𝐂𝐇𝐎 𝐓𝐇𝐀𝐑 𝐏𝐘𝐎𝐍𝐄 - အိမ်၊ခြံ၊မြေ၊အကျိုးဆောင်"

  • Home
  • Myanmar
  • Yangon
  • 𝐂𝐇𝐎 𝐓𝐇𝐀𝐑 𝐏𝐘𝐎𝐍𝐄 - အိမ်၊ခြံ၊မြေ၊အကျိုးဆောင်"

𝐂𝐇𝐎 𝐓𝐇𝐀𝐑 𝐏𝐘𝐎𝐍𝐄 - အိမ်၊ခြံ၊မြေ၊အကျိုးဆောင်" ♛ ရိုးသား၊ကြိုးစားလျှင် တိုးပွားမှာ အမှန်။ ✌

တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား******************************************တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လို...
24/08/2023

တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
******************************************

တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
‘တိုက်ခန်းအရောင်းအဝယ်မှာ အခွန်ဆောင်ရပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးလာပါသည်။

”တိုက်ခန်း ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးလို့လား”
စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်းဖြစ်သည်။

”ဝယ်ရောင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် အခုကာလက တိုက်ခန်းတွေ အဝယ်မလိုက်တော့ ဈေးသင့်တာနဲ့ ဝယ်ထားမလားစိတ်ကူးလို့ပါ”

”မှန်ပါတယ်။ အရင်ကာလ ထက်တော့ အိမ်ခြံမြေတိုက်ခန်းတွေ အရောင်းအေးနေတာအမှန်ပဲ”
”အချို့က ပြောတော့ အိမ်၊ ခြံ၊ မြေ ဝယ်ရင် အခွန်ဆောင်တဲ့အတိုင်း တိုက်ခန်းဝယ်ရင်လည်း အခွန်ဆောင်ရမယ်လို့ ပြောတာနဲ့ သူငယ်ချင်းဆီ လာဆွေးနွေးတာ”


”အေး၊ လောလောဆယ်ကတော့ အခွန်ဆောင်ခြင်း၊ မဆောင်ခြင်းက အဓိက မဟုတ်ဘူး။ မိမိဝယ်မယ့် တိုက်ခန်းဟာ အရှုပ်အရှင်းကိစ္စတွေ ရှိ၊မရှိ စုံစမ်းဖို့က အဓိကပဲ”

”အကြမ်းဖျင်းပြောပြပါဦး၊ ဘယ်အချက်တွေကို စုံစမ်းမေးမြန်းထားရမယ်ဆိုတာ”
”အခုဝယ်မယ်လို့ စဉ်းစားထားတဲ့ အဆောက်အအုံက အသစ်လား၊ လူနေပြီးသားတိုက်ခန်းတွေလား”
”အသစ်ပဲ၊ အခုမှ ဆောက်ပြီးတာ ၁ လခန့်ပဲရှိမယ် ထင်တယ်”

”ပထမဆုံး အချက်က မိမိဝယ်မယ့် တိုက်ခန်းဟာ ကန်ထရိုက်တာက အချိုးကျရရှိထားတဲ့ တိုက်ခန်းလား၊ မြေပိုင်ရှင်ရရှိမယ့် တိုက်ခန်းလားဆိုတာ သိထားဖို့ လိုတယ်””ရှိတယ်၊ အဲဒီစံနှုန်းပေါ်မူတည်ပြီး တန်ဖိုးဖြတ်တာဖြစ်တယ်”

”ဒီလိုဆိုရင် တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာရှိမှာပေါ့”

”ရှိတာပေါ့၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်းအထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ်ပေးထားပါတယ်”

”ဝယ်ခွန်ဆောင်မယ်ဆိုရင် အခုသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ဆောင်ကြရမှာပေါ့”

”မှန်ပါတယ်။ ဝယ်ခွန်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုးဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း (၃ဝ)အတွင်း လျှောက်ထားရပါတယ်။ အဲဒီရက် ကျော်ရင်တော့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်”
”အရောင်းအဝယ်စာချုပ် တင်ပြရတာပေါ့”

