K A M GROUP

K A M GROUP REAL ESTATE & SERVICES

11/03/2022
17/12/2021

မြန်မာပြည်မှာလာနေသော တရုတ်တွေအများစုသည် ချမ်းသာ၏ ။ မြန်မာပြည်မှာလာနေသော ကုလားအများစုသည်မူလကဆင်းရဲကြသော်လည်းတဖြည်းဖြည်းနှင့်ချမ်းသာသွားကြ၏ ။ မြန်မာပြည်တွင် ယခင်ကလာနေသွားခဲ့ကြသော အင်္ဂလိပ်များသည်လည်းချမ်းသာသွားကြ၏။

ခေတ်အဆက်ဆက် အထည်ကြီးပျက်လိုဖြစ်ကာဆင်းရဲကြသည်မှာ မြန်မာများဖြစ်သည် ။ ထိုအခါစဉ်းစားရမည်မှာ လူတို့ဆင်းရဲကြခြင်းမှာ တိုင်းပြည်အပြစ်မဟုတ်ပဲ လူတွေညံ့လို့ဖြစ်ကြောင်းထင်ရှားလေသည် ။

မြန်မာတို့ကြီးပွားချမ်းသာကြောင်းအတွက်ပြင်ကြရမည့်စိတ်ဓာတ်များအတော်များများရှိ၏။အောက်ပါတို့သည် မြန်မာတို့မကြီးပွားရခြင်း၏အကြောင်းရင်းများ (ဝါ)ပြင်ကြရမည့်စိတ်ဓာတ်များဖြစ်သည် ။

(က) ရောင့်ရဲလွယ်ခြင်း

မြန်မာဆင်းရဲသားအတော်များများသည် ယနေ့စားဖို့ရလျှင်မနက်ဖြန်အတွက် အလုပ်ကြိုတင်မလုပ်လိုကြပေ ။စုဆောင်းဖို့ ရှာဖွေဖို့ထက် အေးအေးလူလူ ဟေးလားဝါးလားနေချင်ကြသည် ။ သူတို့၏လက်သုံးစကားမှာ ထမင်းကြမ်းယပ်ခတ်စား မယ်
(အေးအေးပဲနေမယ် ) ဆိုသောစကားဖြစ်သည် ။ တစ်နေ့စာ စားဖို့ရပြီဆိုလျှင် အလုပ်မလုပ်တော့ပဲ ရောင့်ရဲ ကြသဖြင့် ဘယ်သောအခါမှ စုမိဆောင်းမိမရှိကြချေ။

(ခ)အချိန်ဖြုန်းခြင်း

လက်ဘက်ရည်ဆိုင်တွင်တမေ့တမောထိုင်ကာ ပြသမျှ ဗီဒီယိုဇာတ်ကားများကိုကြည့်ရှုခြင်း၊ ဘိလိယက်ခုံတွင် တနေကုန်ထိုင်နေခြင်း၊ကျားထိုးခြင်း ၊ ဖဲရိုက်ခြင်း၊ မိန်းမများစုကာအတင်းပြောကြခြင်း၊ပိုက်ဆံကြေးဂေါ်လီလှိမ့်ခြင်း ၊

အရက်ဆိုင်တွင်မထတမ်းထိုင်နေခြင်း၊ နတ်ကရာကျီးမောဆိုသကဲ့သို့ သူများအိမ်ဆောက်ခြင်း၊နတ်ပွဲကခြင်း ၊ ရန်ဖြစ်ခြင်း ၊ဘောလီဘောပုတ်ခြင်း ၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည့်တွေ့ကရာ ရှစ်သောင်းကိစ္စများကို ထိုင်ကြည့်ခြင်း စသည့်အမှုများကိုမြန်မာအများစု ပြုလုပ်အချိန်ဖြုန်းနေသည့် အခိုက်၀ယ် လူမျိုးခြားတို့မှာ သူတို့ဆိုင် ၊ သူတို့ အလုပ် ၊သူတို့ ကိစ္စကိုအားသွန်ခွန်စိုက်အလုပ်လုပ်ပြီး၀င်ငွေများရပြီးနေကြလေပြီ ။

(ဂ) ငွေဖြုန်းခြင်း

ဘုန်းကြီးသေရွာကြေဆိုသော စကားပုံ ၊ အကြွေးရရင်ဆင်တောင်၀ယ်တယ်ဆို သောစကားပုံ ၊ သောက်သောက်စားစားလူမင်းသား၊ ဆင်စီးလို့မြင်းရံ ဆိုသောစကားပုံများသည် မြန်မာတို့အကြွားသန်သော ငွေဖြုန်းသောဖြစ်ရပ်များကိုပြဆိုနေသော စကားပုံများဖြစ်သည် ။ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူလျှင် ရိုးရိုးမသာချလိုက်ပါက ငွေကုန်ပေါက်သက်သာ၍ ဘုရားတရားတော်နှင့်အညီဖြစ်မည်ဖြစ်သော်လည်း မြန်မာတို့သည် ဇာမချဲ့ရလျှင်မကြေနပ်ချေ။ထို့ကြောင့်ဇာတ်ပွဲ ၊အငြိမ့်ပွဲငှားခြင်း၊ ဧယဉ်ကျူးမည့် မင်းသမီးငှားခြင်း ၊ ဘုန်းကြီးပျံပွဲ တစ်လကိုးသီတင်းကျင်းပခြင်း ၊ လောင်တိုက်ကောင်းကောင်းဆောက်ခြင်း ၊ လာသမျှပရိသတ်ကိုစတုဒီသာရက်ဆက်ကျွေးခြင်း ၊ အသံချဲ့စက် လော်စပီကာဆရာကောင်းကောင်းငှားခြင်း ၊ မီးစက်ကြီးငှားရခြင်း၊

ကော်ဇော်စသည်ဖြင့် ဧည့်ခံမဏ္ဍပ်ဆောက်ရခြင်း၊ တို့ဖြင့် ရွာမှာ စားရိတ်ထောင်းကာမွဲပြာကျလေသည် ။ မိမိမှာမရှိပဲရသမျှ အကြွေးယူချင်တတ်သော စိတ်ဓာတ်မှာလည်း မြန်မာတို့မွဲပြာကျစေသော အကျင့်ဆိုးဖြစ်၍ပြင်ရမည် ။

