Royal Lotus Chiang Mai

Website Contact the business

Royal Lotus Chiang Mai 🌟 Car Rental Service @ Chiang Mai 🌟

🍜 Doi Inthanon ဘက် ခရီးသွားရင် အမြဲဝင်ဖြစ်တဲ့ ဆိုင်လေး တစ်ဆိုင်ပါ။ ခေါက်ဆွဲမျိုးစုံ ရပြီး အရသာလေးတွေက ထူးခြားစွာ စားလို့...
11/10/2026

🍜 Doi Inthanon ဘက် ခရီးသွားရင် အမြဲဝင်ဖြစ်တဲ့ ဆိုင်လေး တစ်ဆိုင်ပါ။ ခေါက်ဆွဲမျိုးစုံ ရပြီး အရသာလေးတွေက ထူးခြားစွာ စားလို့ကောင်းပါတယ်။

တောင်တက်လမ်းနားမှာ တည်ရှိတဲ့ ဒီ Khao Soi Kalong Coconutland ဆိုတဲ့ ခေါက်ဆွဲဆိုင်လေးဟာ ဝင်လိုက်တိုင်းခရီးသွားများနဲ့ စည်ကားနေတတ်ပါတယ်။

နာမည်ကျော် မြောက်ပိုင်း Khao Soi နဲ့ အခြားသော ဒေသထွက် အစားအစာများအားလုံး အရသာ အတော်လေး ကောင်းမွန်တဲ့အပြင်၊ တစ်ဆိုင်လုံး အုန်းသီးခွံလေးတွေနဲ့ အလှဆင်ထားတာကြောင့် အပြင်အဆင်လေးက တစ်မူထူးခြားလှပါတယ်။



11/10/2026

🔸 ဒီတစ်ခေါက်မှာတော့ ချင်းရိုင်တောင်ကုန်းလေးပေါ်မှာ ခမ်းနားထည်ဝါစွာ တည်ထားကိုးကွယ်ထားတဲ့ Wat Huay Pla Kang ကွမ်ရင်မယ်တော် ရုပ်ပွားတော်ဆီသို့ သွားရောက်ဖူးမြော်ကြရအောင်။

ကျောင်းတော်ဝင်းအတွင်းရောက်ရင် ကွမ်ရင်ရုပ်ထု ရင်ပြင်တော်ပေါ် သို့ တက်ရောက်ရန်အတွက် လှေကားအတိုင်း ဖြစ်စေ၊ ချစ်စရာပန်းရောင်ကားလေးများ နဲ့ ဖြစ်စေ တက်လို့ရပါတယ်။

ရုပ်ထုအတွင်းပိုင်းရှိ ဓာတ်လှေကားနဲ့ အပေါ်ဆုံးထပ် ထိတက်သွားရင်တော့ ချင်းရိုင်တစ်မြို့လုံးရဲ့ သဘာဝရှုခင်းများကို ကြည့်ရှု ခံစားနိုင်ပြီး...ရုပ်ထု အတွင်းပိုင်းမှာလည်း လှပ ဆန်းကျယ်တဲ့ လက်ရာများနဲ့ ထုဆစ် ပုံဖော်ထားတဲ့ အနုပညာလက်ရာများကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဘုရားဖူးပြီး လှေကားအတိုင်း ပြန်ဆင်းလာချိန်မှာတော့ ခမ်းနားထည်ဝါလှတဲ့ နဂါးရုပ်ထုကြီးများနဲ့ အမှတ်တရပုံလေးတွေ ရိုက်ရင်း၊ စိတ်အေးချမ်းမှု အပြည့်နဲ့ အောက်သို့ ရောက်ရှိလာပါတယ်။

ထို့နောက် ကျောင်းတော်ဝင်းအတွင်းမှာရှိတဲ့ ၉ ထပ်ကျောင်းဆောင် ( 9 Tier Pagoda ) ဘက်သို့ သွားရောက်ပြီး၊ တရုတ်-ထိုင်း ဗိသုကာလက်ရာများဖြင့် ပေါင်းစပ်ပူဇော်ထားတဲ့ ရုပ်ပွားတော်များကို ဆက်လက်ဖူးမြော်နိုင်ပါတယ်။

