ASIA JUN

ASIA JUN စာပေ

 #အသည်းမှာအဆိပ်တွေပုံနေပြီလို့ သတိပေးနေတဲ့ လက္ခဏာ ၁၈ ချက်ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းဟာ လူ့ခန္ဓာကိုယ်ကို...
02/07/2026

#အသည်းမှာအဆိပ်တွေပုံနေပြီလို့ သတိပေးနေတဲ့ လက္ခဏာ ၁၈ ချက်

ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေးမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အဓိက အစိတ်အပိုင်းတခုပါ။

-အသည်းဟာ သွေးတွင်း ဝင်ရောက်လာတဲ့ ပစ္စည်းတွေထဲကနေအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို စစ်ထုတ်တဲ့ တာဝန်ယူရပါတယ်။

-အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဖြိုခွဲလိုက်ပြီး စွန့်ပစ်ပစ္စည်း(အရည်)အနေနဲ့ ချွေး၊ ဆီး၊ဝမ်းတွေနဲ့အတူ စွန့်ထုတ်ပေးပါတယ်။

-အချက်များစွာက အသည်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းမလုပ်အောင်၊ ချွတ်ချော်အောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြည့်ဝအဆီများစွာနဲ့ အစားအစာတွေကို တာရှည်ခံအောင်သုံးထားတဲ့ဓာတုဗေဒပစ္စည်းများပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကို စားသုံးရင် အသည်းကို ပိုမိုအလုပ်လုပ်ရကာ အကောင်းဆုံး စွမ်းဆောင်မှုကို မရနိုင်ပါဘူး။

-အရက်အများကြီးသောက်တဲ့အခါ အသည်းဟာ ပြင်ပက အဆိပ်တောက်နဲ့ ထိတွေ့ရသလို ဖြစ်ပါတယ်။ ဟော်မုန်း မညီမျှမှုတွေ ဖြစ်စေပါတယ်။ အဲလိုဖြစ်တဲ့အခါ အသည်းဟာ သူရဲ့ တာဝန်ကို ကောင်းမွန်စွာ လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။

-အသည်းကို ဝန်ပိစေတဲ့ အကြောင်းအရာတွေကတော့ အသက်ကြီးလာတာ၊ ခဲ၊ ပြဒါးတို့လို သတ္တုဓာတ်တွေ ထိတွေ့မှုများတာတွေက အသည်းရဲ့ အဆိပ်ဖယ်ရှားတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နှောင့်ယှက်နိုင်ပါတယ်။

-အသည်းက အဆိပ်အတောက်တွေကို လုံလောက်အောင် မဖယ်ရှားနိုင်တော့တဲ့အခါအဆိပ်တွေကို အဆီဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ သိမ်းဆည်းပါတယ်။

-အဆိပ်တွေ သွေးကြောထဲ ပြန့်နှံ့ရင် ပြင်းထန်တဲ့ ဆိုးကျိုးများစွာ ချက်ချင်းရနိုင်ပါတယ်။ ပိုလျှံလာတဲ့ အဆိပ်တွေဟာ အသည်းနဲ့ တစ်ရှူးမှာ စုပုံလာတဲ့အခါ လူကို မသက်မသာဖြစ်စေတဲ့အပြင် ရောဂါပါ ဖြစ်စေပါတယ်။

-အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ နည်းလမ်းနှစ်ခု ရှိပါတယ်။

-နံပါတ်၁ အနေနဲ့ ဆဲလ်တွေကို ပျက်စီးစေမဲ့ အဆိပ်အတောက်တွေကို အင်ဇိုင်းအကူနဲ့ အန္တရာယ်နည်းတဲ့ ပုံစံကို ပြောင်းပါတယ်။ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေ ရပါတယ်။

-နံပါတ်၂ အနေနဲ့ အန္တရာယ်နည်းအောင်ပြောင်းလဲထားတဲ့ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေကို တခြားမော်လီကျူးတွေနဲ့ ပေါင်းစပ်ပြီး ရေမှာပျော်ဝင်တဲ့ ပစ္စည်းအဖြစ်ပြောင်းကာ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ပါတယ်။

-အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ပုံမှန်လုပ်စဉ်အတိုင်း မလုပ်နိုင်တော့ရင် အဆိပ်တွေကို(အဆီမှာပျော်ဝင်တာမို့) အဆီတစ်ရှူးတွေမှာ သိုလှောင်ပါတော့တယ်။

-အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်ပြန်ဖြစ်မှသာ အဆီထဲစုပုံနေတဲ့ အဆိပ်တွေကို ပြန်ပြီး ဖယ်ရှားပေးပါတယ်။

အသည်းမှာ အဆိပ်တွေပုံလာတဲ့အခါ

-ပင်ပန်းနွမ်းနယ်ခြင်း၊ နာတာရှည်နွမ်းနယ်နေခြင်း
-မကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာခြင်း
-အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း၊မကြာခဏ ခေါင်းကိုက်ခြင်း၊ စိတ်ကသိကအောင့်ဖြစ်ခြင်း
-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊အနားယူမှ သက်သာခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း
-ကြွက်သားနှင့် အဆစ်အမြစ်များ နာတာရှည် နာကျင်ခြင်း
-ချွေးထွက်လွန်ခြင်း
-အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း
-သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရ ခက်ခဲခြင်း
-ယားယံခြင်း
-အရေပြားတွင် အနီကွက်ထွက်ခြင်း
-လေထိုး၊ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်ခြင်း
-ရာသီမလာခင် ပိုမိုကိုက်ခဲခြင်း
-စိတ်တိုစိတ်ဆတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
-ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်မှုဖြစ်လွယ်ခြင်း
-မနက်အစော ၂နာရီ-၄နာရီတွင် နိုးနိုးလာခြင်း
-ကိုယ်အလေးချိန် တက်လာခြင်း
-အစားရှောင်၊ လေ့ကျင့်ခန်းလုပ်သော်လည်း ဝိတ်မကျခြင်း
မျက်ကွင်းညိုခြင်း၊ အားနည်းခြင်း

အသည်းက စားသုံးလိုက်တဲ့ အဆီတွေကို ဖယ်ရှားပေးရတဲ့အပြင် သွေးထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေပါ ဖယ်ရှားပေးရပါတယ်။ အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိပ်တွေ သွေးထဲမှာများလာရင် ကင်ဆာဆဲလ်တွေဖြစ်ပေါ်ဖို့ထိ အားပေးနိုင်ပါတယ်။

ကံအားလျော်စွာပဲ အသည်းက ပျက်စီးသွားရင် သူ့ဘာသာ ပြန်ကောင်းအောင် လုပ်နိုင်တဲ့ တခုထဲသော ခန္ဓာကိုယ်အတွင်းပိုင်း အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကလည်း ပြန်ကောင်းအောင်တည်ဆောက်နိုင်တဲ့ အတိုင်းအတာ တခုထိပဲရှိပါတယ်။ အသည်းကို ပျက်စီးစေတဲ့အရာနဲ့ အပြုအမူတွေကို စောစီးစွာရပ်တန့်လိုက်ပြီး အသည်းအားဆေးတွေ မှီဝဲဖို့တော့ လိုအပ်ပါတယ်။
ဥပမာ အရက်ဖြတ်ခြင်း။

အသည်းကျန်းမာရေးအတွက် စားရမဲ့ အစားအစာများ

လီမွန် -လတ်ဆတ်တဲ့ လီမွန်သီးဖျော်ရည်က အသည်းအတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ များလာစေဖို့ ကူညီနိုင်ပါတယ်။ လီမွန်မှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ပါတာမို့ သွေးကို သန့်ရှင်းစေပါတယ်။

