JADE Property

JADE Property 🏠 ချိတ်ရှိရင် ချိတ်လို့ရပီနော် 🪝
မြန်မာနိုင်ငံရဲ့ မရှိမဖြစ် အိမ်ခြံ မြေwebsite and application✨
☎️ 09750009119 / 09750009229
📩 [email protected]

15/09/2026

🏡 ဂရန်၊ ပါမစ်နဲ့ Owner Book ဘာတွေကွာလဲ

အိမ်ခြံမြေဝယ်ဖို့ စဉ်းစားနေတဲ့အခါ ဂရန်၊ ပါမစ်၊ Owner Book ဆိုတဲ့ စကားလုံးတွေကို မကြာခဏ ကြားရတတ်ပါတယ်။

👇 ဒါပေမယ့် စာရွက်စာတမ်းတစ်ခုချင်းစီရဲ့ အဓိပ္ပာယ်နဲ့ ပိုင်ဆိုင်မှုအခြေအနေတွေက မတူတာကြောင့် မဝယ်ခင် ကြိုတင်သိထားဖို့ လိုပါတယ်။

🟢 ဂရန် (Grant)
မြေယာပိုင်ဆိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ တရားဝင်စာရွက်စာတမ်းတစ်မျိုး ဖြစ်ပါတယ်။
• ပိုင်ရှင်အမည် ပါ,ပါတယ်
• အရောင်းအဝယ်၊ အမည်ပြောင်း၊ အမွေဆက်ခံမှုတွေမှာ အသုံးပြုနိုင်ပါတယ်
• အပေါင်ရှိ/မရှိ စတဲ့ အချက်တွေကိုလည်း စစ်ဆေးဖို့ လိုပါတယ်

🟢 ပါမစ် (Permit)
အစိုးရက သတ်မှတ်ချက်တွေအတိုင်း မြေကို အသုံးပြုခွင့်ပေးထားတဲ့ စာရွက်စာတမ်းတစ်မျိုး ဖြစ်ပါတယ်။
• သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ အသုံးပြုရနိုင်ပါတယ်
• နဲ့ ပိုင်ဆိုင်မှုအခြေအနေ မတူနိုင်တာကြောင့် အရောင်းအဝယ်မလုပ်ခင် စာရွက်စာတမ်းအခြေအနေကို သေချာစစ်ဆေးသင့်ပါတယ်

🟢 Owner Book
အိမ်၊ အခန်း ဒါမှမဟုတ် အဆောက်အဦးနဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်မှုမှတ်တမ်းအချက်အလက်တွေ ပါဝင်တဲ့ စာအုပ်ဖြစ်ပါတယ်။
• ပိုင်ရှင်အမည်
• အိမ်/အခန်းအချက်အလက်
• ပိုင်ဆိုင်မှုနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေ ပါဝင်နိုင်ပါတယ်။

🏡 အိမ်ခြံမြေဝယ်မယ်ဆိုရင် “စာရွက်ရှိတယ်” ဆိုတာထက် “စာရွက်က ဘာအမျိုးအစားလဲ၊ အခြေအနေမှန်က ဘာလဲ” ဆိုတာ သိထားဖို့ ပိုအရေးကြီးပါတယ်။

📱 Jade Property မှာလည်း လူကြီးမင်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်၊ ကွန်ဒို၊ မြေကွက်နဲ့ အခြားအိမ်ခြံမြေတွေကို ရှာဖွေလေ့လာနိုင်ပါတယ်။

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en






14/09/2026

📱 Facebook မှာပဲ အချိန်ကုန်မခံပါနဲ့တော့!

