K and P Real Estate

K and P Real Estate လူကြီးမင်းတို့ရဲ့ အိမ် ခြံ မြေ တိုက်ခန်းများကိုစျေးအသက်အသာဆုံး နဲ့ ရရှိစေဖို့ အကျိုးဆောင်ပေးပါတယ်

အိမ်လာကြည့်ချင်တယ်ဆိုလို့လိုက်ပြတာလေအလကားပေးနေတယ်ထင်လို့ လိုက်ပြတယ်ထင်လားမသိ၁၇၀၀  ပါးပါးလျော့လို့ ခေါထားတာကို​၅၀ ​ကျော် ...
20/07/2025

အိမ်လာကြည့်ချင်တယ်ဆိုလို့
လိုက်ပြတာလေ

အလကားပေးနေတယ်
ထင်လို့ လိုက်ပြတယ်ထင်လားမသိ

၁၇၀၀ ပါးပါးလျော့လို့ ခေါထားတာကို
​၅၀ ​ကျော် ၁၀၀ နီးပါလောက် စစ်ချလိုက်တော့ ချစ်မရယ်..

ကျေးဇူးပါလို့

အခန်း ၃ ခန်း ဖွဲ့ပြီးသား အခန်းကျယ် တိုက်ခန်းအရောင်းဘေးတိုက်မရှိ တော့ လေဝင်လေထွက်ကောင်းတယ်လွတ်လပ်တယ် ၁၈ ပေ × ၅၄ ပေ တိုက်ခ...
18/07/2025

အခန်း ၃ ခန်း ဖွဲ့ပြီးသား အခန်းကျယ် တိုက်ခန်းအရောင်း
ဘေးတိုက်မရှိ တော့ လေဝင်လေထွက်ကောင်းတယ်
လွတ်လပ်တယ်

၁၈ ပေ × ၅၄ ပေ တိုက်ခန်း ။
အလွှာ - ၆ လွှာ ( ပဥ္စမ ထပ် ) စစ်စစ်
မှန်ခန်းမရှိ
ဘေးခန်းမရှိ
အရှေ့ဘက်လှည့်
အိပ်ခန်း (3) ခန်းဖွဲ့ပေးထားပါတယ်

စျေး - 1150 { ညှိနိူင်း }
လမ်းက ညတိုင်း ဆိုလာမီး ထွန်းသော ကွန်ဂရစ် လမ်းကျယ်ပါ ။

၅ ရပ်ကွက် ၊ သာကေတ မြို့နယ် ။
မြင်တော်သာလမ်း 2000 ဓာတ်ဆီဆိုင် မှတ်တိုင် အနီး။

အိမ်ရှင်ပြောထားတဲ့စျေးအတိုင်းသာဖြစ်ပါတယ်
#ပွဲညွှန့်တင်ခြင်းလုံးဝမရှိ။

ဝယ်ယူသူလူကြီးမင်းအနေနဲ့အကျိုးဆောင်ကြေး
တစ်ကျပ်တစ်ပြားမှ #ပေးစရာမလိုပါ။

လူကြီးမင်းအတွက် အသက်သာဆုံးစျေးနဲ့ရရှိစျေးဖို့
အကောင်းဆုံး အကျိုးဆောင်ပေးပါမယ်။

စိတ်ဝင်စားလို့ လာကြည့်လိုပါက ဖုန်းကြိုဆက်ပေးပါ။

#အကျိုးဆောင်
☎️ 09-940875707 (viber) သို့မဟုတ် (Cb)



#စာရွက်စာတမ်းအပြည့်အစုံရှိ

အိမ်လာကြည့်ရင်ဖုန်းကြိုဆက်လို့ပြောတာ ဖော်ကင်ယားလို့ဆက်ခိုင်းတာမဟုတ်ဘူးနော်ရောက်မှ ဆ​က်ရအောင်အရောင်းအပ်ထားတဲ့အိမ်တွေက ကျွ...
17/07/2025

အိမ်လာကြည့်ရင်
ဖုန်းကြိုဆက်လို့ပြောတာ
ဖော်ကင်ယားလို့ဆက်ခိုင်းတာမဟုတ်ဘူးနော်

ရောက်မှ ဆ​က်ရအောင်
အရောင်းအပ်ထားတဲ့အိမ်တွေက
ကျွန်တော်တို့ရဲ့အိမ်လည်းမဟုတ်သလို
အရောင်းအပ်ထားတဲ့ အိမ်ရဲ့ ဘေးအိမ်မှာလည်းနေတာမဟုတ်လို့

ကြည့်မဲ့လူလည်းလာရသလို
ပြမဲ့ ကျွန်တော့်လူတွေလည်း တစ်ကူးတစ်က သွားရတာမို့
ရောက်မှ ဆက်ရင်တော့ Viber နဲ့ Messenger သာဖွင့်ထားကျ
ပုံပံ ပို့လိုက်မယ်

ရောက်မှလည်း ဖုန်းဆက်တယ်
စောင့်ဆိုတော့လည်း မစောင့်ချင်ဘူးဆိုတော့
အဆင်ပြေနေရော...

