Empress HR Solution And Training Service

Empress HR Solution And Training Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Empress HR Solution And Training Service, Service Apartments, Yangon.

To be the most trusted partner in empowering people and organizations to grow with purpose — by delivering innovative HR solutions and transformative training that build strong, capable, and compassionate workplaces.

24/10/2025

ဝန်ထမ်းတွေနဲ့ ပတ်သက်လို့
လုပ်ငန်းရှင်တွေသတိထားရမည့်အချက် ၁၉ ချက်

၁။ ဝန်ထမ်းတွေကို
စဥ်းစားမိတာ၊ ခံစားချက်တာကို
စိတ်ကူးပေါက်တိုင်း
Group chat က နေ ခဏခဏ မပြောပါနဲ့။
သူတို့အနေနဲ့ ခဏခဏအပြောင်းအလဲလုပ်တဲ့အတွက်
ခေါင်းစားစေ၊ ရှုပ်ထွေးစေပါတယ်။
စုပြီးမှပြောပါ။
သို့ Meeting မှာပြောပါ။

၂။ ဝန်ထမ်းသည်ရင်ဖွင့်ရာမဟုတ်ပါ။
ကိုယ့်ခံစားချက်တွေ၊
စိတ်ပူစရာ၊ စိတ်ညစ်စရာတွေ
ရင်ဖွင့်ရာမဟုတ်ပါ။
ကိုယ့်အိမ်မက်တွေ အဓိကရောင်းရမှာ။
ကိုယ့်လုပ်ငန်းမဟာဗျူဟာတွေကိုပြောပြပြီး
သူတို့ကိုရင်ခုန်အောင်လုပ်ရမှာဖြစ်ပါတယ်။

၃။ ဦးနှောက်သုံးလို့ခဏခဏမပြောပါနဲ့။
ဦးနှောက်မရှိရင် ဦးနှောက်သုံးလို့မရပါဘူး။
သူ့ကို ပေးထားတဲ့ လစာနဲ့
တန်ရာကို မျှော်မှန်းပါ။
ဖြစ်နိုင်ရင် တချို့လုပ်ငန်းဆောင်တာတွေကို
ဦးနှောက်သုံးစရာအနည်းဆုံးနဲ့
လည်ပတ်အောင် မူနဲ့ စနစ်၊
လုပ်ငန်းဆောင်တာပုံစံကို သေချာတည်ဆောက်ထားပါ။

၄။ ကိုယ်မကြိုက်တဲ့အပြုအမူကို
မကြိုက်ကြောင်း ချက်ချင်းပြောပါ။
စောင့်မနေပါနဲ့။
စိတ်ထဲပဲထားပြီး ကြေကွဲနေတာမလုပ်ပါဘူး။
ဘယ်အပြုအမူမကြိုက်ဘူး။
ဘယ်လိုလုပ်ပေးပါ။
ဒါကို ပွင့်ပွင့်လင်းလင်းပြောပါ။
လူကို မဝေဖန်ပါနဲ့။
လုပ်ရပ်ကို ဝေဖန်ပြုပြင်ပေးပါ။

၅။ မကောင်းတဲ့အမူအကျင့်၊
အတွေးအခေါ်ကို မကူးပါစေနဲ့။
အဆင်မပြေတဲ့ဝန်ထမ်း
မကြိုက်တဲ့အပြုအမူကို တိုက်ရိုက်ပြောပါ။
မပြောင်းလဲလာရင် အစမ်းခန့်ကာလမှာတင်ဖယ်ပါ။
လုပ်ငန်းရဲ့ culture အရေးကြီးပါတယ်။

၆။ ဝန်ထမ်းကောင်းတွေ ကိုယ့်ဆီအလုပ်လာလျှောက်ချင်အောင်
Business Brand ကို သေချာတည်ဆောက်ပါ။
သတ္တိရှိသေးရင် Personal Brand တည်ဆောက်ပါ။
ဝန်ထမ်းကောင်းတွေလာအောင် အမြဲစောင့်ကြည့်ပါ။
တော်တဲ့သူတွေကို ကိုယ့် team ကို
တဆင့်ချင်း join အောင်လုပ်ပါ။