နနွင်း- နနွင်းက အသည်းကိုကာကွယ်ပေးပြီး ပျက်စီးနေတဲ့ အသည်း ပြန်လည်ထူထောင်ရာမှာအထောက်အကူ ဖြစ်စေပါတယ်။

ကြက်သွန်ဖြူ -ကြက်သွန်ဖြူက အသည်းအင်ဇိုင်းဓာတ်တွေထွက်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီအင်ဇိုင်းဓာတ်တွေက အသည်းကနေ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ-
ဥပမာ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တွေမှာ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ phytochemicals တွေပါတာမို့ အသည်းက အဆိပ်ဖယ်ရှားတဲ့အခါ လိုအပ်တဲ့ အင်ဇိုင်းထုတ်ဖို့ ကူညီနိုင်ပါတယ်။

ထောပတ်သီး -ထောပတ်သီးမှာပါတဲ့ antioxidant glutathione က ပျက်စီးနေတဲ့ အသည်းတစ်ရှူးတွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီပါတယ်။

ပန်းသီး-ပန်းသီးမှာပါတဲ့ Pectinက အသည်းမှာစုပုံနေတဲ့ heavy metalsတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

မေတ္တာဖြင့် ASIA JUN
#ကျန်းမာရေး
#ဗဟုသုတ

 #အဆုတ်ကိုသန့်စင်ပေးနိုင်မယ့်သဘာဝ နည်းလမ်းကောင်းများ"""""""""""""""'"""""""""""""""""""""""""""""""""""""""""""""(၁)ကြက်...
02/07/2026

#အဆုတ်ကိုသန့်စင်ပေးနိုင်မယ့်
သဘာဝ နည်းလမ်းကောင်းများ
"""""""""""""""'"""""""""""""""""""""""""""""""""""""""""""""

(၁)ကြက်သွန်ဖြူ - ကြက်သွန်ဖြူက အစာကြေစနစ်ကိုကောင်းစေပြီး အဆုတ်ကို သန့်စင်ပေးနိုင်လို့ ဆေးလိပ်သောက်တတ်သူများ အမြဲဦးစားပေး စားသုံးသင့်တဲ့ အစားအစာ တစ်ခုပဲဖြစ်ပါတယ်။

(၂)ပန်းသီး - ပန်းသီးမှာ Vitamin နှင့် အမျှင်ဓါတ်များစွာပါဝင်လို့ အဆုတ်ကိုပြန်လည်သန့်စင်ပေးနိုင်တဲ့အပြင် အဆုတ်နဲ့ ပတ်သက်တဲ့ရောဂါများကိုလည်း ကြိုတင်တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင် အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

(၃)ဂျင်း - ဂျင်းသည်အသက်ရှူလမ်းကြောင်းတစ်လျှောက် ကပ်ငြိနေတဲ့ ချွဲသလိပ်တွေ ပျော်ဆင်းသွားဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ဂျင်းပြုတ်ရည်သောက်သုံးခြင်းပဲဖြစ်ပါတယ်။ ကိုယ်ကဆေးလိပ်သောက်တတ်သူဆို တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါလောက် ဂျင်းပြုတ်ရည်ပုံမှန်သောက်သုံးပေးပါ။ ဂျင်းကိုပါးပါးလှီးပြီး ရေနွေးနွေးလေးထဲမှာထည့်ကာ သံပုရာသီးလေးညှစ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

ဒီအစားအစာ (၃)မျိုးစလုံးဟာ ပျက်စီးနေတဲ့ အဆုတ်ကို ပြန်လည်သန့်စင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းဖြစ်ပါတယ်။

လူတိုင်းကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏🙏🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ် #

18/02/2026
18/02/2026
 #မုရိုးပင်၏ အကျိုးကျေးဇူးကြွက်နို့၊ ငါးမျက်စိ များ ၃ ရက်အတွင်း ကွာကျမည်။ ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြားရောဂါများလည်း ပျ...
05/02/2026

#မုရိုးပင်၏ အကျိုးကျေးဇူး

ကြွက်နို့၊ ငါးမျက်စိ များ ၃ ရက်အတွင်း ကွာကျမည်။
ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြားရောဂါများလည်း ပျောက်ကင်းမည်။ "မုရိုးပန်းပင်" ၏ အစေးကို လိမ်းရုံသာ...!