မြောက်ဒဂုံက သိန်း ၂၄၀၀၀ ခြံနဲ့ အိမ်လေးအရောင်းရှိမယ်အိမ်ရှင်ပြောထားတဲ့စျေးအတိုင်းသာဖြစ်ပါတယ် #ပွဲညွှန့်တင်ခြင်းလုံးဝမရှိ။...
17/07/2025

မြောက်ဒဂုံက
သိန်း ၂၄၀၀၀ ခြံနဲ့ အိမ်လေးအရောင်းရှိမယ်

အိမ်ရှင်ပြောထားတဲ့စျေးအတိုင်းသာဖြစ်ပါတယ်
#ပွဲညွှန့်တင်ခြင်းလုံးဝမရှိ။
ဝယ်ယူသူလူကြီးမင်းအနေနဲ့အကျိုးဆောင်ကြေး
တစ်ကျပ်တစ်ပြားမှ #ပေးစရာမလိုပါ။

လူကြီးမင်းအတွက် အသက်သာဆုံးစျေးနဲ့ရရှိစျေးဖို့
အကောင်းဆုံး အကျိုးဆောင်ပေးပါမယ်။

စိတ်ဝင်စားလို့ လာကြည့်လိုပါက ဖုန်းကြိုဆက်ပေးပါ။

#အကျိုးဆောင်
☎️ 09-940875707 (viber) သို့မဟုတ် (Cb)



#စာရွက်စာတမ်းအပြည့်အစုံရှိ

R.I.P ပါ ဆရာအပြုံးချိုတဲ့ ကြယ်တစ်ပွင့်ကြွေကျခဲ့ပြန်ပြီ...
10/07/2025

R.I.P ပါ ဆရာ

အပြုံးချိုတဲ့ ကြယ်တစ်ပွင့်
ကြွေကျခဲ့ပြန်ပြီ...

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့ =========================================ဆရာရေ အင်းစိန်မြို့နယ...
09/07/2025

ဘိုးဘပိုင်မြေ (အမည်မပြောင်းရသေးတဲ့မြေ) ဝယ်ယူမယ်ဆိုရင်တော့
=========================================

ဆရာရေ အင်းစိန်မြို့နယ်မှာ ဘိုးဘပိုင်မြေလို့ပြောတာပဲ၊ အဲ့ အိမ်ဝန်ခြံလေးဝယ်ယူဖို့ပါ၊ဝယ်ယူပြီတော့လည်းအမည်ပေါက်ပြောင်းလို့ရပါသလား။

ဘိုးဘပိုင်မြေဆိုရင်တော့ အမည်ပေါက်က ဘယ်သူလဲ၊ ဘာစာရွက်စာတမ်းတွေရှိလဲပေါ့မေးကြည့်ရာဝယ်... မှတ်ပုံမတင်ထားသည့် (အရပ်)အရောင်းအဝယ်စာချုပ် အဆက်အစပ်တွေပဲ ရှိပါတယ်ဆရာ။

အမည်ပေါက်ပြောင်းလို့ရလားဆိုသည့် မေးခွန်းနဲ့ပတ်သက်လို့
---------------------------------------------------------------------------------
အမည်ပေါက်ပြောင်းလို့တော့ရပါတယ်
၊ လုပ်ငန်းစဥ်ကတော့ နည်းနည်းရှုပ်ပြီးအချိန်ပို၍ ပေးရပါမယ်။
အခွန်​တွေ​ဆောင်ရန်ငွေအ နည်းငယ်ကုန်ပါမည်။
ဘာမို့လဲဆိုတော့ မူလအမည်ပေါက်ကဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ သက်ရှိထင်ရှား ရှိသေးလားဆိုပြီး စုံစမ်းရပါမည်။

