11/12/2024
အလယ်လတ်တန်းစား မိသားစုများအတွက် ရန်ကုန်မြို့တွင် အိမ်ပိုင်ဆိုင်ရန် အရေးကြီးဆုံး (၃)ချက်
1. လက်တွေ့ကျသော ဘတ်ဂျက်ကို သတ်မှတ်ပြီး Down Payment အတွက် ငွေစုဆောင်းပါ။
ပုံမှန်အားဖြင့် ပစ္စည်းတန်ဖိုး၏ 20% မှ 30% အထိ လက်ငင်းငွေ ပေးချေရန် လိုအပ်ပါသည်။ မရှိမဖြစ်လိုအပ်သော အသုံးစရိတ်များကို သာသုံး၍ ကျန်ငွေများကို စုငွေများအဖြစ် သီးသန့်အိမ်ဝယ်ရန် စုဆောင်းပါ။အခွန်များ၊ မှတ်ပုံတင်ခြင်းနှင့် ပရိဘောဂများ အပါအဝင် အပိုကုန်ကျစရိတ်များလည်းအတွက်စုဆောင်းငွေကြိုတင် စီစဉ်ထားပါ။
2. တန်ဖိုးသင့် အိမ်ရာဖွံဖြိုးရေးကဲ့သိုသော ပရောဂျက်များကို ကိုရွေးချယ်ပါ။
တန်ဖိုးသင့် အိမ်ရာဖွံဖြိုးရေးကဲ့သိုသော ပရောဂျက်များကို အလယ်အလတ်ဝင်ငွေရှိသော ဝယ်ယူသူများအတွက် တတ်နိုင်သောစျေးနှုန်းနှင့် အရစ်ကျ ငွေပေးချေနိုင်သော အိမ်များကို စဉ်းစားပါ။
အခြေခံအဆောက်အအုံများ ဖွံဖြိုးတိုးတက်ရေးနှင့် ရေရှည် တိုးတက်မှု အလားအလာတို ရှိသော ဖွံဖြိုးဆဲ (မြိုနယ်များ ဥပမာ- တောင်ဒဂုံ၊ လှိုင်သာယာ)ရှိတန်ဖိုးသင့် အိမ်ရာများကို ဦးစားပေးစဉ်းစားပါ။
3. အိမ်ချေးငွေဖြင့် ဝယ်ယူနိုင်သော အိမ်များကို စဉ်းစားပါ။
လူလတ်တန်းစားမိသားစုများအတွက် ဘဏ်များမှ Home Loan များ ကို လျှောက်ထားကာ အိမ်ကို ဝယ်ယူနိုင်သည်။
အဆိုပါ တင်ပြချက်များသည် လူလတ်တန်းစား မိသားစုများအတွက် မိမိတို့၏ ဘတ်ဂျက်နှင့် ကိုက်ညီသော အိမ်ခြံမြေကို ရန်ကုန်မြို့တွင် ရှာဖွေနိုင်ပြီး ကိုယ်ပိုင အိမ်ပိုင်ဆိုင်ခွင့်၏ စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည်ဟု မျော်လင့်ပါသည်။