Lady Boss Property Agency

Lady Boss Property Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lady Boss Property Agency, thingankyun, Yangon.

🏰"စိတ်ချမ်းမြေ့တဲ့ နေထိုင်မှု၊ Lady Boss နဲ့ အစပြု"🚘
💵 Lady Boss အိမ်ခြံမြေ ဝန်ဆောင်မှုသည် လူကြီးမင်းတို့၏ အဖိုးတန်လှသော အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ကိစ္စရပ်များကို စိတ်အေးချမ်းသာစွာဖြင့် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်သော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။🤝

24/06/2026

🎇🏡တိုက်ခန်းအရောင်း

#ကုမ္ပဏီရုံးခန်းဖွင့်မလား၊ မိသားစုများများနဲ့ လူနေမလား၊ အဆောင်ဖွင့်ငှားစားမလား...?

🏙 ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာ မြန်မာပလာဇာ၊စင်ထရယ်စင်တာ၊ဆီဒိုးနားဟိုတယ်၊အင်းလျားကန်တို့အနီးအနားမှာရှိပြီး ၂၄ နာရီဝန်းကျင် စည်ကားပြီး ရုံးနီး၊ကျောင်းနီး၊ဆေးရုံနဲ့ ကားဂိတ်နီးတဲ့နေရာ လိုချင်တိုင်း ရှာမရနိုင်တဲ့ နေရာနဲ့ စျေးနှုန်း...

🌆 စီးပွားရေးလုပ်ငန်းလုပ်လို့ကောင်း၊လူနေထိုင် သွားလာလို့ အဆင်ပြေမယ့် လူစည်ကားတဲ့

ရန်ကင်း(၁၂)လုံးတန်း ရန်ရှင်းလမ်းက မြေညီထပ် (အောက်ထပ်)အိမ်ခန်း အမြန်ရောင်းမည်။

၁။ ဧည့်ခန်း တစ်ခန်း(12'x16')

၂။ အိပ်ခန်း(3)ခန်း ( 10'x10' တစ်ခန်း၊ 10'x9' နှစ်ခန်း )

၃။ အိပ်ခန်းနှစ်ခန်းရှေ့ရှိလျှောက်လမ်း (17'x3')

အခန်းကျဉ်း(2)ခန်း (8'6' တစ်ခန်း၊ 6'x5' တစ်ခန်း)

၄။ ခြံထဲတွင်သီးသန့်အဆောင် တစ်ခု (15'x11')

၅။ မီးဖိုချောင်+ထမင်းစားဆောင် (11'x9')

၆။ ဘိုထိုင်အိမ်သာ+ရေချိုးခန်း (4'x6')

၇။ ရိုးရိုးအိမ်သာ (1)လုံး

၈။ နောက်ဘက် မြေပို (14'x11' / 25'x12')

၉။ ရေလိုင်း ၂ လိုင်းရှိ (စည်ပင်ရေလိုင်း၊ ဂျပန်ရေလိုင်း)

၁၀။ အုတ်ရေကန်(1)ကန် (3'x3.5'x2.5')

🏡ခေါ်စျေးကတော့ ဒီခေတ် ဒီစျေးနဲ့ တန်တန်လေးရမယ့်
သိန်း ၄၅ဝဝ(ညှိနှိုင်း)

🌆 စာရွက်စာတမ်း အိမ်ပိုင်ရှင်မူရင်းအပြည့်အစုံ

#အိမ် ကြည့်မယ်ဆို ကြိုတင်ဆက်သွယ်ပါ..

