BHONE MIN MYAT - Real Estate Agency

BHONE MIN MYAT - Real Estate Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BHONE MIN MYAT - Real Estate Agency, Real Estate, Bayint Naung Street, North Dagon, Yangon.

သင့်ဘဝရဲ့ အဖိုးတန်ဆုံး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများအတွက်... ✨
🏠 အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝန်ဆောင်မှုများကို စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါသည်။
📞 ဆက်သွယ်ရန် - 095174559

မြောက်ဒဂုံ (၄၀) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနဲ့ ရာဇာဓိရာဇ် လမ်းမကြီးအနီးမှာ အသင့်တက်နေရုံ ဆောက်လုပ်ထားတဲ့ 3.5 RC Modern L...
22/07/2026

မြောက်ဒဂုံ (၄၀) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနဲ့ ရာဇာဓိရာဇ် လမ်းမကြီးအနီးမှာ အသင့်တက်နေရုံ ဆောက်လုပ်ထားတဲ့ 3.5 RC Modern Luxury လုံးချင်းအိမ်သစ် ရောင်းပါမည်။ ✨
#အကျိုးဆောင်များအကျိုးတူရ
📌 အိမ်ရဲ့ အချက်အလက်များ
📐 မြေအကျယ် - 20’ × 60’ (အရှေ့လှည့် / Lucky No. 7 🍀)
🛏️ အခန်းဖွဲ့စည်းပုံ - 4 Master Beds (Bathtub ပါ) + 1 Single Room
⚡ အပိုဆောင်း - Solar စနစ် (8) ချပ် + Inverter + Battery ပါပြီး
❄️ အပြင်အဆင် - Aircon (4) လုံး၊ ကျွန်းပါကေး၊ သံပန်း၊ လိုက်ကာ အပြည့်
🚗 ကားပါကင် - ခြံထဲ ကား (၂) စီး အေးဆေးရပ်လို့ရ
📄 စာရွက်စာတမ်း - သီးခြားဂရန် ထွက်ခါနီး (မူရင်းခြမ်း ခွဲစိတ်ဆဲ)
💰 ရောင်းဈေး - သိန်း ၁၄,၆၀၀ (ညှိနှိုင်း)

အသေးစိတ်ကြည့်ရှုလိုပါက ဆက်သွယ်ရန် -
📞 095174559 , 09420000705

🏡 မြောက်ဒဂုံ (၃၈) ရပ်ကွက်မှာ အဆင်သင့် တက်နေရုံ Luxury လုံးချင်းအိမ်သစ်လေး ရောင်းမည်!မန္တလေးလမ်းမကြီးနီး၊ လမ်းကျယ်၊ ပတ်ဝန...
21/07/2026

🏡 မြောက်ဒဂုံ (၃၈) ရပ်ကွက်မှာ အဆင်သင့် တက်နေရုံ Luxury လုံးချင်းအိမ်သစ်လေး ရောင်းမည်!
မန္တလေးလမ်းမကြီးနီး၊ လမ်းကျယ်၊ ပတ်ဝန်းကျင်သန့်သန့်မှာ နေချင်တဲ့ မိတ်ဆွေတို့အတွက် Modern နဲ့ Classic ပေါင်းစပ်ထားတဲ့ 3RC Roof Slab အိမ်လှလှလေး ရောင်းပေးချင်ပါတယ်။ ✨
💰 ဈေးနှုန်း – သိန်း ၁၇,၀၀၀ (ပါးပါး ညှိနှိုင်း)
📍 တည်နေရာ – မြောက်ဒဂုံ (၃၈) ရပ်ကွက် (မန္တလေးလမ်းမကြီး တည့်ပေါက်)
📜 စာရွက်စာတမ်း – နှစ် ၆၀ ဂရန် (ခွဲစိတ် အမည်ပေါက်)
📐 အကျယ် – 20' × 60'
ဘာတွေပါမလဲဆိုတော့... 👇
• 3RC Roof Slab အဆောက်အဦ
• Master Bedroom (၃) ခန်း + Single Bedroom (၁) ခန်း
• ဘုရားခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း အချိုးကျကျ ပါဝင်
• ကျွန်းပါကေးအပြည့်ခင်း၊ လိုက်ကာ၊ သံပန်း အပြည့်အစုံ
• Inverter Aircon (၅) လုံး အပြင် Power Station ပါပါပြီးသားမလို့ မီးပျက်မှာလည်း လုံးဝပူစရာမလို!
• Car Parking ကျယ်ကျယ်ဝန်းဝန်းနဲ့ Balcony အလှဆင်ထားပြီးဖြစ်ပါတယ်။
📞 အသေးစိတ် မေးမြန်းချင်ရင်တော့ အောက်ပါဖုန်းနံပါတ်များကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်။
☎️ 0️⃣9️⃣5️⃣1️⃣7️⃣4️⃣5️⃣5️⃣9️⃣
☎️ 0️⃣9️⃣4️⃣2️⃣0️⃣0️⃣0️⃣0️⃣7️⃣0️⃣5️⃣

