18/07/2022
'' အချက်(၇)ချက်ကြောင့်
SP, GP တွေ ပျက်ပြယ်နိုင်ပါသည်။ ''
ကျွန်တော်တို့ဟာ ကိုယ့်လက်ထဲမှာရထားတဲ့
Special Power ၊ General Power တွေကို
အလွန်ခိုင်မာတယ်ဆိုပြီး ဝမ်းသာတတ်ကြပါတယ်။
အိမ်ခြံမြေ ဝယ်သူတိုင်း Special Power ၊
GeneralPower တွေကိုင်ပြီးကျေနပ်ကြပါတယ်။
Special Power ၊ General Power တွေဟာ
အခြေအနေ (၇)မျိုးမှာ ပြန်လည်ပျက်ပြယ်
သွားနိုင်ပါတယ်။အဲဒီအခြေအနေတွေကတော့...
(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ
SP, GP ကိုလွှဲပေးသူကအကြောင်းခိုင်လုံမှုရှိရင်
မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။
ထိုသို.ရုပ်သိမ်းသောအခါ SP, GP တွေဟာ
ပျက်ပြယ်သွားတတ်တယ်။
(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း၊
SP, GP တို.ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့်
လက်ခံရမယ့်သူကအကြောင်းတစ်စုံ
တစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင်
ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။
(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်
SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့်
လွှဲအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို.နဲ. ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့ လွှဲအပ်ပေးထားတဲ့
SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို့နဲ့ခြံစည်းရိုးနဲ.ပတ်သက်တဲ့ ထို SP ကိစ္စအဝဝပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာလည်း ပြီးဆုံးခြင်း၊
ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။
(၄) လွှဲအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း
SP, GP တို.ကို လွှဲအပ်သူ(သို.)လွှဲအပ်ခြင်း
လက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လျှင်
ထို SP, GP ပြီးဆုံးခြင်းသို့ ပျက်ပြယ်ခြင်း
သက်ရောက်ပါတယ်
(၅) ရူးသွပ်ကြခြင်း
အလားတူပင် SP, GP တို.ကို လွှဲအပ်/
လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း
ထို SP, GP တို့သည် ပျက်ပြယ်သည်(သို့.)
ပြီးဆုံးခြင်းသို.ရောက်ပါတယ်။
(၆) နှစ်ရှည်ထောင်ကျခြင်း
SP/GP တို.ကို လွှဲအပ်သူ(သို.)လက်ခံသူ
တစ်ဦးဦးသည် နှစ်ရှည်အကျဉ်းထောင်ကျခြင်း
ခံခဲ့ရပါမူ ထို SP, GP တို.သည် ပျက်ပြယ်ခြင်း
(သို့.) ပြီးဆုံးခြင်းသို. ရောက်ပါတယ်။
(၇) လူမွဲအဖြစ်ခံယူကြခြင်း
SP/GP တို.ကို လွှဲအပ်သူ(သို့) လက်ခံသူ
တစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင်
အဲဒီ SP, GP တို.ပျက်ပြယ်ခြင်း(သို့)
ပြီးဆုံးသွားပြီလို့မှတ်ယူရပါမယ်။
အဲဒီတော့ SP, GP တွေကို
တရားလွန်ကြီးယုံစား၍မရနိုင်ပါ။
ဘာကြောင့်လဲဆိုတော့ အကျိုးဆောင်ကြီးများက ကိုယ်တိုင်ဝယ်တာဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ကဝယ်တာပဲဖြစ်ဖြစ် SP, GP ကို ထည့်သွင်းဆောင်ရွက်ပေးကြရပါတယ်။ သို့မဟုတ် စစ်ဆေးပေးကြရပါတယ်။ အဲဒီလိုဆောင်ရွက်/ စစ်ဆေးပေးကြရာတွင် အကြောင်းတစ်ခုခု တိုက်ဆိုင်နေလျှင် တဖက်ကတင်ပြတောင်းဆိုလာတဲ့ SP, GP ဟာခိုင်လုံခြင်းရှိ/မရှိဆိုတာ တိတိကျကျဆုံဖြတ်ကြရပါမယ်။
အခု ကျွန်တော်ပြောနေတာတွေသည် ကျွန်တော်ရဲ.လက်တွေ့တွေပါသလို၊ ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၀၁) မှာလည်း အတိအလင်းဖော်ပြထားပါတယ်။
Credit : Kyi Soe (I.C)