လွယ်ကူသော ပြုလုပ်နည်း...
• မုရိုးပန်းပင်၏ အကိုင်းကို ချိုးပါ။
• အစေးကို ခံယူရန် ခွက်တစ်ခု ရှာပါ။
• ကြွက်နို့၊ ငါးမျက်စိ ကို အစေးမလိမ်းမှီ
အရင် အနည်းငယ် ကုတ်ဖဲ့ပါ။
• ပွေး၊ ဝဲ၊ နှင်းခူ ဖြစ်နေသော နေရာကိုလည်း ပွန်းပဲ့ရာ
(အနည်းငယ် ဒဏ်ရာ) ရသည်အထိ ကုတ်ဖဲ့/ခြစ်ပါ။
• ထိုနောက် အစေးကို ဖြစ်နေသောနေရာများတွင် လိမ်းပါ။
• မကြာခဏ လိမ်းပေးပါ။
• တစ်နေ့ကို အကြိမ်များစွာ လိမ်းပါ။
• ဆက်တိုက် ၃ ရက်ခန့် လိမ်းပေးပါ။
• ကြွက်နို့၊ ငါးမျက်စိ ခြေဖဝါး/လက်ဖဝါးအသားမာ များ
ကွာကျသွားမည်။ ပွေး၊ ဝဲ၊ နှင်းခူ များလည်း အံ့မခန်း
လုံးဝ ပျောက်ကင်းသွားပါမည်။

#မေတ္တာဖြင့်

သွေးပေါင်ချိန် တိုင်းတာလိုက်လို့ ၁၄၀ ကျော်နေသူများအတွက်"တရုတ်နံနံ" ဟာ သင့်အတွက် သဘာဝရဲ့ လက်ဆောင်မွန် ဖြစ်တယ်လို့ ပြောပါရ...
26/01/2026

သွေးပေါင်ချိန် တိုင်းတာလိုက်လို့ ၁၄၀ ကျော်နေသူများအတွက်
"တရုတ်နံနံ" ဟာ သင့်အတွက် သဘာဝရဲ့ လက်ဆောင်မွန် ဖြစ်တယ်လို့ ပြောပါရစေ။ ဆေးမပါဘဲ သွေးတိုးကို အလွန် ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်
အလွန် ရိုးရှင်းသော ပြုလုပ်နည်း (သင့်စိတ်ကြိုက် ရွေးချယ်ပါ):
• �အစိမ်းလိုက် စားသုံးခြင်း: တစ်နေ့လျှင် ၁-၂ ပင်ခန့် ဝါးစားပါ။ အလွန် နေလို့ကောင်း စေပါတယ်။
• ပြုတ်သောက်ခြင်း: တရုတ်နံနံ ၄-၅ ပင်ကို ရေ ၁ လီတာဖြင့် ပြုတ်ပြီး မနက်-ည နွေးနွေးလေး မှီဝဲပါ။
• ဖျော်ရည်ဖျော်ခြင်း: တရုတ်နံနံ ၁ ပင်ကို ရေ ၁ ခွက်နှင့် ရောကြိတ်ပါ။ သံပရာသီး ½ လုံး ညှစ်ထည့်ပါ (အရသာနှင့် အာဟာရ အတွက်)။
အကြံပြုချက်
• အထက်ပါ နည်းလမ်းများထဲမှ တစ်ခုခုကို တစ်နေ့လျှင် တစ်ကြိမ် သောက်သုံးရုံဖြင့် လုံလောက်ပါတယ်။
• ရက်အနည်းငယ်အတွင်း သွေးပေါင်ချိန် ထူးထူးခြားခြား ကျဆင်းသွားပါလိမ့်မယ်။ သွေးတိုးရှိသူတိုင်း လက်ဆင့်ကမ်း ပေးသင့်ပါတယ်။
ရိုးရှင်းသော နည်းလမ်းဖြစ်သော်လည်း အစွမ်းထက်မြက်ပါသည်
• သွေးကြောများ၊ သွေးပေါင်ချိန်၊ သွေးလည်ပတ်မှု စနစ်များကို ကောင်းမွန်စေသည်။
• ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကိုလည်း သန့်စင်ပေးပါတယ်။
သတိပြုရန် - တရုတ်နံနံသည် သွေးကျစေရန် အထောက်အကူပြုသည်မှာ မှန်သော်လည်း ဆရာဝန်ညွှန်ကြားထားသည့် သွေးတိုးကျဆေးများကို မိမိသဘောဖြင့် ဖြတ်တောက်ခြင်းမပြုရန် အကြံပြုလိုပါသည်။

