AI LWIN VLOG

AI LWIN VLOG Knowledge

မာလာကာမြို့တွင်မြန်မာနိုင်ငံသား ၃ဦးအပါအ ဝင်နိုင်ငံခြားသား ၅၉ ဦးဖမ်းဆီးခံရ==========================မလေးရှားနိုင်ငံ၊မာလာက...
13/08/2026

မာလာကာမြို့တွင်မြန်မာနိုင်ငံသား ၃ဦးအပါအ ဝင်နိုင်ငံခြားသား ၅၉ ဦးဖမ်းဆီးခံရ
==========================
မလေးရှားနိုင်ငံ၊မာလာကာလူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပြည်တွင်းကုန်သွယ်ရေးနှင့်နေထိုင်မှုစရိတ်ဝန်ကြီးဌာန (KPDN)တို့ပူးပေါင်းပြီး ဩဂုတ် လ ၁၂ရက်နေ့လာကာ မြို့ဘူကစ်ဘာရူးလုပ်ငန်း ခွင်နှစ်ခုတွင်နိုင်ငံခြားသား ၅၉ ဦးကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ဩဂုတ်လ ၁၂ရက်နေ့နံနက် ၁၀:၅၀ နာရီတွင် စတင်ခဲ့သောစစ်ဆင်ရေးတွင်ဒေသခံများနှင့်နိုင်ငံခြားသားများအပါအဝင် ၇၃ ဦးကိုစစ်ဆေးခဲ့ပြီး အထောက်အထားမဲနိုင်ငံခြားသား ၅၉ ဦးကိုဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၉ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးနှင့်ပါကစ္စတန်နိုင်ငံသား ၃ ဦးပါဝင်သည်။

ဖမ်းဆီးခံရသူများကိုလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၆(၁)(ဂ)၊ပုဒ်မ ၁၅(၁)(ဂ)၊ပုဒ်မ ၃၉(ခ) တို့ဖြစ်အရေးယူသွားမည်ဟုဖော်ပြထားသည်။ဖမ်းဆီးခံရသူအားလုံးကိုနောက်ထပ် အရေးယူမှုများပြုလုပ်ရန်အတွက်မာလကာမာချန်းအူးဘူးလူဝင်မှုကြီးကြပ်ရေးဌာနသို့ခေါ်ဆောင် သွားသည်။

Ai Lwin
13-08-2026

နိုင်ငံကူးလက်မှတ်နှင့်စာရွက်စာတမ်းအတုများ ပြုလုပ်သည့်ဂိုဏ်းကိုဖော်ထုတ်ဖမ်းဆီး====•====================မလေးရှားနိုင်ငံ၊ပူ...
13/08/2026

နိုင်ငံကူးလက်မှတ်နှင့်စာရွက်စာတမ်းအတုများ ပြုလုပ်သည့်ဂိုဏ်းကိုဖော်ထုတ်ဖမ်းဆီး
====•====================

မလေးရှားနိုင်ငံ၊ပူထရာဂျာယာလူဝင်မူကြီးကြပ်ရေးဌာနရှိ Setia Perkasa Complex တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌လူဝင်မှုကြီးကြပ်ရေးဌာန၏ အထူးစစ်ဆေးရေးတစ်ခုမှတစ်ဆင့်ဖော်ထုတ်ဖမ်း ဆီးနိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဦးဆောင်ကျူးလွန်သောနိုင်ငံကူးလက်မှတ်နှင့်စာရွက်စာတမ်းအတုပြုလုပ်သည့်ဂိုဏ်းနှင့်ပတ်သက်သည့်အတုပြုလုပ်ထားသောစာရွက်စာတမ်းအများအပြားကိုဖမ်း ဆီးရမိသည်။

#မူရင်းသတင်း၊ MalaysiaGazette
ဓာတ်ပုံ - Sadiq Sani



Ai Lwin
13-08-2026

မလေးရှားတစ်နိုင်ငံလုံးအော်ပရာစီ ၂ ရက်အတွင်း နိုင်ငံခြားသား ၁၀၄၃ ဦး ဖမ်းဆီးခံရ============================မလေးရှားတစ်နိုင...
13/08/2026

မလေးရှားတစ်နိုင်ငံလုံးအော်ပရာစီ ၂ ရက်အတွင်း နိုင်ငံခြားသား ၁၀၄၃ ဦး ဖမ်းဆီးခံရ
============================
မလေးရှားတစ်နိုင်ငံလုံးလူဝင်မူကြီးကြပ်ရေးဌာန မှနိုင်ငံခြားသားများအားစစ်ဆေးရေး ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တွင်နိုင်ငံခြားသားများအဓိကနေထိုင်သောလူနေရပ်ကွက်များကိုဝင်ရောက်စစ် ဆေးဖမ်းဆီးမူပြုလုပ်ခဲ့ရာနိုင်ငံခြားသားအ ထောက်အထားမဲ ၁၀၄၃ ဦးဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Datuk Zakaria Shaaban ၏ပြောကြားချက်
အရအဆိုပါ ၂ ရက်အတွင်းနိုင်ငံတစ်ဝန်းရှိနေရာအများအပြားတွင်နိုင်ငံခြားသားလူပေါင်း ၃၃၀၇ ဦးကိုစစ်ဆေးခဲ့ပြီးအထောက်အထားမဲနိုင်ငံခြား သား ၁၀၄၃ ဦးကိုဖမ်းဆီးနိုင်ခဲ့သည်ဟုပြောကြား သည်။