”မှန်ပါတယ်၊ အရောင်းအဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ်တိုင် သွားရောက်ပြီး တန်ဖိုးဖြတ်ပေးဖို့ လျှောက်လွှာဖြည့်စွက်တင်သွင်းရမှာ ဖြစ်တယ်။ အခက်အခဲမရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ အကူအညီပေးသွားမှာဖြစ်တယ်”

”ဝယ်ခွန်ဆောင်ရင် ဘယ်လိုအကျိုးကျေးဇူး ရနိုင်မလဲ”
”ဒါကတော့ ရှင်းပါတယ်။ ပထမဆုံးအချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါတယ်”

”ပြန်ရောင်းရင် ဘယ်လိုဖြစ်နိုင်သလဲ”
”ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က ရရှိတဲ့အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ်။ ရောင်းရငွေပေါ်မှာ ဆောင်ရမှာမဟုတ်ဘူး”

”ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာက ကောင်းတာပေါ့နော်”
”မှန်ပါတယ်။ အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာတွေ၊ အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ်။ အဲဒီလို အခြေအနေမျိုးမှာဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန်ပေးဆောင်ထားတာ အကောင်းဆုံးပဲ သူငယ်ချင်း”ဟု အကြုံပြု ဆွေးနွေးပေးလိုက်ပါသည်။

Credit By: ထီယု (ဥပဒေ အတိုင်ပင်ခံ)

တိုက်ခန်းဝယ်ယူမယ့်သူတွေ သိရှိထားသင့်တဲ့အချက်များ********************************************************ရောင်းချမည့်သူက ...
24/08/2023

တိုက်ခန်းဝယ်ယူမယ့်သူတွေ သိရှိထားသင့်တဲ့အချက်များ
********************************************************

ရောင်းချမည့်သူက သူပိုင်ဆိုင်ကြောင်း၊ ရောင်းပိုင်ခွင့်ရှိကြောင်းတော့ ထုံးစံအတိုင်းပြောပါစေ။
မြေပိုင်/တိုက်ပိုင်ရှင်က လက်မှတ်ရေးထိုးပေး / မပေးကိစ္စကလည်း အရေးကြီးပါတယ်။
လစဉ်လခနှင့် အခြားဝန်ဆောင်ခများကိစ္စကို သေချာဆွေးနွေးပြီးမှ “ဈေးဆစ်တဲ့အလုပ်” ကိုလုပ်ကြပါ။
ရေမော်တာပါမစ်နှင့် လျှပ်စစ်မီးမီတာ ပါမစ်တို. တောင်းယူဖို. မမေ့ပါနှင့်။
အပျောက်တိုက်ခန်းဆိုတာကလည်း အိမ်ခြံမြေ (သို.) မရွှေ.မပြောင်းနိုင်သော ပစ္စည်းစာရင်းမှာ ပါဝင်နေပါတယ်။ မရွှေ.မပြောင်းနိုင်သော ပစ္စည်းကို ရောင်း/ဝယ်/ပေးကမ်းလုပ်မယ်ဆိုလျှင် နိုင်ငံတော် အစိုးရအသိ
အမှတ်ပြုထားတဲ့ ပုဂ္ဂိုလ် (အရာရှိ) ရှေ.မှာ အရောင်းအဝယ်ပြုလုပ်မှ တရားဝင်ပါတယ်။ ယခုလောလောဆယ် အသိအမှတ်ပြုအရာရှိကတော့စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ ဖြစ်ပါတယ်၊ (တိုင်းဆေးရုံအုပ်ကြီးတို.၊
ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးတို.ရှေ.မှာ လက်မှတ်ရေးထိုးလို. မရပါဘူးလို. ဥပမာပေးပါရစေ)
ဒီတော့အပျောက်တိုက်ခန်းတွေရဲ. ပိုင်ဆိုင်မှုကို ဘယ်လို လုပ်ကြပါ့မလဲ။
ပထမအဆင့် မရတော့လဲ ဒုတိယအဆင့်ပေါ့။
စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိရှေ.ကို ရောက်ဖူးတယ်။ သူ.ရှေ.မှာ လက်မှတ်ရေးထိုးစာချုပ်ချုပ် ဝယ်ယူဖူးတဲ့သူရှိပါတယ်။ သူကတခြားသူမဟုတ်ပါဘူး။ အပျောက်တိုက်ခန်းတို.၏ မြေပိုင်ရှင်/တိုက်ပိုင်ရှင်ပေါ့၊ သူအသိအမှတ်ပြုလည်း မဆိုးလှပါဘူးလို. လုပ်နေကြရတာပါ။
ဒါကြောင့်မြေပိုင်ရှင် / တိုက်ပိုင်ရှင်လက်မှတ်အရေးကြီးပါတယ်လို. အပျောက်တိုက်ခန်းဝယ်ယူ ပိုင်ဆိုင်သူတို.ကို အသိပေးပါရစေ။

ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်) ၏ခွင့်ပြုချက်ရယူမျှဝေပါသည်။

‼️ ဒီအချက်တွေသိမှ တိုက်ခန်းဝယ်ယူပါ။ ‼️*************************************၁။ ရောင်းသူသည် ရောင်းပိုင်ခွင့်ရှိမရှိ စုံစမ်...
23/08/2023

‼️ ဒီအချက်တွေသိမှ တိုက်ခန်းဝယ်ယူပါ။ ‼️
*************************************
၁။ ရောင်းသူသည် ရောင်းပိုင်ခွင့်ရှိမရှိ စုံစမ်းစစ်ဆေးသိရှိထားရပါမည်။ ရောင်းပိုင်ခွင့်မရှိသူထံမှ ဝယ်လျင် နောင်တစ်ချိန် ပြဿနာတက်လာနိုင်ပါသည်။
(ဥပမာ - အမွေဆိုင်တိုက်ခန်းကို အမွေဆိုင်အားလုံး မပါပဲ တစ်ဦးတည်းကရောင်းခြင်း | လင်မယားနှစ်ဦးပိုင်တိုက်ခန်းကို လင် သို့မဟုတ် မယားတစ်ဦးတည်းကရောင်းခြင်း ။ )

၃။ မြေရှင် (သို့မဟုတ်) ကန်ထရိုက်ဆီမှ တိုက်ရိုက်ဝယ်ယူခြင်းမဟုတ်ခဲ့လျှင် အခန်းရောင်းချသူ အဆင့်ဆင့် အဆက်စပ်စာချုပ် ပြည့်စုံမှုရှိ/မရှိစစ်ဆေးရပါမည်။

၄။ B.C.C ရှိ/မရှိစစ်ဆေးရပါမည်။ B.C.C မရှိဘဲ ဝယ်ယူ နေထိုင်သူများရှိသော်လည်း B.C.C ကျပြီးဖြစ်ပါက အကောင်းဆုံးဖြစ်ပါသည်။

၅။ ရေ၊မီး ကိုယ်ပိုင်ဖြစ်/မဖြစ် စစ်ဆေးရပါမည်။ sub မီတာဖြစ်ပါက အခက်အခဲကြုံတွေ့နိုင်ပါသည်။

၆။ ဂျိုးဖြူရေ၊ အဝီစိရေ သေချာမေးမြန်းပါ။ ရေတင်သည့်စနစ်အား မြေရှင်ထံတွင်စုံစမ်းမေးမြန်းသင့်ပါသည်။

၇။ ဝယ်ယူရန် ရည်ရွှယ်သည့် တိုက်ခန်းတွင် အိမ်ငှား ရှိနေပါက မိမိဝယ်ယူပြီးသည့် အချိန်တွင် ရောင်းချသူမှ မည်သို့ မည်သို့ဆောင်ရွက်ပေးမည်ကို သေချာရှင်းလင်းစွာမေးမြန်းပြီးမှ စာချုပ် ချုပ်ဆို ဝယ်ယူသင့်ပါသည်။

၈။ အထူးအရေးကြီးသည်မှာ စရံပေးစာချုပ်ချုပ်ဆိုသည့်အချိန်မှစ၍ အိမ်ခြံမြေကျွမ်းကျင်သည့် ဥပဒေပညာရှင်ဖြင့်သာ စာချုပ်ချုပ်ဆိုဝယ်ယူသင့်ပါသည်။

