှု လုပ်ငန်းများ တွင် လယ်ယာမြေအဖြစ်မှ ဆင့်ဆိုသော နည်းလမ်းအရ မြေအဖြစ်သို ပြောင်းလဲ မှတ် သားရပါသည်။ လယ်မြေမှ ဆန်စက်မြေ၊ ဥယျာဉ် မြေမှ ရွာမြေ၊ ယာမြေမှ သုဿန်စသည်ဖြင့် စိုက်ပျိုးလက်ရှိထား ဧရိယာမှ စိုက်ပျိုးခြင်းမပြုသည့် အခြားမြေ Other Area O.A သို့ စာရင်းပြင်ဆင်ရပါသည်။

ထိုအခါ လန ၃၉ ရသောမြေကို ဂရန်ပေး၍ ရသလားဆိုသည့် အမေးများ ပေါ်ထွက်လာပါသည်။ ယင်း မြေအမျိုးအစားသည် ဌာန ၂ ခု၊ ဥပဒေ ၂ ရပ်ဖြင့် ပတ်သက် ဆက်စပ်ပါတယ်။ လယ်ယာ မြေဥပဒေ နှင့် မြို့နှင့်ကျေးရွာမြေများ ဥပဒေ ဖြစ်ပါတယ်။ ပထမ လယ်ယာမြေဥပဒေအရဆိုက လန ၃၉ ချမှတ် သည်နှင့် ယင်းမြေသည် လယ်ယာမြေ မဟုတ်တော့ပါ။ ယင်းမြေပေါ်တွင် စိုက်ပျိုးမှု ရှိနေပါကလည်း ခွင့်ပြုနည်းလမ်းပေါ်မူ တည်၍ ဆန်စက်ကျူးကျော်၊ ရွာမြေကျူးကျော်၊ တပ်မြေ ကျူးကျော်၊ ကျောင်း မြေကျူးကျော် ဟုသာ မှတ်တမ်း ပြုရပါတယ်။။ လန ၃၉ ခွင့်ပြုပြီးသည့်အခါ ထိုမြေသည် လယ်ယာမြေ မဟုတ်တော့သည့်အတွက် Disposal Land အစိုးရမှ စီမံ ခန့်ခွဲ နိုင်သည့်မြေဖြစ်လာပြီး ယင်း ၃၉ ခွင့်ပြု အမျိုးအစားအတိုင်း ဂရန်ပေးနိုင်သည်ဟု ယခင်အခါက ဘဏ္ဍာတော် မင်းကြီးမှ ဖွင့်ဆိုထားပါသည်။

သို့သော် Disposal Land ဖြစ် မဖြစ် ဂရန်ကိစ္စအတွက် မြေစာ ရင်းဌာနသို့မှတ်ချက်တောင်းသည့်အခါ ထိုမြေသည် မြို့ရွာအတွင်း သို့မဟုတ် မြို့ရွာနှင့် တစ်ဆက်တည်း တည်ရှိ မရှိ၊ ဂရန်လျှောက်ထားသည့် မြေအား လန ၃၉ ခွင့်ပြုမိန့်ပေးစဉ်က ဆင့်ဆိုသည့်နည်လမ်းအတိုင်း ဂရန်လျှောက်ထားခြင်း ဟုတ် မဟုတ် (ဥပမာ-ဆန်စက်တည်ရန်ဟု လန ၃၉ ချမှတ်ထားမြေကိုမြေစ ာရင်းဌာနတွင် စက်ရုံမြေအဖြစ် မှတ်ထားရာ ယခု လူနေထိုင် ဂရန်လျှောက်ခြင်း၊ သာသနာအတွက် လန ၃၉ ချထားမြေကို စက်ရုံ အတွက် ဂရန်လျှောက် ခြင်း ) စသည်များအတွက် မှတ်ချက်ပြုရသည့်အတွက် လန ၃၉ ခွင့်ပြုသည့် နည်းလမ်းနှင့်အညီသာ ဂရန်အတွက် လျှောက်ထားနိုင်ပါတယ် ။