မေတ္တာဖြင့်

25/01/2026

#

သွေးလေအကြောပိတ်ခြင်း... ရောဂါပေါင်းစုံရဲ့ အစပြုရာ​"ကျန်းမာခြင်းရဲ့ အစ... ဝမ်းဗိုက်ကစတယ်" — ဒါဟာ အခုထက်ထိ မှန်ကန်နေဆဲဖြစ်...
25/01/2026

သွေးလေအကြောပိတ်ခြင်း... ရောဂါပေါင်းစုံရဲ့ အစပြုရာ
​"ကျန်းမာခြင်းရဲ့ အစ... ဝမ်းဗိုက်ကစတယ်" — ဒါဟာ အခုထက်ထိ မှန်ကန်နေဆဲဖြစ်တဲ့ ဆိုရိုးစကားတစ်ခုပါ။
​ထိုင်းရိုးရာဆေးပညာအရ လူသားတွေရဲ့ ခန္ဓာကိုယ် လှုပ်ရှားနိုင်စွမ်းဟာ "လေ" ပေါ်မှာ မူတည်ပါတယ်။ လေဆိုတာ သွေးလှည့်ပတ်မှုကို တွန်းအားပေးတဲ့၊ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့အပြင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကို အာဟာရဓာတ်တွေ ပျံ့နှံ့ရောက်ရှိစေတဲ့ "ဇီဝစွမ်းအင်" ဖြစ်ပါတယ်။
​ဒါပေမဲ့ လေလှည့်ပတ်မှု မကောင်းတဲ့အခါ —
သွေးတွေ စုခဲလာမယ်၊ အကြောတွေ တင်းမာလာမယ်၊ ကြွက်သားတွေ နာကျင်လာပြီး အင်္ဂါအစိတ်အပိုင်းတွေ အားနည်းလာပါလိမ့်မယ်။ ဒါဟာ ထိုင်းရိုးရာသမားတော်တွေရဲ့ အမြင်အရ ရောဂါဝေဒနာအားလုံးရဲ့ အစပြုခြင်းပဲ ဖြစ်ပါတယ်။

​💨 "လေ" ရဲ့ မြစ်ဖျားခံရာဟာ ဝမ်းဗိုက်... ဒါမှမဟုတ် "မြင်းမိုရ်တောင်"
​ထိုင်းရိုးရာဆေးကျမ်းများတွင် ဤသို့ဆိုထားသည် -
​"အဓိက လေခြောက်မျိုးစလုံးသည် ဝမ်းဗိုက်တွင် တည်ရှိသည်"
​ဝမ်းဗိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဗဟိုချက်မဖြစ်ပြီး စကြဝဠာရဲ့ စွမ်းအင်ဗဟိုချက် "မြင်းမိုရ်တောင်" နဲ့ တူပါတယ်။ ဒီနေရာကနေတစ်ဆင့် လေဟာ အထက်ပိုင်းကို တိုက်ခတ်ပြီး ဦးနှောက်၊ နှလုံးနဲ့ အဆုတ်တို့ကို ထောက်ပံ့ပေးသလို၊ အောက်ပိုင်းကို တိုက်ခတ်ပြီး ကျောက်ကပ်နဲ့ အူလမ်းကြောင်းကတစ်ဆင့် အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။