- သက်ရှိထင်ရှားရှိရင် အမည်ပြောင်း လုပ်ဖို့အ တွက် ၎င်းကဌာနဆိုင်ရာတွင် လိုက်လံဆောင်ရွက်ပေးနိုင်မလား?
- သက်ရှိထင်းရှာမရှိရင် ၎င်း၏အမွေစား၊ အမွေခံများဖြစ်ကြသည့် သားသမီးများက လိုက်လံဆောင်ရွက်ပေးနိုင်မလား?
ညှိနှိုင်း​ဆောက်ရွက်ပြီးရင်​မြေပုံရာဇဝင်ကူး၊အမည်​ပေါက်​ပြောင်းလို့ရပါမယ်။
- ဒုတိယနည်းလမ်းကတော့ တရားတစ်ထုံးစွဲဆိုပြီး တရားရုံးအမိန့်၊ ဒီဂရီနဲ့ ပြုလုပ်မလား?
စသည့် အထက်ပါအချက်အလက်တွေကိုအ​ခြေခံပြီးအမည်​ပေါက်​ပြောင်းရမရ​လေ့လာစုံစမ်းလို့ရပါတယ်။
မြို့​မြေထဲမှာလည်းပါတယ်၊လူ​နေထိုင်ခွင့်လည်းရှိတယ်၊​ဆက်စပ်စာချုပ်လည်းအပြည့်အစုံရှိတယ်၊မူလအမည်​ပေါက်​တွေလည်းလိုက်ပါကူညီ​ဆောင်ရွက်​ပေးတယ် / တရားရုံးအနိုင်ဒီဂရီလည်းရှိတယ်ဆို အမည်​ပေါက်​​ပြောင်းလို့ရပါတယ်။

🗣️ဟုတ်ကဲ့ဆရာရယ် စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလို့ ကျေးဇူပါ။

ဘိုးဘပိုင်မြေနဲ့ပတ်သတ်၍ အနည်းငယ်ဖော်ပြပေးပါရစေ။
------------------------------------------------------------------------------
၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အဂ်လိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဥ်းဥပဒေအရ မြန်မာမင်းများလက်ထက်ကမင်းညီ၊မင်းသား၊ မှူးကြီးမတ်ကြီးများနှင့် မင်းမှုထမ်းများကို ပေးကမ်းခဲ့သော မြေများအတွက် ပိုင်ဆိုင်မှုကို ဆက်လက်အသိအမှတ်ပြုသည့်အပြင်၊ အဘိုးအဘလက်ထက်ကပင် ဓါးမဦးချလုပ်ကိုင်ပြီး ပိုင်ဆိုင်မှုရှိခဲ့ကြသော မြေများကို ဘိုးဘပိုင်မြေ (Bobabaing Land) ဟုခေါ်ဆိုပြီး ဘိုးဘပိုင်မြေနှင့် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ (Land of Holder) ကို အသုံးပြုခွင့်ရသူတို့သည် မြေရှင်အခွင့်အရေး ရရှိကြပါသည်။ ဘိုးဘပိုင်မြေ၊ လက်ဝယ်ထားရှိပိုင်ခွင့်မြေ၊ မြေပိုင်မြေနှင့် အပိုင်ဂရန်မြေတို့ကို မြို့မြေ ပုံများပေါ်တွင်အပြာရင့်ရောင်ဖြင့်အနားသတ်ရေးဆွဲမှတ်သား သည်။

မြန်မာနိုင်ငံမြေစာရင်းလက်စွဲ၊ အပိုဒ် ၈၁၂။ (ဆရာဦးကျော်မြင့်စာအုပ်မှ ကောက်နုတ်ချက်)

Credit to ဦးဇင်လင်းအောင်

#ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၁။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−
(၁)အမည်ပြောင်း၊(၂)ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)(၃)အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)(၄)အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။

၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-
(၁)လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊(၂)မြေပုံ၊ မြေရာဇဝင်မူရင်း၊(၃)အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊(၄)အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊(၅)အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊(၆)တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)(၇)အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊(၈)အိမ်ထောင်စုဇယား မိတ္တူမှန်၊(၉)အဆောက်အဦဓါတ်ပုံ၊(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။
၃။ အထက်ဖော်ပြပါအထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။


#ဘိုးဘပိုင်မြေ

Credit 😍

အိမ်လာဝယ်မှ မဟုတ်ပါဘူးခင်ဗျ...ဘာလာမေးမေးသေချာရှင်းပြပေးပါတယ်နော်..ရှင်းပြရတာကိုက ဝါသနာလိုကိုဖြစ်နေတာ 😅🙃သိဖို့ 😂😂
09/07/2025

အိမ်လာဝယ်မှ
မဟုတ်ပါဘူးခင်ဗျ...