အိမ်ခြံမြေ ရှာနေတာလား? 🏠
ရောင်းချင်တာလား?
ငှားချင်တာလား?
Post တွေတစ်ခုချင်းစီ လိုက်ရှာရင်း
အချိန်ကုန်နေမယ့်အစား…
👉 Jade Property ကို အခုပဲ အသုံးပြုလိုက်တော့နော်! 💚
ကိုယ်လိုချင်တဲ့ Property ကို ရှာဖွေ၊
ကိုယ်ပိုင် Property ကိုလည်း တင်ထားပြီး
ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်ပါပြီ။
Jade Property ချိတ်နဲ့ချိတ်၊ ချိတ်ရှိရင် ချိတ်လို့ရပြီ! 🏡✨

#အိမ်ခြံမြေ #အိမ်ခြံမြေရှာဖွေခြင်း

✨❇️ တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် မင်္ဂလာလမ်း မြေအရောင်း ❇️✨📍 တည်နေရာ - တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် အတွင်းလမ်း...
14/09/2026

✨❇️ တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် မင်္ဂလာလမ်း မြေအရောင်း ❇️✨

📍 တည်နေရာ - တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် အတွင်းလမ်းကျယ်
📐 မြေအကျယ်အဝန်း - 20ft x 60ft (1,200 sqft)
📝 ဂရန်အမည်ပေါက်
🧱 အုတ်ခတ်

💰 ဈေးနှုန်း – 24,700 သိန်း

ဆက်သွယ်ရန် - 09-444495185

🌐 Website တွင်ကြည့်ရှုရန် - https://jadeproperty.com.mm/properties/land-for-sale-in-south-okkalapa-township
https://www.jadeproperty.com.mm/

LinkedIn: https://www.linkedin.com/company/jadeproperty

#အိမ်ခြံမြေ #အရောင်း

13/09/2026

💰 စရံငွေနဲ့အရစ်ကျ ဝယ်တာ ဘာကွာလဲ 🏡

အိမ်၊ ကွန်ဒို ဒါမှမဟုတ် မြေကွက်ဝယ်ဖို့ စဉ်းစားနေသူတွေ မကြာခဏကြားရတဲ့ စကားလုံးနှစ်ခုက စရံငွေနဲ့ အရစ်ကျစ်နစ်ပါပဲ။ တူသလိုထင်ရပေမယ့် သူတို့အဓိပ္ပာယ်နဲ့ ငွေပေးချေပုံချင်း မတူကြပါဘူး။

📌 စရံငွေဆိုတာ ဘာလဲ

အိမ်ဝယ်တဲ့အချိန် စုစုပေါင်းတန်ဖိုးထဲက အစပိုင်းမှာ တစ်ခါတည်း ပေးချေရတဲ့ ငွေပမာဏ ဖြစ်ပါတယ်။

ဥပမာ – အိမ်တန်ဖိုး သိန်း ၁,၀၀၀ ဆိုရင် စရံငွေ ၂၀% သတ်မှတ်ထားရင် သိန်း ၂၀၀ ကို အရင်ပေးချေရပါမယ်။

စရံငွေစနစ်နဲ့ သင့်တော်သူတွေကတော့...

လက်ထဲမှာ ငွေအလုံးအရင်းရှိသူနဲ့ ကျန်ငွေကို ချေးငွေ သို့မဟုတ် တခြားနည်းနဲ့ ဆက်ပေးနိုင်သူတွေပါပဲ။

📌 အရစ်ကျစနစ်ဆိုတာ ဘာလဲ

အရစ်ကျစနစ်ဆိုတာ အိမ်တန်ဖိုးကို လစဉ် သို့မဟုတ် သတ်မှတ်ထားတဲ့ အချိန်အလိုက် အရစ်ကျ ပေးချေတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

ဥပမာ – သိန်း ၁,၀၀၀ တန် အိမ်ကို ၃ နှစ် အရစ်ကျစနစ်နဲ့ ဝယ်ရင် လစဉ်သတ်မှတ်ထားတဲ့ ပမာဏကို အရစ်ကျပေးသွင်းရပါတယ်။

အရစ်ကျစနစ်နဲ့သင့်တော်သူတွေကတော့...