၉။ သတင်းစာတွင် မဖြစ်မနေ ကြော်ငြာထည့်သင့်ပါသည်။

၁၀။ မြေရှင် အမှန်တကယ် ဟုတ်/မဟုတ် သေချာစုံစမ်းပါ။ မြေရှင်လက်မှတ်အတုထိုးတာမျိုး ကြုံတွေ့နိုင်ပါသည်။ ဝယ်ယူမည့်အခန်းကိုလဲ မြေရှင်ထံမှ မဝယ်ယူခင် သေချာစုံစမ်းသင့်ပါသည်။

၁၁။ အပြီးသတ်စာချုပ်ချုပ်ဆိုပြီးလျှင် တိုက်ခန်းကို လက်ရောက်ယူပါ။

22/08/2023
လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။*****************************▪လယ်မြေ/လယ်ယာမြေတို့ကို ဝယ်လိုလျှင်ရဲရဲသာ ဝယ်ပါ။ ဝယ်ပိုင်ခွင့်ရှိန...
22/08/2023

လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။
*****************************
▪လယ်မြေ/လယ်ယာမြေတို့ကို ဝယ်လိုလျှင်
ရဲရဲသာ ဝယ်ပါ။ ဝယ်ပိုင်ခွင့်ရှိနေပါပြီ။
▪စည်းကမ်း အရတော့ "လယ်မြေ" ဝယ်ရင် လယ်စိုက်ရပါ့မယ်။ ယာမြေ ဝယ်Pရင် "ယာ"စိုက်ရမည်ဖြစ်ပါသည်။
▪အဲဒီလို မစိုက်ချင်ရင်၊ မြေအမျိုးစား ပြောင်းခွင့် တင်လို့ရပါတယ်။ လယ်ယာမြေ ဥပဒေ သစ် ရဲ့ အပိုဒ်(၃၀)
အရပေါ့ (အဟောင်း လ/န ၃၉ လိုပါပဲ)
▪လ/န ၃၉ ဆိုသည်မှာ လယ်ယာမြေကို မြို့မြေ(သို့)
လူနေမြေ အဖြစ်သို့ မြေအမျိုးစား ပြောင်းလဲသတ်မှတ်နိုင်သည့် ပုဒ်မပါ။
▪ပုဒ်မ -၃၈ နှင့် ၃၉ တို့အရ မည်သည့် "လယ်ယာမြေ"ကိုမဆို သင့်တော်သောနည်းလမ်း ၏အတိုင်း မြေအမျိုးစား ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။
▪ယခုချိန်မှာ လယ်ယာမြေ ဥပဒေသစ်(၂၀၁၂)မှာက လ/န ဥပဒေ ထက်တော့ ပိုပြီး ပြည်စုံပါသည်။
▪"အခြားနည်းအသုံးပြု' လို့ခေါ်ဝေါ်တဲ့ (ပုဒ်မ-၃၀(က)(ခ)) ကိုပြောင်းလဲသတ်မှတ်အပြီး "လယ်မြေ' တွေကို (လူနေမြေ) အဖြစ်ပြောင်းလဲ လျှောက်ထားပိုင်ခွင့်၊ ရောင်း၊ ပေါင်၊ငှား၊လဲ ခွင့်နှင့် ဂရံ မြေအထိ အဆင့်ဆင့်
ပြောင်းလဲလျှောက်နိုင်ခွင့် ရမည်ဖြစ်သည်။ ယခုလို လျှောက်ထားနိုင်ရန်အတွက် နည်းဥပဒေ ရဲ့ "ပုံစံ-၁၄' ကို
သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွေမှာ ဝယ်လို့ရပါသည်။

▪ပထမဦးဆုံး အနေနဲ့ ​ကိုယ်ဝယ်ယူမယ့် "လယ်မြေ' ရဲ့
ပုံစံ(၇)ကို မြေစာရင်းဦးစီးဌာနမှာ မှန်/မမှန် အရင်စစ်ဆေးဖို့ လိုပါသည်။ မူရင်း ပုံစံ(၇) ကိုမြင်တွေ့ပြီး စရံငွေပေးပြီး ရပ်ကျေး ဥဏ္ဍဌ နှင့်ညှိနှိုင်းပါ။

