I Love Myanmarsar Education Center

I Love Myanmarsar Education Center Teaching Agency & Online Classes

📚 ကြိုးစားမှုရဲ့ ရလဒ်ကောင်းလေးတွေ… 💯June intake Primary 2 to Secondary 2📢 Result ကောင်းတွေဆိုတာ ကံကောင်းလို့ ရလာတာမဟုတ်ပ...
07/09/2026

📚 ကြိုးစားမှုရဲ့ ရလဒ်ကောင်းလေးတွေ… 💯

June intake Primary 2 to Secondary 2

📢 Result ကောင်းတွေဆိုတာ ကံကောင်းလို့ ရလာတာမဟုတ်ပါဘူး…

စနစ်တကျသင်ယူမှု + ပုံမှန်လေ့ကျင့်မှု + ဆရာ/ဆရာမရဲ့ မှန်ကန်တဲ့လမ်းညွှန်မှု တွေရဲ့ ရလဒ်ပါ။ 💯

ဒီလို Result လေးတွေ မြင်ရတာက သင်ကြားပေးနေတဲ့သူတွေအတွက်လည်း အားအင်တစ်ခုပါပဲ။ ❤️

ဒီတစ်ခေါက် Exam မှာ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ရရှိလာတဲ့ Result လေးတွေကို ဂုဏ်ယူစွာ မျှဝေပေးလိုက်ပါတယ်ရှင့်။ ❤️

အမှတ်ကောင်းရရှိခဲ့တဲ့ ကလေးတွေအားလုံးကို အထူးဂုဏ်ယူပါတယ်။ 👏

ဒါပေမယ့် ကျွန်မတို့အတွက် Result ကောင်းတဲ့ကလေးတွေကိုပဲ ပြသဖို့ မဟုတ်ပါဘူး။

အမှတ်နည်းတဲ့ကလေးတစ်ယောက် 35 ကနေ 45 ဖြစ်လာတာ၊
45 ကနေ 50 ဖြစ်လာတာ၊
50 ကနေ 55 ဖြစ်လာတာ
ဒါတွေလည်း ကျွန်မတို့အတွက် အောင်မြင်မှုတွေပါပဲ။ 🌱

ကလေးတစ်ယောက်ချင်းစီရဲ့ Level မတူတာကြောင့်
တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်မယ့်အစား မနေ့ကထက် ဒီနေ့ ပိုကောင်းလာဖို့ ကိုပဲ အာရုံစိုက်ပေးပါတယ်။

အမှတ်နည်းသေးတဲ့ကလေးတွေကိုလည်း အမှတ်တစ်ခုတည်းနဲ့ မဆုံးဖြတ်စေချင်ပါဘူး။
ကလေးတစ်ယောက်နဲ့တစ်ယောက် သင်ယူနိုင်တဲ့အမြန်နှုန်း မတူကြပါဘူး။ အရေးကြီးတာက ကိုယ့်ရဲ့အားနည်းချက်ကို သိပြီး တစ်ဆင့်ချင်း ပြန်တည်ဆောက်သွားနိုင်ဖို့ပါ။ 🌱

ကျွန်မတို့အနေနဲ့လည်း အမှတ်ကောင်းရတဲ့ကလေးတွေကိုသာ ဦးစားပေးတာမဟုတ်ဘဲ
အမှတ်နည်းနေသေးတဲ့ကလေးတွေပါ အမှတ်တိုးတက်လာအောင် လိုအပ်တဲ့နေရာတွေကို သေချာဂရုစိုက်ပြီး လေ့ကျင့်ပေးနေပါတယ်။ 📖✨

🎯 Result ကောင်းဖို့ဆိုတာ စာသင်ရုံနဲ့မလုံလောက်ပါဘူး။
မှန်ကန်တဲ့လမ်းညွှန်မှု + ပုံမှန်လေ့ကျင့်မှု + စိတ်ရှည်ရှည်နဲ့ လိုက်ပေးမှုတွေ လိုအပ်ပါတယ်။

ကလေးတိုင်းရဲ့ “ပိုကောင်းလာဖို့” ကိုပဲ ကျွန်မတို့ အမြဲအာရုံစိုက်ပေးနေပါတယ်။ 🌟

🎯 Our goal is not only high marks.
Our goal is continuous improvement.

