Pen23

Pen23 𝐄𝐦𝐩𝐨𝐰𝐞𝐫 𝐘𝐨𝐮𝐫 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐫𝐞𝐬𝐞𝐧𝐜𝐞 𝐖𝐢𝐭𝐡 𝐔𝐬 !

𝗣𝗲𝗻𝟮𝟯 ကို အစဉ်အမြဲ အားပေးမေတ္တာထားကြတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံးအတွက် အရေးကြီးတဲ့ LinkedIn Service Update လေးတစ်ခုကိ...
20/08/2026

𝗣𝗲𝗻𝟮𝟯 ကို အစဉ်အမြဲ အားပေးမေတ္တာထားကြတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံးအတွက်

အရေးကြီးတဲ့ LinkedIn Service Update လေး
တစ်ခုကို အသိပေးပါရစေခင်ဗျာ !

ယနေ့မှစတင်ပြီး 𝗣𝗲𝗻𝟮𝟯 အနေနဲ့ LinkedIn နဲ့ ပတ်သက်တဲ့ အောက်ပါဝန်ဆောင်မှုများကို ဝန်ဆောင်မှု ပေးတော့မည် မဟုတ်ပါဘူးခင်ဗျာ -

❌ 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗿𝗼𝗳𝗶𝗹𝗲 𝗢𝗽𝘁𝗶𝗺𝗶𝘇𝗮𝘁𝗶𝗼𝗻
❌ 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗣𝗿𝗼𝗳𝗶𝗹𝗲 𝗦𝗲𝘁𝘂𝗽 & 𝗜𝗺𝗽𝗿𝗼𝘃𝗲𝗺𝗲𝗻𝘁
❌ 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆
❌ 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗥𝗲𝘀𝘁𝗿𝗶𝗰𝘁𝗶𝗼𝗻 / 𝗕𝗮𝗻 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆

ဒီဆုံးဖြတ်ချက်‌ကြောင့် အထက်ပါ ဝန်ဆောင်မှုများအတွက် ကျွန်တော့်ရဲ့ Platform က‌နေ တကူးတက လာရောက်မေးမြန်းစုံစမ်းကျတဲ့ Clients များကိုပြန်လည်မ‌ဖြေကြား‌ပေးနိုင်တဲ့အတွက် အထူးတောင်းပန်အပ်ပါတယ်ခင်ဗျာ။

ယခင်က 𝗣𝗲𝗻𝟮𝟯 ရဲ့ LinkedIn ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ အားပေးခဲ့ကြတဲ့ Client တစ်ဦးချင်းစီတိုင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

LinkedIn ဝန်ဆောင်မှုများကို ရပ်နားလိုက်သော်လည်း 𝗣𝗲𝗻𝟮𝟯 ရဲ့တခြားသော Career & Professional Development Services တွေကိုတော့ ပိုမို အဆင့်မြင့်ပြီး ကောင်းမွန်လာအောင် ဆက်လက် အာရုံစိုက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

✅ 𝗥𝗲𝘀𝘂𝗺𝗲 / 𝗖𝗩 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
✅ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀
✅ 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀

အစရှိတဲ့ Services တွေနဲ့ပတ်သက်ပြီး သိရှိလိုသည်များကို

𝗣𝗲𝗻𝟮𝟯 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှ သော်လည်းကောင်း
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - 𝟬𝟵𝟳𝟳𝟲𝟮𝟮𝟭𝟱𝟭𝟲
𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟵𝟳𝟲𝟭𝟯𝟭𝟯𝟴𝟱

မှသော်လည်းကောင်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

အစဉ်အမြဲ ယုံကြည်စွာ အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 တစ်ခုကို လှအောင် ဆွဲဆောင်မှုရှိအောင် Design ဆွဲပေးလိုက်ရုံနဲ့တင် တကယ့် ရလဒ်ကောင်းတွေ ရလာဖို့ မသေချာသေးပါဘူး။ကိ...
16/08/2026

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 တစ်ခုကို လှအောင် ဆွဲဆောင်မှုရှိအောင် Design ဆွဲပေးလိုက်ရုံနဲ့တင်

တကယ့် ရလဒ်ကောင်းတွေ ရလာဖို့ မသေချာသေးပါဘူး။

ကိုယ့်ရဲ့ Goal ကမတူရင် 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 ရဲ့ ဖွဲ့စည်းပုံနဲ့ အခင်းအကျင်းကလည်း လုံးဝကိုမတူသင့်ပါဘူး။

ကိုယ်က.....