▪လယ်မြေ အား ငွေအပြေ ပေးချေတော့မည် ဆိုလျှင်-
၁။ အရောင်းဝယ်ပြုလုပ်ရန် အတွက် ထုတ်ယူထားသော ပုံစံ-၁၀၅ တောင်းပါ။
၂။ ပုံစံ-၁၀၅ မှ ပိုင်ရှင်က ဝယ်ယူသူသို့ လွှဲ ပေးသော
SP လည်း ရရှိပါစေ။
၃။ ထို့အပြင် ပုံစံ(၇)မူရင်းလည်း ယူရပါရမည်။
၄။ အထက်ပါအကြောင်းရာများအား စီစစ်ဝယ်ယူပြီးလျှင် "တံဆိပ်ခေါင်းခွန်' နှင့်"မှတ်ပုံတင်ကြေး' တို့ပေးဆောင်၍ မြို့နယ်မြေစာရင်းမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။ ၄င်းစာချုပ်ချုပ်ဆိုပြီးပါက မိမိဝယ်ယူထားသော
"လယ်မြေ' ကွက်ကို ကိုယ့်အမည်(ဝယ်ယူသူအမည်) ပြောင်း ၍ ရပါပြီ။

▪ထိုနည်းတူ "လယ်ယာမြေ'မှ လူနေမြေ သို့ လျှောက်မည်ဆိုပါက ပုံစံ-၁၄. ဝယ်ယူအပြီး မြို့နယ် မြေစာရင်းသို့ ပုံစံ-၁၀၆ အား လိုအပ်ပါက လျှောက်ထားရမည်။
▪ အဆင့်မများပါ။ လွယ်ကူ ရိုးရှင်းပါသည်။

ဒါလေးထပ်ဖတ်ဖို့လည်း မမေ့ပါနဲ့ လယ်မြေပဲဝယ်ဝယ်၊ လယ်ယာမြေပဲ ဝယ်ဝယ် အဆင့် (၁၀) ဆင့် မဖြစ်မ ေနလုပ်ေဆာင်ပါ
▪ယခုချိန် မြေကွက်အား ရေရှည်စီမံကိန်းဖြင့် ရင်းနှီးမြုပ်နှံရန် အစီစဥ်ရှိသော မည်သူမဆို ငွေနည်းနည်းပေးပြီး မိမိပြန်ရောင်းထုတ်ချိန် စျေးကောင်းကောင်းပြန် ဖို့ရန်အတွက် လယ်မြေ များသည် အထူးစဥ်းစားရမည့် အချက်များထဲ ပါဝင်နေပါသည်။
▪အချက်ချာကျ ပြီး အရပ်လေးမျက်နှာ၌ စီမံကိန်းများ တဖြည်းဖြည်းနဲ့ တိုးတက်လာ၍ အစိုးရ ရာပြည့် Plan များ အရှိန်တင်နေသော နေရာအနီးနား လယ်မြေ များသည် နောင်တစ်ချိန်မှာ "ရွှေ' ဖြစ်လာမည်ဟု အကြံပြုရင်း။

လေးစားစွာဖြင့်🙏
အိမ်ခြံမြေ အဝယ်ဖြစ်ဖြစ်၊ အရောင်းဖြစ်ဖြစ်
သိလိုသမျှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
credit

21/08/2023

အိမ်ရောင်းမည်။
မြောက်ဥက္ကလာ ဌရပ်ကွက်
အကျယ်ဝန်း ၁၀ပေ၆၀ အပြည့်ဆောက်ထားပါသည်။
ဂရန်မြေ
စျေး-သိန်း၈၀၀
ဆက်သွယ်ရန် 09-966941656

မြေအမည်ပေါက် ပြောင်းမယ်ဆိုရင်*********************************ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လယ်မြေ၊ ဥယျာဉ်မြ...
21/08/2023

မြေအမည်ပေါက် ပြောင်းမယ်ဆိုရင်
*********************************

ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လယ်မြေ၊ ဥယျာဉ်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ သာသနာပိုင်မြေ နှင့်ပတ်သတ်ပြီး မိမိအမည်ပေါက်ရဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် လျောက်ထားနိုင်ပါတယ်။



မြေကို ပိုင်ဆိုင်သူအမည်ပေါက် လျှောက်ထားရာမှာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ မြေပုံနဲ့မြေရာဇဝင်ကို ခရိုင်အလိုက် လျှောက်ထားကူးယူပြီး ပိုင်ဆိုင်မှုစာချုပ်၊ စာတမ်းပြပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။