ကလေးရဲ့ လက်ရှိအမှတ် ဘယ်လောက်ပဲဖြစ်ဖြစ်
မှန်ကန်တဲ့နည်းလမ်းနဲ့ ဆက်ကြိုးစားရင် တိုးတက်နိုင်ပါတယ်။ 💪📚

ဒီနေ့ရဲ့ ကြိုးစားမှုက မနက်ဖြန်ရဲ့ Result ဖြစ်လာမှာပါ။ 🌟

Report cardတွေရရင်လည်း ထပ်တင်ပေးပါဦးမယ်ရှင့်။လကုန်ရက်ဆိုတော့ ကလေးများတော့ လစာသွင်းတဲ့ကိစ္စတွေနဲ့ တီချယ်အလုပ်ရှုပ်နေတော့ အခုမှပဲလိုက်စုပြီး တင်ရပါတယ်ကွယ်။တင်စရာresultတွေက အများကြီးရှိသေးပေမယ့် အကုန်တင်ရင် အရမ်းများသွားမှာစိုးလို့ ဒီအသုတ်ကလေး အရင်တင်လိုက်ပါတယ်။

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှင့်။

05/09/2026

🌟 စာသင်ခန်းထဲက သင်ယူမှု… အောင်မြင်မှုလေးတွေအဖြစ် ပွင့်လန်းလာတဲ့နေ့ 🌟(Part 2)

Primary 5 ကလေးတွေရဲ့ မြန်မာစာ သင်ခန်းစာထဲက နံရံကပ်စာစောင်လုပ်ငန်း ကနေ ထွက်ပေါ်လာတဲ့ အောင်မြင်မှုလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 🥰🏆

🏅 ဆုရရှိခဲ့တဲ့ ကလေးလေးတွေ အနေနဲ့ ကိုယ့်ရဲ့ကြိုးစားမှုကို ဂုဏ်ယူနိုင်သလို၊
💪 ဆုမရသေးတဲ့ ကလေးလေးတွေ အတွက်လည်း ဒီနေ့ရဲ့အတွေ့အကြုံဟာ နောက်တစ်ကြိမ်ပိုကောင်းအောင် ကြိုးစားဖို့ အဖိုးတန်တဲ့သင်ခန်းစာတစ်ခုပါပဲ။

✨ တီချယ်တို့အတွက် အရေးကြီးဆုံးက ဆုရခြင်းတစ်ခုတည်းမဟုတ်ဘဲ ကလေးတိုင်း ပါဝင်ရဲခြင်း၊ ကိုယ်တိုင်ဖန်တီးတတ်ခြင်း၊ အမှားကနေသင်ယူတတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာခြင်း ဖြစ်ပါတယ်။

📚 စာကိုပဲ သင်ပေးတာမဟုတ်ဘဲ
🎨 ဖန်တီးတတ်အောင်၊
💡 စဉ်းစားတတ်အောင်၊
🗣️ မိမိအတွေးကို ဖော်ပြတတ်အောင်၊
🤝 အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်အောင်
လက်တွေ့လုပ်ငန်းတွေကနေ သင်ယူစေပါတယ်။

🌱 ကလေးတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းရှိပါတယ်။
ဒီနေ့ မရသေးတာက မအောင်မြင်တာမဟုတ်ပါဘူး။
နောက်တစ်ကြိမ် ပိုကောင်းလာဖို့ စတင်နေပြီဆိုတာပါ။ ❤️

ဒီလိုအတွေ့အကြုံလေးတွေက စာအုပ်ထဲက သင်ခန်းစာတစ်ခုထက်ပိုပြီး ကလေးတွေရဲ့ ယုံကြည်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ အနာဂတ်အတွက် လိုအပ်တဲ့ Life Skills တွေကို တဖြည်းဖြည်းတည်ဆောက်ပေးနေပါတယ်။ 🌟

