12/06/2026
စီးပွားရေးလုပ်ဖို့ Commercial Area ကိုရှာဖွေနေတယ်ဆိုရင် June 13 နဲ့ 14 နှစ်ရက်တိတိကျင်းပမဲ့ Oasis Villa ရဲ့ Onsite ပွဲကြီးကို လှမ်းလာခဲ့လိုက်တော့ 😉🎉
တစ်ခါတလေကျရင် စီးပွားရေးတစ်ခု ကျရှုံးသွားတာက ကိုယ့်ထုတ်ကုန် မကောင်းလို့ မဟုတ်ဘဲ နေရာရွေးတာ မှားသွားလို့ဆိုတာ လုပ်ငန်းရှင်အချင်းချင်းဆို ပိုနားလည်ကြမှာပါ။ 🤯💥
ဆိုင်ခန်းဖွင့်ဖို့၊ Showroom နဲ့ Office တစ်ခုဆောက်ဖို့ နေရာတစ်ခု ရှာတဲ့အခါ ဓာတ်ပုံတွေ၊ စာသားတွေထဲမှာ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော လူကိုယ်တိုင် သွားမကြည့်ဘဲ ဝယ်လိုက်မိရင် အနာဂတ်မှာ နောင်တအကြီးကြီး ရတတ်ပါတယ်။
🏬 ပြီးတော့ ဆိုင်တော့ ဖွင့်လိုက်ပါပြီ၊ ဒါပေမဲ့ လူမမြင်ကွယ်ရာ ရောက်နေလို့ Customer တွေမလာတာ။
ဒါ့အပြင် လမ်းမကျယ်လို့ ကားအဝင်အထွက် ခက်တာ၊ လျှပ်စစ်မီးနဲ့ အခြေခံ Infrastructure မပြည့်စုံလို့ လူလာနည်းတာတွေက ကိုယ်ဝယ်ထားတဲ့ Commercial Area နဲ့အများကြီးသက်ဆိုင်ပါတယ်။
ဒါကြောင့် ဒီလို စိတ်ပျက်စရာ အခြေအနေတွေအားလုံးကို ရှောင်ရှားပြီး ကိုယ်တိုင်မျက်မြင် ကြည့်ရှုဝယ်ယူနိုင်ဖို့အတွက် လာမယ့် June 13 နဲ့ 14 ရက်နေ့မှာ ကျင်းပမယ့် Oasis Villa ရဲ့ Onsite ပြပွဲကြီးဆီကို လုပ်ငန်းရှင်ကြီးများအားလုံး လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🥳✨
လုပ်ငန်းရှင်များအနေနဲ့ အကုန်လုံး ဖုန်း Screen ပေါ်က စာသားတွေကိုပဲ ဖတ်ပြီး တွေးပူနေမယ့်အစား အင်းစိန်မြို့နယ်ရဲ့ အစည်ကားဆုံး ဗဟိုချက် ရွှေပင့်ကူလမ်းထဲကို ကိုယ်တိုင်လှမ်းလာခဲ့လိုက်ပါ။
လမ်းမကြီးကနေ ဘယ်လောက်နီးလဲ၊ ကားအဝင်အထွက်ကော ဘယ်လောက်ချောမွေ့လဲဆိုတာ မျက်မြင်တွေ့နိုင်မှာဖြစ်လို့ လူကြီးမင်းတို့လုပ်ငန်းအတွက်လဲ စိတ်အေးသွားရစေမှာ သေချာပါတယ်။ 🚗💨
ပြီးတော့ ဒီ Oasis Villa ရဲ့ Commercial Area တွေက အောက်မင်္ဂလာဒုံလမ်းမကြီး၊ စိန်ဂေဟာ၊ ဒညင်းကုန်းလက်ကားစျေးကြီး၊ Pro One Global Home Center နဲ့ အစိုးရနည်းပညာတက္ကသိုလ်တို့လို စီးပွားရေးအရ အချက်အချာကျပြီး လူဦးရေ ထောင်နဲ့ချီ သွားလာနေတဲ့ နေရာမျိုးတွေက ပတ်လည်ဝိုင်းနေတဲ့အတွက်ကြောင့် ဆိုင်ဖွင့်ပြီး Customer မရတဲ့ တစ်ခုတည်းသောပြဿနာကို ဖြေရှင်းနိုင်မှာပါ။
ဒါ့အပြင် နေထိုင်ဖို့အတွက်ဆိုရင် ပေ 25 x 61 နဲ့လုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက်ဆိုရင် ပေ 25 x 65 အကျယ်အဝန်းရှိတဲ့ လုပ်ငန်းသုံးမြေကွက်ကောင်းတွေဖြစ်လို့ ကိုယ်ဖြစ်ချင်တဲ့ ဆိုင်ဒီဇိုင်း၊ ကိုယ်တွေးထားတဲ့ လုပ်ငန်းအဆောက်အအုံကို ဖန်တီးဆောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 💭💯