🏡 [မြောက်ဒဂုံ] ပင်လုံလမ်းမကြီးကျောကပ်မှ အဆင့်မြင့် Luxury Home အရောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။မိသားစုကြီးများအတွက် အထူးသင့...
20/07/2026

🏡 [မြောက်ဒဂုံ] ပင်လုံလမ်းမကြီးကျောကပ်မှ အဆင့်မြင့် Luxury Home အရောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။
မိသားစုကြီးများအတွက် အထူးသင့်တော်ပြီး အရည်အသွေးမြင့် ပစ္စည်းများဖြင့် ပြင်ဆင်ထားသော Ready to Move-In လုံးချင်းအိမ်ကောင်းကို မိတ်ဆက်ပေးပါရစေ။
📌 Property Overview
တည်နေရာ: မြောက်ဒဂုံ၊ (၃၂) ရပ်ကွက် (ပင်လုံလမ်းမကြီးကျောကပ် / ဘေလီတံတားအဆင်း)
မြေအကျယ်အဝန်း: 40' × 60'
စာရွက်စာတမ်း: ဂရမ်အမည်ပေါက် (စာရွက်စာတမ်း ၁၀၀% သန့်ရှင်း)
#စျေးနှုန်း-48600သိန်း(ညှိနှိုင်း)
🛋️ Key Features & Amenities
Master Bedroom - 5 ခန်း
Luxury Bathtub - 2 ခု
Air Conditioner - 6 လုံး
CCTV System - 7 လုံး
Full Solar Inverter System တပ်ဆင်ပြီး
ကျယ်ဝန်းသော ကားပါကင်ဧရိယာ ပါဝင်သည်။
📞 Direct Contact:
📲 09 5174559
📲 09 420000705

 #အကျိုးတူမိတ်ဆွေများကိုလဲဖိတ်ခေါ်ပ့ါတယ်မြောက်ဒဂုံ နေရာကောင်း မြေကွက်အမြန်ရောင်းမည် ‼️ပင်လုံလမ်းမကြီးနဲ့ တည့်ပေါက်ပြီး သ...
18/07/2026

#အကျိုးတူမိတ်ဆွေများကိုလဲဖိတ်ခေါ်ပ့ါတယ်
မြောက်ဒဂုံ နေရာကောင်း မြေကွက်အမြန်ရောင်းမည် ‼️
ပင်လုံလမ်းမကြီးနဲ့ တည့်ပေါက်ပြီး သွားလာရလွယ်ကူတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက နေရာကောင်း မြေကွက်သန့်ကို အမြန်ဆုံး ညှိနှိုင်းဈေးနဲ့ ရောင်းချပေးပါတော့မယ်။ လူနေဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံထားဖို့ပဲဖြစ်ဖြစ် ရေရှည်အတွက်
လုံးဝလက်မလွှတ်သင့်တဲ့ နေရာကောင်းလေးပါ။

