29/05/2023
လူတစ်ယောက် အတွက် ဘုမ္မိအရပ်သည် အလွန် အရေးကြီးဆုံးဖြစ်ပါသည်။
လေ့လာကြည့်ရင် အချို့အိမ်တွေမှာ အဖက်ဖက်က ပြည့်စုံပေမယ့် အိမ်ထောင်ဦးစီးရဲ့ ဘုမ္မိအရပ် ( ပျက်စီးခြင်းအရပ်မျက်နှာ ) ကို အိမ်မျက်နှာစာလှည့်ထားတာကြောင့် ဖြစ်နေတက်တာကို သတိထားမိမှာပါ။
ဘုမ္မိကျတဲ့အခါမျိုးမှာ အဆိုပါအိမ်တွေမှာ
စီးပွားရေးမှာ ဘယ်လိုပဲ ကြိုးစားလဲ အဖတ်မတင်ခြင်း၊ အိမ်တွင်းရေး၊ မိသားစုရေး၊ ပျော်ရွှင်မှုပျက်သုဉ်းခြင်း ၊ မိသားစုတွင်း ကျန်းမာရေးအားနည်းချက် တစ်ဦးမဟုတ်တစ်ဦးဖြစ်တတ်ခြင်းစတဲ့ အခက်အခဲ
ပြသနာအချို့ ကြုံရတတ်တယ်လို့ အဆိုရှိခဲ့ပါတယ်။
ပရိဝါရအရပ် - အခြွေအရံ၊ လာဘ်လာဘ
ပေါများခြင်း။
အာယုအရပ် - အသက်ရှည်၊
ကျန်းမာခြင်း။
နာဂရအရပ် - မြို့ပြပြည်ရွာ၊
စည်ကားခြင်း။
ဘုမ္မိအရပ် - မြေကြီး အညစ်အကြေး၊
အမှိုက် စွန့်ပစ်ခြင်း။
ဂဟပတိအရပ် - စည်းစိမ် ဥစ္စာ၊ ရွှေငွေ၊
စားနပ်ရိက္ခာ သိုလှောင်
ခြင်း။
တေဇအရပ် - ဘုန်းတန်ခိုး၊ သြဇာအာဏာ
ရှိခြင်း။
ဌာနအရပ် - ခိုင်မြဲ တည်တံ့ခြင်း။
သီရိအရပ် - ဘုန်း၊ ကျက်သရေ၊
မင်္ဂလာရှိခြင်း။
✍️ဆိုတော့ အိမ်ထောင်ဦးစီးတို့ရဲ့ နေ့နံအလိုက် သတိထားရှောင်ရှားရမယ့် ဘုမ္မိအရပ် ဆိုတာ ဘယ်အရပ်တွေဖြစ်မလဲ ?
နောက်ပြီး သီရိအရပ် (မင်္ဂလာရှိတဲ့ အရပ်မျက်နှာ)က ဘယ်အရပ်ဖြစ်မလဲ ?
နောက်ပြီး ဘုန်းတန်ခိုး သြဇာအာဏာရှိတဲ့ တေဇအရပ်က ဘယ်အရပ်တွေဖြစ်မလဲ ?