၇။ မဖြစ်သေးတဲ့ပြဿနာကို ကြိုဖြေရှင်းပါ။
ဒီလိုလုပ်ဖို့ ကိုယ့်ဝန်ထမ်းတွေနဲ့
မကြာမကြာ စကားပြောပါ။
မေးခွန်းတွေမေးပါ။
အခြေအနေဘယ်လိုလဲ။
အလုပ်လုပ်ရတာ ဘယ်လိုလဲ။
မိသားစုအကြောင်း။
ဒါက သုတေသနလုပ်တာပဲဖြစ်တယ်ဆိုတာသိပါ။
ဝန်ထမ်းတွေက ကိုယ့်လုပ်ငန်းမှာ
လိုအပ်တဲ့ဝင်ငွေရမယ် Earn ဖြစ်မယ်။
သင်ယူပြီးတိုးတက်နေမယ် Learn ဖြစ်မယ်။
အလုပ်လုပ်ရတာပျော်မယ် Fun ဖြစ်မယ်။
ဒါဆို ရေရှည်လုပ်ပါလိမ့်မယ်။

၈။ ဝန်ထမ်းတွေကို ခွဲခြားသိပါ။
တိကျတဲ့ သူတွေရှိတယ်။
အသစ်တွေသွားတာဝန်ပေးလို့မလွယ်တဲ့သူတွေရှိတယ်။

ပြဿနာဖြေရှင်းတာတော်တဲ့သူတွေရှိတယ်။
ဒါပေမယ့် ထပ်ခါထပ်ခါလုပ်တဲ့အလုပ်
သူတို့အတွက်ခက်တတ်တယ်။

လူသစ်တွေနဲ့ ချိပ်ဆက်တာကောင်းတဲ့သူရှိတယ်။
လူတွေနဲ့ပတ်သက်လို့ အဆင်မပြေတဲ့သူရှိတယ်။

ကိုယ့်ဆီတစ်ထောက်လာနားတဲ့သူရှိတယ်။
ပုံမှန်လုပ်ဖို့ ရည်ရွယ်ထားတဲ့သူရှိတယ်။

ကိုယ့်ရဲ့ key player တွေရဲ့စဥ်းစားပုံကို
ထုံးလိုကျေ ရေလိုနောက်နေဖို့လိုတယ်။

၉။ ကိုယ့်လုပ်ငန်းရဲ့ core values က
ဝန်ထမ်းတိုင်းရဲ့အသွေးအသားထဲ
စီးဆင်းနေဖို့လိုတယ်။
အလုပ်အတွက် ခံယူချက်တူရမယ်။
ဥပမာ ကျွန်တော့်အတွက်ဆို
ပိုက်ဆံပေးတဲ့ဖောက်သည်ကို နံပတ်တစ်ထား။
Customer first
အလုပ်ကို မြန်မြန်လုပ်။
Move fast
အလုပ်ကို ပိုးစိုးပက်စက်လုပ်။ (အလုပ်ကိုချစ်မှ ဒီလိုလုပ်နိုင်မယ်)
Work Hard
နေ့စဥ် သင်ယူနေပါ။
Learn every day

ဝန်ထမ်းတိုင်းက လုပ်ငန်းရဲ့ core values နဲ့နေဖို့
လုပ်ငန်းရှင်က ဒါကို သေချာ communicate လုပ်
အမြဲပြောပြဖို့လိုတယ်။

၁၀။ ကိုယ့်လုပ်ငန်းရဲ့ Vision အနာဂတ်အမြင်နဲ့
ရပ်တည်ချက် Mission ကို အမြဲပြောပြပါ။
ဒီလိုသွားတဲ့လမ်းမှာ သူတို့ဘဝတွေ
ဘယ်လိုအပြောင်းအလဲဖြစ်သွားနိုင်မလဲ
ပြောပြပါ။
အမြဲပြောပြပါ။
အိမ်မက်တွေကို ရောင်းပါ။

၁၁။ သူသာမရှိတော့ရင်ဆိုတဲ့ စိတ် ထားပါ။
ကိုယ့်ရဲ့ key players အဓိကကျတဲ့ဝန်ထမ်းတွေမရှိတော့ရင်
ဥပမာ ဖျားနာတာ၊
အလုပ်ပြောင်းသွားတာ၊
နိုင်ငံခြားသွားအလုပ်လုပ်တာ။
ဒီလိုဖြစ်လာတဲ့အခါ
ဘာတွေ ဆက်လုပ်မလဲ ပလန် contingency plan ကို
စဥ်းစားထားဖို့လိုပါတယ်။