ဖမ်းဆီးခံရသည့်နိုင်ငံခြားသားများတွင်မြန်မာနိုင် ငံသား ၁၈၆ ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၆၀ ဦး၊
အင်ဒိုနီးရှားနိုင်ငံသား ၃၂၈ ဦး၊အိန္ဒိယနိုင်ငံသား ၅၅ ဦး၊နီပေါနိုင်ငံသား ၂၂ ဦး၊အခြားနိုင်ငံသားများ ၁၄၃ ဦးပါဝင်သည်။

ဖမ်းဆီးခံရသူများတွင်အမျိုးသား ၈၈၀ ဦး နှင့် အမျိုးသမီး ၁၆၃ ဦးပါဝင်ပြီးအသက် ၁၇ နှစ်မှ ၅၉ နှစ်အထိဖြစ်ကြောင်းသိရသည်။



#နိုင်ငံခြားသားများဖမ်းဆီး
Ai Lwin
13-08-2026

အသိပေးကြေညာခြင်း  ===============(၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် Jawi Camp မှ စိစစ်ခဲ့သည့် ၂၀၂ ဦးစာရင်း) #မြန်မာသံရုံးထုတ်ပြန...
13/08/2026

အသိပေးကြေညာခြင်း
===============
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် Jawi Camp မှ စိစစ်ခဲ့သည့် ၂၀၂ ဦးစာရင်း)

#မြန်မာသံရုံးထုတ်ပြန်ချက်အားပြန်လည်မျှဝေပေး ခြင်းသာဖြစ်တယ်။

Ai Lwin
13-08-2026

အသိပေးကြေညာခြင်း ================(၁၄−၈−၂၀၂၆ ရက်တွင် Jawi Camp နှင့် Ajil Camp များမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မ...
13/08/2026

အသိပေးကြေညာခြင်း
================
(၁၄−၈−၂၀၂၆ ရက်တွင် Jawi Camp နှင့် Ajil Camp များမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် စာရင်း)

#မြန်မာသံရုံးထုတ်ပြန်ချက်ကိုပြန်လည်မျှဝေပေးခြင်းဖြစ်တယ်။

Ai Lwin
13-08-2026

အသိပေးကြေညာခြင်း  ================(၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် Pekan Nanas Camp မှ စိစစ်ခဲ့သည့် ၂၁၁ ဦးစာရင်း) #မြန်မာသံရုံ...
12/08/2026

အသိပေးကြေညာခြင်း
================
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် Pekan Nanas Camp မှ စိစစ်ခဲ့သည့် ၂၁၁ ဦးစာရင်း)

#မြန်မာသံရုံးထုတ်ပြန်ချက်အားပြန်လည်မျှဝေပေးခြင်းသာဖြစ်တယ်။



Ai Lwin
12-08-2026

အသိပေးကြေညာခြင်း ==============(၁၃−၈−၂၀၂၆ ရက်တွင် Pekan Nanas Camp မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် စာရင်း) #မြ...
12/08/2026

အသိပေးကြေညာခြင်း
==============
(၁၃−၈−၂၀၂၆ ရက်တွင် Pekan Nanas Camp မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် စာရင်း)

#မြန်မာသံရုံးထုတ်ပြန်ချက်အားပြန်လည်မျှဝေပေး ခြင်းသာဖြစ်တယ်။



Ai Lwin
12-08-2026

ပါလစ်ပြည်နယ်မြန်မာနိုင်ငံသား ၁၂ဦးအပါအဝင် နိုင်ငံခြားသား ၂၈ ဦးဖမ်းဆီးခံရ==============================လူဝင်မူကြီးကြပ်ရေးဌ...
12/08/2026

ပါလစ်ပြည်နယ်မြန်မာနိုင်ငံသား ၁၂ဦးအပါအဝင် နိုင်ငံခြားသား ၂၈ ဦးဖမ်းဆီးခံရ
==============================
လူဝင်မူကြီးကြပ်ရေးဌာနမှကူးတို့သင်္ဘောဆိပ်ကမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ မွေးမြူရေးခြံများ၊ လူနေအိမ်ရာများနှင့်အလုပ် သမားအဆောင်များအပါအဝင်နေရာအသီးသီးတွင်စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