👩‍🏫 မိဘတွေအနေနဲ့ ကိုယ့်ကလေးကို စာမေးပွဲအမှတ်ကောင်းရုံသာမက — စဉ်းစားတတ်၊ ဖန်တီးတတ်၊ ပြောရဲဆိုရဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင်…

တီချယ်တို့ရဲ့ သင်ယူမှုပတ်ဝန်းကျင်မှာ ကလေးတိုင်းကို သူ့ရဲ့အရည်အချင်းနဲ့အညီ တိုးတက်လာနိုင်အောင် အားပေးပျိုးထောင်ပေးနေပါတယ်။ 🌱❤️

🎥 Primary 5(B) အတန်းမှကလေးတွေရဲ့ ကြိုးစားမှုနဲ့ ပျော်ရွှင်မှုတွေကို Video လေးထဲမှာ ကြည့်ရှုပေးပါဦးနော်။

ကလေးရဲ့ အနာဂတ်အတွက် စာသင်ပေးရုံမဟုတ်ဘဲ “သင်ယူတတ်အောင်” ပျိုးထောင်ပေးမယ့် ပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်ပေးလိုက်ပါ။ 💛

ဆုရရှိခဲ့တဲ့ အဖွဲ့(၂)မှကလေးများကို တီချယ်တို့ရဲ့ နောက်နှစ်ဆုပေးပွဲအခမ်းအနားမှာ ဆုပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှင့်။

05/09/2026

🌟 စာသင်ခန်းထဲက သင်ယူမှု… အောင်မြင်မှုလေးတွေအဖြစ် ပွင့်လန်းလာတဲ့နေ့ 🌟(Part 1)

Primary 5 ကလေးတွေရဲ့ မြန်မာစာ သင်ခန်းစာထဲက နံရံကပ်စာစောင်လုပ်ငန်း ကနေ ထွက်ပေါ်လာတဲ့ အောင်မြင်မှုလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 🥰🏆

🏅 ဆုရရှိခဲ့တဲ့ ကလေးလေးတွေ အနေနဲ့ ကိုယ့်ရဲ့ကြိုးစားမှုကို ဂုဏ်ယူနိုင်သလို၊
💪 ဆုမရသေးတဲ့ ကလေးလေးတွေ အတွက်လည်း ဒီနေ့ရဲ့အတွေ့အကြုံဟာ နောက်တစ်ကြိမ်ပိုကောင်းအောင် ကြိုးစားဖို့ အဖိုးတန်တဲ့သင်ခန်းစာတစ်ခုပါပဲ။

✨ တီချယ်တို့အတွက် အရေးကြီးဆုံးက ဆုရခြင်းတစ်ခုတည်းမဟုတ်ဘဲ ကလေးတိုင်း ပါဝင်ရဲခြင်း၊ ကိုယ်တိုင်ဖန်တီးတတ်ခြင်း၊ အမှားကနေသင်ယူတတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာခြင်း ဖြစ်ပါတယ်။

📚 စာကိုပဲ သင်ပေးတာမဟုတ်ဘဲ
🎨 ဖန်တီးတတ်အောင်၊
💡 စဉ်းစားတတ်အောင်၊
🗣️ မိမိအတွေးကို ဖော်ပြတတ်အောင်၊
🤝 အတူတကွ ပူးပေါင်းလုပ်ဆောင်တတ်အောင်
လက်တွေ့လုပ်ငန်းတွေကနေ သင်ယူစေပါတယ်။

🌱 ကလေးတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းရှိပါတယ်။
ဒီနေ့ မရသေးတာက မအောင်မြင်တာမဟုတ်ပါဘူး။
နောက်တစ်ကြိမ် ပိုကောင်းလာဖို့ စတင်နေပြီဆိုတာပါ။ ❤️

ဒီလိုအတွေ့အကြုံလေးတွေက စာအုပ်ထဲက သင်ခန်းစာတစ်ခုထက်ပိုပြီး ကလေးတွေရဲ့ ယုံကြည်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ အနာဂတ်အတွက် လိုအပ်တဲ့ Life Skills တွေကို တဖြည်းဖြည်းတည်ဆောက်ပေးနေပါတယ်။ 🌟