09-267818743
09-696495691


#ရန်ကင်းမြို့နယ် #ဈေးတန်အိမ်ခန်း

https://vt.tiktok.com/ZSCLeXE5k/

24/06/2026

📍စျေးတန်တိုက်ခန်းအရောင်း (သိန်း၂၁၅၀)
📣ပတ်ဝန်းကျင်သန့်၊ နေရာကောင်း
📣စျေး/ ကျောင်း /ကားဂိတ်နီး
📣ကမ္ဘာအေးဂမုန်းပွင့် ကပ်လျက်📣တိုက်ခန်း အလွှာနိမ့် ရောင်းမည်။

📍မရမ်းကုန်းမြို့နယ်၊ (၉) ရပ်ကွက်
📍ကမ္ဘာအေးအိမ်ယာ
📍ကမ္ဘာအေးဘုရား လမ်းမကြီးကျောကပ်

☑ 15 ပေ x 55 ပေ
☑ 2nd Floor (ဒုတိယထပ်)
☑ ပါကေးခင်း
☑ နံရံကြေပြားကပ်
☑ Fully Decorated

🔘 စာရွက်စာတမ်း အစုံအလင်ရှိ
🔘 အရှုပ်အရှင်းကင်း

အိမ်ကြည့်ရန် ၃နာရီကြိုချိန်းပါ။

💰အကျိုးဆောင်များ 3:1 ယူပါ။

☎️09-267818743
☎️09-696495691

#တိုက်ခန်းအရောင်း #မရမ်းကုန်း #ကမ္ဘာအေး


https://vt.tiktok.com/ZSQ7Lo6xY/

24/06/2026

ဒဂုံဆိပ်ကမ်းမြို့နယ်
🏠ကနောင်အိမ်ယာ အပိုင်း(1)
ပထမထပ်၊ (20×25)ပေ။
လမ်းသန့်၊ နေရာကောင်း။

💸သိန်း(770)💸
👉(24.6.2026)ပေါက်ဈေး👈

အချိန်နှင့်အမျှ ဈေးအတက်မြန်တဲ့အခန်းကောင်းတွေ ဖြစ်ပါတယ်။

အကျိုးဆောင်များ (3:1) ယူပါ

09-267818743
09-696495691

#တန်မှတန်နော်မြန်မြန်လာဝယ်လိုက်တော့ #ဒဂုံဆိပ်ကမ်း #အိုးအိမ်တိုက်ခန်း #တန်ဖိုးနည်းအိမ်ယာ

https://vt.tiktok.com/ZSQ7a33om/

ပုံစံ(၇) လယ်ယာ​မြေလုပ်ပိုင်ခွင့်လက်မှတ်
17/02/2026

ပုံစံ(၇) လယ်ယာ​မြေလုပ်ပိုင်ခွင့်လက်မှတ်

 ゚viralシ
16/02/2026

゚viralシ

18/01/2026

📣💥ပုဗ္ဗသီရိ၌ မြေကွက် ၇၂ ကွက် လေလံတင် ရောင်းချမည်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့မှာရှိတဲ့ ပေ ၂၀၀ ပတ်လည် မြေကွက် ၇၂ ကွက်ကို ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချ သွားမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

မြေကွက်ဝယ်ယူချင်သူတွေအနေနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှာ လျှောက်ထားရမှာဖြစ်ပြီး လျှောက်လွှာတစ်စောင်ကို ကျပ်တစ်သိန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

မြေကွက်တစ်ကွက်ကို လေလံ အာမခံကြေးအဖြစ် ကျပ်သိန်း ၂၀၀၀ ကို လျှောက်လွှာနဲ့အတူ တစ်ပါတည်း ပေးသွင်းရမှာဖြစ်ပြီး မြေကွက်တန်ဖိုးကတော့ လေလံပွဲကျင်းပတဲ့နေ့မှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမှာ ဖြစ်လို့ မသိနိုင်သေးဘူးလို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လူတစ်ယောက်ကို မြေကွက်တစ်ကွက်သာ ဝယ်ယူခွင့်ရရှိမှာဖြစ်ပြီး လေလံမအောင်တဲ့သူတွေကတော့ ပေးသွင်း ထားတဲ့ လေလံအာမခံကြေး ကျပ်သိန်း ၂၀၀၀ ကို လေလံပွဲ ကျင်းပအပြီး ၁၄ ရက်အတွင်းမှာ ပြန်ထုတ်ယူခွင့်ပြုမယ်လို့ ဆိုပါတယ်။