စစ်ဆေးရေးအတွင်းမလေးရှားနိုင်ငံသား ၈ ဦးနှင့် နိုင်ငံခြားသား ၁၀၈ ဦးလူပေါင်း ၁၁၆ ဦးကို စစ်ဆေးခဲ့ပါသည်။စစ်ဆေးခံခဲ့ရသည့်နိုင်ငံခြား သားများတွင်မြန်မာနိုင်ငံသား ၂၂ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀ ဦး၊အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦး၊ထိုင်းနိုင်ငံသား ၇ ဦး နှင့်အိန္ဒိယနိုင်ငံသား ၆ ဦးအားစစ်ဆေးခဲ့သည်။

စစ်ဆေးမှုများအရလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုကျူးလွန်သည်ဟုသံသယရှိသူမြန်မာနိုင်ငံသား ၁၂ ဦးနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

ဖမ်းဆီးထားသူများအားလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉၊၆၃ အရပုဒ်မ ၆(၁)(ဂ) နှင့် ပုဒ်မ ၅၆(၁)(ဃ)၊ပုဒ်မ ၃၉(ခ) တို့အရစုံစမ်းစစ်ဆေးလျက်ရှိပါသည်။စုံစမ်းစစ်ဆေးမှုတွင် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးအား သက်သေအဖြစ် လာရောက်ရန် ဆင့်ခေါ်စာ (ပုံစံ ၂၉) ထုတ်ပေးခဲ့ပါသည်။



#နိုင်ငံခြားသားများဖမ်းဆီး
Ai Lwin
12-08-2026

မလေးရှားနိုင်ငံ၊ကဒါးပြည်၊လန်ကာဝီကျွန်းဆွယ်တွင်ဩဂုတ်လ ၁၀ရက်နေ့ကနိုင်ငံခြားသား ၄၁ ဦးအားစစ်ဆေးရာအထောက်အထားမဲနိုင်ငံခြားသား ...
11/08/2026

မလေးရှားနိုင်ငံ၊ကဒါးပြည်၊လန်ကာဝီကျွန်းဆွယ်တွင်ဩဂုတ်လ ၁၀ရက်နေ့ကနိုင်ငံခြားသား ၄၁ ဦးအားစစ်ဆေးရာအထောက်အထားမဲနိုင်ငံခြားသား ၁၂ ဦးအားဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများအားလူဝင်မူကြီးကြပ်ရေးအက်
ဥပဒေဖြင့်စစ်ဆေးအရေးယူသွားမည်ဟုဖော်ပြထားသည်။



#နိုင်ငံခြားသားများဖမ်းဆီး
Ai Lwin
11-08-2026

ဂျုဟိုးဘာရူး၊ပီကန်နာနာ့စ်ထိန်းသိမ်းရေးကမ့်မှ မြန်မာ ၇၂ ဦးအပါအဝင်နိုင်ငံခြားသား ၂၀၄ ဦးပြန်ပို့ခံရ========================...
11/08/2026

ဂျုဟိုးဘာရူး၊ပီကန်နာနာ့စ်ထိန်းသိမ်းရေးကမ့်မှ မြန်မာ ၇၂ ဦးအပါအဝင်နိုင်ငံခြားသား ၂၀၄ ဦးပြန်ပို့ခံရ
===========================
မလေးရှားနိုင်ငံ၊ဂျုဟိုးပြည်နယ်၊ပီကန်နာနာ့စ်လူဝင်မှုကြီးကြပ်ရေးကမ့်မှနိုင်ငံခြားသား ၂၀၄ ဦးကိုသက်ဆိုင်နိုင်ငံများသို့ ဩဂုတ်လ ၁၀ ရက် နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းယနေ့ထုတ် ပြန်ထားသည်။

ပြန်လည်ပို့ဆောင်ပေးသည့်နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား ၇၂ ဦး၊အင်ဒိုနီးရှားနိုင်ငံ သား ၈၁ ဦး၊ထိုင်းနိုင်ငံသား ၂၃ ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ပါကစ္စတန်နိုင်ငံသား ၅ ဦး၊ဗီယက်နမ်နိုင်ငံသား ၄ ဦး၊အိန္ဒိယနိုင်ငံသား ၃ ဦး၊နယ်သာလန်နိုင်ငံသား ၁ဦးနှင့်နီပေါနိုင်ငံသား (၁) ဦးတို့ပါဝင်သည်။

ပြန်ပို့ခံရသည့်နိုင်ငံခြားသားများအားလူဝင်မူကြီး ကြပ်ရေးဌာနတွင်နာမည်ပျက်စာရင်း (Blacklist) တင်သွင်းထားသည်။



#နိုင်ငံခြားသားပြန်ပို့
Ai Lwin
11-08-2026

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when AI LWIN VLOG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category