​အကယ်၍ ဝမ်းဗိုက်မကောင်းရင် လေဟာ လမ်းကြောင်းမှားတိုက်ခတ်ပြီး လေပိတ်တာ၊ လေဆန်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ အောက်ပါဝေဒနာတွေ ခံစားရနိုင်ပါတယ် -
• ​ခေါင်းကိုက်ခြင်း၊ မျက်စိပြာခြင်း၊ မူးဝေခြင်း
• ​ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း
• ​ဗိုက်အောင့်၊ ဗိုက်ပွ၊ လေပူထွက်ခြင်း
• ​ဇက်ကြောနှင့် ပုခုံးများ တောင့်တင်းနာကျင်ခြင်း
• ​လက်ဖျားခြေဖျား အေးစက်ခြင်း သို့မဟုတ် ထုံကျင်ခြင်း
• ​ရာသီသွေး မမှန်ခြင်း
​ဒီဝေဒနာတွေအားလုံးဟာ အင်္ဂါအစိတ်အပိုင်းတစ်ခုခု သီးသန့်ပျက်စီးလို့ မဟုတ်ဘဲ "ဝမ်းဗိုက်ကလေက သွေးကို ခန္ဓာကိုယ်အနှံ့ မပို့ဆောင်ပေးနိုင်လို့" ဖြစ်ရတာပါ။

​🩸 သွေးလေကို ပြန်လည်နိုးထစေခြင်း — ကျန်းမာရေးကောင်းဖို့ အစပြုစို့
​ထိုင်းသမားတော်ကြီးများက အလေးထားပြောဆိုသည်မှာ -
"ဝမ်းဗိုက်ကို ကောင်းမွန်အောင် ဂရုစိုက်ခြင်းသည် မိမိခန္ဓာကိုယ်တွင်းရှိ မြင်းမိုရ်တောင်ကို ကုသခြင်းဖြစ်သည်"
​✅ ၁။ အစာခြေစနစ် (တေဇောဓာတ်) ကို ဂရုစိုက်ပါ
အစာကို အချိန်မှန်စားပါ။ အလွန်အေးတဲ့အစာတွေနဲ့ အကြော်အလှော်၊ ဂျုံဖြူကဲ့သို့ အစာကြေခဲတဲ့အရာတွေကို ရှောင်ပါ။ အစာခြေမီး (တေဇောဓာတ်) အားနည်းရင် သွေးနဲ့လေပါ အားနည်းသွားတတ်ပါတယ်။
​✅ ၂။ အစားအစာနဲ့ သွေးအားကောင်းစေတဲ့ ဆေးဖက်ဝင်အပင်များ သုံးဆောင်ပါ
ဥပမာ - ဆူးပန်းပွင့်၊ နံ့သာနီ၊ ချဉ်ပေါင်ဖတ်၊ ဆီးဖြူသီး၊ ဖန်ခါးသီး။ ဒါတွေဟာ သွေးကို သန့်စင်စေပြီး သွေးပျစ်ခြင်းကို ကာကွယ်ပေးကာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
​✅ ၃။ လှုပ်ရှားမှုဖြင့် လေကို လည်ပတ်စေပါ
လမ်းလျှောက်တာ၊ အကြောဆန့်တာ ဒါမှမဟုတ် ဆေးဖက်ဝင်အထုပ်နဲ့ အပူပေးနှိပ်နယ်တာတွေက လေကို ပွင့်စေပြီး အကြောတင်းတာနဲ့ သွေးစုခဲတာတွေကို သက်သာစေပါတယ်။
​✅ ၄။ စိတ်ကို ငြိမ်သက်အောင် ထားပါ
ခန္ဓာကိုယ်ထဲက လေဟာ စိတ်နဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးရင် လေဓာတ်တွေ ကယောက်ကယက် ဖြစ်တတ်ပေမဲ့ စိတ်တည်ငြိမ်ရင် လေဟာလည်း အေးချမ်းစွာ စီးဆင်းပါတယ်။