𝗦𝘁𝘂𝗱𝗲𝗻𝘁 တစ်ယောက်ဆိုရင် —
ကိုယ့်ရဲ့ အလားအလာနဲ့ ကြိုးစားအားထုတ်မှုတွေကို အဓိက ပေါ်လွင်အောင် ပြသရပါတယ်။

𝗝𝗼𝗯 𝗦𝗲𝗲𝗸𝗲𝗿 တစ်ယောက်အတွက်ဆိုရင် —
ကိုယ်ရဲ့ Skills နဲ့ Experience တွေကို ထင်းခနဲ ဖြစ်နေအောင် ထုတ်ပြဖို့လိုပါတယ်။

𝗖𝗿𝗲𝗮𝘁𝗼𝗿 တွေအတွက်တော့ —
ကိုယ်ပိုင် လက်ရာ၊ Style နဲ့ Identity ကို ပိုပြီး Highlight လုပ်ပေးရပါတယ်။

𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗣𝗿𝗼𝗳𝗶𝗹𝗲 တစ်ခုမှာဆိုရင်တော့ —
မိမိလုပ်ငန်းရဲ့ ယုံကြည်စိတ်ချရမှု၊ ဝန်ဆောင်မှုတွေနဲ့ Business Value ကို Professional ဆန်ဆန် တင်ပြနိုင်ရပါတယ်။

ဒါကြောင့် Pen23 က 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 𝗦𝗲𝗿𝘃𝗶𝗰𝗲 ကို
ပိုမို အဓိပ္ပာယ်ရှိပြီး ထိရောက်စေမယ့် ပုံစံအသစ်နဲ့ ပြန်လည်ပြင်ဆင်လိုက်ပါတယ်။

Template တစ်ခုတည်းကို လူတိုင်းအတွက် ပုံသေ သုံးတာမျိုး မဟုတ်ဘဲ —

သင် ဘာအတွက် Portfolio လိုအပ်တာလဲ?
ဘယ်သူတွေကို အဓိက ပြသမှာလဲ?
ဘာကို အဓိက Highlight လုပ်သင့်သလဲ?

ဆိုတာတွေကို အရင်ဆုံး သေချာ စဉ်းစားသုံးသပ်ပြီးမှ
သင့်ရဲ့ Goal & Identity နဲ့ အကိုက်ညီဆုံးဖြစ်မယ့်

(𝗖𝗼𝗻𝘁𝗲𝗻𝘁 + 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲 + 𝗩𝗶𝘀𝘂𝗮𝗹 𝗗𝗶𝗿𝗲𝗰𝘁𝗶𝗼𝗻) တွေကို
သီးသန့် ဖန်တီးပေးနေတာ ဖြစ်ပါတယ်။

---

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 ဆိုတာ ကိုယ့်အကြောင်းတွေကို စာရွက်တစ်ရွက် သို့မဟုတ် File တစ်ခုထဲမှာ စုထည့်ထားရုံတင် မဟုတ်ပါဘူး။

သင် ဘယ်သူလဲ၊ ဘာတွေ လုပ်နိုင်လဲ၊ ဘယ်လို တန်ဖိုးတွေ ပေးနိုင်လဲ ဆိုတာကို ဖတ်ရှုသူက တစ်ချက်ကြည့်ရုံနဲ့ ရှင်းရှင်းလင်းလင်း နားလည်သွားအောင် Present လုပ်ပေးနိုင်ဖို့ လိုပါတယ်။

📩 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 𝗦𝗲𝗿𝘃𝗶𝗰𝗲 နဲ့ ပတ်သက်ပြီး အသေးစိတ် မေးမြန်းတိုင်ပင်လိုပါက
𝗣𝗲𝗻𝟮𝟯 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (သို့မဟုတ်)

အောက်မှာပြထားတဲ့နေရာတွေကနေလဲ
အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - 𝟬𝟵𝟳𝟳𝟲𝟮𝟮𝟭𝟱𝟭𝟲
𝗩𝗶𝗯𝗲𝗿 - 𝟬𝟵𝟵𝟳𝟲𝟭𝟯𝟭𝟯𝟴𝟲

မြန်မာနိုင်ငံက‌နေ 𝗥𝗲𝗺𝗼𝘁𝗲 𝗝𝗼𝗯 ရှာတော့မယ်ဆိုရင်...အများစုညွှန်းလေ့ရှိကျတာက"Virtual Assistant skill သင်ပါ""Content Writing ...
29/07/2026

မြန်မာနိုင်ငံက‌နေ 𝗥𝗲𝗺𝗼𝘁𝗲 𝗝𝗼𝗯 ရှာတော့မယ်ဆိုရင်...