၁၂။ Job Design ကို လူတိုင်းအတွက်
သေချာလုပ်ပေးထားပါ။
သူတို့အလုပ်သည် အဆင်အပြေဆုံးဖြစ်နေရမယ်။
အလုပ်ပြောင်းရင်တောင်
အခုလို အဆင်ပြေဖို့ခက်သွားလောက်အောင်
သူတို့အတွက် အဆင်ပြေအောင် စီစဥ်ထားပါ။
တစ်ယောက်တည်းကို အစုံသုပ်မခိုင်းပါနဲ့။
တိကျတဲ့တာဝန်ကို အလုပ်ခန့်ကတည်းက
Position agreement ကိုသေချာလုပ်ပါ။
အလုပ်ခန့်တဲ့အခါ
၁။ ရာထူး
၂။ လိုချင်တဲ့ရလဒ်
၃။ ပြုမူနေထိုင်ပြောဆိုရမည့်စံနှုန်း
၄။ လုပ်ဆောင်ရမည့်အလုပ်အသေးစိတ်
၅။ သိရှိကြောင်းလက်မှတ်ထိုး
ဒါကို ပေးပါ။

နောက် အလုပ်ခန့်တဲ့အခါ
အလုပ်တက်ရမည့်ရက်၊
ပိတ်ရက်နဲ့ holiday များ၊
ခွင့်ယူလို့ရတဲ့ policies စည်းကမ်းများ၊
ဒါတွေကို သေချာရေးထားပါ။

၁၃။ ဝန်ထမ်းရေးရာပြဿနာက
မခန့်ခင်ကတည်းက စတင်ပါတယ်။
ကိုယ့်လုပ်ငန်း အနာဂတ်အမြင်နဲ့
အခြေအနေပေါ်မူတည်ပြီး
လူတွေကို ကြိုရှာ၊ ကြိုခန့်၊ ကြိုသင်ကြားပေးထားပါ။
ကိုယ်လိုချင်တဲ့ဝန်ထမ်းပုံစံကို
ရှင်းလင်းနေအောင် ကြိုတင်စဥ်းစားထားပါ။
ရှာလို့ရမည့်နေရာတွေကို သိထားပါ။
အကောင်းဆုံးဝန်ထမ်းတွေက
ဘယ်လို ကိုယ့်ဆီရောက်လာလဲဆိုတာလေ့လာပါ။
ဘယ်လိုလူတွေမခန့်ဘူးလဲ သိထားဖို့လိုပါတယ်။

၁၄။ ကိုယ့်လုပ််ငန်းရဲ့အခြေခံတွေလုပ်ပါ။
လုပ်ငန်းတစ်ခုမှာ လည်ပတ်ပုံ
Organizational structure ချရေးထားရမယ်။
ဝန်ထမ်း ၂ ယောက်ပဲရှိရှိ၊
၃ ယောက်ပဲရှိရှိ
လုပ်ငန်းဆောင်တာတွေကို
ဘယ်သူက ဘယ်အလုပ်ကို ဘာအတွက်
လုပ်ဆောင်သလဲ
တိတိကျကျရှိရမယ်။
ဝန်ထမ်းတိုင်းဆီက ရချင်တဲ့
အစီရင်ခံစာ report လိုတယ်။
နောက် ကိုယ်သွားနေတဲ့ရည်မှန်းချက်ပန်းတိုင်နဲ့
သူတို့လုပ်ဆောင်နေတာ ကိုက်ညီလား
အမြဲပြန်ဆန်းစစ်ဖို့လိုတယ်။
ကိုယ့် Leadership style ခေါင်းဆောင်ပုံ၊
Process flowchart ဘာပြီးဘာလုပ်တယ်ဆိုတဲ့
အဆင့်တွေ သေချာချရေးထားဖို့လိုတယ်။