တစ်ခါတည်း ငွေအများကြီး မပေးနိုင်သူနဲ့ လစဉ် ဝင်ငွေအတိုင်း စီမံပေးချေချင်သူတွေပဲ ဖြစ်ပါတယ်။

✅ မဝယ်ခင် ဒါတွေကို အရင်စစ်ဆေးဖို့ မမေ့ပါနဲ့
- စရံငွေ ဘယ်နှစ်ရာခိုင်နှုန်းပေးရမလဲ
- အရစ်ကျကို ဘယ်လိုပိုင်းခြားပြီး ပေးရမှာလဲ
- အတိုးနှုန်း ရှိလား
- လစဉ်ပေးရမယ့် ပမာဏက ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီရဲ့လား

အိမ်ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်ရဲ့ ငွေကြေးအခြေအနေနဲ့ ကိုက်ညီတဲ့ ပေးချေမှုစနစ်ကို ရွေးချယ်တတ်ဖို့က ပိုအရေးကြီးပါတယ် 💚

Jade Property Application မှာတော့ Budget၊ Township နဲ့ Property Type အလိုက် ရှာဖွေနိုင်တာကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ အိမ်တွေကို အလွယ်တကူ ရှာလို့ရနေပါပြီနော် 🏡✨

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en






✨❇️မန္တလေးမြို့လယ် လည်ပတ်နေဆဲ ဟိုတယ်အရောင်း ❇️✨📍 တည်နေရာ -  မန္တလေးမြို့လယ် (၂၇) လမ်းနှင့် (၂၈) လမ်းပေါ်အတင်📐 မြေအကျယ်အဝ...
11/09/2026

✨❇️မန္တလေးမြို့လယ် လည်ပတ်နေဆဲ ဟိုတယ်အရောင်း ❇️✨

📍 တည်နေရာ - မန္တလေးမြို့လယ် (၂၇) လမ်းနှင့် (၂၈) လမ်းပေါ်အတင်
📐 မြေအကျယ်အဝန်း - 3,500 sqft
🛏 အခန်း (၇၀) နှင့် အထပ် (၁၀) ထပ်

💰 ဈေးနှုန်း – 190,000 သိန်း

ဆက်သွယ်ရန် - 09-421092118
🌐 Website တွင်ကြည့်ရှုရန် - https://jadeproperty.com.mm/properties/mama
https://www.jadeproperty.com.mm/

LinkedIn: https://www.linkedin.com/company/jadeproperty

#အိမ်ခြံမြေ #အရောင်း

11/09/2026

💚 ၀ယ်သူနဲ့ရောင်းသူ နှစ်ဦးစလုံးအတွက် Jade Property Application ရဲ့ အကျိုးကျေးဇူး ✨

အိမ်ဝယ်ချင်သူပဲဖြစ်ဖြစ်၊ အိမ်ရောင်းချင်သူပဲဖြစ်ဖြစ် Jade Property Application နဲ့ဆိုရင် အချိန်ကုန်သက်သာပြီး ပိုမိုလွယ်ကူလျင်မြန်တဲ့ အတွေ့အကြုံကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်နော်။

📌 အိမ်ဝယ်/ငှားချင်သူများအတွက်...

✅ မြို့နယ်၊ စျေးနှုန်းနဲ့ အိမ်အမျိုးအစားအလိုက် အလွယ်တကူ ရှာဖွေနိုင်ခြင်း

✅ Map View နဲ့ မိမိစိတ်ဝင်စားတဲ့ နေရာအနီးက Property တွေကို ကြည့်နိုင်ခြင်း

✅ ဈေးနှုန်း၊ အခန်းအရေအတွက်၊ မြေအကျယ်အဝန်း စတဲ့ Filter တွေနဲ့ တိတိကျကျ ရွေးချယ်နိုင်ခြင်း

✅ အိမ်၊ ကွန်ဒို၊ မြေကွက်၊ စီးပွားရေးနေရာ အစရှိတဲ့ စာရင်းမျိုးစုံကို တစ်နေရာတည်းမှာ ရှာနိုင်ခြင်း

📌 အိမ်ရောင်း/ငှားချင်သူများအတွက်

✅ ကိုယ့် Property ကို App ပေါ်မှာ အလွယ်တကူ စာရင်းတင်နိုင်ခြင်း

✅ ဝယ်သူ/ငှားသူတွေ post မြင်တွေ့တာများတဲ့အတွက် ရောင်းချဖို့ အခွင့်အရေး ပိုများြခင်း