အများစုညွှန်းလေ့ရှိကျတာက

"Virtual Assistant skill သင်ပါ"
"Content Writing လုပ်ပါ"
"Graphic Design လေ့လာပါ"
"Social Media Management သင်ပါ"
ဆိုတဲ့ အကြံပေးစကားတွေကို နေရာတိုင်းမှာ
ကြားနေရမှာပါ။

ဒီ Skill တွေက မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ အခုချိန်ထိ Demand ရှိနေဆဲ အရာတွေပါ။ ဒါပေမဲ့... လူတိုင်းက ဒီလို Skill တွေချည်းပဲ ပြိုင်တူသင်နေကြတဲ့အချိန်မှာ၊ လူသိနည်းပြီး တကယ်တမ်း Demand အရမ်းများတဲ့ 𝗛𝗶𝗴𝗵-𝗜𝗻𝗰𝗼𝗺𝗲 𝗦𝗸𝗶𝗹𝗹 တစ်ခု ကျန်နေပါသေးတယ်။

အဲဒါကတော့... 🎯 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 ပါ။

မြန်မာနိုင်ငံမှာကျ ဒီ 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 ဆိုတာက Graphic Design လို လှလှပပ Portfolio ထုတ်ပြလို့မရဘူး။ Content Writing လို Sample ဖတ်ပြလို့ မရဘူးလေ။ ဒါ့အပြင် လူတော်တော်များများက 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 ကို "Boost Post လေး နှိပ်လိုက်တာပဲ မဟုတ်ဘူးလား" လို့ အထင်မှားနေကြလို့ပါ။
တကယ်တော့ 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 ဆိုတာ Boost Button သွားနှိပ်တဲ့အလုပ် လုံးဝ(လုံးဝ) မဟုတ်ပါဘူး။

𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗲𝗿 တစ်ယောက်က တကယ်တမ်း ဘာလုပ်ရတာလဲ?

𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗲𝗿 ဆိုတာ လုပ်ငန်းတစ်ခုရဲ့ Advertising Budget (ကြော်ငြာဘတ်ဂျက်) ကို အကျိုးရှိဆုံးဖြစ်အောင် အသုံးချပေးရတဲ့သူပါ။

✅ ကြော်ငြာကို ဘယ်သူ့ဆီ ပြမလဲ?
✅ ဘယ် Platform မှာ Run မလဲ?
✅ Budget ဘယ်လောက် သုံးမလဲ?
✅ ဘယ် Design/Copy က Result ပိုထွက်နေလဲ?
✅ ဘယ် Campaign ကို ပိုက်ဆံထပ်သုံးပြီး (Scale) ဘယ် Campaign ကို ပိတ်ပစ်မလဲ?

ဒါတွေကို Data တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ရတာပါ။ ပြောရရင် သူတို့အလုပ်က Ads Run ပေးတာထက် လုပ်ငန်းတစ်ခုလုံးကို ကြီးထွားအောင် (Business Growth) လုပ်ပေးရတာနဲ့ ပိုနီးစပ်ပါတယ်။

ကုမ္ပဏီတစ်ခုမှာ အမိုက်စား Designer တွေ၊ Copywriter တွေ၊ Video Editor တွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့... Customer အသစ် မရှာနိုင်ဘူးဆိုရင် အဲဒီလုပ်ငန်းက ဘယ်လိုမှ မကြီးထွားနိုင်ပါဘူး။

𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗲𝗿 ဆိုတာက Advertising ကို သုံးပြီး ကုမ္ပဏီအတွက် Customer သစ်တွေရှာပေးတယ်၊ Sales တက်အောင် Campaign တွေ Optimize လုပ်ပေးတယ်၊ ပိုက်ဆံအလဟဿ မဖြစ်အောင် ထိန်းပေးတယ်။

ဒါကြောင့် 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 ဟာ Marketing Skill သက်သက်မဟုတ်ဘဲ "Business Growth Skill" တစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေ (Revenue) နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့အတွက် Remote Company တွေက အရမ်း အလိုရှိကြတာပါ။ သူတို့လိုချင်တာက "Facebook Ads ဖွင့်တတ်တဲ့သူ" မဟုတ်ပါဘူး။ ဘတ်ဂျက်ကနေ Result ထွက်အောင် လုပ်ပေးနိုင်တဲ့ 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗲𝗿 တစ်ယောက်ပါပဲ။

ဒီလောက် Demand ရှိတာ ဘာလို့ လူနည်းနည်းပဲ သင်ကြတာလဲ?

အကြောင်းရင်းက ရှင်းပါတယ်။ 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 ကို Portfolio အလှအပတွေနဲ့ ပြလို့မရဘူး။ Result ဆိုတာ Number တွေ၊ Data တွေနဲ့ပဲ သက်သေပြရတာပါ။
ပြီးတော့ Learning Curve က တခြားအရာတွေထက် နည်းနည်း ပိုမြင့်တယ်။ Campaign Structure, Audience Research, Budgeting, A/B Testing, Analytics, Optimization ဆိုတဲ့ Concept တွေကို သေချာနားလည်ဖို့ အချိန်ယူရပါတယ်။ ဒါကြောင့် လူအများစုက လွယ်ကူတဲ့ Skill တွေကိုပဲ ရွေးသွားကြပြီး ဒီလိုင်းကို ကျော်သွားတတ်ကြပါတယ်။