ယခု လန ၃၉ ကျပြီး မြေကိုအကွက်ရိုက်ရောင်းပြီး ဂရန်လျှောက်ထားမှုများ နိုင်ငံ အနှံ့ ဖြစ်ပေါ်နေရာ မည်သို့ စနစ်တကျ ထိန်းချုပ်မည်ဆိုသည်မှာ ပြဿနာ ဖြစ်ပါတယ်။ ယင်း မြေသည် လယ်ယာမြေ မဟုတ်တော့ သည်မှာ မှန်သော်လည်း မူလ လန ၃၉ အသုံးပြုခွင့်တွင် မည်သည့် နည်းလမ်းအတိုင်း အသုံးချရန်ဟု ဆင့်ဆိုသတ်မှတ်ခဲ့ပါသလဲ၊ အိမ်ရာမြေအတွက်လား၊ စက်ရုံ အတွက်လား၊ သာသနာ၊ ကျောင်း၊ ကန်၊ လမ်းအတွက်လား၊ ချပေးတဲ့ နည်းလမ်းနဲ့ အသုံးပြုမှု မကိုက်ညီပါက လယ်ယာမြေ ဥပဒေ အရ အရေးယူနိုင်သလို ဂရန်ချပေးမှု နည်းလမ်းလည်း မမှန်ကန်ဟု ဆိုရပါမည်။ အရေးယူလို့ ရပါသေးတယ်။ အခု လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ တွင် သတ်မှတ်နည်းလမ်းအတိုင်း သတ်မှတ် ကာလတွင် မဆောင်ရွက်ပါ်က လုပ်ပိုင်ခွင့် ပြန်ရုပ်သိမ်းရန် ပြဋ္ဌာန်းချက် ပါရှိပါတယ်။

အချို့နေရာများတွင် လန ၃၉ ကျပြီးမြေကို ဂရန်တိုက်ရိုက်ပေးနေမှုများ တွေ့ရပြီး အချို့နေရာများ တွင်မူ ပါမစ်လျှောက်ခိုင်းပြီးမှ ဂရန်ပေးခြင်းမျိုးတွေ့ရပါသည်။ အောက်မြန်မာပြည် မြို့နှင့် ့ကျေးရွာ မြေများဥပဒေတွင် ဂရန်မပေးမီ ပါမစ်ပေးရန်ဟု ပြဋ္ဌာန်းချက် မတွေ့မိပါ။ သို့သော် ဂရန်ချ ထားရန် အခွင့်အာဏာ ပေးအပ်ထားသော ဌာနအတွက် သက်ဆိုင်ရာ ဌာန ညွှန်ကြားချက် ရှိချင် ရှိနိုင်ပါတယ်။

Credit #လယ်ယာမြေ #လန၃၉ #ပုံစံ၁၀၅

မြောက်ဒဂုံ ၃၅ ရပ်ကွက်.... ၄၀ x ၆၀ မြေစျေးလေးဘဲပေးပါ.... အိမ်ပါမယ် .... သန္တာ 2 လမ်း .... ဂရမ်မူရင်း....စျေးနှုန်း 8500La...
30/08/2024

မြောက်ဒဂုံ ၃၅ ရပ်ကွက်....

၄၀ x ၆၀ မြေစျေးလေးဘဲပေးပါ....

အိမ်ပါမယ် ....

သန္တာ 2 လမ်း ....

ဂရမ်မူရင်း....

စျေးနှုန်း 8500Lakh ....

Ph...09420089564

Golden Home Real Estate

#ဂရန်မြေ #အိမ် #အရောင်း

မြောက်ဒဂုံ ၃၅ ရပ်ကွက် ...၄၀ x ၆၀ မြေအရောင်း... နေရာကောင်းအမြန်ရောင်းပါမည်...စောလှမွန်လမ်း ဂရမ်မူရင်း...ခြံခတ်ပြီး 7600La...
30/08/2024

မြောက်ဒဂုံ ၃၅ ရပ်ကွက် ...

၄၀ x ၆၀ မြေအရောင်း...

နေရာကောင်းအမြန်ရောင်းပါမည်...

စောလှမွန်လမ်း ဂရမ်မူရင်း...

ခြံခတ်ပြီး 7600Lakh...

Ph..09420089564...