မြေကွက်ဝယ်ယူချင်သူတွေအနေနဲ့ လျှောက်လွှာပုံစံတွေကို ဇန်နဝါရီ ၁၅ ရက်မှာ ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ လျှောက်လွှာပုံစံတင်သွင်းတာ ပိတ်မှာဖြစ်ပါတယ်။

ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချမဲ့ လေလံပွဲကိုတော့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာ ခန်းမမှာ လာမဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Credit To Orginal
SBN Real Estate

18/01/2026

📣💥လှည်းကူး၊ တိုက်ကြီးဘက်မှာ မြေဝယ်ပြီး ငှက်ပျောစိုက်ရင် အမြတ်ကြမ်းနိုင်သလား? 🍌💰

​ရန်ကုန်မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး ဒေသတွေဟာ ငှက်ပျောစိုက်ပျိုးဖို့ မြေဆီလွှာ အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။

အခုနောက်ပိုင်း ရန်ကုန်ဈေးကွက်မှာ ငှက်ပျောသီးဈေးကလည်း ပုံမှန်ရှိနေတာကြောင့် တစ်ဧကစိုက်ရင် ဘယ်လောက်ကုန်ပြီး ဘယ်လောက်ပြန်ရမလဲဆိုတာ တွက်ချက်ကြည့်ရအောင်ပါ။

​၁။ အပင်ဦးရေနှင့် မျိုးရွေးချယ်မှု

​၁ ဧကမှာ ၈ ပေ x ၈ ပေ စနစ်နဲ့ စိုက်မယ်ဆိုရင် အပင်ဦးရေ ၆၈၀ ဝန်းကျင် ဝင်ပါတယ်။ လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံးဖြစ်တဲ့ "ဖီးကြမ်း" ကို အခြေခံပြီး တွက်ပြပါရစေ။

​၂။ ကုန်ကျစရိတ် ခန့်မှန်းခြေ (ပထမတစ်နှစ်)

​မျိုးတက်ဖိုး: ၆၈၀ ပင် x ၇၀၀ ကျပ် ≈ ၄ သိန်း ၇ သောင်းကျော်
​မြေပြင်စရိတ်: ထွန်ယက်ခြင်း၊ ကျင်းတူးခြင်း၊ မြောင်းဖော်ခြင်း ≈ ၅ သိန်းဝန်းကျင်
​မြေဩဇာနှင့် ဆေးဖိုး: နွားချေးနှင့် ဓာတ်မြေဩဇာများ ≈ ၇ သိန်းဝန်းကျင်
​လုပ်အားခနှင့် အထွေထွေ: ပေါင်းရှင်း၊ ရေလောင်း၊ သားတက်နှုတ် ≈ ၅ သိန်းဝန်းကျင်
​စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု: သိန်း ၂၀ ကျပ် ဝန်းကျင် (ဒေသအလိုက်နှင့် သုံးစွဲမှုအလိုက် ကွာခြားနိုင်သည်)

​၃။ ဝင်ငွေပြန်ရနိုင်ခြေ (Harvest)

​ငှက်ပျောဟာ စိုက်ပြီး ၁၀ လကနေ ၁၂ လအတွင်း စတင်ခုတ်ရပါတယ်။
​၁ ဧကမှာ ပျမ်းမျှ အခိုင် ၆၀၀ ထွက်တယ်ဆိုပါစို့။

​လက်ရှိ ပေါက်ဈေး (ဖောက်သည်ဈေး) အနိမ့်ဆုံး တစ်ခိုင်ကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ် ကြား ရှိပါတယ်။
​ပျမ်းမျှ ၆,၀၀၀ ကျပ်နဲ့ မြှောက်ရင် = ၃၆ သိန်းကျပ်