AI တွေသုံးပြီး ဘာမှမတတ်တဲ့သူတစ်ယောက်ကတခြား Content Writing တို့ Graphic Design နယ်ပယ်တွေမှာ‌ ယောင်ပြီးတိုးဝင်လာနိုင်ပေမဲ့ တကယ်ခေါင်းသုံးပြီး Ads တစ်ခုကို ဘယ် Audience ကို ပြမလဲ? Budget ကို ဘယ်လို ခွဲမလဲ? Campaign Fail နေရင် ဘာဝင်ပြင်မလဲ? ROAS ဘာလို့ ကျသွားတာလဲ?" ဆိုတဲ့ Strategic Decision တွေကိုတော့ AI က လူတွေရဲ့ Marketing Logic လောက် စဉ်းစားမပေးနိုင်သေးပါဘူး။

𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 က လူတိုင်းအတွက်လား?
မဟုတ်ပါဘူး။ ဒါပေမဲ့ သင်က...
- Data တွေ၊ Number တွေ ကြည့်ရတာ သဘောကျတယ်
- လုပ်ငန်းတစ်ခု ကြီးထွားလာတာကို မြင်ချင်တယ်
- Marketing Strategy တွေ စဉ်းစားရတာ ဝါသနာပါရင်တော့ ဒါဟာ သင့်အတွက် အကောင်းဆုံး Remote Career Path တစ်ခု ဖြစ်လာမှာပါ။

📌 အဆုံးသတ်အနေနဲ့ ပြောချင်တာက...
လူတိုင်းလေ့လာနေတဲ့ Skill တွေကိုပဲ လိုက်လေ့လာနေရင် ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ ဘယ်လိုခွဲခြားမလဲ?

တစ်ခါတလေမှာ အကောင်းဆုံး အခွင့်အရေးဆိုတာ လူအများကြီး ပြုံတိုးနေတဲ့နေရာမှာ မရှိတတ်ပါဘူး။ လူနည်းနည်းပဲ ကျွမ်းကျင်တဲ့နေရာမှာ ရှိနေတတ်ပါတယ်။ သင်က Remote Career တစ်ခုကို အလေးအနက် တည်ဆောက်ချင်တယ်ဆိုရင် လူတိုင်းပြောနေတဲ့ Skill တွေကိုပဲ လိုက်မကြည့်ဘဲ၊ လူနည်းနည်းပဲ ပြောကြပေမဲ့ တကယ်တန်ဖိုးရှိတဲ့ Skill တွေကိုလည်း လေ့လာကြည့်ဖို့ အကြံပေးချင်ပါတယ်။ အဲဒီအထဲမှာ 𝗠𝗲𝗱𝗶𝗮 𝗕𝘂𝘆𝗶𝗻𝗴 က ထိပ်ဆုံးက ပါနေပါလိမ့်မယ်။

🤔 သင့်အနေနဲ့ရော လက်ရှိ ဘယ်လို Skill တွေကို Focus ထားပြီး လေ့လာဖြစ်နေလဲ?

အဆင်ပြေရင် Comment မှာ မျှဝေပေးခဲ့ပါဦး။

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 ရှိနေရုံနဲ့ ချက်ချင်း အလုပ်ရသွားမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 သာ မရှိဘူးဆိုရင်တော့ ကိုယ့...
27/07/2026

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 ရှိနေရုံနဲ့ ချက်ချင်း အလုပ်ရသွားမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဒါပေမဲ့ 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 သာ မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ တကယ့်အရည်အချင်းတွေကို ပြသခွင့်ဆုံးရှုံးသွားမှာကတော့ အသေအချာပါပဲ။

အလုပ်ခေါ်တဲ့သူတွေနဲ့ Client တွေအများစုက
"မင်း ဘာတွေလုပ်တတ်လဲ" လို့ မေးတာထက် "အရင်က ဘာတွေလုပ်ဖူးလဲ၊
လက်ရာလေးတွေ ပြပါဦး" ဆိုတာကို ပိုပြီးတတ်ကျတာပါ။

အထူးသဖြင့်.....
𝗚𝗿𝗮𝗽𝗵𝗶𝗰 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿, 𝗪𝗲𝗯 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿, 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗲𝗿, 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗖𝗿𝗲𝗮𝘁𝗼𝗿, 𝗖𝗼𝗽𝘆𝘄𝗿𝗶𝘁𝗲𝗿, နဲ့ 𝗗𝗮𝘁𝗮 𝗔𝗻𝗮𝗹𝘆𝘀𝘁 လိုမျိုး Skill ကို အဓိကထားရတဲ့ အလုပ်တွေမှာဆိုရင် ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးကို သက်သေပြနိုင်ဖို့ သေသပ်တဲ့ 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 တစ်ခုက မရှိမဖြစ်ကို လိုအပ်နေတာပါ။

ဒီအတွက် 𝗣𝗲𝗻𝟮𝟯 ကနေ သင့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ပေါ်လွင်စေမယ့် 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 တွေကို စနစ်တကျ ဖန်တီးပေးနေပါတယ်။

ကျွန်တော်တို့ဆီမှာ 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 အပ်မယ်ဆိုရင် -