👩‍🏫 မိဘတွေအနေနဲ့ ကိုယ့်ကလေးကို စာမေးပွဲအမှတ်ကောင်းရုံသာမက — စဉ်းစားတတ်၊ ဖန်တီးတတ်၊ ပြောရဲဆိုရဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင်…

တီချယ်တို့ရဲ့ သင်ယူမှုပတ်ဝန်းကျင်မှာ ကလေးတိုင်းကို သူ့ရဲ့အရည်အချင်းနဲ့အညီ တိုးတက်လာနိုင်အောင် အားပေးပျိုးထောင်ပေးနေပါတယ်။ 🌱❤️

🎥 Primary 5(A) အတန်းမှကလေးတွေရဲ့ ကြိုးစားမှုနဲ့ ပျော်ရွှင်မှုတွေကို Video လေးထဲမှာ ကြည့်ရှုပေးပါဦးနော်။

ကလေးရဲ့ အနာဂတ်အတွက် စာသင်ပေးရုံမဟုတ်ဘဲ “သင်ယူတတ်အောင်” ပျိုးထောင်ပေးမယ့် ပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်ပေးလိုက်ပါ။ 💛

ဆုရရှိခဲ့တဲ့ အဖွဲ့(၂)မှကလေးများကို တီချယ်တို့ရဲ့ နောက်နှစ်ဆုပေးပွဲအခမ်းအနားမှာ ဆုပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှင့်။

🏆✨ OUTSTANDING STUDENT OF THE MONTH ✨🏆“စာတော်တဲ့ကလေး” ဖြစ်ဖို့ထက်ကြိုးစားတတ်တဲ့ကလေး ဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။ 🌱ဒီလအတ...
30/08/2026

🏆✨ OUTSTANDING STUDENT OF THE MONTH ✨🏆

“စာတော်တဲ့ကလေး” ဖြစ်ဖို့ထက်
ကြိုးစားတတ်တဲ့ကလေး ဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။ 🌱

ဒီလအတွက်တော့ စာသင်ချိန်တိုင်းမှာ တက်ကြွစွာပါဝင်ပြီး၊
တာဝန်ပေးထားတဲ့အလုပ်တွေကို စနစ်တကျလုပ်ဆောင်ကာ
မိမိကိုယ်တိုင် တိုးတက်လာအောင် အမြဲကြိုးစားခဲ့တဲ့ အတန်းတစ်တန်းချင်းစီက ကလေးတွေကို Outstanding Student of the Month အဖြစ် ဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ 👏🏻🎉

ဒီဆုဟာ အမှတ်အများဆုံးရတဲ့သူကို ရွေးချယ်တာတစ်ခုတည်း မဟုတ်ပါဘူး။

📚 Consistency — ပုံမှန်ကြိုးစားမှု
💪 Effort — အခက်အခဲရှိလည်း မလျှော့တဲ့အားထုတ်မှု
🙋🏻‍♀️ Participation — စာသင်ခန်းထဲမှာ တက်ကြွစွာပါဝင်မှု
🎯 Responsibility — မိမိတာဝန်ကို တာဝန်ယူမှု
🌱 Improvement — မနေ့ကထက် ဒီနေ့ပိုကောင်းလာမှု

အဲဒီလို တကယ့်တိုးတက်မှုတွေကို တန်ဖိုးထားပြီး အသိအမှတ်ပြုဖို့ ဒီအစီအစဉ်လေးကို ပြုလုပ်ပေးထားတာပါ။ ❤️

ကျွန်မတို့အတွက်တော့
ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ အမှတ်စာရင်းထဲက နံပါတ်တစ်ခုတည်း မဟုတ်ပါဘူး။

သူတို့ရဲ့ ကြိုးစားမှုကို မြင်ပေးခြင်း၊
တိုးတက်မှုကို အသိအမှတ်ပြုခြင်း၊
ပြီးတော့ “ငါလည်း လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်လေးကို တည်ဆောက်ပေးခြင်းကလည်း ပညာရေးရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ 🌷