​၄။ အသားတင်အမြတ်

​ပထမနှစ်မှာ ရင်းနှီးစရိတ် သိန်း ၂၀ နုတ်ရင် အသားတင်အမြတ် ၁၆ သိန်း ဝန်းကျင် ကျန်ပါမယ်။

​ထူးခြားချက်: ဒုတိယနှစ်ကစပြီး မျိုးဖိုးနဲ့ မြေပြင်စရိတ် မလိုတော့သလို၊ သားတက်တွေကနေပါ ထပ်ထွက်လာတာကြောင့် အမြတ်က နှစ်ဆနီးပါး တက်လာနိုင်ပါတယ်။

​💡 ဘာကြောင့် လှည်းကူး/တိုက်ကြီးဘက်မှာ စိုက်သင့်တာလဲ?

​၁။ သယ်ယူစရိတ် သက်သာခြင်း: ရန်ကုန် သီရိမင်္ဂလာဈေးနဲ့ နီးတဲ့အတွက် ကားခ သက်သာပါတယ်။

၂။ မြေဆီလွှာ အခြေအနေ: ရေစိမ့်ဝင်မှုကောင်းတဲ့ မြေနီဂဝံနဲ့ နုန်းမြေရောလို့ ငှက်ပျောအရသာ ပိုချိုပါတယ်။

၃။ ဘေးထွက်ဝင်ငွေ: ငှက်ပျောရွက်၊ ငှက်ပျောဖူးတွေကလည်း နေ့စဉ်ဝင်ငွေ ဖြစ်စေပါတယ်။

​⚠️ သတိပြုရန်

​ငှက်ပျောဟာ "ရေကြိုက်ပေမယ့် ရေမဝပ်ရဘူး" ဆိုတာကိုတော့ မမေ့ပါနဲ့။ ရန်ကုန်မှာ မိုးများတဲ့အတွက် မြောင်းစနစ် ကောင်းကောင်းလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

​အနှစ်ချုပ်: ငှက်ပျောစိုက်ပျိုးရေးဟာ တစိုက်မတ်မတ် ဂရုစိုက်ရင် အရှုံးမရှိတဲ့ လုပ်ငန်းတစ်ခုပါ။ အခုကတည်းက မြေပြင်၊ မျိုးရှာပြီး မိုးဦးကျမှာ အမိအရ စိုက်ပျိုးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
​ #စိုက်ပျိုးရေး #ငှက်ပျောစိုက်ပျိုးရေး #လှည်းကူး #တိုက်ကြီး #စိုက်ပျိုးရေးဗဟုသုတ

🏘တိုက်ခန်းအငှား🧧တစ်လ (၃) သိန်းခွဲ (၆ လချုပ်)/ 🧧စပေါ်နှင့်ငှားလိုပါက စပေါ် သိန်း (၁၀၀) လစာ (၂သိန်း) လချင်းပေး။🧧အကျိုးဆောင...
16/01/2026

🏘တိုက်ခန်းအငှား🧧တစ်လ (၃) သိန်းခွဲ (၆ လချုပ်)/ 🧧စပေါ်နှင့်ငှားလိုပါက စပေါ် သိန်း (၁၀၀) လစာ (၂သိန်း) လချင်းပေး။

🧧အကျိုးဆောင်များ 1:1 ယူပါ။🤝

🏗၁၂ ပေခွဲ × ပေ ၅၀
စတုတ္ထထပ်(၅လွှာ)
ဒေါပုံမြို့နယ်။ လက်ရှိအိမ်ငှားရှိပြီး February(၅)ရက်နေ့ အိမ်ငှား ဆင်းပါမည်။ စာချုပ် ကြိုချုပ်ထားလို့ရပါသည်။💵

🚦လိပ်စာ*သဒ္ဒါရုံမှတ်တိုင်အနီး🚥သာကေတ/ဒေါပုံ Capital Hyper Market သွားတဲ့ မင်းနန္ဒာလမ်းမကြီးနဲ့ ကျောကပ်လမ်းမှာပါ။