မြန်မာဗုဒ္စဘာသာ၀င်အားလုံးသည် မိမိသားသမီးရှင်ပြုနားသပွဲကို အတော်ကြီးငွေကုန်ခံကာပြုလုပ်ကြသည် ။အငြိမ့်တွေ ဇာတ်တွေငှားသည် ။ ဆင်တွေ မြင်းတွေငှားသည် ။

၀ငျးခငျးသဘငျတှလေုပျကွသညျ ။ အပြိုင်အဆိုင်ကျွေးကြသည် ။ ဆိုင်းဝိုင်းများဖြင့် မြို့ကိုပတ်ကြသည် ။

တစ်သက်လုံးစုဆောင်းထားသမျှအားလုံးကုန်သည့်အပြင် အကြွေးတင်သည်အထိ ရှင်ပြုနားသပွဲ တစ်ပွဲတည်းနှင့် ငွေများ ကို အားလုံးသုံးပစ်လိုက်ကြပြီးနောက်နေ့တွင် ဘာမှမကျန်တော့သည့်ဘ၀သို့ရောက်ကြသည် ။

မြတ်စွာဘုရားအလိုတော်ကျဖြစ်သော ရှင်ရာဟုလာ သင်္ကန်းဆီးသည့်ပွဲကဲ့သို့တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း ပကာသနမပါပဲ ပြုလုပ်သောရှင်ပြုပွဲတို့ များပြားစေချင်ပါသည်။အလှူမင်္ဂလာဆောင်ပွဲသွားတိုင်း အ၀တ်သစ်အစားသစ်ချုပ်ကြ၀ယ်ကြခြင်းသည်လည်းငွေကုန်ပေါက်ကြီးတစ်ခုဖြစ်၍ လူမျိုးခြားများသည် ထိုသို့မလိုအပ်ပဲ အ၀တ်အစားအသစ်များ
မကြာခန၀ယ်ခြင်းမပြုကြပေ။

(ဃ)အလုပ်လုပ်သည်ကိုရှက်စရာဟုထင်မြင်ခြင်း

လူမျိုးခြားများသည် သူတို့ကလေးများကိုငယ်စဉ်ကပင် ၀ငျငှရေသောအလုပျမြားကို တနိုင်တပိုင်ဝိုင်းကူလုပ်စေသည် ။

ထို့ကြောင့် စျေးရောင်နေသောတရုတ်ကလေး ၊ မိဘလက်တွန်းလှည်းကိုဝိုင်းတွန်းပေးသော ကုလားလေးများကိုတွေ့ရပေမည် ။

မြန်မာလူမျိုးများကားမိမိသားသမီးကို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဘော်ကြော့ထားခြင်းကိုဂုဏ်ယူကြပေသည် ။ ငါအသက်ရှင်နေသရွေ့ငါ့သားသမီးများဘာမှလုပ်စရာမလိုဟူသောတလွဲမာနဖြင့် ကလေးကိုဖျက်ဆီးကြသည် ။

ကျောင်းသွားလျှင် ကျောင်းလွယ်အိပ်ကိုကိုင်ပေးမည့်သူနှင့်၊ ထမင်းစားလျှင်ခွန့်ကျွေးမည့်သူနှင့် ၊ အင်္ကျီလဲလျှင်ကူ၀တ်ပေးမည့်သူနှင့် အစစလိုလေသေးမရှိထားခြင်းဖြင့်ကလေးကိုဖျက်ဆီးကြ၏ ။ ထိုကလေးသည် မိမိအစွမ်းအစဖြင့် ဘာမှမလုပ်တတ်တော့ပေ။

ငါရှိရင်ငါ့သားသမီးဘာမှလုပ်စရာမလိုဘူးဆိုသော မိခင်၊ သို့မဟုတ် ဖခင်တို့ ရုတ်တရက်ကွယ်လွန်သွားသောအခါ ၊စီးပွားပျက်သွားသောအခါ သာသမီးမှာ ဘာမှမလုပ်တတ်မကိုင်တတ်ဖြင့် ခွေးလုံးလုံးဖြစ်တော့သည် ။

ထို့ကြောင့်မြန်မာလူမျိုးများ ကြီးပွားတိုးတက်လိုလျှင်မိမိသားသမီးကို ငယ်စဉ်မှစကာ နိုင်သရွေ့သော အလုပ်ကိုလုပ်ခိုင်းရမည် ။

မိမိအစွမ်းဖြင့်ငွေရှာလျှင် မည်မျှနည်းပါးသောပိုက်ဆံပင်ဖြစ်စေ ခွင့်ပြုရမည် ။ချီးကျူးရမည် ။

လုပ်မနေနဲ့ မင်းဟာက မဖြစ်စလောက်နဲ့ဘယ်လောက်ရမှာမို့လဲ အဖေ ပေးမယ်ဆိုသော တလွဲအယူအဆကိုဖျောက်ရမည် ။

(င) မုဒိတာမပွားနိုင်ကြခြင်း (ဝါ)မနာလို၀န်တိုစိတ်အားကြီးခြင်း

မြန်မာတို့၏အားနည်းချက်တစ်ခုမှာအပေါ်ယံသဘောကောင်းသလိုထင်ရသော်လည်း အချီကြီးမိလာသောကိစ္စများတွင် တစ်ယောက်နှင့်တစ်ယောက် ၊တစ်ဖွဲ့နှင့်တဖွဲ့ မနာလို၀န်တိုစိတ်အားကြီးကြသည် ။

တစ်ယောက်အဆင်ပြေသည်ကိုတစ်ယောက်က၀မ်းမြောက်၀မ်းသာသော မုဒိတာတရားနည်းကြသည် ။

ငွေတစ်ရာအဆင်ပြေစဉ်က ၀မ်းသာခဲ့သော်လည်းထိုသူငွေတစ်ထောင်ရလာသောအခါ မကြိုက်တော့ပေ ။ဒီကောင့်လောက်တော့ငါလဲတတ်ပါတယ် ။

ဒီကောင်ကဘာကောင်မို့ တစ်ထောင်တောင်ပေးရတာလဲ ၊နှစ်ရာလောက်ပေးရင်ရပြီဆိုတာ ငါသွားပြောမယ် ၊ ငါတို့အဖွဲ့ကိုခိုင်းရင် တစ်ရာ့ငါးဆယ် နှစ်ရာလောက်နဲ့ရအောင်လုပ်ပေးမယ် စသည်ဖြင့် သူတပါးလာဘ်လာဘရခြင်းကို ဖျက်လိုဖျက်ဆီးစိတ် များမြန်မာတို့တွင်ရှိတတ်၏ ။