ချင်းရိုင်မြို့လေးကို လာရောက်သူအားလုံးအတွက် စိတ်နှလုံး တည်ငြိမ် အေးချမ်းမှုကို အပြည့်အဝ ရစေတဲ့ နေရာလေး တစ်ခုဖြစ်လို့ သွားကြည့်ပါနော်။

🤍 အားလုံးကို ချစ်ခင်စွာဖြင့် 🤍



🍃 Mon Jam ရဲ့ ဆွဲဆောင်မှု အရှိဆုံး အလှတရားတစ်ခု ကတော့ တောင်စောင်းတွေပေါ်က Resort လှလှလေးတွေပါ။🍃 တောင်ပေါ် သဘာဝ နဲ့ လိုက်...
10/10/2026

🍃 Mon Jam ရဲ့ ဆွဲဆောင်မှု အရှိဆုံး အလှတရားတစ်ခု ကတော့ တောင်စောင်းတွေပေါ်က Resort လှလှလေးတွေပါ။

🍃 တောင်ပေါ် သဘာဝ နဲ့ လိုက်ဖက်ညီအောင် ဖန်တီးထားတဲ့ခေတ်မီ Luxury Tent လေးတွေ၊ ပုံစံမျိုးစုံနဲ့ Resort လေးတွေမှာ တစ်ညတာ နားခိုရင်း ချစ်ရသူတွေနဲ့ အတူတူ ဖြတ်သန်းရတဲ့ ကြည်နူးဖွယ် ညချမ်းလေးတွေက မမေ့နိုင်စရာ အမှတ်တရလေးတွေပါ။

🍃 ဒီလို Resort လေးတွေထဲမှာ Mon Jam ရဲ့ အလှဆုံး View ကို ပိုင်ဆိုင်ထားတဲ့ Mon Sai Lom ဆိုတဲ့ Resort လေးကလည်း တစ်ခု အပါအဝင်ပေါ့။

🔅 Mon Jam တစ်နေ့တာ ခရီးစဉ်လေးမှာ
အေးချမ်းလှတဲ့ သဘာဝတရားနဲ့အတူ စိတ်အေးချမ်းစေတဲ့ ကော်ဖီဆိုင်လေးတွေ၊ ပန်းခင်းလှလှလေးတွေ၊ လိမ္မော်ခြံတွေ၊ သိုးခြံတွေဆီ သွားရောက်လည်ပတ်ကြမှာဖြစ်ပြီး။

🍃 ညနေစောင်းမှာတော့ အေးမြတဲ့ ရာသီဥတု နဲ့အတူ တောင်တန်းရှုခင်းများကို ထိုင်ကြည့်ရင်း မူကထ ပူပူလေးကို စားကြတာကလည်း ဒီနေရာမျိုးမှာပဲ ရနိုင်တဲ့ စိတ်ပျော်ရွှင် စရာလေးပါ။

🍃 မနက်ခင်းစောစောဆိုရင် အခန်းတံခါးလေး ဖွင့်လိုက်တာနဲ့ မျက်စိတစ်ဆုံး မြင်တွေ့ရတဲ့ တိမ်ပင်လယ်နဲ့အတူ သစ်လွင်ဆန်းသစ်တဲ့ မြင်ကွင်း၊ အေးစိမ့်နေတဲ့တောင်ပေါ်လေထုကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

🔅 ချင်းမိုင်ရောက်တုန်း ဒီလို Resort လှလှလေးတွေမှာတည်းခိုဖို့ Hotel Booking လိုအပ်ရင်လည်း လာရောက် ဆက်သွယ်နိုင်ပါတယ်နော်။ ကားအငှားလိုအပ်ရင်လည်း သတိရပေးပါ။

👉 Contact Us :

☎️ Phone : +66 829919238
📱 Line / WhatsApp : +66 829919238
💌 Email : [email protected]

👉 For Easy Booking

🌏 www.royalsmartgo.com
( Download Now and Get 10% Discount )




🔅 အလှတရားတွေ စုဝေးရာ ချင်းရိုင်မြို့လေးဆီ အလည်တခေါက်...🔅 Mae Kachan Hot Springs ( ရေပူစမ်း )ခရီးစဉ် တစ်ထောက်နားရာ နေရာလေ...
09/10/2026

🔅 အလှတရားတွေ စုဝေးရာ ချင်းရိုင်မြို့လေးဆီ အလည်တခေါက်...