✅ Property အချက်အလက်နဲ့ ဓာတ်ပုံတွေကို စနစ်တကျ ဖော်ပြနိုင်ခြင်း

✅ Facebook ပေါ်မှာပဲ မကန့်သတ်ဘဲ Property ရှာနေတဲ့ အသုံးပြုသူတွေဆီကိုပါ ရောက်ရှိနိုင်ခြင်း

💚 Jade Property Application မှာ အကောင်းဆုံးကတော့ ၀ယ်သူရော ရောင်းသူပါ verified ဖြစ်ပြီး အချင်းချင်း တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းပါပဲနော် ✨

လူကြီးမင်းတို့အတွက် လိုက်ဖက်တဲ့ Property ကို ရှာဖွေချင်တာပဲဖြစ်ဖြစ်၊ မိမိရဲ့ Property ကို လူများများဆီ ရောက်စေချင်တာပဲဖြစ်ဖြစ် Jade Property Application နဲ့ အလွယ်တကူ စတင်လို့ရနေပါပြီရှင် 🏡💚

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en





08/09/2026

🏡 အိမ်သေးသေးလေးကို ပိုကျယ်သလို ခံစားရစေမယ့် Storage Idea (၅) မျိုး ✨
“အိမ်က သေးလို့ ပစ္စည်းတွေ မဆန့်တော့ဘူး…” ဆိုပြီး စိတ်ညစ်နေပြီလား? 😅
နေရာအကျယ်ကြီး မလိုပါဘူး။ ရှိပြီးသားနေရာကို စနစ်တကျ အသုံးချတတ်ရင် အိမ်သေးသေးလေးတောင် သပ်ရပ်ပြီး ကျယ်သလို ဖြစ်လာနိုင်ပါတယ်။

📚 1. နံရံကို အမြင့်လိုက်အသုံးချပါ
Wall Shelf တွေတပ်ပြီး စာအုပ်၊ Decoration နဲ့ အသုံးအဆောင်တွေကို စနစ်တကျ သိမ်းပါ။
🛏 2. အိပ်ရာအောက်က နေရာကို မလွတ်စေနဲ့
စောင်၊ အဝတ်အစားနဲ့ ရာသီလိုက်ပစ္စည်းတွေကို Storage Box / Drawer တွေထဲ သိမ်းထားပါ။
🪑 3. Multi-functional Furniture ရွေးပါ
Storage ပါတဲ့ Sofa၊ Drawer ပါတဲ့ Table၊ Sofa Bed စတာတွေက ပရိဘောဂနည်းနည်းနဲ့ အသုံးများများ ရစေပါတယ်။
🚪 4. တံခါးနောက်ဘက်ကို အသုံးချပါ
ဖိနပ်၊ အလှကုန်နဲ့ အသုံးအဆောင်အသေးလေးတွေကို Hanging Organizer တွေနဲ့ သိမ်းဆည်းနိုင်ပါတယ်။
🏷 5. Storage Box တွေကို Label ကပ်ပါ
ပစ္စည်းရှာရလွယ်ပြီး အိမ်ကိုလည်း အမြဲသပ်သပ်ရပ်ရပ် ဖြစ်နေစေပါတယ်။

✨ အိမ်ကျယ်ဖို့ နေရာအကျယ်ကြီး မလိုပါဘူး။
ရှိတဲ့နေရာကို စနစ်တကျ အသုံးချတတ်ဖို့ပဲ လိုပါတယ်။
💬 ဒီ ၅ မျိုးထဲမှာ ဘယ် Idea က သင့်အိမ်အတွက် အသုံးဝင်ဆုံးလဲ?
🏠 Jade Property , Smart Living & Better Property Choices