ဒီလအတွက် Outstanding Student ဖြစ်လာတဲ့ ကလေးတွေအတွက်လည်း ဂုဏ်ယူပါတယ်။ 🥰

နောက်လမှာလည်း
“ဘယ်သူက Outstanding Student ဖြစ်မလဲ?” 👀🏆

ကြိုးစားနေတဲ့ ကလေးတိုင်းမှာ
တောက်ပလာမယ့် အခွင့်အရေးတစ်ခု ရှိပါတယ်။ ✨

📩 သားသား/သမီးလေးရဲ့ စာသင်ကြားမှုနဲ့ တိုးတက်မှုကို စနစ်တကျအလေးထားပေးတဲ့ Tuition Environment တစ်ခုကို ရှာနေတယ်ဆိုရင် Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ 💌

Learn with Purpose.
Grow with Confidence.
Achieve with Us. 🌱✨

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှင့်။

09/08/2026

International School ကလေးများအတွက် Online Tution👩‍🏫
မြန်မာပထဝီ/မြန်မာသမိုင်းရော သင်ပေးလား ဆိုသူတွေအတွက်📢
တီချယ်တို့ဆီမှာ လက်ရှိသင်ကြားပေးနေတဲ့ Cambridge/Oxford သင်ရိုးအပြင် မြန််မာစာ မြန်မာပထဝီ မြန်မာသမိုင်းပါ အတန်းတိုင်းကို သင်ကြားပေးပါတယ်။တီချယ်တို့ ကျူရှင်examမှာလည်း ထည့်ဖြေခိုင်းပါတယ်။ဒီနှစ်မှာ မြန်မာသမိုင်း နဲ့ မြန်မာပထဝီ ထည့်သင်ရလို့ အဲ့ဒီဘာသာတွေအတွက် ကျူရှင်လခထပ်ပိုမတောင်းပါဘူးရှင့်။မူလကျူရှင်လခ အတိုင်းပါပဲရှင့်။freeထပ်သင်ပေးတာပါရှင့်။Four Skills Classတွေ အားလုံးကလည်း တီချယ့်ဆီမှာ ကျူရှင်တက်တာနဲ့ freeတက်ခွင့်ရှိတဲ့ အတန်းတွေပါပဲရှင့်။အရာရာခက်ခဲနေတဲ့အချိန်မှာ မိဘတွေကိုလည်း ပိုက်ဆံတွေအများကြီး ထပ်မကုန်စေချင်တဲ့ တီချယ့်ရဲ့ဆန္ဒလေးပါရှင့်။သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေအားလုံးကလည်း တစ်ကယ်အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေကပဲ သင်ကြားပေးနေတာပဲဖြစ်ပါတယ်ရှင့်။

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှင့်။

07/08/2026

ဒီနှစ်မှာဖွင့်ထားတဲ့ တန်းခွဲဟောင်းတွေရော တန်းခွဲအသစ်တွေပါ ကလေးတွေအကုန်ပြည့်အောင် အပ်ပေးကြတဲ့ ကျွန်မကိုယုံကြည်စိတ်ချပေးတဲ့ မိဘတစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။လောလောဆယ်မှာ examတွေနဲ့ အလုပ်ရှုပ်နေတဲ့အတွက် တန်းခွဲအသစ်တွေ ထပ်မဖွင့်သေးတာပါရှင့်။တန်းခွဲအသစ်တွေ ထပ်ဖွင့်ဖို့လည်း ရှိပါတယ်။ကျွန်မရဲ့အဖွဲ့အစည်းလေးတစ်ခု အောင်မြင်လာတာဟာ ကျွန်မဆီမှာ စာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေကြောင့်လည်း အများကြီးပါတာဖြစ်တဲ့အတွက် ကျွန်မရဲ့ ဆရာ၊ဆရာမတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။စာသင်တာလည်းတော်ပြီး စိတ်ဓာတ်ပိုင်းကအစ ပြောစရာမရှိအောင် တစ်ကယ်ကောင်းမွန်တဲ့ ဆရာ၊ဆရာမတွေနဲ့ လက်တွဲခွင့်ရတာဟာ ကျွန်မအတွက်တော့ ကောင်းမွန်တဲ့ဆုလာဘ်တစ်ခုပါ။ကလေးတွေရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်မတို့ဆရာ၊ဆရာမတွေက အမြဲကြိုးစားပေးနေမှာပါရှင့်။