တည်နေရာ: မြောက်ဒဂုံ၊ ၃၅ စံပြရပ်ကွက် (ပင်လုံလမ်းမကြီးတည့်ပေါက်)
မြေအကျယ်: 40' x 60' ပေ
ခေါ်ဈေး: ၂၅,၅၀၀ သိန်း (ညှိနှိုင်း)
အဆောကါအဦး -1ထပ်တိုက်
📌 ထူးခြားချက်: လမ်းမကြီးနဲ့ နီးကပ်ပြီး သွားလာရ အချက်အချာကျတဲ့ စံပြရပ်ကွက်ထဲမှာ ရှိတာကြောင့် ပတ်ဝန်းကျင်သန့်၊ နေရာနာမည်ရပြီးသား နေရာကောင်းတစ်ခု ဖြစ်ပါတယ်။

အိမ်ဆောက်ပြီး နေမလား ဝယ်ပြီး ပြန်ငှားထားမလား? နေရာကတော့ ပင်လုံလမ်းမကြီးနဲ့ တည့်ပေါက်ဆိုတော့ လမ်းပန်းဆက်သွယ်ရေးက ရှယ်ပဲနော်။

ပိုင်ရှင်ကိုယ်တိုင် ဈေးနှုန်းကို အလျော့အတင်း ညှိနှိုင်းပေးမှာ ဖြစ်လို့ စိတ်ဝင်စားပါက အသေးစိတ်ကို Messenger ကနေတစ်ဆင့် ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📞 Contact: 09-5174559 , 09-420000705
#35ရပ်ကွက်
#ပင်လုံလမ်းမကြီး

🏡 PREMIUM HOME FOR SALE | မြောက်ဒဂုံ (၄၀) ရပ်ကွက်အဆင့်မြင့်ပြင်ဆင်ထားပြီး အသင့်တက်နေရုံ 3RC Roof Slab လုံးချင်းအိမ်သစ် အ...
17/07/2026

🏡 PREMIUM HOME FOR SALE |
မြောက်ဒဂုံ (၄၀) ရပ်ကွက်
အဆင့်မြင့်ပြင်ဆင်ထားပြီး အသင့်တက်နေရုံ 3RC Roof Slab လုံးချင်းအိမ်သစ် အမြန်ရောင်းမည်။
📍 Location အားသာချက်
မြောက်ဒဂုံ၊ (၄၀) ရပ်ကွက် (ဘုရင့်နောင်လမ်းမကြီး ကျောကပ်)
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဆိတ်ငြိမ်အေးချမ်းသည့် နေရာကောင်း။
✨ မြေအကျယ်: 40’ × 60’ (3RC Roof Slab)
အခန်းဖွဲ့စည်းပုံ: Master Bedroom (၅) ခန်းအပြည့် (Privacy အပြည့်ရစေမည့် ဒီဇိုင်း)
အတွင်းပိုင်း: အဆင့်မြင့် ကျွန်းပါကေးခင်း၊ Air Con များ တပ်ဆင်ပြီး။
Solar System တပ်ဆင်ပြီးဖြစ်၍ မီးဖိုးသက်သာပြီး အဆင်ပြေစေခြင်း။
ပိုင်ဆိုင်မှု: ဂရန်အမည်ပေါက် (100% စိတ်ချရမှုအပြည့်)။
💰 ရောင်းဈေး – ၃၆,၅၀၀ သိန်း (ညှိနှိုင်း)
အရည်အသွေးမြင့်ပစ္စည်းများဖြင့် သေသပ်စွာ ပြင်ဆင်ထားသောကြောင့် စိတ်တိုင်းကျဖြစ်စေမည့် အိမ်ကောင်းတစ်လုံး ဖြစ်ပါတယ်။
📞 အသေးစိတ်မေးမြန်းရန် ဖုန်းနံပါတ်များ
0️⃣9️⃣5️⃣1️⃣7️⃣4️⃣5️⃣5️⃣9️⃣ (Viber)
0️⃣9️⃣4️⃣2️⃣0️⃣0️⃣0️⃣0️⃣7️⃣0️⃣5️⃣
(အိမ်ကြည့်လိုပါက ကြိုတင်ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