ရှင်းလင်းပြီး ဖတ်ရလွယ်ကူတဲ့ ခေတ်မီ Design Layout
အလုပ်ရှာဖွေရေး စနစ်တွေ (ATS) နဲ့ ကိုက်ညီမှုရှိခြင်း
ဖုန်းရော ကွန်ပျူတာမှာပါ အလွယ်တကူ ဖွင့်ကြည့်လို့ရတဲ့ PDF Format
သင့်ရဲ့ Skill တွေ၊ အတွေ့အကြုံတွေအပေါ် မူတည်ပြီး အံဝင်ခွင်ကျ ပြင်ဆင်ပေးခြင်း
စတာတွေကို ဝန်ဆောင်မှု ပေးနေပါတယ်။

ဝန်ဆောင်မှု အသေးစိတ်နှင့် ဈေးနှုန်း

Standard Portfolio (စာမျက်နှာ ၁၂ မျက်နှာအထိ) - 𝟯𝟱𝟬𝟬𝟬 ကျပ်
အပ်နှံပြီး ၃ ရက်အတွင်း (Waiting Time - 3 Days) အပြီးသတ် ပေးပို့ပေးခြင်း
လိုအပ်ချက်များရှိပါက ၂ ကြိမ်တိုင်တိုင် (𝟮 𝗧𝗶𝗺𝗲𝘀 𝗥𝗲𝘃𝗶𝘀𝗶𝗼𝗻) အခမဲ့ ပြင်ဆင်ခွင့်

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 တစ်ခုကို သေချာပြင်ဆင်ထားခြင်းအားဖြင့် Recruiter တွေ မျက်စိထဲမှာ Professional ဆန်တဲ့ First Impression ရစေသလို၊ Freelance အလုပ်တွေ လက်ခံတဲ့အခါမှာလည်း Client တွေကို ယုံကြည်မှုအပြည့်နဲ့ ချဉ်းကပ်နိုင်ပါတယ်။

သင်က Career အသစ်တစ်ခုကို စတင်မယ့်သူပဲဖြစ်ဖြစ်၊ လက်ရှိထက် ပိုကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေနေသူပဲဖြစ်ဖြစ် စနစ်တကျ ပြင်ဆင်ထားတဲ့ 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 တစ်ခုက သင့်ရည်မှန်းချက်တွေဆီ ရောက်ဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 𝗗𝗲𝘀𝗶𝗴𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 နဲ့ ပတ်သက်ပြီး
အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင်တော့
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကနေဖြစ်စေ၊
(𝗩𝗶𝗯𝗲𝗿 𝗼𝗿 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺) 𝟬𝟵𝟵𝟳𝟲𝟭𝟯𝟭𝟯𝟴𝟱 ကနေဖြစ်စေ
အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။





26/07/2026

AI ခေတ်မှာ 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗦𝗸𝗶𝗹𝗹 ကို
ပိုက်ဆံမကုန်၊သင်တန်းတက်စရာမလိုပဲနဲ့
အခမဲ့လေ့လာကြမယ် !




𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 အကောင့် ရုတ်တရက် 𝗟𝗼𝗰𝗸 ကျသွားလို့ စိတ်ညစ်နေပြီလား?အလုပ်လိုလို့  အရေးတကြီးရှာဖို့လိုပါတယ်ဆိုနေမှ ရုတ်တရက် ကိုယ့်ရ...
22/07/2026

𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 အကောင့် ရုတ်တရက် 𝗟𝗼𝗰𝗸 ကျသွားလို့ စိတ်ညစ်နေပြီလား?

အလုပ်လိုလို့ အရေးတကြီးရှာဖို့လိုပါတယ်ဆိုနေမှ ရုတ်တရက် ကိုယ့်ရဲ့ LinkedIn အကောင့် (𝗟𝗼𝗰𝗸 𝗼𝗿 𝗥𝗲𝘀𝘁𝗿𝗶𝗰𝘁𝗲𝗱) ခံလိုက်ရတာဟာ တော်တော်လေးကို စိတ်တိုဖို့ကောင်းပါတယ်။

ဒီလိုအချိန်မှာ လူအများစုလုပ်မိတတ်တဲ့ အကြီးမားဆုံးအမှားက "အကောင့်အသစ် ချက်ချင်းထပ်ဖွင့်လိုက်တာ" ပါပဲ။ ဒါဟာ သင့်မူလအကောင့်ကို ပြန်ရနိုင်ခြေ လုံးဝပျောက်သွားစေနိုင်ပါတယ်။

ဒါပေမယ့် သတင်းကောင်းကတော့...
ပြာယာခတ်မသွားဘဲ မှန်ကန်တဲ့ တရားဝင်လုပ်ငန်းစဉ်တွေအတိုင်း အဆင့်ဆင့်သွားမယ်ဆိုရင် သင့်အကောင့်ကို သေချာပေါက် ပြန်ယူလို့ရပါတယ်။