🏦CB Bank(Daw Pone), Fortune Plaza, G&G 24hrs Convenience Store, Pizza King, Teatalk Tea Shop တို့နဲ့လည်း အနီးဆုံးမှာ ရှိပါတယ်။

အိမ်ရှေ့ Koreaပါကေးခင်းထားပြီး၊ မီးဖိုခန်း၊ ရေချိုးခန်းနဲ့ အိမ်သာမှာ ကြွေပြားအပြည့်ကပ်ထားပါတယ်။ အိမ်ရှေ့/နောက် ဝရံတာတွေနဲ့ တိုက်ဘေးပတ်လည်မှာ သံပန်းအပြည့် တပ်ထားပါတယ်။ ဘုရားဆောင်လည်း ပါပြီးသားပါ။

မီးဖိုခန်းကို အဆင့်မြင့် ပြင်ဆင်ထားပါတယ်။ Slide တံခါးနဲ့ အိပ်ခန်းတစ်ခန်းလည်း ပါပါတယ်။ Air-Con တပ်ဖို့ နံရံအသင့် ဖောက်ပေးထားပါတယ်။ အဝတ်လျှော်စက်ထားတဲ့နေရာမှာလည်း ရေဘုံဘိုင်ခေါင်း အသင့် တပ်ပြီးသားပါ။ ရေချိုးခန်းရေစင်ကို ရေအားကောင်း မော်တာ တပ်ပေးထားပါတယ်။ အိမ်သာ ဘိုထိုင်ပါ။ အိမ်ရှေ့ခန်းနဲ့ မီးဖိုခန်းကြားမှာလည်း တံခါးသပ်သပ် တပ်ထားပေးပါတယ်။ တစ်အိမ်လုံးက မီးချောင်းတွေကို အာမခံ LED ၃ချောင်းတွဲတွေ ဆင်ထားတာမို့ အလင်းအားကောင်းပြီး မီတာခ သက်သာပါတယ်။

လိုက်ကာတပ်ဖို့ စတီးလုံးတွေလည်း ပြုတင်းပေါက်တိုင်းမှာ တပ်ထားပြီးသားပါ။ ပြုတင်းပေါက်မှန်တွေကိုလည်း အဝါးတွေတပ်ထားတာမို့ အိမ်တွင်းကို မမြင်ရပါဘူး။ (လုံခြုံမှုရှိပါတယ်။)

တိုက်အောက်မှာ လူကြီး/ကလေး လေ့ကျင့်ခန်းလုပ်လို့ရတဲ့ အားကစားနေရာလေးလည်း ရှိပါတယ်။ အလှပြင်ဆိုင်လည်း မြေညီထပ်မှာ ဖွင့်ထားတာမို့ ခေါင်းလျှော်ချင်ရင် ဆင်းလျှော်ရုံပါပဲ။

*မြေရှင် သဘောကောင်းပါတယ်။*

*ကိုယ်ပိုင်မီတာ၊ ကိုယ်ပိုင်မော်တာနဲ့ပါ။ လူနေထိုင်ခွင့်(BCC) ကျပြီးသား တိုက်ပါ။*

(အိမ်ရှေ့ခန်းကို ကိုရီးယားပါကေးအပြည့် ခင်းထားတာမို့ ရေစိုရွှဲတာ မခံပါဘူး။ ဆေးအသစ်သုတ်ထားတာမို့ နံရံကို သံရိုက်တာ အဆင်မပြေပါဘူး။ သန့်သန့်နေတဲ့သူမျိုးနဲ့ပဲ အဆင်ပြေပါတယ်။ လင်မယား၂ယောက်(သို့) မိန်းကလေး ၃ယောက်တို့ဆို အဆင်ပြေပါတယ်။ လူများရင် အဆင်မပြေပါ။)

📲ဆက်သွယ်ရန်
👑09696495691

Address

Thingankyun
Yangon
951

Website

Alerts

Be the first to know and let us send you an email when Lady Boss Property Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share