🏡 “ရွာထဲမှာရှိတဲ့မြေ” တိုင်း ရွာမြေ မဟုတ်ပါဘူးမြေကွက်ဝယ်ဖို့ စုံစမ်းတဲ့အခါ“ဒါ ရွာမြေပါ၊ အိမ်ဆောက်လို့ရတယ်” ဆိုတဲ့စကားကို...
11/07/2026

🏡 “ရွာထဲမှာရှိတဲ့မြေ” တိုင်း ရွာမြေ မဟုတ်ပါဘူး

မြေကွက်ဝယ်ဖို့ စုံစမ်းတဲ့အခါ
“ဒါ ရွာမြေပါ၊ အိမ်ဆောက်လို့ရတယ်” ဆိုတဲ့စကားကို မကြာခဏ ကြားရတတ်ပါတယ်။

ဒါပေမဲ့ ရွာနားမှာရှိနေရုံ၊ လူနေအိမ်တွေ ဆောက်ထားရုံနဲ့ တရားဝင်ရွာမြေ ဖြစ်သွားတာ မဟုတ်ပါဘူး။

ဒါဆို “ရွာမြေ” ဆိုတာ ဘာလဲ?

အလွယ်ပြောရရင် ရွာမြေဆိုတာ
ကျေးရွာနယ်နိမိတ်အတွင်း လူနေအိမ်နဲ့ အဆောက်အအုံများ ဆောက်လုပ်နေထိုင်ဖို့ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့မြေ ဖြစ်ပါတယ်။

ရွာမြေအကြောင်း သိထားသင့်တဲ့ အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ ရွာမြေကို ဘာအတွက်အသုံးပြုတာလဲ?

ရွာမြေဟာ လယ်ယာမြေလို သီးနှံစိုက်ပျိုးဖို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး။

လူနေအိမ်၊ ဆိုင်ခန်းနဲ့ လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်နေထိုင်ဖို့ သီးသန့်သတ်မှတ်ထားတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။

အုပ်ချုပ်စီမံမှုအပိုင်းကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘက်က ဆောင်ရွက်တာဖြစ်ပြီး လယ်ယာမြေစီမံခန့်ခွဲမှုနဲ့ မတူညီပါဘူး။

၂။ ရွာမြေက ဘယ်လိုဖြစ်လာတာလဲ?

ကျေးရွာတစ်ရွာ လူဦးရေများလာပြီး နယ်မြေတိုးချဲ့ဖို့ လိုအပ်လာတဲ့အခါ စိုက်ပျိုးမြေ သို့မဟုတ် အခြားမြေအမျိုးအစားတစ်ခုကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ရွာမြေအဖြစ် တရားဝင်သတ်မှတ်ပေးရပါတယ်။

အမိန့်ကြော်ငြာစာနဲ့ ရွာမြေနယ်နိမိတ်အဖြစ် သတ်မှတ်ပြီးမှသာ လူနေအိမ်ဆောက်လုပ်ခြင်းက တရားဝင်ဖြစ်လာမှာပါ။

၃။ ရွာမြေတိုင်းမှာ ဂရန်ရှိသလား?

ရွာမြေမှာ အဓိကအားဖြင့် နှစ်မျိုးတွေ့ရပါတယ်။

✅ ဂရန်ရှိတဲ့ ရွာမြေ

မြေကွက်တစ်ကွက်ချင်းစီကို တိုင်းတာခွဲစိတ်ပြီး နှစ်ရှည်နေထိုင်အသုံးပြုခွင့် ဂရန်စာချုပ် ထုတ်ပေးထားတဲ့မြေဖြစ်ပါတယ်။

ဂရန်ရှိတာကြောင့် ပိုင်ဆိုင်မှုနဲ့ လွှဲပြောင်းမှုအပိုင်းမှာ အထောက်အထား ပိုမိုခိုင်မာပါတယ်။

✅ ဂရန်မရှိသေးတဲ့ ရွာမြေ

တရားဝင်ရွာမြေနယ်နိမိတ်ထဲမှာ ပါဝင်ပေမဲ့ တစ်ကွက်ချင်းစီအတွက် ဂရန်မထုတ်ထားသေးတဲ့မြေတွေ ဖြစ်ပါတယ်။