မြေပုံရာဇဝင် လျောက်ထားကူးယူရာမှာ ကိုယ်တိုင်လျောက်ထားရင် ပိုင်ဆိုင်ကြောင်းစာချုပ် ၊ မှတ်ပုံတင်မိတ္ထူ၊ နောက်ဆုံးတင်သွင်းခဲ့တဲ့ မြေခွန်ပြေစာတွေကို ပူးတွဲတင်ပြရမှာ ဖြစ်ပြီး ကိုယ်စားလှယ်လျောက်ထားရင်

ပိုင်ဆိုင်ကြောင်းစာချုပ် ၊ မှတ်ပုံတင်မိတ္ထူ၊ နောက်ဆုံးတင်သွင်းခဲ့တဲ့ မြေခွန်ပြေစာ (၃)ခုအပြင် ကိုယ်စားလှယ်လွှဲစာ၊ သက်ရှိထင်ရှားရှိကြောင်း ကျမ်းကျိန်လွှာတို့ကိုပါ ဖော်ပြရမှာပါ။

ကွန်လွန်သူဖြစ်ပါက သေစာရင်း၊ အမွေဆက်ခံခွင့် ကျမ်းကျိန်လွှာ၊ ပတ်ဝန်းကျင်မှ ထောက်ခံကြောင်း ကျမ်းကျိန်လွှာ(၄လထက်မပိုစေရ) တို့ကိုပါ တင်ပြရပါမယ်။



စာချုပ်၊ စာတမ်းမှတ်ပုံတင်ရုံးတွင် မိမိတို့ချုပ်ဆိုသော စာချုပ်အလိုက် မှတ်ပုံတင်သွင်းချုပ်ဆိုပြီးပါက သက်ဆိုင်ရာမြို့မြေစာရင်းတွင် အမည်ပေါက်သတ်မှတ်ရန် အထက်ပါ စာချုပ်စာတမ်းများအပြင် နောက်ဆုံးချုပ်ဆိုခဲ့သော စာချုပ်၊ အခွန်ပြေစာ တို့ကိုပါ ထပ်မံတင်ပြပြီး မြေအမည်ပြောင်းပေးရန် ထပ်ဆင့်လျှောက်ထားရမှာဖြစ်ပါတယ်။



လျှောက်ထားပြီးရင် တရားဝင်ပိုင်ဆိုင်တဲ့ မြေကွက် အမည်ပေါက် ဖြစ်ပါပြီ။


credit
Written By: Shwe Kyaw (ShweProperty.com)

အိမ်ရောင်းမည်။မြောက်ဥက္ကလာ ဌရပ်ကွက်အကျယ်ဝန်း ၁၀ပေ၆၀ အပြည့်ဆောက်ထားပါသည်။ဂရန်မြေစျေး-သိန်း၈၀၀ဆက်သွယ်ရန် 09-966941656
20/08/2023

အိမ်ရောင်းမည်။
မြောက်ဥက္ကလာ ဌရပ်ကွက်
အကျယ်ဝန်း ၁၀ပေ၆၀ အပြည့်ဆောက်ထားပါသည်။
ဂရန်မြေ
စျေး-သိန်း၈၀၀
ဆက်သွယ်ရန် 09-966941656

အိမ်ခြံမြေအကြောင်း သိကောင်းစရာဂရန်သက်တမ်းတိုး လျှောက်ထားတာနဲ့ မြေငှားဂရန်မိတ္တူ လျှောက်မယ်ဆိုရင်-လျှောက်ထားသူရဲ့     နို...
18/08/2023

အိမ်ခြံမြေအကြောင်း သိကောင်းစရာ

ဂရန်သက်တမ်းတိုး လျှောက်ထားတာနဲ့ မြေငှားဂရန်မိတ္တူ လျှောက်မယ်ဆိုရင်-

လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဓာတ်ပုံမိတူ။
ကိုယ်ပိုင်အမည်ပေါက်နာမည်ရှိ သူကိုယ်တိုင်။
မူရင်းဂရန်နဲ့ ပူးတွဲပါမြေပုံ။
ပိုင်ဆိုင်ကြောင်း အထောက်အထားမှတ်ပုံတင် စာချုပ်စာတမ်းများ။
မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာတို့ လိုအပ်ပါတယ်။

