24/03/2023
စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်မှာ လယ်စိုက်ပြီး စိုက်ပျိုးသီးနှံများကို ရိတ်သိမ်း၊ ပြုစု၊ ပျိုးထောင်ချင်တဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် လယ်၊ မြေကွက်ကောင်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ရန်ကုန်မြို့မှကားဖြင့် ၂ နာရီခွဲ ခန့်မောင်းရုံဖြင့် မြို့ပြနဲ့ဝေးရာ သဘာဝပတ်ဝန်းကျင်ရှုခင်းဆီရောက်ရှိသွားမယ့် သာယာဝတီမြို့ပဲဖြစ်ပါတယ်။ မြေဧက (၁၀၀) ခန့်ကျယ်ဝန်းတဲ့ ကိုယ်ပိုင်လယ်ကွင်းလေးထဲမှာ ကိုယ်ပိုင်လယ်၊ မြေကွက်လေးနဲ့ လယ်ယာမြေစိုက်ပျိုးသီးနှံများကို အချိန်နဲ့တပြေးညီ ရိတ်သိမ်းခူးစွတ်ချင်သူများအတွက် လုံးဝလက်လွှတ်မခံသင့်တဲ့ မြေကွက်ကောင်းတစ်ခုပဲဖြစ်ပါတယ်။
☑️ Location
ဆရာစံမြို့သစ်၊ သာယာဝတီမြို့နယ်
☑️ အကျယ်အဝန်း
လယ်ဧက (၁၀၀) ဧက ကျယ်ဝန်းပါတယ်။
☑️ လယ်ကွက်၏ စိုက်ပျိုးသီးနှံများ
- ငှက်ပျောပင် အပင် (၄၀၀၀) ကျော်
- အရည်သောက်အုန်းပင် (၁၀) ပင်
- ဂွေးချိုအလုံးကြီးမျိုးအပင် (၇၀) ပင်
- ကျွဲကောပင် အပင် (၁၀၀)
- ကီလိုမာလကာပင် အပင် (၃၀၀) တို့ကို
(၂၀၂၂ ခုနှစ် ၇ လပိုင်းတွင် အပြီးစိုက်ပျိုးထာနိုင်ခဲ့ပါတယ်)
☑️ လယ်ကွက်၏ အားသာချက်များ
- အပေါ်ပိုင်း လယ်ဧက (၅၀) တွင် စက်ရုံများတည်ဆောက်ရန်အတွက် သင့်တော်တဲ့နေရာကောင်းတစ်ခုဖြစ်ပါတယ်။
- အောက်ပိုင်း လယ်ဧက (၅၀) တွင် ငါးစပါးနှင့် အပမ်းဖြေစခန်းဆောက်ရန်အတွက်အသင့်တော်တဲ့ နေရာကောင်းဖြစ်ပါတယ်။
- စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် နွေဘက်ရေလောင်းစရာမလိုဘဲ နွေရေ၊ မိုးရေနှင့် လုံလောက်ပါတယ်။ (ရေလောင်းစရာ လုံးဝ(လုံးဝ)မလိုပါ)
- ရန်ကုန်၊ ပြည်ကားလမ်းမမှ လယ်ထဲသို့ ၃ မိနစ်သာဝင်ရပြီး၊ လယ်ကွက်သည် မြို့ပေါ်လယ်တွင်ဖြစ်သည့်အပြင်၊ နောက်ထပ်ကောင်းသောအချက်မှာ လယ်ထဲတွင်ကားမောင်းနှင်လို့ရတဲ့ အချက်ပဲဖြစ်ပါတယ်။
- ကိုယ်ပိုင်ကုန်ထုတ်လမ်း၊ ကိုယ်ပိုင်ရေမြောင်းရှိတဲ့အတွက် လယ်ကိုပတ်ကြည့်ရာတွင် စက်လှေစီးလို့ရပါတယ်။ (စက်လှေ ၂ စီးပိုင်ဆိုင်ထား)
- မြောင်းအနက် (၁၈) ပေ/ မြောင်းအကျယ် (၂၅) ပေ ကျယ်ဝန်းပါတယ်။
- ကုန်ထုတ်လမ်းမှ လယ်ကွင်းအလယ်အထိ လျှပ်စစ်မီးသွယ်လျှင် သွယ်ရန်လွယ်ကူပါတယ်။
- နွေစပါး၊ မိုးစပါး (၂) မျိုးလုံး စိုက်ပျိုးလို့ရပါတယ်။
☑️ လယ်ပိုင်ဆိုင်သည့်လက်မှတ် ပုံစံ (၇) ရရှိပိုင်ဆိုင်ထားပါတယ်။
☑️ မြေအမျိုးအစား - လယ်ယာမြေ
☑️ စျေးနှုန်း - သိန်း ၁ သောင်း ၂ ထောင် (ညှိနှိုင်း)
မြို့ဘေးကပ်လျှက် ကိုယ်ပိုင်လယ်မြေထဲမှာ ကောက်ပဲသီးနှံများကို စိုက်ပျိုး၊ ရိတ်သိမ်းချင်တဲ့ လူကြီးမင်းများအတွက် အရမ်းကိုသင့်တော်တဲ့ မြေကွက်ကောင်းတစ်ခုဖြစ်ပြီး၊ ဧက အနည်းငယ်ကိုသာ ဝယ်ယူပိုင်ဆိုင်ချင်သူများအတွက် (၁) ဧက ကို သိန်း (၁၂၀) ဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်ကြောင်းလည်း ထပ်မံအသိပေးအပ်ပါတယ်။ နောက်ထပ်မြေကွက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ 09777776968 ကို ဆက်သွယ်၍မေးမြန်းနိုင်ပါတယ်။
အခုလိုကြည့်ရူပေးတဲ့ လူကြီးမင်းများအားလုံး ပျှော်ရွင်ချမ်းမြေ့တဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေလို့ SENG Asset Management Company မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 😊