၁။ တနင်္ဂနွေ သားသမီးများ
ဘုမ္မိ (တောင် အရပ်)(ရှောင်ရန်)
တေဇ (အနောက် အရပ်)
သီရိ (မြောက် အရပ်)
၂။ တနင်္လာ သားသမီးများ
ဘုမ္မိ (အနောက်တောင်အရပ်)(ရှောင်ရန်)
တေဇ (အနောက်မြောက် အရပ်)
သီရိ (အရှေ့မြောက် အရပ်)
၃။ အင်္ဂါ သားသမီးများ
ဘုမ္မိ (အနောက် အရပ်) (ရှောင်ရန်)
တေဇ (မြောက် အရပ်)
သီရိ (အရှေ့ အရပ်)
၄။ ဗုဒ္ဓဟူး သားသမီးများ
ဘုမ္မိ (အနောက်မြောက် အရပ်)(ရှောင်ရန်)
တေဇ (အရှေ့မြောက် အရပ်)
သီရိ (အရှေ့တောင် အရပ်)
၅။ ကြာသပတေး သားသမီးများ
ဘုမ္မိ (အရှေ့မြောက် အရပ်)(ရှောင်ရန်)
တေဇ (အရှေ့တောင် အရပ်)
သီရိ (အနောက်တောင် အရပ်)
၆။ သောကြာ သားသမီးများ
ဘုမ္မိ (အရှေ့တောင်အရပ်) (ရှောင်ရန်)
တေဇ (အနောက်တောင် အရပ်)
သီရိ (အနောက်မြောက် အရပ်)
၇။ စနေ သားသမီးများ
ဘုမ္မိ (မြောက် အရပ်)(ရှောင်ရန်)
တေဇ (အရှေ့ အရပ်)
သီရိ (တောင် အရပ်)
၈။ရာဟု သားသမီးများ
ဘုမ္မိ (အရှေ့အရပ်)(ရှောင်ရန်)
တေဇ (တောင် အရပ်)
သီရီ (အနောက် အရပ်)
==============================
✍️ဒါဆိုရင် အိမ်ထောင်ဦးစီးရဲ့ နေ့နံဟာ
ဘုမ္မိအရပ်မျက်နှာလှည့်တဲ့ အိမ်မျိုးမှာနေမိနေခဲ့ရင် ဘယ်လိုလုပ်မလဲ။
အညံ့ဆိုးကနေ လွတ်မြောက်အောင် နေ့သားအလိုက် အမြစ်အညွန့်အပင်ကို အိမ်ခြံ၀န်းရှထဲမှာ စိုက်ပျိုးပေးရပါမယ်။
နေ့သားအလိုက် အမြစ်အညွန့်အပင်များနှင့် သစ်ပင် စိုက်ပျိုးရမည့် အရပ်များ -
၁။ တနင်္ဂနွေ သားသမီးတို့သည် ဒါန်းကြီးပင် (သို့)နေကြာပင်ကို နေအိမ်၏ (အနောက်မြောက် အရပ်)တွင် စိုက်ပျိိုးပါ။
၂။ တနင်္လာ သားသမီးတို့သည် သြဇာပင်ကို နေအိမ်၏ (အရှေ့ အရပ်)တွင် စိုက်ပျိုးပါ။
၃။ အင်္ဂါ သားသမီးတို့သည် ခရေပင်ကို နေအိမ်၏ (အနောက်တောင် အရပ်)တွင် စိုက်ပျိုးပါ။
၄။ ဗုဒ္ဓဟူး သားသမီးတို့သည် စံပယ်ပင်(သို့)စိန်ပန်းပင်ကို နေအိမ်၏ (မြောက် အရပ်)တွင် စိုက်ပျိုးပါ။
၅။ ကြာသပတေး သားသမီးတို့သည် လသာပင် (သို့) လောက်သေပင် / ဝသာပင်ကို နေအိမ်၏ (အနောက် အရပ်)တွင် စိုက်ပျိုးပါ။
၆။သောကြာ သားသမီးတို့သည် ပိတောက်ပင်(သို့) ပိန္နဲပင်ကို နေအိမ်၏(တောင် အရပ်)တွင် စိုက်ပျိိုးပါ။
၇။စနေ သားသမီးတို့သည် သင်အူပင်(သို့) သစ်အယ်ပင်/ သပွတ်အူပင်ကို နေအိမ်၏ (အရှေ့တောင် အရပ်)တွင် စိုက်ပျိုးပါ။
✍️အထက်ပါအတိုင်း သစ်ပင်စိုက်ယတြာကို ရွှေရေ၊ ငွေရေလောင်းပြီး စိုက်ပျိုးခြင်းဖြင့် ဘုမ္မိအရပ် မျက်နှာမူမိသော နေအိမ်အတွက် အညံ့ဆိုးကင်းလွတ်ကာ အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။
မိမိ၏မွေးနေ့ နံနက် ၉: ၄၅ မိနစ် အချိန်မှာ စတင် စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။
Credit by original writer✍️