ဘာလာမေးမေး
သေချာရှင်းပြပေးပါတယ်နော်..

ရှင်းပြရတာကိုက
ဝါသနာလိုကိုဖြစ်နေတာ 😅🙃

သိဖို့ 😂😂

 #ကိုယ်တိုင်အလုပ်မလုပ်ပဲ ပိုက်ဆံရှာချင်ရင် ဒါမျိုးလေးဝယ်ထားသာကေတ မြင်တော်သာလိုင်းကားသွားတဲ့ မိန်းလမ်းမပေါက    မျိုးကို ဒ...
08/07/2025

#ကိုယ်တိုင်အလုပ်မလုပ်ပဲ
ပိုက်ဆံရှာချင်ရင် ဒါမျိုးလေးဝယ်ထား

သာကေတ မြင်တော်သာလိုင်းကားသွားတဲ့ မိန်းလမ်းမပေါက မျိုးကို ဒီစျေးနဲ့ရမဲ့အပြင် ဘဏ်ချိတ်နဲ့ပါ ညှိပေးဦးမှာဆိုတော့ ဘယ်လိုပဲတွေးတွေး နောင်တရစရာမရှိတဲ့ ရင်းနှီးမြုပ်နှံမူ့ပဲ ဆိုတာ သေချာတယ်

#ဘာလုပ်လုပ်တင့်တယ်တဲ့နေရာမျိုး

✅ သာကေတမြို့နယ်၊ မြင်တော်သာ လမ်းမတန်း
✅ ရုပ်ရှင်ရုံ (Yuzana Cinema) ကားမှတ်တိုင်အနီး
✅ မိန်းမလမ်းကြီးပေါ

#မိသားစုတွေပဲနေမလား
#ရုံးခန်းဖွင့်မလား / ရုံးခန်းဌားမလား
#အဌားသီးသန့်ထားမလား
စီးပွားရေးလုပ်ဖို့ပဲ တွေးတွေး / ကိုယ်တိုင်နေဖို့ပဲ ဝယ်ဝယ်
အပိုမပြောဘူး ရှယ်တန်တယ်

အချက်အလက်များ:
✔️ အကျယ် – ၁၉ ပေ × ၅၄ ပေ
✔️ Condo အထပ် - ၇ လွှာ (အပေါ်တွင် ၂ ထပ်ကျန်)
✔️ အုတ်နဲ့အခန်း ၂ ခန်းဖွဲ့ထားပြီး မာစတာ ၁ခန်း ရိုးရိုး ၁ခန်း
✔️ BCC/Meter အားလုံး ပြီးစီးထား – အသင့်နေထိုင်နိုင်
✔️ ၂၄ ဓာတ်လှေကားပါဝင်
✔️ ရွှေတိဂုံဘုရားကို လှမ်းဖူးလို့ရ 🙏🙏🙏

#အသင့်နေအဆင်မြင့်_Facilities
✨ Brand-New Aircon ၃ လုံး တပ်ဆင်ပြီး
✨ အရည်အသွေးမြင့် ပါကေးခင်း
✨ မီးဖိုခန်း ကြွေပြားခင်း / နံရံအပြည့် ကြွေပြားကပ်ထား
✨ common ရေချိုးခန်းအကျယ်ထပ်မံဖွဲ့ထားပြီး မီးဖိုခုံအပေါ်+အောက် ဘောက်စ်များ ရေလိုင်း မီးလိုင်း ဆေးလိုင်း မျက်နှာကျက်များအသစ်တပ်ဆင်ပြီး

#လက်ဆောင်
ဆိုဖာဆက်တီခုံ အကြီး တစ်စုံ
ကျွန်းတီဗွီစင် ၃ပေ ၈ပေစင်တစ်ခု
customized ဘုရားစင်တစ်ခု
single room ထဲက နေရာပိုလေးမှာ စာကြည့်စင်တစ်စုံ
ထမင်းစားပွဲတစ်စုံ
လှပတဲ့ ရွှေရွက်လှေနာရီလေးတစ်ခု
ကျက်သရေရှိလှတဲ့ပန်ချီကား၃ချပ်

- 2680 သိန်း ( ညှိနိူင်း )