ဒီနေ့ 𝗣𝗲𝗻𝟮𝟯 ကနေ မျှဝေပေးထားတဲ့
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗥𝗲𝗰𝗼𝘃𝗲𝗿𝘆 𝗚𝘂𝗶𝗱𝗲 (𝗣𝗮𝗿𝘁 𝟭) မှာဆိုရင်-

🔍 ဘာကြောင့် အခုလို ကန့်သတ်ခံလိုက်ရတာလဲ ဆိုတာကို နားလည်စေဖို့
📝 LinkedIn ဆီကို မှန်ကန်ထိရောက်စွာ Appeal တင်နိုင်ဖို့
🪪 Identity Verification (အကောင့်ပိုင်ရှင်ဖြစ်ကြောင်း အတည်ပြုခြင်း) ကို အလွယ်တကူ ကျော်ဖြတ်ဖို့
❌ အကောင့်ပြန်ရဖို့ ကြန့်ကြာစေတတ်တဲ့ အမှားတွေကို ရှောင်ရှားဖို့ နဲ့
🛡️ နောက်တစ်ကြိမ် ထပ်မံ Restricted မဖြစ်အောင် ကြိုတင်ကာကွယ်နည်းတွေကို အသေးစိတ် လေ့လာနိုင်မှာပါ။

𝗣𝗮𝗿𝘁 𝟮 𝗖𝗼𝗺𝗶𝗻𝗴 𝗦𝗼𝗼𝗻!
မကြာခင် ဆက်လက်မျှဝေပေးမယ့် Part 2 မှာတော့-

✅ Appeal Letter ကို ထိထိရောက်ရောက်နဲ့ အသေးစိတ်
ဘယ်လိုရေးရမလဲ
✅ အကြောင်းပြန်စာ ကြန့်ကြာနေရင် X (Twitter) ကနေတစ်ဆင့် LinkedIn ကို ဘယ်လိုဆက်သွယ်ရမလဲ

စတဲ့ လက်တွေ့အသုံးကျမယ့် အချက်တွေကို ဆက်လက်ဖော်ပြပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦး။

တကယ်လို့ သင့်အကောင့် တစ်ခုခုဖြစ်လာတဲ့အခါ ဘာဆက်လုပ်ရမလဲဆိုတာ အတိအကျသိနိုင်ဖို့ ဒီ Post လေးကို အခုပဲ Save လုပ်ထားလိုက်ပါ။ လိုအပ်နေတဲ့ သူငယ်ချင်းတွေရှိရင်လည်း Share ပေးလိုက်ပါဦး။

သင် (သို့) သင်သိတဲ့သူတစ်ယောက်ယောက်ရော LinkedIn မှာ အကောင့်ကန့်သတ်ခံရတာမျိုး ကြုံဖူးပါသလား? အကောင့်ပြန်ရဖို့ ဘယ်လိုတွေလုပ်ခဲ့ရလဲဆိုတာ အခြားသူတွေကို အထောက်အကူဖြစ်စေဖို့ Comment မှာ သင့်အတွေ့အကြုံကို မျှဝေပေးခဲ့ပါဦး။

ဒီနေ့တော့ ကျနော်အရမ်းဘလိန်းချင်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒါကတော့ "မြန်မာနိုင်ငံရဲ့ လက်ရှိ အလုပ်အကိုင...
18/07/2026

ဒီနေ့တော့ ကျနော်အရမ်းဘလိန်းချင်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်

ဒါကတော့ "မြန်မာနိုင်ငံရဲ့ လက်ရှိ အလုပ်အကိုင်နဲ့ လစာပေးနှုန်း အခြေအနေတွေ" အကြောင်းပဲ ဖြစ်ပါတယ်။

ဖတ်ရတာ ရှင်းလင်းသွားအောင် အပိုင်း (၂) ပိုင်း ခွဲပြီး ဆွေးနွေးကြည့်ရအောင်။ ပထမပိုင်းက ပြည်တွင်းက လစာပေးနှုန်း (Local Salary Market) အကြောင်းဖြစ်ပြီး၊
ဒုတိယပိုင်းကတော့ ကိုယ်ပိုင်ဝင်ငွေရှာသူတွေ (Vendor/Self-employed) တွေအကြောင်းပဲ ဖြစ်ပါတယ်။

အပိုင်း (၁) - Local Salary Market
(အလုပ်ရှင်များရဲ့ ထောင်ချောက်နှင့် လစာကွာဟမှု)

အလုပ်ခေါ်တဲ့ Group တွေ၊ Page တွေမှာ တင်လေ့ရှိတဲ့ Vacancy Post တော်တော်များများကို သတိထားမိကြမှာပါ။ တချို့အလုပ်ရှင်တွေနဲ့ HR တွေက ပေးရမယ့် Standard လစာကို အတိအကျ မရေးဘဲ Range တစ်ခုကို အကျယ်ကြီး ဟပြီး ရေးတတ်ကြပါတယ်။