Golden Home Real Estate

#ဂရန်မြေ #အိမ် #အရောင်း

မဂ်လာသီရီလမ်းပေါ် နေရာကောင်း20 x 60 ပါမစ် မိတ္တူ၂၆ရပ်ကွက် တောင်ဒဂုံမြိုနယ်မြေကွက်ကလေးကိုရောင်းပေးနေပါပြီနော်...စျေးနှုန်...
28/08/2024

မဂ်လာသီရီလမ်းပေါ် နေရာကောင်း

20 x 60 ပါမစ် မိတ္တူ

၂၆ရပ်ကွက် တောင်ဒဂုံမြိုနယ်

မြေကွက်ကလေးကိုရောင်းပေးနေ

ပါပြီနော်...

စျေးနှုန်း... 3500Lakh

Contact...09420089564

Golden Home Real Estate

#တောင်ဒဂုံ #အိမ်ခြံမြေဗဟုသုတ #ဂရန်မြေ #အိမ် #အရောင်း

အိမ်အပါအဆောက်အဦးလေးကိုမှမြေစျေးလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်နော်..Location ကတော့...မြောက်ဒဂုံ 38 ရပ်ကွက် ကင်းဝန်လမ်း ( ...
28/08/2024

အိမ်အပါအဆောက်အဦးလေးကိုမှ
မြေစျေးလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်နော်..

Location ကတော့...
မြောက်ဒဂုံ 38 ရပ်ကွက် ကင်းဝန်လမ်း ( 20x60 ),ဂရမ်မူရင်း(ခွဲပေး)

BN တစ်ထပ်အိမ်..

စျေးနှုန်း... 3300Lakh

Contact...09420089564

Golden Home Real Estate
#မြောက်ဒဂုံသီးသန့် #အိမ်ခြံမြေဗဟုသုတ #ဂရန်မြေ #အိမ် #အရောင်း

ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အခ...
26/08/2024

ဂရန်မြေကို ဝယ်ယူလျှင် ဤအဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

အောက်ပါ အဆင့်(၁၀) ဆင့်ကို(၁)ဆင့်မျှဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေအကြုံကိုရေးတာပါ။)

အရောင်းအဝယ် စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1️⃣ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2️⃣စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာလျှင် စရန်ချပါ။

3️⃣စရန်ချပြီးသည်နှင့်တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

အောက်ပါ ၄-မျိုး ရမှငွေပြေချေပါ။

1️⃣အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2️⃣မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3️⃣မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4️⃣မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဝယ်ယူပြီးနောက် အောက်ပါ ၃-ဆင့်။

1️⃣ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်စောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2️⃣ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

4️⃣ အားလုံးပြီးမှ မြို့တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

credit -ဆရာ ကြည်စိုးIC

​မြန်မာနိုင်ငံအတွင်းရှိမြေကွက်များ များကို ရောင်းလို ၊ ဝယ်လိုပါက ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်

🙏🙏🙏

📲 09420089564 ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ....

#အိမ်ခြံမြေဥပဒေ #အိမ်ခြံမြေဗဟုသုတ



#ဂရန်မြေ #မြောက်ဒဂုံသီးသန့်

ကွန်ဒို ဆောက်မလား...???စားသောက်ဆိုင်ဘဲ ဖွင့်မလား...???နေရာကောင်းလေးကိုရောင်းပေးနေပါပြီးနော်...ပေ ၄၀' ×၆၀' လဲဖြစ်တယ်မေတ္တ...
26/08/2024

ကွန်ဒို ဆောက်မလား...???

စားသောက်ဆိုင်ဘဲ ဖွင့်မလား...???

နေရာကောင်းလေးကိုရောင်းပေးနေ

ပါပြီးနော်...

ပေ ၄၀' ×၆၀' လဲဖြစ်တယ်

မေတ္တာလမ်းမပေါ်

တောင်ဥက္ကလာမြို့နယ်

စျေးနှုန်းလေးကတော့

သိန်း ၃၅၀၀၀ ​နဲ့ဆိုတော့

ခုခေတ်အနေအထားနဲ့ တန်ပါတယ်

လိုအပ်မူလေးတွေရှိလာပြီးဆိုရင်

တော့

☎...09420089564 ကို Hello

လုပ်ပေးပါနော်..

Golden Home Real Estate

ရောင်းမည့်ပိုင်ရှင်များဆက်သွယ်ပါရန်...(80'×80') ပေအကျယ် အမြန်၀ယ်လိုပါသည်။-တောင်ဥက္ကလာပမြို့နယ်ဖြစ်ရပါမည်။-ဝေဇယန္တာလမ်း န...
26/08/2024

ရောင်းမည့်ပိုင်ရှင်များဆက်သွယ်ပါရန်...