ဒီလိုမြေတွေကို အရပ်ကတိစာချုပ်အဆင့်ဆင့်နဲ့ ရောင်းဝယ်တာတွေ ရှိတတ်ပေမဲ့ မြေကွက်တစ်ကွက်ချင်းစီရဲ့ ပိုင်ရှင်၊ ဧရိယာနဲ့ နယ်နိမိတ်အထောက်အထား မပြည့်စုံနိုင်တာကြောင့် ပိုမိုသေချာစွာ စစ်ဆေးဖို့ လိုပါတယ်။

၄။ ရွာမြေဖြစ်ရင် ဘာအကျိုးကျေးဇူးရှိလဲ?

ရွာမြေအစစ်အမှန်ဖြစ်ရင် လူနေအိမ်ဆောက်လုပ်ဖို့ သင့်တော်ပြီး သတ်မှတ်ထားတဲ့ စီမံချက်နဲ့ ကိုက်ညီပါက မြေငှားဂရန် လျှောက်ထားနိုင်ပါတယ်။

ဂရန်ရရှိလာတဲ့အခါ—

▪️ တရားဝင်လွှဲပြောင်းနိုင်ခြင်း
▪️ မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်ခြင်း
▪️ လိုအပ်ချက်များပြည့်မီပါက ဘဏ်အပေါင်ထားနိုင်ခြင်း

စတဲ့ အခွင့်အရေးတွေ ရရှိလာနိုင်ပါတယ်။

၅။ ရွာမြေနဲ့ လယ်ယာမြေကို မရောထွေးပါနဲ့

ရွာနားမှာရှိတဲ့ လယ်ယာမြေ၊ မြေလွတ်မြေရိုင်း ဒါမှမဟုတ် အခြားမြေအမျိုးအစားတွေကို အကွက်ရိုက်ပြီး ရောင်းနေတာတွေ ရှိတတ်ပါတယ်။

ဒါပေမဲ့—

“ရွာနားမှာရှိတယ်” ဆိုတာနဲ့ “ရွာမြေ” မဖြစ်ပါဘူး။

နိုင်ငံတော်က သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ထားခြင်း မရှိသေးရင် မူလမြေအမျိုးအစားအတိုင်းပဲ ရှိနေမှာဖြစ်ပါတယ်။

ခွင့်ပြုချက်မရှိဘဲ မြေကွက်အကွက်ရိုက်ခြင်း၊ အိမ်ဆောက်ခြင်းနဲ့ လူနေထိုင်ခြင်းတွေက နောက်ပိုင်းမှာ ဥပဒေရေးရာအခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

🔎 မြေဝယ်မယ့်အခါ အရေးကြီးဆုံး စစ်ဆေးရမယ့်အချက်

ရောင်းသူက “ရွာမြေပါ” လို့ ပြောတာတစ်ခုတည်းကို မယုံကြည်ဘဲ—

✅ မြေစာရင်းမြေပုံမှာ ရွာမြေအဖြစ် သတ်မှတ်ထားခြင်း ရှိ၊ မရှိ
✅ မြေကွက်ရဲ့ တည်နေရာနဲ့ နယ်နိမိတ် မှန်ကန်မှု
✅ ဂရန်ရှိ၊ မရှိ
✅ ရောင်းသူရဲ့ လက်ဝယ်ပိုင်ဆိုင်မှုအထောက်အထား
✅ အရောင်းအဝယ်စာချုပ် အဆင့်ဆင့်

တို့ကို သက်ဆိုင်ရာဌာနနဲ့ ကျွမ်းကျင်သူတွေထံမှာ သေချာစစ်ဆေးသင့်ပါတယ်။

မြေတစ်ကွက်ဝယ်တာက ငွေကြေးတစ်ခုပဲ ရင်းနှီးတာမဟုတ်ပါဘူး။
မိသားစုရဲ့ အနာဂတ်နေရာတစ်ခုကို ရွေးချယ်တာဖြစ်လို့ မဝယ်ခင်စစ်ဆေးခြင်းက ဝယ်ပြီးမှဖြေရှင်းခြင်းထက် ပိုလုံခြုံပါတယ်။

