Am Sunrise Real Estate

Am Sunrise Real Estate Real estate agent

Sweet November 🩷
01/11/2024

Sweet November 🩷

🏡အိုးပိုင်အိမ်ပိုင်ဝယ်ဖို့အရွယ်တစ်ခုရလာတဲ့အခါမှာ‌ဘေးပတ်ဝန်းကျင်လုံခြုံပြီး၊🏡ဘုရားရိပ် တရားရိပ်အပြည့်ရသလိုခံစားရမယ့်နေရာလ...
30/10/2024

🏡အိုးပိုင်အိမ်ပိုင်ဝယ်ဖို့အရွယ်တစ်ခုရလာတဲ့အခါမှာ‌
ဘေးပတ်ဝန်းကျင်လုံခြုံပြီး၊

🏡ဘုရားရိပ် တရားရိပ်အပြည့်ရသလိုခံစားရမယ့်နေရာလေးတွေ၊
ရိပ်သာလိုအေးချမ်းမှုပေးနိုင်တဲ့နေရာလေးတွေကို ပိုသဘောကျနှစ်သက်လာတတ်ကြပါတယ်ရှင့်

🏡ဖော်ပြပါအချက်နဲ့ကိုက်ညီပြီး၊ ပေကျယ် မြက်ခင်းစိမ်းများ၊

🏡အရိပ်ရသစ်ပင်များနှင့် 100% အေးချမ်းမှုအပြည့်ပေးနိုင်သောနေရာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေရှင်

🏡-ပေ 80'x70'
🏡-ကားပါကင်း-8စီးဆန့်
🏡-မြက်ခင်းပြင်ကျယ်
🏡-2ထပ်တိုက် Luxury ဆန်ဆန်ပြင်ဆင်ပြီး
🏡-အိမ်အကျယ် 35*48ပေ
🏡-ဘုရားခန်း
🏡-ဧည့်ခန်းကျယ်-1ခန်း
🏡-ထမင်းစားခန်း
🏡-မီးဖိုခန်း
🏡-အိပ်ခန်း-4 ခန်း (2M-1S)
🏡-၀ရန်တာကျယ်

🎁-Furniture ပစ္စည်းအစုံထည့်ထားပြီး
(ပစ္စည်းများအားလုံးဝယ်သူကိုပေးမည်)
💰-သိန်း16500
-ပိုင်ဆိုင်မှု့ ဘိုးဘွားပိုင်မြေ ၂ ကွက်တွဲဖြစ်လို့
-စည်ပင်မှာမြေကွက်အမှတ်(၂)ကွက်ထွက်ထားပြီး
-ရှေ့နေနဲ့သေချာစစ်ဆေးပြီးဝယ်ယူထားတာဖြစ်တဲ့အတွက်....
-ဝယ်ယူသူရဲ့ရှေ့နေနဲ့စာရွက်စာတမ်းစစ်ဆေးနိုင်သည်
-စာချုပ်အဆက်ဆက်အကုန်ရှိ
-အိမ်ကြီးအိမ်ကောင်းများရှိရာ ပတ်ဝန်းကျင်အလွန်သန့်
-သတင်းစာကြော်ငြာသေချာထည့်ပြီးလည်း၀ယ်ယူထားပါသည်
-၉မိုင် VIP ရပ်ကွက် ပြည်လမ်းမအနီးမစိုးရိမ်လမ်းသွယ် (၂ )
-A1 လမ်း/ဝိဇ္ဇာလမ်း/ရွှေနှင်းဆီလမ်းတို့မှလည်း
ဝင်ထွက်သွားလာနိုင်သည်

🏠Am Sunrise Real Estate

လူကြီးတို့ရဲ့...အိမ်/ ခြံ /မြေ /ကွန်ဒို /တိုက်ခန်း/ ဂိုဒေါင်
စက်မူ့ဇုန်များ ရောင်းဖို့ / အငှားချဖို့ လိုအပ်လာပြီဆိုရင်
🏡Am Sunrise Real Estate ကို
ဆက်သွယ်အပ်နှံနိုင်ပါတယ်နော် 🤝🤝🤝🤝