ဂရန်သက်တမ်းတိုးလျှောက်ထားရာမှာ မြေကွက်ကို ဂရန်သက်တမ်းတိုးပေးရန် သင့်မသင့်၊ မြေရာဇဝင်မှာ ကန့်ကွက်ချက်ရှိမရှိစိစစ်ပြီး ကြော်ငြာစာကို အမည် ပြောင်းလျှောက်ထားစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရပါမယ်။ ကန့်ကွက်သူမရှိဘဲ ပြည့်စုံမှန်ကန်ပါက စည်ပင်သာယာရေးကော်မတီကို တင်ပြပြီးကော်မတီက သဘော တူပါက နှစ် ၆၀ မြေငှားဂရန်ထုတ်ပေးပါတယ်။

မြေငှားဂရန်မိတ္တူလျှောက် ထားခြင်း
(က) နိုင်ငံသား စိစစ်ရေးမိတ္တူ။
( ခ ) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားရန်။
(ဂ) မှတ်ပုံတင်စာချုပ်စာတမ်းများ။
(ဃ) တရားရုံးအမိန့်ဒီဂရီ။
(င) ရဲစခန်းတိုင်တန်းချက်။

ဂရန်မိတ္တူကို မူလအမည်ပေါက်အတိုင်း နာမည်နဲ့ထုတ်ပေးပါတယ်။
စိစစ်ခြင်း။
(က) သတ်မှတ်ပုံစံနဲ့ ပိုင်ဆိုင်မှုအထောက်အထားပြည့်စုံမှုရှိ မရှိစိစစ်ခြင်း။
(ခ) ကန့်ကွက်ရန် ကြော်ငြာတစ်လထုတ်ပြန်ခြင်း။
(ဂ) တစ်လပြည့်ပြီး မြေစာရင်းနဲ့ ပိုင်ဆိုင်မှု တရားရုံးအမိန့်ဒီဂရီများစိစစ်ခြင်း။
(ဃ) မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကန့်သတ်ဥပဒေနဲ့ ငြိစွန်းခြင်းရှိ မရှိ စစ်ဆေးခြင်း။
(င) လိုအပ်ပါက သတင်းစာမှာ ကြော်ငြာထည့်သွင်းခြင်း။
(စ) ပြည့်စုံမှန်ကန်ပါက စည်ပင်သာ ယာရေးကော်မတီကို တင်ပြ ခြင်း။

ဂရန်မိတ္တူသတ်မှတ်အခွန် တံဆိပ်ခေါင်းကပ်ပြီး ထုတ်ပေးပါတယ်။

"ဥယျာဉ်ခြံမြေ အကြောင်း သိကောင်းစရာ"@ ပုံစံ(၁၇)နဲ.ပတ်သက်ပြီး သိချင်ပါတယ်။အဆောက်အအုံဆောက်လို.ရနိုင်ပါသလား။ # ပုံစံ (၁၇)ဆို...
18/08/2023

"ဥယျာဉ်ခြံမြေ အကြောင်း သိကောင်းစရာ"

@ ပုံစံ(၁၇)နဲ.ပတ်သက်ပြီး သိချင်ပါတယ်။
အဆောက်အအုံဆောက်လို.ရနိုင်ပါသလား။

# ပုံစံ (၁၇)ဆိုတာကတော့ မြို.နယ်လယ်ယာမြေ စီမံခန်.ခွဲမှုအဖွဲ.က
ထုတ်ပေးတဲ့ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုအလိုက်
မြေနုကျွန်းမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း လက်မှတ်ကို ပြောတာပါ။
"ဥယျာဉ်မြေ ပေ၄၀x ပေ၆၀ကို အဆောက်အအုံဆောက်လုပ်နိုင်ပါတယ်
ကြေညာထားရင်"
အဲသည်မြေဟာ ရွာမြေဖြစ်ပါလိမ့်မယ်။
ရွာမြေတွေက ဂရန်မလိုပါဘူး။ ဘိုးဘွားလက်ထက်ကတည်းက
နေလာကြတဲ့ မြေမျိုးဖြစ်ပါတယ်။
မြို.မြေစာရင်းမှာ ဥယျာဉ်ခြံမြေလို.ပဲ သတ်မှတ်ထားတယ်လို.
သိရပါတယ်။

@ ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင်
ဘယ်လိုဆောင်ရွက်နိုင်သလဲ။
စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရပါသလား။

# ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ.ဆက်စပ်နေတဲ့မြေလား၊ ရွာမြေလား
(ဒါမှမဟုတ်) ဥယျာဉ်ခြံမြေပါ လို.
မြို.နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး
တရားဝင်သတ်မှတ်ထားတာလား သိဖို.လိုတယ်။
ရွာမြေ ဒါမှမဟုတ်ရွာနဲ.ဆက်စပ်မြေတို.ကို ဝယ်မယ်ဆိုရင်
နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ.
ဝယ်လို.ရတယ်။
စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ်
ချုပ်လို.မရပါဘူး။

*** အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင်
ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ
အထောက်အထားမရှိလို.ပါ။
လက်လွှဲလက်ပြောင်းပြုလုပ်ထားကြောင်း သက်သေအနေနဲ.
ကျေးရွာအုပ်ချုပ်ရေးမှူးရှေ.မှာ ပြုလုပ်ထားသင့်ပါတယ်။
G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက
တိုက်ရိုက်ဝယ်ရင်တော့ မြို.နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ
ဥယျာဉ်ခြံမြေလုပ်ကိုင်သူ
အမည်ပြောင်းပေးဖို.လျှောက်နိုင်တယ်။ ***

၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်မှာ
ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူရဲ.နာမည်နဲ.
ထွက်လာပါလိမ့်မယ်။

စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရအောင်တော့
မိမိဝယ်ထားတဲ့ မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ
တင်ပြရမှာပါ။

ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံရင် နှစ်ထပ်တိုက်လောက်အထိ
ခွင့်ပြုထားတယ်လို. သိရပါတယ်။

18/08/2023

တိုက်ခန်း ငှါးရန်ရှိသည်။
မြောက်ဥက္ကလာ/ဌရပ်ကွက် သစ္စာပန်း လမ်းမပေါ်
စျေးနီး ကားဂိတ်နီး အောင်မင်္ဂလာအဝေးပြေး အနီး
ဗိုလ်ထိုင်အိမ်သာ ရေချိုးခန်းအပါ
အကျယ်ဝန်း 13ပေ60
တစ်လ 250000
အကျိုးဆောင်
09-966941656

ဒဂုံဆိပ်ကမ်းမြို့နယ် 168 ရပ်ကွက်ညနေစျေးလမ်းမပေါ် ဒေါင့်ကွက်စျေးရုံစီမံကိန်းမျက်နှာချင်းဆိုင် ဖောင်ဒေးရှင်းချပြီးသား မြော...
18/08/2023

ဒဂုံဆိပ်ကမ်းမြို့နယ် 168 ရပ်ကွက်
ညနေစျေးလမ်းမပေါ် ဒေါင့်ကွက်
စျေးရုံစီမံကိန်းမျက်နှာချင်းဆိုင်
ဖောင်ဒေးရှင်းချပြီးသား မြောင်းလုပ်ပြီးသာ
၂၀*၆၀ မြေပိုအများကြီးပါခြံကွက်
ရောင်းမည် သိန်၆၀၀ လယ်မြေပါ နေရာအရမ်းကောင်းပါတယ်
ဘီယာဆိုင်၊လက်ဖက်ရည်ဆိုင် ဖွင့် လို့ကောင်းသောနေရာ
အခုဝယ် အခုဆောက် အခုဆိုင်ဖွင့်စားရုံပါ ဒေါင့်ကွက့်မို့ မြေပိုအများကြီးပါ
09966941656
အကျိုးဆောင်များလည်းဖိတ်ခေါ်ပါတယ်

Address

Yangon
11031

Telephone

+959966941656

Website

Alerts

Be the first to know and let us send you an email when 𝐂𝐇𝐎 𝐓𝐇𝐀𝐑 𝐏𝐘𝐎𝐍𝐄 - အိမ်၊ခြံ၊မြေ၊အကျိုးဆောင်" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐂𝐇𝐎 𝐓𝐇𝐀𝐑 𝐏𝐘𝐎𝐍𝐄 - အိမ်၊ခြံ၊မြေ၊အကျိုးဆောင်":

Share

Category