📞 မြေယာနှင့် အိမ်ခြံမြေဆိုင်ရာ စုံစမ်းမေးမြန်းရန်

Bhone Min Myat Real Estate

☎️ 09-5174559
☎️ 09-420000705

✨ "အိမ်တစ်လုံးရဲ့အဆင့်အတန်းတစ်ခုကို ဖော်ပြနေမယ့် ဗိသုကာလက်ရာ၊ မိသားစုတိုင်း နွေးထွေးမှုနဲ့ တစ်နေ့တာ ပင်ပန်းသမျှကို အိမ်အ...
09/07/2026

✨ "အိမ်တစ်လုံးရဲ့အဆင့်အတန်းတစ်ခုကို ဖော်ပြနေမယ့် ဗိသုကာလက်ရာ၊ မိသားစုတိုင်း
နွေးထွေးမှုနဲ့ တစ်နေ့တာ ပင်ပန်းသမျှကို အိမ်အပြန်မှာ ဇိမ်ရှိရှိ ကုစားပေးမယ့်... ဒီ Modern Luxury Home က သင့်ကို ကြိုဆိုဖို့ အဆင်သင့် ဖြစ်နေပါပြီ။ 🏡✨
💵 ရောင်းဈေး ━ သိန်း 34,000 (ညှိနှိုင်း)
━━━━━━━━━━━━━━━━━━━━━
▶ 📍 မြောက်ဒဂုံမြို့နယ် မန္တ​လေးလမ်းမကြီး​ကျောကပ်မိန်းလမ်းမကြီးတည့်​ပေါက်။
▶ 🏠 ​မြေအကျယ် ━ 40' × 60'
▶ 🏗️ အဆောက်အဦး ━ 3RC Roofslab (90% ပြီးစီးပြီး​သော Modern Luxury Design)
▶ 📜 ပိုင်ဆိုင်မှု ━ နှစ်(၆၀) ဂရန် အမည်ပေါက်
━━━━━━━━━━━━━━━━━━━━━
🛋️ ﹝ ပြင်ဆင်ဖွဲ့စည်းမှု အသေးစိတ် ﹞
▶ ✅ 5 Master Bedrooms (Bathtub ၂ လုံးပါဝင်)
▶ ✅ Air Con (7) လုံး
▶ ✅ ကျွန်းပါကေးအပြည့်၊ သံပန်းနှင့် လိုက်ကာများ တပ်ဆင်ထားပါတယ်
▶ ✅ Designer Ceiling Lights & Chandeliers (မီးဆိုင်းအလှများ)
▶ ✅ အခြားအခန်းများ ━ Living Room | Shrine Room | Kitchen & Dining Room | Maid Room
━━━━━━━━━━━━━━━━━━━━━
💎 [ Value of Living ]
ဒီအိမ်ရဲ့ စစ်မှန်တဲ့တန်ဖိုးက အဆောက်အဦးတစ်ခုတည်းတင် မဟုတ်ပါဘူး။ စိတ်အေးချမ်းရတဲ့ ပတ်ဝန်းကျင်ကောင်း၊ နေရာအကွက်အကွင်းနဲ့ အချိန်မရွေး တက်နေရုံပဲဆိုတဲ့ အဆင်သင့် အခြေအနေမျိုးမို့ ရေရှည်အတွက် တကယ့်ကို ထိုက်တန်လှတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

📞 ﹝ အသေးစိတ်စုံစမ်းရန် ﹞
👉 09 - 5174559
👉 09 - 420000705
#မြောက်ဒဂုံအိမ်အရောင်း

🏡 ပင်လုံလမ်းမကြီးအနီးမှာ အသင့်တက်နေရုံ 3RC လုံးချင်းတိုက်သစ်ကြီး ရှာနေပါသလား? #အကျိုးတူရပါတယ် #မြောက်ဒဂုံ (၃၂) ရပ်ကွက်ရဲ...
07/07/2026

