29/03/2026
✅ ဂရန်ဂတုံးဆိုတာဘာလဲ
✅ ဂရန်အမည်ပေါက် သေဆုံးသွားခြင်း၊ ၎င်းအားဆက်သွယ်၍ ဘယ်လိုမှမရနိုင်တော့ခြင်း၊ ၎င်းဂရန်အမည်ပေါက်သူထံမှ အရပ်စာချုပ်ဖြင့်သာဝယ်ယူထားခြင်း စသည့် မြေဂရန်အား တစ်ဆင့်ဝယ်ယူထားသူမှ ရောင်းသည့်ဂရန်မြေ(ဂရန်စာအုပ်)ကို အရပ်အခေါ် ဂရန်ဂတုံးလို့ ခေါ်ကြပါတယ်။
✅ ရောင်းသူသည် ဂရန်/မြေပိုင်မြေကို ကတိစာချုပ်ဖြင့် ဝယ်ခဲ့ပြီး နည်းလမ်းတကျ မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ပြန်မရောင်းပေးနိုင်သောမြေကို ဂရန်ကတုံးဟုခေါ်ပါသည်။
ဥပမာအားဖြင့် Aအမည်ပေါက်ထံမှ Bက မှတ်ပုံတင်အရောင်းစာချုပ်မချုပ်ဘဲ အရောင်းအဝယ်ကတိစာချုပ်ဖြင့်ဝယ်ပါသည်။
B က Cအားရောင်းချရာတွင် မှတ်ပုံတင်အရောင်းစာချုပ် ချုပ်မပေးနိုင်တော့ပါ။ ယင်းမြေအရောင်းကို ဂရန်ကတုံးဟု ယခုနောက်ပိုင်းခေါ်ကြပါသည်။
✅ အရပ်ကတိစာချုပ်ကို အထောက်အထားပြပြီးရောင်းတာမို့ ကြားလူပိုင်ဆိုင်မှုကို တရားဝင်ရုံးဌာနမှာ စစ်ဖို့ခက်တဲ့အတွက် ဝယ်သူတွေကစွန့်စားမှု (Risk) ယူရပါသည်။
ဒါ့ကြောင့်လည်း ပုံမှန်ပေါက်စျေးထက် ဈေးလျော့တတ်ပါသည်။
ယခင်က မြေစျေးကသိပ်မကြီးတော့ အမည်ဖောက်ဖို့ ရုံးလုပ်ငန်းတွေကို မဆောင်ရွက်ခဲ့ကြပုံရပါသည်။ ယခုမြေစျေးကောင်းတော့ အဝယ်မမှားကြရန် ဝယ်သူများက တရားဝင်အမည်ပေါက်မြေကိုပဲ ဝယ်ယူလိုကြပါသည်။
✅ ဂရန်ကတုံးကိုအမည်ဖောက်ရန်အတွက် နည်းလမ်း(၂)သွယ်ဖြင့် ဆောင်ရွက်တာတွေ့ရပါသည်။
တစ်ခုမှာ မူလအမည်ပေါက်ကိုရှာဖွေပြီး မှတ်ပုံတင်အရောင်းစာချုပ် ချုပ်ဆိုကြပါသည်။
နောက်တစ်ခုက ပဋိညာဥ်အတိုင်းဆောင်ရွက်ပေးစေလိုမှုကို တရားစွဲဆိုပြီး ဆောင်ရွက်ကြပါသည်။ ယင်းသို့စွဲဆိုရာမှာ တိုက်ရိုက်မဟုတ်ဘဲ ကြား၂ဆင့် ၃ဆင့် ရောင်းခဲ့သူများကိုပါ စွဲဆိုကြသည့်အခါ ဥပဒေအရ သုံးသပ်စရာလေးတွေ တွေ့ရပါသည်။
အမှန်တကယ် ဝယ်ယူပြီး မှတ်ပုံတင်အရောင်းစာချုပ်မချုပ်ခဲ့သောရောင်းသူတွေအတွက်တော့ ကုစားဖွယ်ရာတစ်ခုအနေဖြင့် ဆောင်ရွက်ကြပါသည်။
✅ မွေးကတည်းကနောက်ဆုံးချိန်အထိ ကမ္ဘာမြေပေါ်အခြေချနေထိုင်သရွေ့ အိမ်ခြံမြေဆိုတာ လူတိုင်းနဲ့မစိမ်းပါဘူး။ တစ်ချိန်မဟုတ်တစ်ချိန် အိမ်ခြံမြေဝယ်ယူခြင်းကိစ္စကြုံရနိုင်ပါတယ်။ အဲဒီအချိန် အမှားအယွင်းမဖြစ်စေဖို့ လေ့လာထားတာမမှားပါဘူး။
- to original writer
#အိမ်ခြံမြေသတင်းစုံ
#အိမ်ခြံမြေဗဟုသုတ
-------------------------------------