ဥပမာ - ပုံမှန် ၈ သိန်း ပေးရမယ့် Position တစ်ခုကို "၆ သိန်း ကနေ ၉ သိန်း (Negotiable)" ဆိုပြီး ထည့်ရေးတတ်ကြပါတယ်။ ဒီအခါမှာ လက်ရှိ Market Rate ကို သေချာမသိတဲ့ ဝန်ထမ်းတွေ၊ အထူးသဖြင့် အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေဆိုရင် လစာခေါင်းပုံဖြတ်ချင်တဲ့သူတွေရဲ့ ထောင်ချောက်ထဲကို လွယ်လွယ်ကူကူပဲ ကျရောက်သွားတတ်ပါတယ်။

ဒီအပြင် ပြည်တွင်းကုမ္ပဏီ (Local Company) တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ (Foreign-Invested Company) တွေကြားမှာလည်း လစာကွာဟမှုက တော်တော်လေး ကြီးမားပါတယ်။

(Entry Level) အလုပ်စဝင်သူတွေအတွက် Local ကုမ္ပဏီတွေက ၂ သိန်း ကနေ ၄ သိန်း ဝန်းကျင်ပဲ ပေးချိန်မှာ၊ Foreign-Invested ကုမ္ပဏီတွေက ၄ သိန်း ကနေ ၇ သိန်း အထိ ပေးကြပါတယ်။

(Senior Level) အတွေ့အကြုံရင့်သူတွေအတွက် Local ကုမ္ပဏီတွေမှာ ၁၂ သိန်း ကနေ ၂၅ သိန်း ဝန်းကျင်သာ ရနိုင်ပေမဲ့၊ Foreign-Invested ကုမ္ပဏီတွေမှာတော့ ၂၅ သိန်း ကနေ သိန်း ၅၀ အထိ ပေးနိုင်ကြပါတယ်။

အပိုင်း (၂) - Vendors
(ကိုယ်ပိုင်ဝင်ငွေရှာသူများရဲ့ အားသာချက်)

ဒီနေရာမှာ Vendor ဆိုတဲ့ စကားလုံးကို အပြင်မှာ ဆိုင်ဖွင့်ရောင်းသူ၊ လှည်းနဲ့ ဈေးရောင်းသူတွေကနေစလို့ Online Shop လုပ်သူတွေ၊ ယခုခေတ်စားနေတဲ့ Digital Product ရောင်းချသူတွေနဲ့ Content Monetization လုပ်ပြီး ဝင်ငွေရှာနေသူတွေ အားလုံးကို ခြုံငုံပြီး သုံးနှုန်းချင်ပါတယ်။

အချို့က ကိုယ်ပိုင်လုပ်ငန်းလုပ်သူ၊ ဈေးရောင်းတဲ့သူတွေကို ပညာမတတ်လို့ ဒီအလုပ်တွေ လုပ်နေရတာလို့ အထင်အမြင်လွဲမှားတတ်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့ခေတ်ကာလ အခြေအနေအရ ကိုယ်ထူကိုယ်ထ ကြိုးစားနေတဲ့ ဒီလို ကိုယ်ပိုင်ဝင်ငွေရှာသူတွေဟာ ၄ နှစ် တက္ကသိုလ်တက်ပြီး ဘွဲ့ရလာတဲ့ လခစား ဝန်ထမ်းတွေထက် ဝင်ငွေ အပြတ်အသတ် သာနေတာဟာ ငြင်းမရတဲ့ အမှန်တရားပါ။

ဥပမာ နှိုင်းယှဉ်ကြည့်ရအောင် -
ဘွဲ့ရခါစ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တစ်ယောက်ရဲ့ အလုပ်စဝင်လစာဟာ တစ်လလုံး နေမှ ၃ သိန်း ကနေ ၄ သိန်း ဝန်းကျင်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဈေးရောင်းသူ၊ ကိုယ်ပိုင်အလုပ်လုပ်သူ တစ်ယောက်က တစ်နေ့ကို အနည်းဆုံး ၃၀,၀၀၀ ကနေ ၄၀,၀၀၀ အထိ အလွယ်တကူ ရှာနိုင်တာကြောင့် တစ်လကို ၉ သိန်း ကနေ ၁၂ သိန်းအထိ ဝင်ငွေရနေတတ်ပါတယ်။

ဒီလို မမျှတတဲ့ အခြေအနေတွေကြောင့်ပဲ နောက်ပိုင်းမှာ လူအများစုဟာ နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားလာကြတယ်။ မထွက်နိုင်လို့ ပြည်တွင်းမှာ ဆက်နေမယ့်သူတွေကလည်း လခစားဘဝနဲ့ ရပ်တည်ဖို့ မလွယ်ကူတော့တာကြောင့် ကိုယ်ပိုင်လုပ်ငန်းလေးတွေ စလုပ်တာ၊ Content ကနေ ဝင်ငွေရှာတာ စတဲ့ နည်းလမ်းတွေနဲ့ပဲ ပိုက်ဆံရှာဖို့ ပိုပြီး စိတ်အားထက်သန်လာကြပါတယ်။