🏡 ပင်လုံလမ်းမကြီးအနီးမှာ အသင့်တက်နေရုံ 3RC လုံးချင်းတိုက်သစ်ကြီး ရှာနေပါသလား?
#အကျိုးတူရပါတယ်
#မြောက်ဒဂုံ (၃၂) ရပ်ကွက်ရဲ့ အချက်အချာကျတဲ့နေရာကကောင်းထောင့်ကွက် 3RC အိမ်အသစ်ကြီး ရောင်းဖို့ရှိပါတယ်။
#ပင်လုံလမ်းမကြီးကနေဝင်ဝင်ချင်း ၆ ခြံမြောက် ဘုရင့်နောင်လမ်းမကြီး ကျောကပ်နေရာကောင်း ဆိုတော့ သွားရလာရတာလည်း လုံးဝရှယ်ပဲနော်! 😍
#ဈေးနှုန်း: ၃၄,၀၀၀ သိန်း (အဝယ်ရှိရင် ပိုင်ရှင်နဲ့ တိုက်ရိုက်ညှိနှိုင်းပေးမှာပါ)
အကျယ်အဝန်း: ၄၀' × ၆၀' (နှစ် ၆၀ ဂရန်အမည်ပေါက်မို့ စာရွက်စာတမ်း စိတ်ချရပါတယ်)
✨ ဘာတွေပါလဲဆိုတော့...
မိသားစုကြီးသူတွေအတွက် Master Bedroom ၅ ခန်းတောင် ပါဝင်ပါတယ်။
တစ်အိမ်လုံး ကြွေပြားအပြည့်ခင်းထားပြီး Aircon၊ ခန်းစည်းလိုက်ကာ၊ သံပန်းသံတံခါးတွေအပြင် လုံခြုံရေးအတွက် CCTV တွေပါ တပ်ဆင်ပြီးသား။
***မီးပျက်ရင် စိတ်ပူစရာမလိုတဲ့ Solar & Battery Inverter စနစ်ပါ ထည့်သွင်းပေးထားတာမို့ လျှပ်စစ်မီးအတွက် ပူစရာမလိုတော့ဘူးပေါ့နော်
လမ်းမကြီးနဲ့ နီးနီးနားနားမှာ Company ရုံးခန်း ဖွင့်ချင်သူတွေ၊ Online Shop လုပ်ငန်းကို ကျယ်ကျယ်ဝန်းဝန်း လုပ်ချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။
ဈေး၊ ကျောင်း၊ City Mart နဲ့ ကားမှတ်တိုင်တွေကလည်း အနားတင်မို့ လူကြီး၊ လူငယ် နေထိုင်ရတာ အလွန်အဆင်ပြေပါတယ်။
စိတ်ဝင်စားလို့ ကြည့်ရှုလိုပါက
📞09 5174559 (Viber)
09 420000705 သို့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ် ။
(မှတ်ချက် - ဝယ်ယူသူမှ အကျိုးဆောင်ခ ပေးရန်မလိုပါ။ မိမိတို့ရဲ့ အိမ်၊ ခြံ၊ မြေများကိုလည်း ယုံကြည်စိတ်ချစွာ အရောင်းအပ်နှံနိုင်ပါတယ်)
#မြောက်ဒဂုံသီးသန့်အိမ်ခြံမြေ #32ရပ်ကွက်

အိမ်လေးကို လှလှလေး ပြင်ဆင်ချင်ရင်…၁။ အရောင်ကို မများအောင် ရွေးပါအခန်းတစ်ခန်းမှာ အရောင် ၂ မျိုး၊ ၃ မျိုးလောက်ပဲ သုံးတာက ပ...
07/07/2026

အိမ်လေးကို လှလှလေး ပြင်ဆင်ချင်ရင်…

၁။ အရောင်ကို မများအောင် ရွေးပါ
အခန်းတစ်ခန်းမှာ အရောင် ၂ မျိုး၊ ၃ မျိုးလောက်ပဲ သုံးတာက ပိုသပ်ရပ်ပြီး မျက်စိအေးစေပါတယ်။