ထိုစိတ်ဆိုးစိတ်ယုတ်ပေါ်ပေါက်လာလျှင် ဖယ်ရှားရမည် ။သူလဲကြီးပွား ကိုယ်လဲကြီးပွား မှသာ တမျိုးသားလုံးကြီးပွားမည် ။ တရုတ်အားလုံးကြီးပွားသောအခါ နိုင်ငံတိုင်းတွင် တရုတ်တန်း(China Town ) ဟူ၍ အားလုံးကတကူးတကလာကြည့်ရသည် ။

အိန္ဒယနိုင်ငံသားများကြီးပွားသောအခါ LITTLE INDIA ဟုခေါ သော ကုလားရပ်ကွက်ဖြစ်ပေါ်လာသည် ။

မြန်မာတို့ကားတစ်ယောက်ကိုတစ်ယောက်ထိုးချဖို့အမြဲကြံစည်နေသဖြင့် နိုင်ငံခြားတွင် အစုလိုက် အပြုံလိုက်ကြီးပွားတိုးတက်နေသော မြန်မာ အသိုင်းအဝိုင်းဟူ၍ မရှိသလောက်ရှားသည် ။ပြည်တွင်းမှာလည်းထိုနည်းနှင်နှင် ။

(စ) တစ်ယောက်လုပ်လျှင် အားလုံးလိုက်လုပ်ကြခြင်း

လူတစ်ယောက်က ကားမှတ်တိုင်အောက်တွင် ကွမ်းယာရောင်းကောင်းလျှင် ကားမှတ်တိုင်တွင်အားလုံး ကွမ်းယာလိုက်ရောင်းကြသည် ။

ဓာတ်တိုင်အောက်တွင်မုန့်ဟင်းခါးသယ် အဆင်ပြေလျှင်အားလုံးမုန့်ဟင်းခါးဖြစ်ကြသည် ။ကိုယ်ရောင်း၇ဖို့သူ့ဆိုင်ပြုတ်အောင်ချောက်တွန်းကြသည် ။

(ဆ)ကိုယ်နဲ့မဆိုင်သလိုနေကြသည် (စုပေါင်းဆောင်ရွက်မှုအားနည်းသည် )

ရေမြောင်းပိတ်နေသဖြင့် ပိုက်ဆံလိုက်ကောက်ပါက မြန်မာအိမ်အတော်များများက ငွေထည့်ဖို့လက်တွန့်လေ့ရှိသည် ။

လျှပ်စစ်မီးလင်းဖို့ ၊ ရေရရှိဖို့ စသည့်ကိစ္စများမှာလည်းထိုနည်းနှင်နှင် ။

တစ်ယောက်ကိုတစ်ယောက်တွက်ကပ်ကြသည် ။ ထို့ကြောင့်အသေးအဖွဲကိစ္စလေးများမှာပင် ငြင်းနေခုန်နေကြတာ ၊ တွက်ကပ်နေကြတာ ၊စကားများနေကြတာနှင့်ပြီးသည် ။

အလုပ်ကြီးအကိုင်ကြီး ၊လုပ်ငန်းကြီးဆိုလျှင်ပိုဆိုးသည် ။ ဘယ်တော့မှ မြန်မြန်နှင့်မှန်မှန် အလုပ်ပြီးမြောက်သည်ဆိုတာ မရှိ ။ အမြဲတွက်ကပ်ငြင်းခုန်နေတတ်ကြသည် ။
ငါသိငါတတ် တွေများနေကြသည် ။

နောက်လိုက်လုပ်လိုသူမရှိ ။ မြန်မာများသည်အားလုံးဆရာကြီး လုပ်လိုသူတွေများသည် ။

နေရာလုနေကြတာနှင့်အချိန်တွေငွေတွေကုန်ကာအလုပ်မဖြစ်တာများသည် ။ အရင်းတစ်ရာစီရှိသောလူငါးယောက်ပေါင်းပြီးအရင်းငါးရာလိုသောအလုပ်ကို မြန်မာတို့မလုပ်နိုင် ။

အရင်းတစ်ရာစီကိုင်ပြီး တစ်ရာတန်အလုပ်ကိုပဲ မိမိဘာသာလုပ်ကြသည် ။

ဟိုဘက်က ငါးရာတန်အလုပ်ကိုငါးယောက်လုပ်ရာမှ တစ်ထောင်တန် တစ်သောင်းတန် တစ်သိန်းတန်အလုပ်များဖြစ်သွားကြသည် ။
တစ်ရာတန်သမားများမှာ ဆင်းရဲလည်းမသွား တစ်ရာတန်ဘ၀မှလည်းတက်မလာ

။ ဒုံရင်းဒုံရင်းဖြစ်နေသည် ။

နှစ်ပေါင်းများစွာကြာသောအခါ တစ်ချိန်က တစ်ရာတန်အရင်းအနှီးရှိခဲ့တာခြင်းတူသော်လည်း စုပေါင်းသမားက တစ်သိန်းအထိ ချမ်းသာလာပြီး တစ်ယောက်ချင်းသမားက တစ်ရာ တန်ဘ၀မှာပဲကျန်ရစ်သည် ။

ကြီးပွားချင်လျှင် အကျိုးတူပူးပေါင်းမဆောင်ရွက်တတ်သော၊မဆောင်ရွက်ချင်သော ဓလေ့ကိုမြန်မာတို့ပြင်ကြရမည် ။

ဆက်ပြောလျှင်ပြောစရာတွေများစွာရှိသေးသည် ။ ယခုပြောဆိုသလောက်ကိုပဲ ဖိဖိစီးစီး စတင်လုပ်ဆောင်ပါက ဧကန်မုချကြီးပွားတိုးတက်ရမည် ။

တစ်ယောက်ချင်းတိုးတက်လာပါက
တစ်နိုင်ငံလုံးတိုးတက်လာမည်ဖြစ်သတည်း။
#ပြန်လည်မျှဝေပေးပါတယ်

Crd သရဝဏ် (ပြည်)