07/09/2026

🏡 မိသားစုနဲ့နေဖို့ သင့်တော်တဲ့ ရန်ကုန်တွင်း မြို့နယ် (၅) ခု 💚✨
အိမ်ရွေးချယ်တဲ့အခါ ဈေးနှုန်းတစ်ခုတည်းမကြည့်ဘဲ ကျောင်း၊ ဆေးရုံ၊ စျေးဝယ်စင်တာ၊ အပန်းဖြေနေရာနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှုတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ရန်ကုန်မှာ မိသားစုနဲ့ နေထိုင်ဖို့ လူကြိုက်များတဲ့ မြို့နယ် (၅) ခုကတော့ 👇
❇️ ဗဟန်းမြို့နယ် – တိတ်ဆိတ်အေးချမ်းပြီး ကျောင်း၊ ဆေးရုံ၊ စျေးဝယ်စင်တာနဲ့ အပန်းဖြေနေရာတွေ နီးစပ်ပါတယ်။ ကွန်ဒိုနဲ့ လုံးချင်းအိမ် ရွေးချယ်စရာလည်း များပါတယ်။
❇️ ရန်ကင်းမြို့နယ် – မိသားစုနေထိုင်သူများတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အိမ်ရာရွေးချယ်စရာများပါတယ်။ အင်းလျားကန်၊ စျေးဝယ်စင်တာတွေနဲ့ ပုဂ္ဂလိက/အင်တာနေရှင်နယ်ကျောင်းတွေကိုလည်း အလွယ်တကူ သွားလာနိုင်ပါတယ်။
❇️ မရမ်းကုန်းမြို့နယ် – မြို့လယ်နဲ့ နီးစပ်ပြီး လူနေအေးချမ်းတဲ့ နေရာဖြစ်ပါတယ်။ ကျောင်း၊ ဆေးရုံနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး ကွန်ဒိုနဲ့ အိမ်ခြံမြေ ရွေးချယ်စရာများပါတယ်။
❇️ စမ်းချောင်းမြို့နယ် – နေထိုင်ရလွယ်ကူပြီး စားသောက်ဆိုင်၊ စျေးဝယ်စင်တာနဲ့ City Mart တွေ များပြားပါတယ်။ မြို့လယ်နဲ့ အခြားမြို့နယ်တွေကိုလည်း သွားလာရလွယ်ကူပြီး Budget အမျိုးမျိုးနဲ့ အိမ်ခြံမြေ ရှာဖွေနိုင်ပါတယ်။
❇️ ကမာရွတ်မြို့နယ် – ပညာရေးနဲ့ သွားလာရေး အဆင်ပြေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး Junction Square၊ အင်းလျားကန်၊ ကျောင်းနဲ့ တက္ကသိုလ်တွေ အနီးအနားမှာ ရှိပါတယ်။
📲 အထက်ပါ မြို့နယ်တွေမှာရှိတဲ့ ကွန်ဒို၊ မီနီကွန်ဒို၊ လုံးချင်းအိမ်၊ မြေကွက်နဲ့ အခြားအိမ်ခြံမြေစာရင်းများ ကို Jade Property Application ထဲမှာ မြို့နယ်အလိုက် Smart Filter အသုံးပြုပြီး အလွယ်တကူ ရှာဖွေနိုင်ပါပြီနော်။ ✨
🏠💚 Jade Property Application ကို Download လုပ်ပြီး မိသားစုအတွက် အိပ်မက်အိမ်ကို အခုပဲ စတင်ရှာဖွေလိုက်ပါ။

🌐 Website https://jadeproperty.com.mm/
📲 Download Now iOS (App Store): https://apps.apple.com/us/app/jade-property/id6752909746 Android (Play Store): https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en

06/09/2026

" မြန်မာနိုင်ငံရဲ့မရှိမဖြစ်အိမ်ခြံမြေ website and application "

ဲ့ချိတ်

05/09/2026

🏡 Interior Design နဲ့ Interior Decoration ဘာတွေကွာခြားကြသလဲ ✨

အိမ်အလှဆင်တဲ့အကြောင်း ပြောတဲ့အခါ Interior Design နဲ့ Interior Decoration ကို အတူတူလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ နှစ်ခုစလုံးက အိမ်လှဖို့ အရေးကြီးပေမယ့် လုပ်ဆောင်ပုံနဲ့ တကယ် focus ထားတဲ့နေရာတွေ မတူကြပါဘူး။

❇️ Interior Design ဆိုတာကတော့...