(80'×80') ပေအကျယ် အမြန်၀ယ်လိုပါသည်။

-တောင်ဥက္ကလာပမြို့နယ်ဖြစ်ရပါမည်။

-ဝေဇယန္တာလမ်း နှင့် ရတနာလမ်း ပထမဦးစားပေး၀ယ်ယူပါမည်။

☎ ...09420089564

Golden Home Real Estate

(အမြန်၀ယ်လိုပါသည်)-မြောက်ဒဂုံ ပြည်ထောင်စုလမ်းမကြီးပေါ်ဖြစ်ရပါမည်။-40'×60' အရှေ့လှည့်ဦးစားပေး-40'×100' ဒုတိယဦးစားပေး -ပ...
25/08/2024

(အမြန်၀ယ်လိုပါသည်)
-မြောက်ဒဂုံ ပြည်ထောင်စုလမ်းမကြီးပေါ်ဖြစ်ရပါမည်။

-40'×60' အရှေ့လှည့်ဦးစားပေး
-40'×100' ဒုတိယဦးစားပေး
-ပေါက်စျေး ငွေသုံးပါမည်

ပိုင်ရှင်တိုက်ရိုက် သာဆက်သွယ်
ပေးပါရန်...

Contact...09420089564

Golden Home Real Estate
#ဂရမ် #အဝယ် #မြေကွက် #အိမ်ခြံမြေ #အရောင်း

အခန်းကျယ်ကွန်ဒိုကြိုက်သူများအတွက်...- Decoration နဲ့ Furniture အပါ-24 နာရီ မီးရမယ့်ကွန်ဒိုလေးရောင်းပေးနေပါပြီးနော်...-24...
25/08/2024

အခန်းကျယ်ကွန်ဒိုကြိုက်သူများအတွက်...

- Decoration နဲ့ Furniture အပါ
-24 နာရီ မီးရမယ့်ကွန်ဒိုလေးရောင်းပေးနေပါပြီးနော်...

-24 နာရီ လုံခြုံမူ နဲ့ မီးပေးစနစ်လဲရှိ

Location က.....

-လှိုင်မြို့နယ်။ ပြည်လမ်းမပေါ်က ရွှေဟသ်ာကွန်ဒို

-2200 Sqft (ကျယ်ဝန်းပါသည်။)

-1 MB/ 2 SB / 5 AC
ခန်းဖွဲ့ - Living / Dining/ kitchen/

အသုံးပြုခွင့်- Swimming pool/ Lift / Car Parking တို့ရရှိမှာပါ..

နေရာကအရမ်းကောင်းတာမို့

😎😎😎

စျေးနှုန်းလေးက -(13000)သိန်း

Contact - 09420089564





#ကွန်ဒို

မြောက်ဥက္ကလာ နဲ့ ရွှေပေါက်ကံချစ်သူများအတွက် စျေးတန်တန်လေးနဲ့ရောင်းချပေးနေတဲ့ မိန်းလမ်းမပေါ် (၁၇)ရပ်ကွက်။ အင်း၀လမ်းဆုံအနီ...
23/08/2024

မြောက်ဥက္ကလာ နဲ့ ရွှေပေါက်ကံ
ချစ်သူများအတွက် စျေးတန်တန်
လေးနဲ့ရောင်းချပေးနေတဲ့
မိန်းလမ်းမပေါ် (၁၇)ရပ်ကွက်။ အင်း၀လမ်းဆုံအနီးဖြစ်ပါတယ်နော်

@၂၀'×၆၀'(ဂရံခွဲပြီး)
@အရှုပ်အရှင်းကင်း
@အရှေ့လှည့် ဖြစ်ပါတယ်
@မိန်းလမ်းမပေါ်

ရောင်းစျေး -၃၃၀၀ သိန်း (ညှိနှိုင်း)

Contact..09420089564

Golden Home Real Estate
#ဂရမ် #အဝယ် #မြေကွက် #အိမ်ခြံမြေ #အရောင်း

Address

794/4F/Manpyae 2 Street/2 South Quater/Tharkayta
Yangon
124

Website

Alerts

Be the first to know and let us send you an email when Golden Home Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category