Photo တွေကတော့ အိမ်ကဟာတေ ကောက်ရိုက်တင်လိုက်တာ🤪🤪🤪

15/12/2021

#အိမ်တစ်လုံးရဲ့မြန်မာအခေါ်များ

အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့အပြိုင်ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄"၂" ၊ ၅"၂" တို့ကိုသုံးလေ့ရှိတယ်။
မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။ မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။
မြန်မာအခေါ်`ထုပ်ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ်တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုးသစ် ၄"၂"၊ ၅"၂" တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။
လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ်အနေအထားအတိုင်းရှိတဲ့သစ်သားကိုခေါ်တယ်။ လျောက်တန်းကို အများအားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။ ဒိုင်းများနားခိုနိုင်အောင် ထားတ ဲ့ရေပြင်ညီတန်းဖြစ်တယ်။ သူ့ကိုလည်း များသောအားဖြင့် ၅"၂" နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ဖြစ်တယ်။
ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မတင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ရက်မဖြစ်တယ်။ ကြမ်းခင်းကိုတောင့်စေဖို့ ရက်မကို ၅"၂" နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။အိမ်တစ်အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေထက်ပို မဝေးရဘူး။
ရက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄"၂"နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို joist လို့ခေါ်တယ်။ ကြမ်းခင်းမညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁၀ လက်မခြားထားလေ့ရှိတယ်။
ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ်တယ်။ ၁လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။ ပန်းဆွဲကိုလည်း facia, fascia နဲ့ eaves board လို့လည်းခေါ်တယ်။
ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့အစိုင်းကြောင့် မြားတန်းလဲမကျအောင် ဖားများ(cleats)ခံပေးရပါသေးတယ်။ အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃"၂"နဲ့ ၄"၂" တို့ကို ၃ ပေခွဲထက်မဝေးအောင် တင်ပေးရတယ်။
တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂"၁" သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွတ်အမိုးပြားရဲ့ချိတ်အပေါ်မူတည်
ပြီးထည့်ရတယ်။
တချို့ ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ်တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။အများအားဖြင့် ၄"၄" တိုင်များနဲ့ပြုလုပ်လေ့ရှိတယ်။
အဆောက်အဦတစ်လုံးဆောက်လို့ နံရံများမတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်တယ်။
Credit

25/11/2021

ဝင်ငွေကောင်းနေပါရဲ့နဲ့ များများ မစုဆောင်းနိုင်ရခြင်းရဲ့ အကြောင်းရင်း (၆) ချက်

(၁) အပင်ပန်းခံရှာပြီး မသုံးပဲနေရမယ်ဆိုတာကြီးက မဟုတ်သေးပါဘူးကွာဟု အတွေးရှိခြင်း

ဒီလိုတွေးတတ်တဲ့သူတွေ ပြောလေ့ရှိတာက "ငါကတော့ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်တယ်၊ ဘဝဆိုတာ တိုတိုလေး ပျော်ပျော်နေရဖို့ အရေးကြီးတယ်"

အနာဂတ်အတွက် ရှာဖွေစုဆောင်းခြင်း လုပ်ဖို့အတွက် သိပ်စိတ်မဝင်စား။ မဖြစ်မနေလုပ်ရမယ်ဆိုလည်း နောက်မှ လုပ်မည်။ ဒီနေ့တော့ ပျော်မည်။

ဝင်ငွေရဲ့ ၁၀ ပုံ တစ်ပုံကို စုပါတို့
စုပြီးမှ ကျန်တာကို သုံးပါတို့ ဆိုတဲ့ စကားတွေက သူတို့အတွက် မဟုတ်။

(၂) ဘတ်ဂျတ် မသတ်မှတ်ထားခြင်း

တိုင်းတာလို့မရရင် ထိန်းချုပ်လို့ မရနိုင်။
ကိုယ့်အနေနဲ့ တစ်လတာအတွင်း ဘာတွေ သုံးဖို့ရှိပြီး၊ ဘယ်လောက်သုံးစွဲမယ် ဆိုတာမျိုးကို ကြိုတင် တွက်ဆထားခြင်းမရှိဘဲ ပိုက်ဆံအိတ်ထဲ ဖြည့်လိုက် သုံးပြီးလျော့သွားရင် ပြန်ဖြည့်လိုက် ပြုလုပ်တတ်ခြင်း။

(၃) အသုံးစာရင်း မှတ်လေ့မရှိခြင်း

ငွေသုံးစွဲမှုဟာ မှော်ဆန်တယ်လို့ ကျွန်တော်အမြဲ ပြောလေ့ရှိတယ်။
ပိုက်ဆံတွေသာ ပြောင်သွားတယ် ဘာတွေ သုံးလိုက်မိပါလိမ့်လို့ ပြန်စဉ်းစားတော့လည်း အကုန်ပြန်မထွက်ဘူး။
ငွေသုံးစွဲမှုကို အထိန်းအကွပ်တစ်ခု ဖြစ်စေတဲ့ ဘတ်ဂျက်သတ်မှတ်ထားခြင်း မရှိတော့ ဘယ်လောက်ကုန်ကုန် ပြဿနာလို့လည်း သိပ်မမြင်တော့ဘူး။
ဒီတော့ ဘာတွေသုံးမိလိုက်လဲ ဆိုတာလည်း အရေးမကြီးတော့ပြီမို့ အသုံးစာရင်း မှတ်တဲ့အလုပ်ပိုကြီးကိုလည်း လုပ်နေစရာ မလိုတော့ဘူးပေါ့။

(၄) ကျားကြီးခြေရာကြီး

စာရင်းမရှိ အင်းမရှိ နဲ့ ကိုယ့်အိတ်ထဲကပိုက်ဆံ ကိုယ့်ပိုက်ဆံ ဆိုတဲ့မူနဲ့ သွားနေမှတော့ ...
ဒီခေတ်ကြီးမယ် အာရုံငါးပါးအရသာ ခံဖို့အတွက် ဆွဲဆောင်နိုင်တဲ့ အရာတွေကလည်း ပေါများတာနဲ့တော့ တည့်တည့်ကြီး တွေ့ကြပြီပေါ့။

ပစ္စည်းတစ်ခု လိုချင်ရင် ပိုက်ဆံဘယ်လောက်ကျန်သေးသလဲဆိုတာနဲ့ လကုန်ဖို့ ဘယ်နှရက်လိုသေးသလဲ ဆိုတာလောက်ကို ချိန်ဆပြီး အဆင်ပြေရင် မှာချလိုက်တာပဲ။