နောက်ပြီး ပွဲရက်အတွင်း လာရောက်သူတွေအတွက် အကောင်းဆုံးအချက်ကတော့ ဆိုင်ဖွင့်ဖို့ မြေဝယ်ပြီးမှ လမ်းခင်းဖို့၊ မီးရဖို့၊ ရေမြောင်းဖောက်ဖို့ အချိန်တွေ၊ ပိုက်ဆံတွေ ထပ်ကုန်ပြီး ခေါင်းကိုက်ရမယ့် အခြေအနေမျိုး လုံးဝမရှိတာကို ကွင်းထဲအထိ ဆင်းပြီး စစ်ဆေးနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်ရာဝန်းထဲမှာ ကွန်ကရစ်လမ်းတွေ အပြီးခင်းပေးထားတာ၊ ရေမြောင်းစနစ်တွေ လုပ်ထားတာအပြင် လုပ်ငန်းသုံးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်ပိုင် Transformer နဲ့ လျှပ်စစ်မီး၊ ရေစနစ်တွေပါ အကုန်အပြီးအစီး ပြင်ဆင်ပေးထားလို့ ဝယ်ပြီးတာနဲ့ ဆိုင်တန်းဆောက်ပြီး လုပ်ငန်းစတင်နိုင်မှာ ဖြစ်ပါတယ်။ ✅👏
နားရက်တွေလို ဆိုင်ပိတ်ထားတဲ့ အချိန်တွေမှာလဲ ပစ္စည်းပျောက်မှာ စိုးရိမ်စရာမလိုအောင် 24 နာရီပတ်လုံး လုံခြုံရေးဝန်ထမ်းတွေနဲ့ ဂိတ်တံခါးတွေပါ စနစ်တကျ ရှိနေမှာဖြစ်လို့ စိတ်ချလက်ချ အနားယူနိုင်မှာပါ။
🎁 ဒါတင်မကသေးပါဘူး ... ဒီ Onsite ပွဲကြီးကို လာရောက်မယ့် လုပ်ငန်းရှင်တွေအတွက် ငွေကြေးအကျပ်အတည်းမဖြစ်စေဖို့ Payment Type 2 မျိုးအထိ စီစဉ်ပေးထားပြီး ငွေအလုံးအရင်း စိုက်စရာမလိုဘဲ ( 3 ) နှစ်အထိ အေးဆေး အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မယ့် အထူးအခွင့်အရေးကို ပွဲရက်အတွင်းမှာ အသေးစိတ် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက မြေပိုင်မြေနဲ့တိုက်ရိုက်ရမှာဖြစ်လို့ နောင်တစ်ချိန် ပြန်ရောင်းရင်တောင် အမြတ်အဆမတန် ကျန်ဦးမယ့် သားစဉ်မြေးဆက် ပိုင်ဆိုင်မှုမျိုး ဖြစ်ပါတယ်။
🚨 တစ်ခုသိရမှာက အခွင့်အရေးဆိုတာ လူတိုင်းဆီ ရောက်လာတတ်ပေမယ့် အောင်မြင်သူတွေကတော့ တွေးတောမနေဘဲ လက်ဦးမှု ရယူတတ်တဲ့အတွက်ကြောင့် ...
ဒီလို Commercial Area မြေကွက်မျိုးကို သူများထက်ဦးအောင် ဝယ်ယူနိုင်ဖို့ June 13 နဲ့ 14 ရက်နေ့မှာ ကျင်းပမယ့် Onsite ပြပွဲကြီးကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အသေးစိတ်ကိုတော့ ဖုန်းနံပါတ် 09 777 999 111 ဒါမှမဟုတ် 09 768 757 575 ကနေတစ်ဆင့် ဖြစ်စေ၊ page Messenger ကနေတစ်ဆင့် ဖြစ်စေ အခုပဲ ချက်ချင်း ဆက်သွယ်စုံစမ်းမေးမြန်းလိုက်ပါ။ 💬❣️
📍ပြပွဲအသေးစိတ်
🗺️ ကျင်းပမည့်နေရာ : Onsite
⌛နေ့ရက် : June 13 ~ 14 ( Sat ~ Sun )