အိမ်ရှင်ပြောထားတဲ့စျေးအတိုင်းသာဖြစ်ပါတယ်
#ပွဲညွှန့်တင်ခြင်းလုံးဝမရှိ။

ဝယ်ယူသူလူကြီးမင်းအနေနဲ့အကျိုးဆောင်ကြေး
တစ်ကျပ်တစ်ပြားမှ #ပေးစရာမလိုပါ။

လူကြီးမင်းအတွက် အသက်သာဆုံးစျေးနဲ့ရရှိစျေးဖို့
#အကောင်းဆုံးအကျိုးဆောင်ပေးပါမယ်။

စိတ်ဝင်စားလို့လာကြည့်လိုပါက ၁ နာရီဖုန်းကြိုဆက်ပေးပါ။

#အကျိုးဆောင်
☎️ 09-940875707 (viber) သို့မဟုတ် (Cb)



#စာရွက်စာတမ်းအပြည့်အစုံရှိ

အကျိုးတူရပါတယ် ( 1 : 1 )သာကေတမြို့ထဲက လိုင်းကားသွားတဲ့ လမ်းကျယ်ပေါ်မှာရှိတဲ့ အခန်း​မျိုးကို ရှာနေသူများအတွက်  #ဘဏ်ချိတ်န...
07/07/2025

အကျိုးတူရပါတယ် ( 1 : 1 )

သာကေတမြို့ထဲက လိုင်းကားသွားတဲ့ လမ်းကျယ်ပေါ်မှာရှိတဲ့ အခန်း​မျိုးကို ရှာနေသူများအတွက် #ဘဏ်ချိတ်နဲ့ပါ ဝယ်ယူနိုင်တဲ့ ပြင်ဆင်ပြီးသား အခန်းကျယ်လေးရပါပြီ။

🏠 တတိယထပ်စစ်စစ် { ၁၈ × ၅၄ ပေ }

🏠 Master Bedroom (1) | Single Bedroom (1)

🏠 ပြင်ဆင်ပြီး အသင့်နေ | အခန်းကျယ်

🏠 #ဘေးတိုက်မရှိလို့
အလင်းရောင်လုံလောက် | လေဝင်လေထွက်ကောင်း

🏠 ဘဏ်ချိတ်ဖြင့်ဝယ်ယူနိုင်

🏠 တောင်ဘက်အလှည့်

🏠 ကားပါကင်အဆင်ပြေ

🏠 Documents ပြည့်စုံ | BCC မီတာကျပြီး

ပါကေးအထူစားခင်းထားတဲ့အပြင် အိမ်ရှေ့ ဝရန်တာ နဲ့ ပြတင်းပေါက်များအားလုံး သံပန်း| ဆန်းရှိတ်တပ်ဆင်ထားပြီး

#ပါဝင်ပစ္စည်းတွေက
အဲကွန်းတစ်လုံး
နှစ်ယောက်အိပ်ကုတင်တစ်ခု
မှန်တင်ခုံတစ်ခု နဲ့ Wardrobe (1) လက်ဆောင်ယူပါ

#ထပ်တိုးလက်ဆောင်အနေနဲ့
TV Cabinet
Modern Ceiling နဲ့
Bar Table လှလှလေးတေပါ ထည့်ထားပေးသေးတယ်နော်

ဈေးနှုန်း- ၁၆၄၀ သိန်း (ညှိနှိုင်း)

အိမ်ရှင်ပြောထားတဲ့စျေးအတိုင်းသာဖြစ်ပါတယ်
#ပွဲညွှန့်တင်ခြင်းလုံးဝမရှိ။
ဝယ်ယူသူလူကြီးမင်းအနေနဲ့အကျိုးဆောင်ကြေး
တစ်ကျပ်တစ်ပြားမှ #ပေးစရာမလိုပါ။

လူကြီးမင်းအတွက် အသက်သာဆုံးစျေးနဲ့ရရှိစျေးဖို့
အကောင်းဆုံး အကျိုးဆောင်ပေးပါမယ်။

စိတ်ဝင်စားလို့ လာကြည့်လိုပါက ဖုန်းကြိုဆက်ပေးပါ။

#အကျိုးဆောင်
☎️ 09-940875707 (viber) သို့မဟုတ် (Cb)



#စာရွက်စာတမ်းအပြည့်အစုံရှိ
#မူလတန်းအထက်တန်းကျောင်းနဲ့နီးမယ်
#လမ်းထိပ်မှာစျေးရှိမယ်
#လမ်းမတန်း

အမှားတစ်ခုကိုတစ်ယောက်ထဲ ၁၀ ခါလောက်အမှန်လို့ ပြောနေလည်းဘယ်တော့မှ အမှန်မဖြစ်ဘူး...အာညောင်းပြီးရေ ကုန် ရုံပဲ ရှိမှာ...။ 😎ဒီ...
07/07/2025

အမှားတစ်ခုကို
တစ်ယောက်ထဲ ၁၀ ခါလောက်

အမှန်လို့ ပြောနေလည်း
ဘယ်တော့မှ အမှန်မဖြစ်ဘူး...