၁၅။ A အဆင့်ရဖို့ A player တွေကိုခန့်ပါ။
ညံ့တဲ့ဝန်ထမ်းတွေများတဲ့နေရာမှာ
တော်တဲ့ဝန်ထမ်းတွေ အကြာကြီးမနေပါဘူး။
ဓာတ်တူရာစုရပါတယ်။
ဒါကြောင့် ဝန်ထမ်းအသစ်တစ်ယောက်ခန့်တော့မယ်ဆို
"ဝန်ထမ်းအမြန်အလိုရှိသည်" နဲ့မရပါဘူး။
သေချာရွေးဖို့လိုတယ်။
စီးပွားရေးဆိုတာ ရေရှည်ခရီးပါ။
ရေရှည်ခရီးကို ရေရှည်သူတွေနဲ့သွားနိုင်ဖို့
ကိုယ့်လုပ်ငန်းရဲ့ key players
အဓိက ကျတဲ့သူတွေကိုသိဖို့လိုပါတယ်။
ဝန်ထမ်းတိုင်းက အရေးကြီးတယ်။
ဒါပေမယ့် အရေးကြီးတဲ့ပုံစံမတူဘူး။

၁၆။ ကိုယ် culture အရ fit မဖြစ်ရင်
အလုပ်ထုတ်ရမှာ မကြောက်ပါနဲ့။
လုပ်ငန်းလုပ်တာဟာ Team sport ပါ။
ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတာ
ကြားဖူးပါလိမ့်မယ်။
မခန့်ခင်ကတည်းက ကြည့်ပါ။
အကျင့်ပြောင်း အဆင်မပြေတဲ့ဝန်ထမ်းကို ပြင်ပေးပါ။
ပြင်ပေးလို့မရရင်ထုတ်ပါ။

၁၇။ လူတွေပြောင်းလဲတတ်တာကိုသိပါ။
ပုံမှန်အားဖြင့် အပေါင်းအသင်းသစ်၊
ပတ်ဝန်းကျင်သစ်၊
ရည်စားအသစ်ရတဲ့အခါ
ဝန်ထမ်းတွေရဲ့အမူအကျင့်ပြောင်းတတ်ပါတယ်။
ကောင်းသောပြောင်းလဲခြင်းဖြစ်နိုင်သလို၊
ကိုယ့်လုပ်ငန်းအတွက်
မကောင်းတဲ့ပြောင်းလဲခြင်းလဲဖြစ်နိုင်ပါတယ်။
Key Player တွေရဲ့အပြောင်းအလဲကို
ပုံမှန်အနံ့ခံပါ။

၁၈။ တော်တဲ့ဝန်ထမ်းတွေထွက်သွားတဲ့အခါ
ရန်သူလို မဆက်ဆံပါနဲ့။
သူတို့နဲ့ အဆက်အသွယ်မပြတ်ပါနဲ့။
နေကောင်းလား၊ အဆင်ပြေလား
communication channel တစ်ခုထားပါ။
သူတို့ဆီက စျေးကွက်အကြောင်းတွေသိနိုင်သလို
ကိုယ့်ဆီလဲတစ်နေ့ ပိုကောင်းတဲ့ skills တွေနဲ့
ပြန်ရောက်လာနိုင်ပါတယ်။

၁၉။ ဝန်ထမ်းတစ်ယောက်က စ join တဲ့အချိန်
တော်လွန်းလို့ အမြဲတော်နေမယ်ဆိုပြီး
မမြှောက်စားလိုက်ပါနဲ့။
အချိန်က စကားပြောပါလိမ့်မယ်။
အချိန်တစ်ခု စောင့်ကြည့်ပါ။
တချို့က စလာတဲ့အခါ တက်ကြွတယ်။
နောက်ပိုင်းမှာ စွမ်းဆောင်ရည်ကျလာတတ်တယ်။
တချို့က စလာတော့ သင်ယူတာနှေးတယ်။
နောက်ပိုင်းတော်လာတတ်တယ်။
အရေးအကြီးဆုံးကတော့
ကိုယ့်ဝန်ထမ်းတွေနဲ့ ကိုယ့်လုပ်ငန်းခံယူချက်တူပြီး
ပုံမှန်သွားနိုင်ဖို့ဖြစ်ပါတယ်။