လိုချင်နေတာလား၊ လိုအပ်နေတာလား ဆိုတာလည်း သိပ်မစဉ်းစားတော့ဘူး။

ကိုယ်လိုချင်တာတွေကို မဆင်မခြင် လိုက်ပြီးဝယ်နေမယ်ဆို တစ်ချိန်မှာ ကိုယ်လိုအပ်တဲ့အရာတွေကို ထုတ်ပြီး ရောင်းရတဲ့ ဘဝ ဆိုက်လိမ့်မယ်ဆိုတဲ့ စကားတွေဟာလည်း သူနဲ့ လားလားမှ မဆိုင်။

(၅) နောက်ဆုံးပေါ်ရောဂါ

ဖုန်းအသစ်ထွက်ရင် လဲချင်တယ်။ ဆိုင်အသစ်လေးကောင်းတယ်ဆို ရောက်ပြီးပြီ။
နောက်ဆုံးပေါ် မဟုတ်တောင် တံဆိပ်ကလေးက ဆရာကျနေမှ။

(၆) လက်မရွံ့ အကြွေးယူသမား

လကလည်း ကုန်တော့မယ် ဒါလေးကလည်း ဒီတစ်ရက်ပဲ ဈေးချတာ။ ကိစ္စမရှိပါဘူးလေ လကုန်တာနဲ့ ပြန်ပေးလို့ ရတာပဲ တစ်ယောက်ယောက်ဆီက ခဏ ဆွဲလိုက်တာပေါ့။

ဒီလိုနဲ့ နောက်လရဲ့ ဝင်ငွေကို ကြိုသုံးတတ်လာတယ်။
ပိုက်ဆံချေးထားပြီး သေချာ မမှတ်ထားတာတွေ။
Credit ကဒ်တွေကို ဟန်ပါပါ သုံးထားခဲ့တာတွေ။

ပြီးတော့ ဒီအကြွေးတွေကို ဦးစားပေးပြီး အကျေဆပ်နိုင်ဖို့ မကြိုးစားပဲ သုံးမြဲဆက်သုံးနေတော့ အတိုးတွေပါ လိုက်ပြီး ကြီးထွားလာတယ်။

ဒီလိုနဲ့ လုံးလည်လိုက်ရာကနေ ဟုတ်တိပတ်တိ စုဆောင်းဖြစ်တဲ့ဆီ မရောက်လာတော့ဘူး။

အခု ဒီစာကို ဆုံးသည်အထိ ဖတ်ဖြစ်ခဲ့တဲ့ မိတ်ဆွေဟာ ဒီ (၆) ချက်စလုံးနဲ့ မညှိပဲ ဒီအချက်တွေ အားလုံးနဲ့ ဆန်ကျင့်ဘက် ပြုမှုဆောင်ရွက်ဖြစ်နေတယ် ဆိုရင်တော့ ဒါဟာ အရမ်းကောင်းတဲ့ လက္ခဏာပဲလို့ ယူဆနိုင်ပါတယ်။

(၆) ချက်မှာ တစ်ချက်ဖြစ်စေ တစ်ချက်ထက်ပို၍ဖြစ်စေ မိမိနှင့် တိုက်ဆိုင်မှု ရှိနေပါက အချိန်မှီ ပြုပြင်နိုင်ကြပါစေကြောင်း 🙏🙏🙏

#များများရှာမယ်
#လျော့ပြီးသုံးမယ်
#ပိုလှူမယ်
(zero zero 7)

ကိုဆွိ
24.11.2021




11/11/2021

အိမ်ဆောက်ချင်သူများ အိမ်တစ်လုံးဆောက်မယ်ဆို
သိထားသင့်တဲ့ အချက် (၈)ချက်။

၁။ ကိုယ်လိုချင်တဲ့ အိမ်အနေအထားကိုအရင်ဦးဆုံးရွေးချယ်ပါ

၂။အခန်းဖွဲ့စည်းပုံ ဘယ်ပုံစံလိုချင်လဲ စဉ်းစားပါ

၃။အိမ်ဆောက်တဲ့အခါ ဘယ်လိုအုတ်သုံးစေချင်သလဲ ဥပမာ ဘိလပ်မြေအုတ်လား။မြေအုတ်လား။CLCလားသေချာ ဆုံးဖြတ်ပါ။

၄။ဘိလပ်မြေက ထိုင်ဆင်လား။ ကြံ့နီလား ။အပါချီလား အယ်ဖာလားအစရှိသဖြင့်ရွေးချယ်ပါ

၅။အဆောက်အဦးက သံကူကွန်ဂရစ်အမျိုးအစား(RCC)အဆောက်အဦး လိုချင်တာလား။
သံတိုင်ထောင်ပြီး အုပ်ညှပ်တဲ့ (Ss)စတီးစွက်ချာလိုချင်တာလား။ သစ်သားတိုင်ထောင်ပြီး အုပ်ညှပ်တဲ့( BNK)ဘင့် နော်ကယ် အမျိုးအစားကို လိုချင်တာလား။ဟော်လို ထောင်ပြီ ကျောက်ပြား ကာတဲ့အိမ်လိုချင်တာလား။

၆။ အိမ်အတွင်းပိုင်းအလှဆင် ဦးမှာလား
ဥပမာ -
ကြမ်းခင်ကို ကြွေပြား ခင်းမှာလား
ပါကေးခင်းမှလား ပေါလစ်တင်မှာလား
(တမံသလင်လုပ်ခြင်းကိုပြောပါသည်)
အတွင်းနံရံ ကိုရော ကြွေပြားကပ်မှာလား
ဘယ်နှစ်ပေ အမြင့်အထိကပ်မှာလဲ
ပြတင်းပေါက် အောက်နှုတ်ခမ်းလား
မျက်နှာကျက် အထိ အပြည့်ကပ်ချင်သလား
ကြွေပြားက ကြမ်းခင်းကို တစ်ပေ ပတ်လည်ခင်းမလား ၂ပေပတ်လည် ခင်းမလား တရုတ်ပြားလား ထိုင်းကြွေပြားလား ဗီယက်နမ် ကြွေပြားလား
နံရံမှာရော ၈..လက်မ ၁၀လက်မလား
၈ လက်မ တစ်ပေလား
၂ပေ ၁ပေလား
၂ပေပတ်လည် ကပ်မှာလားစဉ်းစားရပါမယ်

