15/11/2025
အစ်မတစ်ယောက်ပြောဖူးတာလေး သဘောကျလို့။
"ရှင်သန်ရတဲ့ ပတ်ဝန်းကျင်တွေ မတူလို့ အကျ-င့်စရို-က်တွေလည်း မတူကြဘူး" ဆိုတဲ့ စကားလေးလေ။
ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားကို ကောင်းမွန်စွာ သင်ကြားခဲ့ရတဲ့သူနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားမတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးပြင်းခဲ့ရတဲ့သူနဲ့ အကျ-င့်စရို-က် စိတ်နေစိတ်ထားတွေဟာ ဘယ်လိုမှ မတူကြဘူး။
"အစ်မတို့က ကိုယ့်အပေါ်ကောင်းတဲ့သူဆိုရင် အမြဲတမ်း တန်ဖိုးထားပြီး ရှင်သန်သွားကြတာဆိုပေမဲ့ လူတစ်ချို့ကတော့ ကိုယ့်အပေါ်ကောင်းတဲ့သူဆိုရင် ငါအသုံးချလို့ရတဲ့သူ၊ ခိုင်:လို့ရတဲ့သူလို့ တွေးကြတာ" တဲ့။
အဲ့စကားက တကယ်မှန်တာနော်။ ဘဝမှာ လူတွေအမျိုးမျိုးနဲ့ကြုံကြရတယ်။ ကိုယ့်အပေါ် တကယ့်ကို ကောင်းပေးကြတဲ့သူတွေ ရှိသလို၊ ကိုယ်ကကောင်းပြီး ကိုယ့်အပေါ် ပြန်ကောင်းပေးကြတဲ့ အသွားအပြန် ရှိတဲ့ စေတနာ မေတ္တာတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။
ကိုယ့်မှာ ၁၀၀၀ ရှိလို့ ၁၀၀ပေးတာမျိုး မဟုတ်ဘဲ ၁၀၀ပဲရှိတာကို ၁၀၀လုံးလုံး ပေးခဲ့ပေမဲ့လည်း စော်-ကာ:ခံလိုက်ရတဲ့ စေတနာ မေတ္တာတွေလည်း ရှိခဲ့ဖူးတော့ လူတိုင်းအပေါ် အပြည့်အဝ ကောင်းပေးလို့မရမှန်း သိလာခဲ့တယ်။
အဲ့ဒါကြောင့် ခုနောက်ပိုင်း ဘယ်သူ့အပေါ်မှာမှ မျှော်လင့်ချက်တွေ မထားဘူး။ အထူးသဖြင့် "သူကတော့ ငါ့ကို ဒီလို မလုပ်လောက်ပါဘူး" ဆိုတဲ့ မျှော်လင့်ချက် ပိုမထားဘူး။ ကိုယ်ကတော့ "ငါဒီလောက် ကောင်းပေးရက်နဲ့ လုပ်ရက်လိုက်လေခြင်း" လို့ တွေးပေမဲ့ လုပ်ရပ်လို့ လုပ်သွားတာက သူ့စရို-က်လေ။
အခုနောက်ပိုင်း ကိုယ်တိုင်အဆင်ပြေဖို့ကို အရင်တွေးတယ်။ ကိုယ့်ကြောင့် တစ်ဖက်သူ မထိခို-က်ဖို့ပဲ ဦးစာ:ပေးတယ်။ ကျန်တာ ကိုယ့်အတွက်ကိုယ်ပဲ တွေးတော့တယ်။
မဖိတ်ခေါ်တဲ့အရပ်၊ မကြိုဆိုတဲ့ အရပ်တွေကို မသွားဘဲနေတယ်။ အသွားအပြန်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ဖြစ်လာပါတယ်။
အပေါ်က အစ်မပြောသလိုပဲ "စိတ်ကျန်:မာဖို့" အတွက်လေ...
#စူးရှမေ💌