ဒါကတော့ ကျွန်တော်စဥ်းစားမိတဲ့
ဝန်ထမ်းရေးရာ အချက် ၁၉ ခုဖြစ်ပါတယ်။

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

Crd

#မူရင်းရေးသားသူအားလေးစားစွာဖြင့် 🙏🏻🙏🏻🙏🏻

23/10/2025

လူညံ့ လူဖျင်းတွေ ပြောလေ့ရှိတဲ့အချက်
( ၁၅ ) ချက်
=====================

၁။ ဘွဲ့ရအောင် မနေခဲ့ရလို့
၂။ အလုပ်က အရမ်း ပင်ပန်းတယ်
၃။ အချိန်ပြည့် ကျွန်လို လုပ်နေရတာ
၄။ လုပ်ရတာနဲ့ ရတဲ့ လစာက မတန်ဘူး
၅။ မိဘကတောင် ငါ့ကို မငေါက်ဘူး
၆။ ချမ်းသာတဲ့ အသိုင်းအဝိုင်းမှာ
လူမဖြစ်ရတာ နာတယ်
၇။ ငါက အရမ်းဆင်းရဲတာ ဒါတွေဝယ်နိုင်မှာ
မဟုတ်ဘူး
၈။ ထီပေါက်သလို နေ့ခြင်း ညခြင်း
ချမ်းသာရင် ကောင်းမယ်
၉။ ဘယ်တတ်နိုင်မှာလဲ ငါက ကံမှမကောင်းတာ
၁၀။ ဒီအလုပ်ကစည်းကမ်းကြီးလို့
ထွက်လာတာ မင်းလဲမလုပ်နဲ့
၁၁။ငါ့မှာ အားပေးမယ့်သူမှ မရှိတာ
ကြိုးစားလဲ အလကားပဲ
၁၂။ သူတို့လိုမှ မတော်တာ ငါလုပ်နိုင်ပါ့မလား
၁၃။ တစ်ယောက်ယောက်က အလုပ်လာခေါ်ရင်
ကောင်းမှာပဲ
၁၄။ ငါ့လက်ထဲမှာ ငွေမှမရှိတာ ဘယ်လိုလုပ်
စီးပွားဖြစ်မှာလဲ
၁၅။ ငါလည်း လုပ်နေတာပဲ ဖြစ်မလာတော့
မတတ်နိုင်ဘူး ။

အထက်ပါအချက်တွေနဲ့ ဘဝမှာ
ညည်းညူ နေရင် မိတ်ဆွေရဲ့ ဘဝက
ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး
ဒီအကျင့်ဆိုး စရိုက်တွေကို အခုပဲ
စွန့်လွှတ်ပြစ်လိုက်ပါ ………

မိတ်ဆွေ ………
အောင်မြင်မှုဆိုတာ ပန်းတိုင်တစ်ခုပဲ
ပန်းတိုင်ဆိုတာ ဦးတည်ချက်ပေါ့
ခရီးဆုံးတော့မဟုတ်သေးဘူး အောင်မြင်ခြင်း
ဆိုတာ ကိုယ်ဝါသနာပါရာအတတ်ပညာ
တစ်ခုခုကို အရင်းပြုပြီး ပေါက်မြောက်အောင်
စွမ်းဆောင်နိုင်ခြင်းကို အောင်မြင်မှုလို့ခေါ်ပါတယ်။

မိတ်ဆွေ ……
ချမ်းသာခြင်းဆိုတာ ဘဝအဆုံးမဟုတ်ပါဘူး
အများစုက ပိုက်ဆံစုတာကို ကလေးကလား
ဆန်တယ်လို့ တွေးနေတတ်ကြတယ်
အဲ့ဒါကြောင့်လည်း ပိုက်ဆံစုဖို့
လူတော်တော်များများ မလုပ်နိုင်ကြတာ
ချမ်းသာခြင်းကိုတွေ့မှ ဘဝဆိုတာက စတာပါ
အောင်မြင်မှုနဲ့ ချမ်းသာခြင်းရဲ့ ကွာခြားမှုက
ဒါပါပဲ ။

မိတ်ဆွေ ……
ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးတဲ့သူတွေ
အကျိုးလိုမှ ညောင်ရေးလောင်းတာထက်
လိုမှပေါင်းတဲ့သူတွေကို လုံးဝ အချိန်ကုန်မခံပါနဲ့
မိမိ အနာဂတ်က မိမိကိုယ်တိုင်ပုံဖော်နိုင်အောင်
ကြိုးစားပါ ။

ပတ်ဝန်းကျင့်ရဲ့ ပုံဖော်ခြင်းခံရသူ
မဖြစ်ဖို့ အရေးကြီးတယ် အဓိက မှာချင်တာက
ပိုင်ဆိုင်ဖို့အတွက် မိမိဘက်ကဘာတွေ
ပေးဆပ်ရမလည်းဆိုတာ တွေးထားပါ ။