၇။အဆောကျအဦးဆောကျမယျ့မွနေရောက အုတ်သဲ ကျောက် ကား ဝင်လို့ရနိုင်လားဘယ်လိုအခက်အခဲ ရှိနိုင်မလဲ
မြေကြီး ပျော့လား မာလား မြေပျော့ ရင် ဖောင်ဒေးရှင်းအနက်ပေများမယ် မြေမာရင် မြေကြီး ကြံ့ခိုင်ရင် အနက်ပေသက်သာမယ် အစရှိသဖြင့် စဉ်းစားပါ
၈။အုပ်သဲကျောက်ဒိုင်နဲ့ အိမ်ဆောက်မယ့်နေရာနီးသလားဝေးသလား အိမ်ဆောက်ပစ္စည်းဈေးနှုန်းကရော ဈေးကြီးသလားဈေးသက်သာလား
ဈေးကြီးရင် PAE ဈေးကလဲ တက်သွားမှာဆိုတော့လေ
ဒီအချက်(၈)ချက်ကိုသေချာစဉ်းစားပြီးမှ ဒါတောင် ပြောရရင် အများကြီးရှိသေးတယ်တယ်နော် ပိဋိကတ် သုံးပုံဖတ်ရသလိုနေမှာစိုးလို့ လိုအပ်မယ် ထင်တာလေလောက်ပဲ အရင်ပြောလိုက်တာပါပြီးတော့ ငွေ ဘယ်လောက်သုံးမလဲပေါ့နော်(တစ်ပဲပေးပြီး လှည်းတစ်လေး)လိုချင်လို့လဲ မရဘူးလေ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတာကိုဂဲသေးသေးလေး ရေအိုင်ထဲ ပစ်ချပြီး ပင်လယ်ပြင်က လိူင်းလုံးကြီးတွေလို ဂယက်ထစေခြင်ရင်တော့ ဟိုလူပြောသလိုပဲ (မိုက်လိုက်တာ သမီးရယ်)လို့ပဲပြောရတော့မယ်😁😁😁။

သိန်းတစ်ရာတန်မယ်အိမ်ကိုဆောက်တော့မယ်ဆိုရင် လက်ထဲမှာ ၁၃၀...၁၄၀လောက် ဆောင်ထားပါ

ပြီးတော့ အိမ်ဆောက်တဲ့အိမ်ရှင်နဲ့ ကန်ထရိုက်ယူတဲ့သူနဲ့ ခိုင်မာတဲ့ စာချုပ် (အချက်အလက် ပြည့်စုံတဲ့ စာချူပ်)။

Online ပေါ်မှာ အလုပ်အပ်တာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အတွင်းသိ အစင်းသိတော့ မဖြစ်နိုင်ပါဘူးသတိထားပါ ငွေမလွန်ပါစေနဲ့။

Onlineပေါ်မှာ တင်ပြီး အိမ်ပုံစံလေးနဲ့ အကျယ်ပေလေးနဲ့ ဒီအိမ်ဘယ်လောက် ရှိလဲ ဈေးမေးတဲ့နေရာမှာ လိုင်းပေါ်က ပြန်ဖြေတဲ့ ကန်ထရိုက်ဆရာတွေက အကြားအမြင်ရနေတာ မဟုတ်တော့
အလျား အနံကို မြောက်ပြီး လက်ရှိဆောက်လုပ်ရေး paeဈေးနဲ့မြောက်ပြီး ပြောလိုက်တာပါ

တကယ်တမ်းမြေပြင်မှာ ဆောက်တဲ့အခါ အိမ်ရှင်လိုချင်တဲ့အနေအထားနဲ့ သုံးမယ့် ပစ္စည်းပေါ် မူတည်ပြီး ဈေးက အနိမ့်အမြင့်ရှိနိုင်ပါတယ် မြန်မာပြည်တွင်းမှာတောင်မှ ဧရာဝတိတိုင်းဘက်မှာ ဆောက်မယ်အိမ်နဲ့ အညာမြေမှာဆောက်တဲ့အိမ်များဟာ ဖောင်ဒေးရှင် ရဲ့ လုပ်ဆောင်ပုံခြင်း မတူညီပါဘူး။

comment မှာ မေးနေတဲ့ အတွက် အသေးစိတ်လဲ
သိရအောင် သူ့စကားအသွားအလာလဲ သိရအောင် စိတ်ဓာတ်နဲ့ ပြောဟန်ဆိုဟန် ပြောတဲ့ လေသံအနိမ့်အမြင့် အလုံးစုံ သိရဖို့အတွက် ဖုန်းနံပါတ် တောင်းပြီ ဖုန်းဆက်ကြည့်လိုက်ပါ
အိမ်တစ်လုံးတောင်ဆောက်မှာပဲ ဖုန်းဘေလေး တစ်ထောင် နှစ်ထောင်ကို တွန့်တိုမနေပါနဲ့
ကိုယ်သိချင်တာ ပြည့်ပြည့်စုံစုံပြောပြီး ပြည့်ပြည့်စုံစုံ သိရတာနဲ့ ဘေးကုန်တာနဲ့ တန်ပါတယ်ဗျာ

အဲလို ဖုန်းဆက်လိုက်လို့ အဲဒီ ကန်ထရိုက်နဲ့ အိမ်ဆောက်မယ် အလုပ်အပ်မယ်လို့ ပြောပီးရင်လဲ ကတိမဖျက်ပါနဲ့
အကြောင်းကြောင်းကြောင့် ကတိပျက်နိုင်ရင်လဲ ကတိ မတည်နိုင်ရတဲ့ အကျိုးအကြောင်းကို သူကျေနပ်တဲ့အထိ့ အလေးအနက်ပြန်ဖြေရှင်းလိုက်ပါ
တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတွေနဲ့ ရှင်သန်ပါ အမုန်းမပွားပါနဲ့အသက်တွေလဲ ကြီးပြီပဲ ဗျာ လူတစ်ယောက်နဲ့ စကား ၁၀ မိနစ်လောက်ပြောကြည့် သိပါတယ်

စာရှည်သွာပြီ အခုလို ဆုံးအောင်ဖတ်ကတည်းက
သင်ဟာ အကြောင်းအရာတစ်ခုကို စေ့စပ်သေချာစွာ လေ့လာတတ်တဲ့သူ အဖြစ် အသိအမှတ်ပြုပါတယ် ကျေးဇူးပါ

11/11/2021

#စီးပွားရှာသူတိုင်း သိသင့်တဲ့
စီးပွားရေး မြေပုံ ၇ ခု

၁။ မင်းပိုင်တဲ့တောင်းထဲမှာ
ကြက်ဥ ၁၀လုံး ရှိတယ်။

တစ်နေ့ကို ၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင် ဘာဖြစ်မလဲ။

ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။
တစ်လုံးလျှော့စားလိုက်တဲ့အတွက်
မင်းလည်း ဘာမှမသိသာပါဘူး။

