Brilliance Mansion is FRAUD

Brilliance Mansion is FRAUD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brilliance Mansion is FRAUD, Property developer, Yangon.

ကြော်ငြာအားကောင်းကောင်းနဲ့ Luxury Condo ဆိုပြီး လူတိုင်းကိုဂျင်းထည့်၊ လက်တလုံးခြားလိမ်ရောင်းနေသော Brilliance Mansion!ကို...
30/10/2024

ကြော်ငြာအားကောင်းကောင်းနဲ့ Luxury Condo ဆိုပြီး လူတိုင်းကိုဂျင်းထည့်၊ လက်တလုံးခြားလိမ်ရောင်းနေသော Brilliance Mansion!

ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ညစ်ခံချင်ရင် Brilliance Mansion ကိုဝယ်ပါ။ ဟိတ်တွေဟန်တွေလုပ် အာဘောင်အာရင်းသန်သန်နဲ့ ‌‌‌ကတိ‌တွေပေးလိမ်ရောင်းပြီး ပြဿနာတက်မှခေါင်းရှောင်တဲ့ အဆံချောင် Developer ပါ။

လိုတိုရှင်းပြောရရင် Brilliance Mansion ဟာ

၁။ BCC (Building Completion Certificate) မကျသေးပါ။ BCC မကျရင် တရားဝင်လူနေထိုင်ခွင့် မရှိပါ။

၂။ နိုင်ငံရေး၊ စီးပွားရေး၊ ငွေကြေးဖောင်းပွမှုကိုခုတုံးလုပ်ပြီး ၉၀% ထိငွေချေထားပြီးသူအပါအဝင် နှစ်ပေါက်တဲ့အထိ မည်သူကိုမျှအခန်းမအပ်ပါ။ အပ်ရင်လဲ ဟိုဟာမရသေး၊ ဒီဟာမပြီးသေးနဲ့ နောက်ဆက်တွဲပြဿနာသောင်းခြောက်ထောင်နဲ့ အပ်ပါတယ်။

၃။ သူဌေးဆိုတဲ့သူကို ဘယ်ဝယ်သူ Customer ကိုမှ ပေးမတွေ့ပါ။ အောက်ခြေမှာ တလွဲကတိတွေပေးပြီး ဟိုလူလွှဲချ ဒီလူလွှဲချ ဘော်လီဘောပုတ်တဲ့ လူလိမ်ဂိုဏ်းအကြီးစားပါ။

၄။ ခံရသူတွေက သူတို့ကိုတရားစွဲဖို့အတွက်လူစုကြတဲ့အခါ တယောက်ချင်းစီကိုခွဲထုတ်လာဘ်ထိုးတဲ့ပုံစံနဲ့ သွေးခွဲစည်းရုံးပြီး အစီအစဥ်ပျက်အောင်လုပ်ပါတယ်။ တဦးချင်းတရားစွဲထားတဲ့ Case တွေကိုတော့ သူတို့ဘက်က ရှေ့နေကောင်းကောင်းနဲ့ ငွေနဲ့ဖိလိုက်ပါတယ်။

*** မြို့လည်ခေါင် ဒီလောက်ကောင်းတဲ့ နေရာကြီးမှာ ၂၀၁၇ ထဲက စရောင်းနေတဲ့ Project အခုအချိန်ထိ ဆောက်လို့မပြီး၊ ရောင်းလို့မပြီးနိုင်သေးတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဒီ ၁ ခုပဲစဥ်းစား *** လူလိမ်တွေပါ ...

ဒီ Brilliance Mansion မှာ Victim ဖြစ်ခဲ့ကြရတဲ့၊ လက်ရှိဖြစ်နေတဲ့ လူကြီးမင်းများလဲ Comment မှာ ကိုယ့်ရဲ့ Story ကို Evidence နဲ့ တကွချပြပြီး တရားမျှတမှုရှိအောင်တောင်းဆိုနိုင်ပါတယ်။ ဘယ်သူ့ Comment ကိုမှ မဖျက်ပါဘူး။ အနည်းဆုံးတော့ နောက်ထပ်ဝယ်မဲ့သူတွေကို ရှောင်နိုင်အောင်ကူညီရာလဲ ရောက်မှာပါ။

ကွန်ဒိုဝယ်မဲ့သူတွေ ဆုံးဖြတ်ချက်မစောကြပါနဲ့။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Brilliance Mansion is FRAUD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share