Edit တီချယ်ရသွားပါပြီရှင့်။
28/07/2026

Edit တီချယ်ရသွားပါပြီရှင့်။

28/07/2026
တီချယ်တို့ကျူရှင်ရဲ့ စာမေးပွဲ ပထမဆုံးနေ့ကို ဖြေဆိုနေကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ✍️စာမေးပွဲဆိုတာ ...
23/07/2026

တီချယ်တို့ကျူရှင်ရဲ့ စာမေးပွဲ ပထမဆုံးနေ့ကို ဖြေဆိုနေကြတဲ့ သားသားမီးမီးတို့ရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ✍️

စာမေးပွဲဆိုတာ ရမှတ်တစ်ခုတည်းကို တိုင်းတာဖို့ မဟုတ်ဘဲ ကိုယ်တိုင် ဘယ်လောက်ထိ နားလည်ထားလဲ၊ ဘယ်နေရာမှာ အားနည်းနေသေးလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

စာရွက်ပေါ်မှာ ယုံကြည်ချက်အပြည့်နဲ့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ချင်းစီရဲ့ ကြိုးစားမှုက တန်ဖိုးရှိပါတယ်။ ရလဒ်က ဘယ်လိုပဲ ထွက်လာပါစေ၊ ကြိုးစားခဲ့တဲ့ အချိန်တွေက အနာဂတ်အတွက် အတွေ့အကြုံကောင်းတွေ ဖြစ်လာမှာပါ။

ကျွန်မတို့ကျူရှင်မှာတော့ ဝါရင့်ဆရာ၊ဆရာမကြီးတွေက exam question format နဲ့အညီ ထုတ်ထားတဲ့ မေးခွန်းတွေကို first term,mid term,final ဆိုပြီး စာမေးပွဲကြီး ၃ခါလည်းစစ်ပေးသလို mini test လေးတွေလည်း ကြားထဲမှာ ဖြေဆိုခိုင်းပါတယ်ရှင့်။

ထွက်လာတဲ့ရလဒ်တွေပေါ် မူတည်ပြီး အားနည်းတဲ့ ကလေးတွေကို ဆွဲခေါ်ပြီး ပိုမိုသင်ကြားပေးမှာဖြစ်သလို ရလဒ်ကောင်း ရရှိတဲ့ ကလေးတွေကိုလည်း ပိုမိုကောင်းမွန်တဲ့ရလဒ်တွေရရှိအောင် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးနေ့ စာမေးပွဲကို အေးအေးချမ်းချမ်း၊ ယုံယုံကြည်ကြည်နဲ့ ဖြေဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။နောက်ရက်တွေမှာလည်း အကောင်းဆုံး ဖြေဆိုအောင်မြင်နိုင်ကြပါစေ။

ကြိုးစားမှုတိုင်း အောင်မြင်မှုဆီကို ဦးတည်နေပါတယ်။

👌ကြိုးစားချင်စိတ်လေးသာ ယူလာခဲ့ပါ ရှိနေတဲ့အရည်အချင်းထက် ပိုပြီးတိုးတက်လာဖို့ တီချယ်တို့တာဝန်ထားလိုက်ပါရှင့်။

စုံစမ်းရန်
Phone 09252419912/09983403729/09966487891
Viber 09966487891
ဖုန်းဆက်မရပါကviber(သို့)cbမှာမေးထားလို့ရပါတယ်ရှ

Edit တီချယ်ရသွားပါပြီရှင့်။
28/06/2026

Edit တီချယ်ရသွားပါပြီရှင့်။

Address

Yangon

Telephone

+959252419912

Website

Alerts

Be the first to know and let us send you an email when I Love Myanmarsar Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to I Love Myanmarsar Education Center:

Shortcuts

Share