04/04/2025
ဆုံးရူံးသွားတဲ့သူတွေ ဒီပိုစ်ကို save ထားပါ
ကန်ထရိုက်တိုက်ပြိုကျ ပျက်စီးသွားလို့ အခန်းဆုံးရှုံးသွားရင် အခန်းပြန်မရတော့ဘူးလားလို့ လာမေးကြလို့ပါ
👇
အခန်းပိုင်ရှင်တွေက အဆောင်အဦးအသစ်ဆောက်ရာတွင် ကျသင့်သည့်အချိုးကျထည့်ဝင်ငွေ ပြန်ပေးသည့်တိုင်အောင် မြေရှင်က လက်မခံပါက စည်ပင်မှာ အဆောက်အဦးသစ်ဆောက်တာ ကန့်ကွက်လို့ရပါသည် စည်ပင်ကမြေရှင်နဲ့ အခန်းပိုင်ရှင်တွေခေါ်ညှိသည့်တိုင် မြေရှင်က လက်မခံပါက စည်ပင်ကယာယီမြေရှင်အဖြစ်ဆောင်ရွက်ပြီး အဆောက်အဦအသစ်ဆောက်လို့ရပါသည် မြေရှင်ကို မူလနေရာမှာ အခန်းပြန်ပေးမယ် ဒါပေမဲ့ ကုန်ကျစရိတ်ငွေတော့ သွင်းရလိမ့်မယ်
မြေငှားကမြေငှားစည်းကမ်းမချိုးဖောက်ပဲ သဘာဝဘေးအန္တရာယ်ကြောင့် နှင်လို့မရပါဘူး တရားရုံးကလည်း ၁၃(၃) အရ အမှုဆုံးဖြတ်ပါလိမ့်မယ် မြေရှင်မြေပိုင်တာမို့ အထပ်မြင့်မဆောက်တော့ဘူး လုံးချင်းပဲဆောက်မယ်ဆိုတာမျိုးမရသလို ကန်ထရိုက်အပ်မှာမို့ အခန်းတွေမပေးဘူးဆိုတာမျိုးလည်းမရပါ
အခန်းပိုင်ရှင်များ တက်ညီလက်ညီကြိုးစားဆောင်ရွက်ပါ အချိုးကျသင့်ငွေပြန်ထည့်ရင် မူလနေရာ မူလအလွှာမှာ အခန်းပြန်ရပါလိမ့်မယ်
ဒေါ်အေးမွန်အောင် (တရားလွှတ်တော်ရှေ့နေ) crd #