အဲီတော့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။
၉ပုံတောင် သုံးရတဲ့အတွက် ဒီလောက်ကြီးလည်း ချိုးခြုံစရာမလိုဘူး မလား။ ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။

၂။ နောက်တစ်ခုက မင်းရဲ့ဝင်ငွေထွက်ငွေတွေကို သေသေချာချာသိထားဖို့လိုတယ်။
မလိုအပ်ပဲနဲ့ ထွက်နေတဲ့လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။
အဲလိုမှ မလုပ်ရင်
အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။
ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။

၃။ တတိယတစ်ခုက ငွေကိုစုပေမယ့် သက်မဲ့လိုသဘောမထားရဘူး။

နွားတွေ ကြက်တွေ မွေးသလိုပေါ့။ အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။

ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့နေရာတွေမှာ ထည့်ဝင်မြုပ်နှံကွ။

အဲလိုမှ မလုပ်ပဲငွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။
လေဖြတ်တဲ့လူလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။

ဥပမာကွာ ငါ့သားမွေးတုန်းက
ငါငွေလေးနည်းနည်းအတိုးချထားတယ်။
ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲထပ်မြုပ်တယ်။
အဲဒီကနေအတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့ ငွေကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ ။ ဒါဟာမြေပုံ ၃ပေါ့။

၄။ နောက်တစ်ခုက အလုပ်လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။

မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။

သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သလောက်ပဲလုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။

တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ်။ အပြောကလည်းကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း ၊

ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ယုံသွားတယ်။ အစစ်ဆိုရင်ပြန်ရောင်းရင် သိန်း ၂၀လောက် ရမှာကို။

ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်ဓာတ်မီးမပြောနဲ့ လက်နှိပ်ဓာတ်မီးတောင် မငြိမ်းဘူး။

စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။

တစ်သိန်းမို့ပေါ့ ၁၀သိန်းဆိုရင် ငါခွက်ဆွဲနေလောက်ပြီ။
အဲဒီတော့ ပြောချင်တဲ့( ၄) အချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ် ၊

မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြုပ်နှံမှုမှမလုပ်ရဘူး။

၅။ နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှားနေတာ မသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။

အိမ်ငှားစရိတ်ဟာ ကြာလာရင် အိမ်တစ်လုံးစာလောက်ရှိလာတယ်။

စိတ်ရှုပ်ရတယ်။ သေးတာကြီးတာပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင်ကြိုးစားဖို့ပဲ။
အဲဒီအပေါက်က ငွေအထွက်ဆုံးပဲ ။

အဲဒီတော့ ကားပဲမောင်းမောင်း ၊
စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား ။
ဒါ (၅)ခုမြောက်မြေပုံပဲ။

၆။ တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊
တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။
စကားပဲရှိတာကွ မလိုက်နာကြဘူး။

ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ်အတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်။ ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူမိသားစုကို မထိခိုက်စေဖို့ ၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။
ဒါ ခြောက်ခုမြောက်မြေပုံပဲ။

၇။ ၇ခကြွမှောကြ ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ ၊ ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ ၊ ကိုယ်ကရပ်ပေမဲ့ သူတို့ကကြိုးစားနေမှာ ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက်လေလေ ဝင်ငွေကောင်းလေလေပေါ့ကွာ ၊ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ဖောက်သည်တို့ အားပေးတဲ့ ပရိသတ်တို့ ဆိုတာ စိတ်ချရတာမဟုတ်ဘူး ..
ကိုယ့်ထက်သာတဲ့လူ ၊ တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ .အဲဒါတော့မြဲမြဲမှတ်ထား။
ငါပြောချင်တဲ့ ၇ခုမှောကမြှပေုံက ဒါပဲ။

မင်းသဘောပေါက်ဖို့ကတော့ အလုပ်တစ်ခုမှာ သဘာရင့်ဝါရင့်တာနဲ့
မကြီးပွားဘူးနော်။

ကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲ လူနာက သွားမှာနော်
သဘာရင့်ဝါရင့်တယ်ဆိုပြီးသွားမှာမဟုတ်ဘူး...ဒီအချက်ကို မြဲမြဲသဘောပေါက်စမ်းပါဗျာ

Credit
secret of success

06/11/2021

အာမခံ ကြေငြာလေးပါ။
ပြီးအောင်တော့ ဖတ်ပေး ကြပါ နော်။ :)

ခေတ် အခြေအနေ အရ ဘာပဲ ဖြစ်ဖြစ် Risk များ တဲ့ အခြေအနေ ပါပဲ။ ဘယ်နိုင်ငံ မှာမှ လုံခြုံရေး ကို 100% မပေးနိုင်ပါဘူး လို့တော့ ပြောတာ ပဲ။ (ဟုတ် မဟုတ် ရင်းမြစ် တော့ မစစ်ဆေး ရသေး ဘူး၊ ပျင်းနေတာ ရယ် မအားတာ ကြောင့်ရယ် ပါ)

လက်ရှိ အခြေအနေ က လည်း တစ်နှစ် ပြည့်တော့မယ်၊ နောက်ထပ် နှစ် နှစ် လောက် လည်း ကြာဦးမယ် ခန့်မှန်း မိတယ်။ အတက် နိုင်ဆုံး ဘေးကင်း ဖို့ ရန်ကြည့်ရှောင် ဖို့တော့ လိုတယ်။ လူစု လူဝေး ရှောင်ဖို့ရယ်၊ ပစ်မှတ် ဖြစ်စေ မယ့် အရာတွေ ဝေးဝေး နေဖို့ တော့ လိုတယ်။

လက်ရှိ အခြေအနေ ကို အဆိုးမြင်နေတာ မဟုတ်ပေမယ့် ရှင်သန်ရာ ဘ၀ ထဲမှာ ကျရာ ဇာတ်ရုပ်က ကပြ အသုံးတော် ခံရင်း ဆက်လက် ချီတက် နေရဦး မှာ ပဲလေ။

မိသားစု အရေး စသည် စသည် မရေတွက် နိုင် ဘူးလေ။

ဒါကြောင့် အသက်အာမခံ ကို စုငွေ နည်းနည်း ပဲ ထားပြီး၊ အကာအကွယ် ကို အများကြီး ၀ယျထား သင့်တယ် လို့ တိုက်တွန်း ပါရစေ။