၂။ အလင်းရောင်ကို ဂရုစိုက်ပါ
မီးအလင်းရောင်ကောင်းရင် အိမ်လေးက ပိုကျယ်ပြီး ပိုနွေးထွေးသလို ခံစားရစေပါတယ်။

၃။ ပရိဘောဂကို အခန်းအရွယ်နဲ့ ကိုက်ညီအောင်ထားပါ
အခန်းသေးရင် ပရိဘောဂအကြီးကြီးတွေ မထားတာက နေရာပိုကျယ်သလို မြင်ရစေပါတယ်။

၄။ သစ်ပင်၊ ပန်းအလှလေးတွေ ထည့်ပါ
အိမ်ထဲမှာ အစိမ်းရောင်လေးတွေရှိရင် ပိုလန်းဆန်းပြီး သဘာဝဆန်တဲ့ feel လေးရပါတယ်။

၅။ မလိုတာတွေ လျှော့ထားပါ
အိမ်လှဖို့ဆိုတာ ပစ္စည်းများများထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ်နဲ့ လိုတာပဲထားတာက ပိုအရေးကြီးပါတယ်။

အိမ်ဆိုတာ နေရာတစ်ခုထက်ပိုပါတယ်။
နေ့တိုင်းပြန်ရောက်ချင်စိတ်ဖြစ်စေတဲ့ နွေးထွေးတဲ့နေရာလေးဖြစ်ဖို့
အသေးစိတ်လေးတွေကစပြီး ဂရုစိုက်ပြင်ဆင်ကြည့်ပါ ✨

‼️ မြောက်ဒဂုံ၄၁ရပ်ကွက်ဗိုလ်မင်းရောင်လမ်းမကြီးအနီးသိန်း ၃ သောင်းအောက်နဲ့ လက်တင်နေထိုင်လို့ရမယ့် 3RC တိုက်သစ်လေး ‼️အိမ်ဝယ်...
05/07/2026

‼️ မြောက်ဒဂုံ၄၁ရပ်ကွက်ဗိုလ်မင်းရောင်လမ်းမကြီးအနီး
သိန်း ၃ သောင်းအောက်နဲ့ လက်တင်နေထိုင်လို့ရမယ့် 3RC တိုက်သစ်လေး ‼️

အိမ်ဝယ်ပြီးမှ ထပ်ပြင်ရတာတွေ မလုပ်ချင်ဘူး…
အဆင်သင့်တက်နေလို့ရမယ့် တိုက်သစ်လေး ရှာနေတယ်ဆိုရင်
ဒီအိမ်လေးက လုံးဝကြည့်သင့်တဲ့အိမ်လေးပါ 🏠✨

💰 ရောင်းရန် — သိန်း (29500) ညှိနှိုင်း
🏢 3 RC Roofslab
📐 မြေအကျယ် — (40’×60’)
📄 ဂရန်အမည်ပေါက်

အိမ်အတွင်းပိုင်းမှာလည်း
🔸 Master 5 ခန်း
🔸 Living Room
🔸 Dining Room
🔸 Kitchen Room
🔸 Aircon 5 လုံး
🔸 Water Purifier + Oven + Gas Stove + Exhaust Fan
🔸 ကျွန်းပါကေး
🔸 CCTV 7 လုံး
🔸 Power Meter ၁ လုံး + ရိုးရိုးမီတာ ၁ လုံး
🔸 30KVA Voltage Stabilizer
🔸 12KW 3Phase Inverter
🔸 314AH Battery 2 လုံး
🔸 ရေတင်/ရေမောင်း Auto System
🔸 Auto Gate
🔸 Digital Door Lock 6 လုံး

✅ အဆင်သင့်နေထိုင်လို့ရတဲ့ အချက်အလက်စုံစုံလင်လင်နဲ့
သိန်း 30000 အောက် 3RC တိုက်သစ်လေး ဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။

စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်မေးမြန်းနိုင်ပါတယ်။

Contact No — 095174559, 09420000705
Bhone Min Myat Real Estate

Address

Bayint Naung Street, North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when BHONE MIN MYAT - Real Estate Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category