အာညောင်းပြီး
ရေ ကုန် ရုံပဲ ရှိမှာ...။ 😎

ဒီလို လူမျိုးဆွေ ကြုံဖူးကျလား.. ?

အကျိုးတူရပါတယ် - { 1: 1}ကုန်သည်လမ်းမပေါက ပြင်ဆင်ပြီး အသင့်တတ်နေရုံ Mini Condo အမြန်ရောင်းပေးပါမယ်...ပုံပါအတိုင်းအကုန်ထား...
06/07/2025

အကျိုးတူရပါတယ် - { 1: 1}

ကုန်သည်လမ်းမပေါက ပြင်ဆင်ပြီး အသင့်တတ်နေရုံ
Mini Condo အမြန်ရောင်းပေးပါမယ်...

ပုံပါအတိုင်းအကုန်ထားခဲ့မှာမို့
ရုံးခန်းဖွင့်မလား..လူပဲနေမလား..
မြင်တာနဲ့ ဝယ်ချင်သွားစေမဲ့အချက်တွေကတော့ ⬇️⬇️⬇️

🏠အခန်း အကျယ် ၂၀ x ၅၀ ပေ
🏠အိပ်ခန်း ၂ ခန်း အဆင့်မြင့်မီးဖိုချောင်
🏠အလွာ ၄ လွှာ တတိယထပ်
🏠ဓာတ်လှေခါးပါ မီးပျက်ရင်မီးစက်ရှိ ၄ လွှာဖြစ်တဲ့အတွက်လိုအပ်ရင်လည်း အလျင်မြန်တက်လို့ရ။
🏠လုံခြုံရေးရှိ
🏠ကိုယ်ပိုင်ရေ မီး။ ရေတိုင်ကီခေါင်ပေါ်မှာမို့လို့ ရေအားကောင်း
🏠​ရှေ့စတီးသံပန်းဝါရံတာအ​ပြည့် ဆန်းရှိတ်ပြည့်
🏠 ရှေ့သံပန်းတံခါး တစ်ခုထပ်ရှိ
🏠 နောက်သံပန်းအပြည့်ပိတ်ထားပြီး
🏠သံဘာဂျာတံခါးရှေ့နောက်ပါ
🏠တစ်အိမ်လုံးပြည့် ကြွေပြားကတ်
🏠ကျွန်းပါကေးတစ်ခန်းလုံးအပြည့်
🏠ဧည့်ခန်းမှာ ကျွန်းဘီဒိုကြီးတစ်ခါပါ
🏠 ကျွန်းတံခါးတွေသုံးထား
🏠မီးဖိုချောင် ထမင်းစားခန်း ကြွေပြားခင်းကတ် မီးဖိုခုံ ဂရင်းနှိုက်ကျောက်ပြားအထူကတ်ထား အပေါ်အောက်ကျွန်းအစစ်များနှင့်ဘီဒိုတွဲလျက်ပါ
🏠၁၆သိန်း တန် ညှော်နံစုပ် Hood အသစ်မသုံးရသေးတပ်ထားပေး
🏠၁၅သိန်း တန် Electric နဲ့ gas ၂ မျိုးသုံးမီးဖိုအသစ်မသုံးရသေးတပ်ထားပေး
🏠 Aircon တစ်ကောင်ခွဲတစ်လုံး တစ်ကောင်တစ်လုံးပါ AC ၂ လုံးပါ ဆာဗစ်ဆင်ပါလုပ်ထားပြီး
🏠 မီးကြိုးတွေအပျောက်အုတ်မြှုပ်ထား ကြိုးအကောင်းစားတွေ သုံးထား
🏠အိပ်ခန်းကျယ်မှာ ကုတင်အသစ် နဲ့ ကုတင်ဘေးစားပွဲအသစ် မသုံးရသေးတစ်လုံးပါ။ မှန်တင်ခုံ တစ်ခု ။ အဆင့်မြင့် အဝတ်ဘီဒိုအကြီး ၂ လုံးပါ။
🏠အိပ်ခန်းငယ်မှာ ဘီဒိုအသစ်တစ်လုံးပါ
🏠 ရေချိုးခန်း အပြည့် ကြွေပြားခင်းကတ်ထား ရေပူရေအေးစက်အသစ်ဆက်ဆကိမသုံးရသေးတပ်ထား
🏠အိမ်သာခန်းအပြည့်ကြွေပြားခင်းကတ်ဘိုထိုင်ဖြစ်
🏠maintenance fees ၃သောင်းပဲရှိလို့ အခြားကွန်ီဒိုတွေလို လုပ်စားခွင်တစ်လ ၃သိန်း လောက်မကျ
🏠 ပုံထဲမှာပါတဲ့အတိုင်း ပစ္စည်းတွေ အကုန်ပါမည်။ ဖြုတ်လည်းမယူသွားပါ။ ထပ်လည်းမထည့်ပေးပါ။