​"သွေးသည် ဘဝ၏ မြစ်ဖျားခံရာဖြစ်ပြီး၊ လေသည် ထိုသွေးကို တစ်ကိုယ်လုံးသို့ ပို့ဆောင်ပေးသည့် ရေစီးကြောင်းဖြစ်သည်။ ဝမ်းဗိုက်ကောင်းလျှင် လေလည်ပတ်မှုကောင်းမည်၊ ထိုအခါ သွေးလည်း ပြည့်စုံပြီး ရောဂါဘယ ကင်းဝေးပေလိမ့်မည်။"

​ဒါကြောင့် ဒီနေ့ သင်ဗိုက်အောင့်၊ ဗိုက်ကယ်၊ နာကျင်ကိုက်ခဲပြီး နုံးချည့်နေတယ်ဆိုရင် တခြားအရာတွေထက် "ဝမ်းဗိုက်" ကို အရင်ဆုံး ဂရုစိုက်လိုက်ပါ။ အဲဒီနေရာဟာ သင့်ကျန်းမာရေးရဲ့ ဗဟိုချက်မဖြစ်သလို အမြဲတမ်းခိုင်ခံ့အောင် ထိန်းသိမ်းရမယ့် သင့်ဘဝရဲ့ မြင်းမိုရ်တောင်ပဲ ဖြစ်ပါတယ်။ 🌿

MON SOUNG
fblifestyle
#သွေးလေလည်ပတ်ခြင်း

မေတ္တာဖြင့်

 #မရိုးပင်ကြွက်နို့၊ ငါးမျက်စိ များ ၃ ရက်အတွင်း ကွာကျမည်။ ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြားရောဂါများလည်း ပျောက်ကင်းမည်။ "မု...
23/01/2026

#မရိုးပင်

ကြွက်နို့၊ ငါးမျက်စိ များ ၃ ရက်အတွင်း ကွာကျမည်။
ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြားရောဂါများလည်း ပျောက်ကင်းမည်။ "မုရိုးပန်းပင်" ၏ အစေးကို လိမ်းရုံသာ...!

လွယ်ကူသော ပြုလုပ်နည်း...
• မုရိုးပန်းပင်၏ အကိုင်းကို ချိုးပါ။
• အစေးကို ခံယူရန် ခွက်တစ်ခု ရှာပါ။
• ကြွက်နို့၊ ငါးမျက်စိ ကို အစေးမလိမ်းမှီ
အရင် အနည်းငယ် ကုတ်ဖဲ့ပါ။
• ပွေး၊ ဝဲ၊ နှင်းခူ ဖြစ်နေသော နေရာကိုလည်း ပွန်းပဲ့ရာ
(အနည်းငယ် ဒဏ်ရာ) ရသည်အထိ ကုတ်ဖဲ့/ခြစ်ပါ။
• ထိုနောက် အစေးကို ဖြစ်နေသောနေရာများတွင် လိမ်းပါ။
• မကြာခဏ လိမ်းပေးပါ။
• တစ်နေ့ကို အကြိမ်များစွာ လိမ်းပါ။
• ဆက်တိုက် ၃ ရက်ခန့် လိမ်းပေးပါ။
• ကြွက်နို့၊ ငါးမျက်စိ ခြေဖဝါး/လက်ဖဝါးအသားမာ များ
ကွာကျသွားမည်။ ပွေး၊ ဝဲ၊ နှင်းခူ များလည်း အံ့မခန်း
လုံးဝ ပျောက်ကင်းသွားပါမည်။

#မေတ္တာဖြင့်

Address

Batang Kali
32

Alerts

Be the first to know and let us send you an email when ASIA JUN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share