အိမ်အတွင်းပိုင်းကို အမြင်လှရုံတင်မက အဆင်ပြေလုံခြုံတဲ့နေရာတစ်ခုဖြစ်အောင် ဒီဇိုင်းစီမံရေးဆွဲခြင်း ဖြစ်ပါတယ်။

Interior Design မှာ အဓိက အစိတ်အပိုင်းတွေက...

📐 အခန်းဖွဲ့စည်းပုံနဲ့ နေရာအသုံးချမှု (Space Planning )
🏗️ ဗိသုကာပညာကို သိနားလည်မှု (Architecture Knowledge)

♿ အဆောက်အဦးတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့စံနှုန်းနဲ့ နေထိုင်သူတိုင်းအတွက် အဆင်ပြေစေမှု (Building Codes & Accessibility)

🧼 သန့်ရှင်းရလွယ်ကူပြီး ကြာရှည်ခံတဲ့ ကုန်ကြမ်းရွေးချယ်မှု (Cleanability & Durability)

🔊 အသံပိုင်းနဲ့ အသုံးပြုရ သက်တောင့်သက်သာဖြစ်မှု (Acoustic & Ergonomics)

ခြုံငုံပြောရမယ်ဆိုရင်တော့ Interior Design က နေရာတကျအသုံး၀င်မှုနဲ့လှပမှုကို တွဲဖက်စဉ်းစားတဲ့ အလုပ်ဖြစ်ပါတယ်။

❇️ Interior Decoration ဆိုတာကတော့...

Interior Decoration က ရှိပြီးသား နေရာလွတ်ကို အရောင်၊ ပရိဘောဂနဲ့ အလှဆင်ပစ္စည်းတွေ အသုံးပြုပြီး ဒီထက်ပိုလှအောင် ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။

Interior Decoration မှာ အဓိက အစိတ်အပိုင်းတွေက...

🎨 အရောင်ရွေးချယ်မှု (Color)

🪵 လိုက်ကာ၊ ကော်ဇော၊ အထည်အလိပ်များ (Textiles & Textures)

🛋️ ပရိဘောဂရွေးချယ်မှု (Furnishing)

🪴 မီးအိမ်၊ ပန်းအိုး၊ နံရံကပ်ပန်းချီကားနဲ့ အခြားအလှဆင်ပစ္စည်းများ (Accessories)

ခြုံငုံပြောရမယ်ဆိုရင်တော့ Interior Decoration က Style နဲ့ Mood ကို ဖန်တီးပေးတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်ခုစလုံးမှာ တူညီတဲ့နေရာတွေ ရှိပါသေးတယ်။ အဲဒါကတော့ Color နဲ့ Style ကို အခြေခံထားပြီး အိမ်အတွင်းပိုင်းကို သာယာလှပပြီး နေချင်စရာကောင်းတဲ့ နေရာလေးတစ်ခု ဖြစ်လာအောင် ဖန်တီးပေးတာပါပဲ။

အိမ်အသစ်ဆောက်၊ Renovation လုပ်မယ်၊ Layout ပြောင်းမယ်ဆိုရင် Interior Design နဲ့ သင့်တော်ပါတယ်။
အိမ်မပြင်ဘဲ ပုံစံပြောင်းချင်တာ၊ Cozy ဖြစ်ချင်တာ၊ Modern Look ရချင်တာဆိုရင်တော့ Interior Decoration နဲ့တင် သင့်တော်ပါတယ်။

အိမ်တစ်လုံးက လှပရုံတင်မက နေထိုင်ရအဆင်ပြေဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် Interior Design နဲ့ Interior Decoration ကို ခွဲခြားနားလည်ပြီး ကိုယ့်အိမ်နဲ့ကိုက်ညီတဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ကြပါစေနော်။








Address

Padauk Loop 2 , Padauk Garden Housing, Hlaing Tharyar Tsp
Yangon

Alerts

Be the first to know and let us send you an email when JADE Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share