စျေးနီး ကျောင်းနီ ပလီနီး ဆူးလေဘုရားနီး ဝန်ကြီးရုံးနီး ဂမုန်းပွင့်အနီး အောက်ဆင်းလိုက်တာနဲ့ မိတ္တူဆိုင် လက်ဖက်ရည်ဆိုင် ထမင်းဆိုင် ဖုန်းဆိုင် minimart လိုချင်တာအကုန်ရတဲ့လူစည်ကားရာနေရာပေါ် ဘိုကလေးစျေးအနီး မှာ ဖြစ်ပြီး လမ်းမကျယ်နှစ်ခု ထိပ်အဆောက်ဦး ဖြစ်တဲ့အတွက် ကုန်းသည်လမ်းမပေါ်ရော် သိမ်ဖြူလမ်းမပေါ်ရော် ကားရပ်ရန် အဆင်ပြေ။

အထုပ်ဆွဲပြီး အသင့်တက်နေလို့ရမဲ့ အခန်းကျယ်ရှယ်လေ

#စျေးနူန်း ➡️ ၄၄၅၀ သိန်း (ညှိနှိုင်း)

အိမ်ရှင်ပြောထားတဲ့ စျေးအတိုင်းသာဖြစ်ပါတယ်
#ပွဲညွှန့်တင်ခြင်းလုံးဝမရှိ။

ဝယ်ယူသူလူကြီးမင်းအနေနဲ့အကျိုးဆောင်ကြေး
တစ်ကျပ်တစ်ပြားမှ #ပေးစရာမလိုပါ။

လူကြီးမင်းအတွက် အသက်သာဆုံးစျေးနဲ့ရရှိစျေးဖို့
အကောင်းဆုံး အကျိုးဆောင်ပေးပါမယ်။

စိတ်ဝင်စားလို့ လာကြည့်လိုပါက ဖုန်းကြိုဆက်ပေးပါ။

#အကျိုးဆောင်
☎️ 09-940875707 (viber) သို့မဟုတ် (Cb)




#အသင့်တက်နေရုံ
#စာရွက်စာတမ်းအပြည့်အစုံရှိ

၂ နှစ်အရစ်ကျပေးပြီးဝယ်လို့ရမဲ့ လိူင်မြို့နယ် ကားမှတ်တိုင်အနီးက မြေညီကိုထပ်ခိုးအပြည့်တင်ထားတဲ့ ၁၈ × ၄၀ ပေ တိုက်ခန်းကျယ်လေ...
05/07/2025

၂ နှစ်အရစ်ကျပေးပြီးဝယ်လို့ရမဲ့ လိူင်မြို့နယ် ကားမှတ်တိုင်အနီးက မြေညီကိုထပ်ခိုးအပြည့်တင်ထားတဲ့ ၁၈ × ၄၀ ပေ တိုက်ခန်းကျယ်လေးတစ်ခန်း ရောင်းပေးပါရစေ...

#အားသာချက်က
တိုက်ခန်းတန်ဖိုး သိန်း ၁၈၀၀ ကို လက်ငင်း သိန်း ၁၀၀၀ ပဲအရင်ပေးပြီး ကျန်​ငွေ သိန်း ၈၀၀ ကို နောက်ထပ် ၂ နှစ်အတွင်း အရစ်ကျနဲ့ အေးဆေးပေးသွင်းလို့ရမဲ့ ရှားပါးအခန်းလေး...