☎️ 095187897
☎️ 09 752 974 887 (Viber)..............................................
🤝🤝🤝
အကျိုးတူလုပ်ကိုင်နေသော ညီအကိုမောင်နှစ်မများ
လွတ်လပ်စွာကူးယူနိုင်ပါသည်

ဒေါပုံ မြို့နယ်, ယမုံနာ (၁)  ရပ်ကွက်,ယမုံနာ (၁၅) လမ်း အလယ်, (မဟာဗန္ဓုလ တံတားအဆင်း), လမ်းထောင့်နှင့်ကပ်လျှက်တိုက်, အရှေ့လ...
27/10/2024

ဒေါပုံ မြို့နယ်, ယမုံနာ (၁) ရပ်ကွက်,
ယမုံနာ (၁၅) လမ်း အလယ်, (မဟာဗန္ဓုလ တံတားအဆင်း), လမ်းထောင့်နှင့်ကပ်လျှက်တိုက်, အရှေ့လှည့်တိုက်ခန်း

*** တတိယထပ် ရောင်းရန်ရှိသည်***

💵 ဈေးနှုန်း #၉၆၉ သိန်း

➡️ တတိယထပ်

➡️ ၁၂' ခွဲ ၅၀'

➡️ အိပ်ခန်း ၁ ခန်းဖွဲ့ပီး

➡️ အိမ်ရှေ့ မီးဖိုခန်း ရေချိုးခန်း အိမ်သာ ကြွေပြားကပ်ပီး

➡️ မျက်နှာကျက် မီးအလှဆင်ထားပါတယ်

➡️ ပြင်ဆင်ပြီး အသင့်နေနိုင်

➡️ Bcc ကျပြီး, ကိုယ်ပိုင်မီတာ, ကိုယ်ပိုင်မော်တာ, တိုက်သက်တန်းနု (ရှေ့နေနဲ့ စာရွက်စာတမ်းစစ်ဆေးပြီး ခိုင်မာမှုရှိသော အရှုပ်အရှင်းကင်းသော တိုက်ခန်း)

💵 ဈေးနှုန်း #၉၆၉ သိန်း

Remark : ပေ ၈၀ လမ်းမနှင့်နီးပီး၊ ဈေးအနီး၊
ရန်ပြေကားမှတ်တိုင်နှင့်ပါနီးတာကြောင့် ညဘက်ထိလူစည်ကား၍ လူမပြတ်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုပါ ။
မဟာဗန္ဓုလတံတားအဆင်းနားမှာတည်ရှိပီး မြို့ထဲသို့ ၃-၄ မှတ်တိုင်သာသွားရတဲ့ အချက်အချာကျတဲ့ နေရာမှာတည်ရှိပါတယ် ။

🔔 အကျိုးဆောင်များ အကျိုးတူရပါသည် ။

🏠 Am Sunrise Real Estate

🏘လူကြီးမင်းတို့ရဲ့ ...အိမ် / ခြံ / မြေ / ကွန်ဒို / တိုက်ခန်း / ဂိုဒေါင်
စက်မှုဇုန် များ ရောင်းဖို့ /အငှားချဖို့ လိုအပ်လာပြီဆိုရင်
🏡Am Sunrise Real Estate ကို
ဆက်သွယ်အပ်နှံနိူင်ပါတယ်နော်🤝🤝🤝🤝

☎️095187897
☎️ 09 752 974 887 (Viber)

 #ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်။🏡ဘဏ်အရစ်ကျလဲဝယ်ယူနိုင်ပါတယ်။🏠သဃ်န်းကျွန်းမြို့နယ်၊ငမိုးရိပ်ရပ်ကွက် ၊*ငမိုးရိပ်၂လမ်းမြေညီမ...
22/10/2024

#ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်။🏡

ဘဏ်အရစ်ကျလဲဝယ်ယူနိုင်ပါတယ်။

🏠သဃ်န်းကျွန်းမြို့နယ်၊ငမိုးရိပ်ရပ်ကွက် ၊
*ငမိုးရိပ်၂လမ်း
မြေညီမှာမှန်ခန်း (သို့)ထပ်ခိုးမပါဝင်တဲ့
#ဒုတိယထပ်စစ်စစ်
*အကျယ်အဝန်း ၁၂ခွဲ×၅၀ပေ
*သိန်း၁၂၈၀အလျော့အတင်းအနည်းငယ်ရှိပါတယ်။

🏠 BCCကျပြီး
#လေးထောင့်ကန်လမ်းမကြီးကျောကပ်လမ်း
စံပြစျေးအနီး ၊ကျောင်းနီး ကားဂိတ်နီးပါတယ်။

🏠ပါကေးခင်းပြီး အခန်း၁ခန်းဖွဲ့ထားပြီး ၊
အနောက်ကြွေပြားခင်းကပ်ပြီး၊သံပန်းပတ်လည်တပ်ပြီး ကျွန်းတံခါး၂ချပ်၊နောက်ဖေးအလူမီနီယမ်တံခါးတပ်ပြီး Aircorn1လုံးတပ်ပြီး

Sunrise Real Estate 🏘

🏘လူကြီးမင်းတို့ရဲ့ ...အိမ် / ခြံ / မြေ / ကွန်ဒို / တိုက်ခန်း / ဂိုဒေါင်
စက်မှုဇုန် များ ရောင်းဖို့ /အငှားချဖို့ လိုအပ်လာပြီဆိုရင်
🏡Am Sunrise Real Estate ကို
ဆက်သွယ်အပ်နှံနိူင်ပါတယ်နော်🤝🤝🤝🤝

☎️095187897
☎️ 09 752 974 887 (Viber)

🏡နေရာအရရော ​စျေးအရရော ပြန်ရဖို့မလွယ်တဲ့​နေရာ​လေး ===================== 🤝အကျိုးဆောင် လက်ခံသည်။ 🏡သု၀ဏ္ဏ VIP 2 ရဲ့ မိန်းလမ်...
21/10/2024

🏡နေရာအရရော ​စျေးအရရော ပြန်ရဖို့မလွယ်တဲ့​နေရာ​လေး
=====================

🤝အကျိုးဆောင် လက်ခံသည်။

🏡သု၀ဏ္ဏ VIP 2 ရဲ့ မိန်းလမ်းမဖြစ်တဲ့ ​ #တောင်ထိပ်ပန်းလမ်းမ​ပေါ်မှာ တည်ရှိတဲ့ ​​ထောင့်ကွက် လုံးချင်းအိမ်အ​ရောင်း​လေးနဲ့ မိတ်ဆက်​ပေးပါရ​​စေ။

🏡 လုံးချင်းအိမ်လေးရဲ့ အသေးစိတ် အချက်အလက်များ
- ပေ ( ၃၅ x ၅၀ ) ပတ်လည်
- ဂရန်အမည်ပေါက်
- ထောင့်ကွက် လှလှလေး
- 1 RC
- 1 BN
- ခြံရှေ့ ကားပါကင် နေရာရှိ
- သုဝဏ္ဏ VIP ရဲ့ မိန်းလမ်းမပေါ်

💵 သိန်း - ၁၃,၅၀၀ (ညှိနှိုင်း) 💰

🏠Am Sunrise Real Estate
☎️ 09 5187897
☎️ 09 752 974 887 (Viber)

🏡အရောင်းစျေးနှုန်း_ 1500  သိန်း💰🏡စမ်းချောင်းမြို့နယ်🏡အင်ဂပူလမ်း (ဂွစျေးအရှေ့တည့်တည့်လမ်း)🏡ဗဟိုလမ်းမကြီး အနီး  🏡အကျယ် - 1...
21/10/2024