စုငွေ က (၁၅) နှစ် အတွက် သိန်း (၅၀) ထား ဒါက တစ်လ မှ သုံးသောင်း မပြည့် ပါဘူး။ ငွေကြေးဖောင်းပွ တာ မရှိရင် ဆုံးရှုံး သွားမှာ မဟုတ်ဘူးလေ။

အကာအကွယ် ကိုတော့ သိန်း (၅၀၀) လောက် ထားလိုက်၊ သူ ကတော့ (၁၅) နှစ် စာ မလိုဘူး၊ လက်ရှိ ခေတ်အရ (၅) နှစ် လောက်တော့ စဉ်းစား ဖို့ လိုတယ် ဆို တစ်လ သူလည်း သုံးသောင်းလောက် ပဲ။

ဒါဆို လက်ရှိ အခြေအရ တစ်ခုခု ဆို ကိုယ့် မိသားစု က သိန်း (၅၅၀) လောက် ပြန်ရ မည် ဆိုတော့ ဒီခေတ် အရ တော့ မဆိုး ပါဘူး ပဲ ပြောရမှာ ပေါ့လေ။



09967979777

31/10/2021

#သူများ
နိုင်ငံသားတွေတော့
စတိုင်ပြောင်းပြီ

ဒီနေ့ ဘီဘီစီသတင်း
ဖတ်ရင်းက
စိတ်ဝင်စားစရာ
သတင်းလေးတစ်ပုဒ်
ဖတ်ဖြစ်ပါတယ် ။

အင်္ဂလန်မှာ
ဒုတိယကမ္ဘာစစ်
နောက်ပိုင်းခေတ် စားတဲ့
ဘဏ်ချေးငွေနဲ့
အိမ်ကြီးကြီး
ကားကောင်းကောင်းတွေ
ဝယ်ပြီးနေတဲ့
လူနေမှုပုံစံကနေ

တော်သင့်သလောက်
အိမ်လေးရယ်
မရှိမဖြစ်လိုမှဝယ်တဲ့
ဂျပန်ကားလေးကိုစီးပြီး

အကြွေးမထူလူမပူရဘဲ
ခပ်အေးအေး နေတဲ့ပုံစံကို
ပြောင်းလဲလာပါတယ်တဲ့ ။

အဲ့ဒီလို
ကြွားဝါရမယ့်ကိစ္စတွေမှာ
ငွေမသုံးပဲ

မရှိမဖြစ်တာလေးကို
စီစစ်ပြီးသုံးတာကို

အင်္ဂလိပ်လို
Frugal Living လို့
ခေါ်ပါတယ် ။

စားစရာဝတ်စရာ
စတာတွေမှာ
ငွေကုန်ကြေးကျများတဲ့
ဇိမ်ခံပစ္စည်းတွေ မလိုအပ်ပဲ ၊

ဝါသနာအရဝယ်တာကို
လျှော့ပြီး
သင့်တင့်မျှတအောင်
နေတာပါ ။

အရင်းရှင်စနစ်ရဲ့
ကျောရိုးဖြစ်တဲ့
လောဘ အလျှောက်
အလွန်အကျွံ ဝယ်ယူ
သုံးစွဲတဲ့
အကျင့်ကနေရှိတာလေးနဲ့

လှအောင်ဆင်ပြီး
ရိုးရိုးရှင်းရှင်းနဲ့
နေလာကြပါတယ် ။

ဒီလို နေကြည့်တော့
ဘာသွားတွေ့သလဲ
ဆိုတော့

ဘဏ်တွေကနေ
အကြွေးယူရတာ
အတိုးပေးရတာနည်း
သွားပြီး

သူတို့နိုင်ငံကလူတွေ
အတွက်ဆို
အသက်၄၀လောက်မှာ

ငွေကြေး စုမိဆောင်းမိ
ဖြစ်သွားပြီး
ပင်စင်ယူ ကိုယ်ဝါသနာ
ပါရာ
လုပ်နေနိုင်သွားပါတယ် ။

ဒါ့အပြင်
အလုပ်ရဲ့ကျေးကျွန်၊
လောဘရဲ့သားကောင်
မဖြစ်တော့ပဲ

မိသားစုအတွက်
အရေးပါတဲ့တစ်ဦးပေါ်
တစ်ဦး အချိန်ပိုပေး
လာနိုင်ပါတယ် ။

ဂျပန်မှာဆိုလည်း
Frugal living ဟာ
အလွန် ခေတ်စားပြီး

အျိမျတှမှော မလိုတဲ့
ပစ္စည်းတွေ
အမှိုက်သရိုက်တွေကို
ရှင်းပြစ်ပြီး

အိပ်ရာကိုတောင်
ကုတင်နဲ့ မအိပ်ပဲ မွှေ့ရာလေး
ကြမ်းပေါ်ခင်းအိပ်

မနက်တိုင်း နံရံကပ်ဘီရိုထဲ
ထည့်သိမ်းကြပါတယ် ။

မလိုအပ်တဲ့အရာဆို
သွားပွတ်တံထားတဲ့
ခွက်တောင်မထားပဲ

ရေချိုးခန်းနံရံစောင်းမှာ
စီထားတဲ့အထိပါ ။

အဝတ်အစားဆိုလည်း
ရှိတာကိုသပ်သပ်ရပ်ရပ်
ဝတ်ကြပြီး

စားပွဲတစ်လုံံးထဲရှိတဲ့
ကြမ်းပြင်မှာ စုပြီး
စားကြသောက်ကြ
စာဖတ်ကြပါတယ်။

အရင်က ချမ်းသာတာကို
ငွေကြေး ဘယ်လောက်ရှိတယ်
ဆိုတာနဲ့
တိုင်းတာ ကြပေမယ့်

အခုခေတ်မှာတော့
ချမ်းသာတာကို
ဘယ်လောက် တင်းတိမ်ရောင့်ရဲ
နိုင်သလဲ ဆိုတာနဲ့
တိုင်းတာပါတယ် ။

အလို နည်းခြင်းဟာ
ချမ်းသာခြင်း
အကြောင်းဆိုတာကို
သူတို့ သိလာကြပါပြီ ။

: Nay Myo Oo..

Address

Yangon

Website

Alerts

Be the first to know and let us send you an email when K A M GROUP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category