ရန်ကုန်မြို့တော်စည်ပင်ခွင့်ပြုမိန့် တရားဝင်အစိမ်းဘုတ်
အခုခေတ်ကျ အပြာဘုတ် နဲ့ဆောက်ထားတာပါ။

သုံးခန်းတွဲ ၃ ထပ်တိုက်ရဲ့ ဘေးဘက်ခြေရင်းခန်း
#မြေညီထပ်ကိုမှထပ်ခိုးအပြည့်နဲ့ကျယ်ကျယ်ဝန်းဝန်းနေရမယ်။

အခန်းအမြင့် ၁၂ ပေကျော်ရှိတယ်။
ထပ်ခိုးအမြင့် ➡️ ၅ ပေခွဲ
အော​က်ထပ်အမြင့် ➡️ ၆ ပေကျော်

#ထပ်ခိုးမှာ
အခန်း ၂ ခန်းဖွဲ့ထားတဲ့အပြင် ၊ ဘုရားခန်းသီးသန့်ပါတယ်။

#အောက်ထပ်က
Hall Type

စီးပွားရေးလုပ်ဖို့
ကိုယ်ပိုင်ဆိုင်ဖွင့်မလား / ပြန်ငှားစားမလား ​

လူစည်ကားပြီးနေရာကောင်းလို့ စိတ်ကြိုက်စီးပွားရေးလုပ်လို့ရမဲ့
ထပ်ခိုးအပြည့်ပါတဲ့ မြေညီတိုက်ခန်းကျယ်လေး

အိမ်ရှေ့ကားထားလို့ရ (360° လှည့်လို့ရ)

အနောက်ဘက်လှည့်
အရူပ်အရှင်းကင်း
ကိုပိုင်မော်တာ
မြေရှင်ကန်ထရိုက်စာချုပ်
စည်ပင်ဆောက်လုပ်ခွင့် (အစိမ်းဘုတ် ) ဘုတ်စိမ်းမိတ္တူစာရွက်စာတမ်းအပြည့်အစုံပါရှိပါတယ်..

ရှေ့နေရှေ့ရပ်ဖြင့်သေခြာလေး သတင်းစာထဲကြော်ငြာထည့်ပြီးဝယ်ထားတဲ့အခန်းမို့ စိတ်ကြိုက်စစ်ပြီး ဝယ်လို့ရပါတယ်

မြေရှင်ဆီကနေဝယ်ထားတဲ့ first owner
အရောင်းအဝယ်ဖြစ်ရင်မြေရှင်လက်မှတ်ပါထိုးပေးမယ်။

အင်းစိန်လမ်းမနီး
ဗဟိုလမ်းနဲ့တစ်လမ်းကျော်
ဈေးဝယ်လို့ကောင်းတဲ့လှိူင်ဈေးကြီးနီး
Private School ကျောင်းတွေဖြစ်တဲ့
PISM နီး Myanmar Orchard နီး ICEC ကိုယ်ပိုင်အထက်တန်းကျောင်းဘေးနားတင်

ညဘက်တွေဆို
နာမည်ကြီးရွာမကွေ့ထမင်းကြော်ဆိုင်နဲ့ ကြက်သံပုံး
အကင်ဆိုင်တွေလမ်းလျှောက်စားမလား
Orange ထဲဈေးဝယ်မလား
ဗဟိုလမ်း City Mart သွားမလား
စျေးနီး ကျောင်းနီး ကားမှတ်တိုင်အနီး
ကျန်းမာရေးအတွက် မိုးမေတ္တာဆေးရုံ Grand Hantar ဆေးရုံ
ရွတ်သမျှအကုန်နီး

အိမ်ရှင်ပြောထားတဲ့စျေးအတိုင်းသာဖြစ်ပါတယ်
#ပွဲညွှန့်တင်ခြင်းလုံးဝမရှိ။
ဝယ်ယူသူလူကြီးမင်းအနေနဲ့ အကျိုးဆောင်ကြေး
တစ်ကျပ်တစ်ပြားမှ #ပေးစရာမလိုပါ။

လူကြီးမင်းအတွက် အသက်သာဆုံးစျေးနဲ့ရရှိစျေးဖို့
အကောင်းဆုံး အကျိုးဆောင်ပေးပါမယ်။

စိတ်ဝင်စားလို့ လာကြည့်လိုပါက ဖုန်းကြိုဆက်ပေးပါ။

#အကျိုးဆောင်
☎️ 09-940875707 (viber) သို့မဟုတ် (Cb)



#စာရွက်စာတမ်းအပြည့်အစုံရှိ

Address

Thaketa
Yangon
11231

Alerts

Be the first to know and let us send you an email when K and P Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category