🏡အရောင်းစျေးနှုန်း_ 1500 သိန်း💰
🏡စမ်းချောင်းမြို့နယ်
🏡အင်ဂပူလမ်း (ဂွစျေးအရှေ့တည့်တည့်လမ်း)
🏡ဗဟိုလမ်းမကြီး အနီး

🏡အကျယ် - 12.5 ပေ x 50 ပေ
🏡စတုတ္ထထပ် - 4 လွှာ (ခေါင်းရင်းခန်း)
မြေညီထပ်တွင် မှန်ခန်းမပါ
🏡BCC ရှိ (လေဝင်လေထွက်ကောင်း)
🏡ပါကေးခင်း / တိုက်သက်တမ်း 9 နှစ်
🏡နံရံကပ်ဗွီရိုသေးပါ (ဘေးပြတင်းပေါက် တံခါးများရှယ်)
🏡Aircon 2 ❄️❄️❄️
🏡အိမ်ရှေ့ အိမ်နောက်ဝရံတာများတွင်
သံပန်းဆန်းရှိတ်ပတ်လည်
🏡 High 9 ပေ / 💧ရေ - အဝီစိ (အော်တို)
🏡မြေရှင်ခန်း (ကိုယ်ပိုင်မီတာ) တိုက်သားကောင်း
🏡ကားပါကင်အဆင်ပြေ (လမ်းကျယ်) လမ်းသန့်
🏡 စျေးနီး ကားမှတ်တိုင်နီး

😊 အိမ်ရှင်သဘောကောင်း

🏠 Sunrise Real Estate
☎️095187897
☎️09 752 974 887 (Viber)

မြေဧကတွက်နည်း မြေတစ်ဧကမှာပေ၄၀/၆၀ ၁၈ကွက်ရပါတယ်*****************၁ ဧက   =   ၂၀၈.၇၁၁  ပေ   ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်...
21/10/2024

မြေဧကတွက်နည်း
မြေတစ်ဧကမှာပေ၄၀/၆၀ ၁၈ကွက်ရပါတယ်
*****************
၁ ဧက = ၂၀၈.၇၁၁ ပေ ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ ၆၀ ပေ = ၀.၀၂၇၅ ဧက

Am Sunrise Real Estate

 # # #မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်။)————————————————————————🔹 မ...
13/10/2024

# # #မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်။)
————————————————————————

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်း စျေးတွေနဲ့ ရတဲ့မြေတိုင်းကတော့ 100% အာမ မခံနိုင်ပါဘူး။

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်း များစွာရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုး ရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာ ဆောက်လုပ်ခွင့်မှအပ အခြားစီးပွားရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံ ဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင် အိမ်ဂရံ 🔹
ထိုဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ် ပြုရန်သော်၄င်း လုံးဝ ကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်။ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ များသောဂရံမြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါက သိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေးပြန်ရပါသည်။)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး ခိုင်မာမှု့ ရှိသောမြေပါ သို့သော် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံး ရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင် ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစု နေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များ ဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်ရိုက် ရောင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ။)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ၊ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍မရနိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ်မှု့မျိုး အရှင်းမရှိပါ။

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြားမြေအမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည် လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန် သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်ပါသည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင် အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး ၊ မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင် စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင်ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ( 7) သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ် ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။ သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံးပါမည်။ ( ပြင်ဦးလွင် ကဲ့သို့ ပြန်လည် သိမ်းယူ ခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည်။ လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ။ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

: သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ


🏠အိမ်ခြံမြေများ ဝယ်ယူပိုင်ဆိုင်နိုင်ကြပါစေ🙏

 # # #မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့အချက် ( ၅ ) ချက်.....နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ...
13/10/2024

# # #မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့
အချက် ( ၅ ) ချက်.....

နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ခင်ဗျ။ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊စလစ်မြေ၊ရွာမြေ၊လယ်မြေလား၊ ယာမြေလား၊ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင် –
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

ထပ်ဆင့်ကူးယူဖော်ပြပါသည်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်
to Original Writer

Address

Yangon
11182

Website

Alerts

Be the first to know and let us send you an email when Am Sunrise Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category