မိတ်ဆွေ ……
ငယ်ငယ်က မုန့်ခိုးစားလို့
မိဘက ရိုက်တဲ့အခါ ငါအသက်ကြီးလာရင်
မုန့်တွေအများကြီး ဝယ်စားပစ်လိုက်မယ် ဆိုတဲ့
အတွေးမျိုး ကလေးဘဝမှာ ချန်ထားခဲ့လိုက်ပါ
မိတ်ဆွေရဲ့ ခန္ဓာကိုယ်ပေါ်က အင်္ကျ ီ
အဝတ်စားတွေ ဘာကြောင့် ဝတ်နေရတာလဲ
မေးရင် မိတ်ဆွေ ဘာဖြေမလဲ
အရှက်တရားအတွက် မဖြစ်မနေ ဝတ်နေရမယ့်
အရာပဲ ဘဝဆိုတာ ဒါပဲ
အနာဂတ်အတွက် မဖြစ်မနေ မိတ်ဆွေ
ကြိုးစားနေရလိမ့်မည် ။

________________________

Crd ...
ဒေါက်တာဟေမာမွှေး

Share

HR’s biggest challenge isn’t people or process, it’s living in two worlds at once. HR ၏ အကြီးမားဆုံးသော စိန်ခေါ်မှုသည် ဝ...
23/10/2025

HR’s biggest challenge isn’t people or process, it’s living in two worlds at once.

HR ၏ အကြီးမားဆုံးသော စိန်ခေါ်မှုသည် ဝန်ထမ်း (Employees) သို့မဟုတ် လုပ်ငန်းစဉ်များ (processes) မဟုတ်ပါ။ ၎င်းသည် မတူညီသော ကမ္ဘာနှစ်ခုကြားတွင် တစ်ပြိုင်နက်တည်း နေထိုင်ရသော နေ့စဉ်ရုန်းကန်မှု ဖြစ်သည်။

တစ်ကမ္ဘာက လူအများ ထင်မြင်ယူဆထားသော HR ဖြစ်ပြီး၊ အခြားတစ်ကမ္ဘာက အမှန်တကယ် ဖြစ်တည်နေသော HR ပင်ဖြစ်သည်။

HR သည် လူတစ်ယောက်၏ လုပ်ငန်းတာဝန် (role) သက်သက် မဟုတ်ပါ။ ❌
၎င်းသည် လုပ်ငန်း၏ မတူညီသော အစိတ်အပိုင်းတိုင်းကို အစီအစဉ်တကျ ထိန်းကျောင်းနိုင်ရန် တိကျစွာ ဒီဇိုင်းဆွဲထားသည့် အရည်အချင်းများ၏ စနစ် (a system of capabilities) တစ်ခုဖြစ်သည်။

သို့သော်လည်း ယင်းနေရာမှပင် ခက်ခဲသောအခြေအနေ (dilemma) စတင်ခဲ့သည်။
HR သည် အမြဲတမ်း မျှော်လင့်ချက်နှစ်ခုကြားတွင် ရှင်သန်နေရသည်—

အပြင်လူများက လုပ်ဆောင်စေလိုသည့်အရာ၊

နှင့် မိမိတို့ အမှန်တကယ် တည်ရှိနေရခြင်း၏ ရည်မှန်းချက် တို့ဖြစ်သည်။

HR ရဲ့ ဝတ်စုံကို ဝတ်ဆင်ထားသည့်အခါ၊ သူတို့သည် မတူညီသော မျက်နှာဖုံးပေါင်းများစွာကို တပ်ဆင်ရသည်။

ဗိသုကာပညာရှင် (The Architect) အဖြစ်၊ အဖွဲ့အစည်း၏ တည်ဆောက်ပုံ ကို ခိုင်မာအောင် ဖန်တီးပေးသည်။ 🏰

တည်ဆောက်သူ (The Builder) အဖြစ်၊ မရေရာသော အခြေအနေတိုင်း (uncertainty) ကို ရင်ဆိုင်ကျော်ဖြတ်သည်။ 🛠️

တံတား (The Bridge) အဖြစ်၊ ဝန်ထမ်းနှင့် စီးပွားရေးပန်းတိုင်တို့ကို ချောမွေ့စွာ ချိတ်ဆက်ပေးသည်။ 🔗