ဒီလို အကြောင်းအရင်းတွေကြောင့်ပဲ မြန်မာနိုင်ငံရဲ့ လူငယ် Generation တစ်စုဟာ အရင်ခေတ်က လူတွေလို "ဆယ်တန်းအောင်၊ ဘွဲ့ရအောင်လုပ်၊ ပြီးရင် အခြေခံအလုပ်တစ်ခု ဝင်လုပ်" ဆိုတဲ့ သံသရာကြီးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားလာကြပါပြီ။

ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ လူငယ်အများစုဟာ ခက်ခဲနိုင်ပေမဲ့ High Risk, High Reward ရနိုင်တဲ့ ကိုယ်ပိုင်စီးပွားရေး အသေးစားလေးတွေ (Small Businesses)၊ Content Creator နဲ့ Freelancer လမ်းကြောင်းတွေကိုပဲ ရဲရဲဝံ့ဝံ့ ရွေးချယ်လာကြပါတော့တယ်။

နောက်ဆုံးအနေနဲ့ ပြောရရင်တော့...
မြန်မာနိုင်ငံမှာ လူဖြစ်ရတာ သိပ်ကို ကံကောင်းတာပဲဗျာ။ (ရွဲ့တဲ့လေသံနဲ့ပေါ့လေ...)



16/07/2026

သင်တန်းတက်မလား?
ကိုယ်တိုင်လေ့လာမလား?

အဖြေက တစ်ခုတည်း မဟုတ်ပါဘူး။

သင့်အတွက် ဘယ်နည်းလမ်းက ပိုအလုပ်ဖြစ်လဲ ဆိုတာပဲ အရေးကြီးပါတယ်။

🎥 Video ထဲမှာ ဘယ်သူအတွက် ဘယ်နည်းလမ်းက ပိုကောင်းလဲ ပြထားပါတယ်။

သင်ဆိုရင်ရော ဘယ်တစ်ခုကိုရွေးမလဲ?




14/07/2026

လုပ်ငန်းတစ်ခုကို Run နေရင်းနဲ့ Social Media ပိုင်းကိုပါ နေ့စဉ် စီမံခန့်ခွဲဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။

Content က ဘာတင်ရမလဲ စဉ်းစားရ...
Caption တွေက ဘယ်လိုရေးရမလဲ ခေါင်းစားရ...
Design ပိုင်းကလည်း ရှိသေး...
အချိန်မှန် Post တင်ဖို့ပါ လုပ်နေရသေးတယ်...

ဒီအလုပ်တွေကိုချည်းပဲ နေ့တိုင်း အချိန်ပေးနေရလို့ ကိုယ့်ရဲ့ အဓိက Business ကို သေချာအာရုံစိုက်ဖို့ အချိန်တွေ နည်းသွားပြီလား?

💡 ဒါဆိုရင်တော့ သင့်ရဲ့ Social Media ပိုင်းအတွက် Pen23 ရဲ့ Social Media Management Service ကိုသာ ယုံယုံကြည်ကြည်နဲ့ လွှဲအပ်လိုက်ပါ။

သင့်လုပ်ငန်းအတွက် ကျွန်တော်တို့ဆီကနေ အောက်ပါဝန်ဆောင်မှုတွေကို တာဝန်ယူ လုပ်ဆောင်ပေးသွားမှာပါ -

✅ Content Calendar Planning
(တစ်လစာ တင်မည့်အကြောင်းအရာများကို စနစ်တကျ ကြိုတင်စီစဉ်ပေးခြင်း)

✅ Professional Content Writing
(ဖောက်သည်တွေကို ဆွဲဆောင်နိုင်မည့် Caption များ ရေးသားပေးခြင်း)

✅ Content Strategy
(လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်မည့် ဗျူဟာများ ချမှတ်ပေးခြင်း)

✅ page Management
(Page ကို ပုံမှန် ဝင်ထွက်ထိန်းသိမ်းပေးခြင်း)

✅ Ads Campaign Management
(ထိရောက်မှုရှိတဲ့ ကြော်ငြာ Campaign များ ပြုလုပ်ပေးခြင်း)

လူကြီးမင်းအနေနဲ့ ကိုယ့်လုပ်ငန်း ပိုမိုတိုးတက်ဖို့ကိုသာ အပြည့်အဝ အာရုံစိုက်လိုက်ပါ။ Social Media ပိုင်းကိုတော့ ကျွန်တော်တို့ Pen23 က ပရော်ဖက်ရှင်နယ်ကျကျ အကောင်းဆုံး စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်။

📩 မိမိလုပ်ငန်းအတွက် Social Media Management Service နဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ Page Messenger ကနေ အခုပဲ လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pen23 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share