မုဆိုး (The Hunter) အဖြစ်၊ အဖွဲ့အစည်းအတွင်း ပုန်းကွယ်နေသော ထူးချွန်သည့် အရည်အချင်းကို ရှာဖွေသည်။ 🏹

သံတမန် (The Diplomat) အဖြစ်၊ ပဋိပက္ခများကို ဖြေရှင်းပြီး အခြေအနေကို ပြန်လည်တည်ငြိမ်စေသည်။ 🕊️

နည်းပြ (The Coach) အဖြစ်၊ လူတိုင်း၏ စွမ်းရည် (capability) ကို မြှင့်တင်ပေးသည်။ 🌟

အင်ဂျင်နီယာ (The Engineer) အဖြစ်၊ လုပ်ငန်းစည်းမျဉ်းများကို စနစ်တကျ ထိန်းသိမ်းထားသည်။ 📐

မီးသတ်သမား (The Firefighter) အဖြစ်၊ အရေးပေါ် အခြေအနေတိုင်းတွင် လူတိုင်း မလဲကျအောင် ထိန်းထားပေးသည်။ 🚨

သို့သော် ဤနေရာတွင် ဝိရောဓိ (paradox) ပေါ်လာသည်။

HR သည် စာနာနားလည်မှု (empathy) နှင့် လက်တွေ့အကောင်အထည်ဖော်မှု (execution)၊ လူသားကို ဦးစားပေးမှုနှင့် စီးပွားရေးဖိအားတို့ကြား ချိန်ခွင်လျှာ ⚖️ ညှိနေရသော်လည်း၊ မကြာခဏဆိုသလို ဘက်နှစ်ဖက်စလုံး၏ အထင်အမြင်လွဲမှားမှုကို ခံရသည်။

ခေါင်းဆောင်များ (Leaders) က အခက်အခဲမရှိ၊ မြန်ဆန်သော ရလဒ် (speed without friction) ကို မျှော်လင့်ကြသည်။

ဝန်ထမ်းများ (Employees) က မည်သည့်အပေးအယူမျှမရှိသော ပြီးပြည့်စုံသည့် တရားမျှတမှု (fairness without compromise) ကို မျှော်လင့်ကြသည်။

ထိုမျှော်လင့်ချက် နှစ်ခုကြား တစ်နေရာရာတွင်... HR သည် အဖွဲ့အစည်း၏ စနစ်ကြီးကို တိတ်ဆိတ်စွာ ရှင်သန်အောင် ထိန်းသိမ်း ပေးထားသည်။ 🤫

တာဝန်များ (functions) က မတူညီပါ။ ရင်ဆိုင်ရသော ရှုပ်ထွေးမှု (chaos) ကတော့ အတူတူပင်... အရသာသာ ကွာခြားသည်။ 🌀

(Linkedin မှ အမြဲ Follow လုပ်ထားသော HR guru တယောက်၏ တင်ပြချက်ကို Gemini အသုံးပြု၍ အလျင်းသင့်စွာ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

မူရင်း Post:

HR’s biggest challenge isn’t people or process, it’s living in two worlds at once. The one people think it is, and the one it actually is. HR isn’t one role. It’s a system of capabilities, each designed to steady a different part of the business. Yet that’s where the dilemma begins. Beca...

22/10/2025

Our Vision- To be the most trusted partner in empowering people and organizations to grow with purpose — by delivering innovative HR solutions and transformative training that build strong, capable, and compassionate workplaces.

Our Mission - At Embrace HR Solution and Training Service, our mission is to support organizations in unlocking their human potential through strategic HR management, customized training programs, and sustainable people development. We are dedicated to creating workplaces that inspire excellence, integrity, and collaboration — where both employees and businesses thrive together.

Core Values

1. Integrity – We uphold honesty, transparency, and ethical standards in everything we do.

2. Empowerment – We believe in nurturing people’s potential through growth and learning.

3. Innovation – We deliver creative, effective, and forward-thinking HR solutions.

4. Collaboration – We build strong partnerships based on trust and shared goals.

5. Excellence – We commit to the highest quality in our services, performance, and impact.

6. Respect – We value diversity and treat every individual with dignity and fairness.

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when Empress HR Solution And Training Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share