🔅 Mae Kachan Hot Springs ( ရေပူစမ်း )
ခရီးစဉ် တစ်ထောက်နားရာ နေရာလေးပါ။

🔅 Akha FarmVille ( တောင်ပေါ် သိုးခြံ )
လေကောင်းလေသန့် ရှုရှိုက်ရင်း၊ ချစ်စရာ သိုးလေးတွေ၊ တောင်ပေါ်ရှုခင်းလှလှလေးတွေနဲ့ ခဏတာစိတ်အေးချမ်းမှုကို ရရှိနိုင်ပါတယ်။

🔅 Wat Rong Khun Temple ( ဘုရားဖြူ )
ဖြူဖွေးတောက်ပပြီး ခေတ်မီဆန်းပြားတဲ့ ဗိသုကာလက်ရာတွေနဲ့အတူ ခမ်းနားတင့်တယ်စွာ ဖန်တီးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အပ္ပာယ်ငရဲနှင့် နိဗ္ဗာန်ဘုံ တို့ရဲ့ ကွဲပြားမှုကို ထင်ရှားပေါ်လွင်အောင် ဖန်းတီးထားပါတယ်။

🔅 Wat Rong Suea Ten Temple ( ဘုရားပြာ )
အပြာရောင် နှင့်ရွှေအိုရောင်ပေါင်းစပ်ကာတင့်တယ်လှပစွာဖန်တီးထားပြီး၊ ကျောင်းဆောင်အတွင်း သပ္ပာယ်လှတဲ့ အဖြူရောင် ဗုဒ္ဓဆင်းတုတော်ကြီးကို ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။

🔅 Lalitta Café
အရမ်းလှတဲ့ ကော်ဖီဆိုင်လေးမို့ စိတ်ကူးယဉ်ကမ္ဘာထဲ ခဏတာ ရောက်ရှိသွားသလိုမျိုး ခံစားရစေမှာပါ။

🔅 Wat Huay Pla Kang ( ကွမ်ရင်မယ်တော်ကျောင်း )
အလွန်ကြီးမားတင့်တယ်လှတဲ့ ကွမ်ရင်မယ်တော် ဆင်းတုတော်ကြီး ကို ဖူးမြော်ရမှာ ဖြစ်ပါတယ်။
ရုပ်ထုရဲ့ အပေါ်ဆင့် အတွင်းပိုင်းမှာတော့ လှပဆန်းကြယ်တဲ့ အနုပညာလက်ရာတွေကို လေ့လာနိုင်ရုံတင်မက၊ ချင်းရိုင်တစ်မြို့လုံးရဲ့ ရှုခင်းများကိုပါ တစ်ဝကြီး ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ခရီးစဉ် လေးတွေကို မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူ စိတ်ချမ်းသာစွာလည်ပတ်ဖို့ ဆိုရင် Royal Lotus Chiang Mai ကို သတိရပေးပါ။

👉 ရနိုင်တဲ့ ကားအမျိုးအစားများ
🚗 4-Seater ( Sedan )
🚘 6-Seater ( SUV )
🚐 10-Seater ( VIP Van )

👉 Contact Us :

☎️ Phone : +66 829919238
📱 Line / WhatsApp : +66 829919238
💌 Email : [email protected]

👉 For Easy Booking

🌏 www.royalsmartgo.com
( Download Now and Get 10% Discount )




#ချင်းမိုင်အလည်အပတ် #ချင်းမိုင်ကားအငှား
#ချင်းရိုင်ခရီးစဉ်

🌧️ မိုးရာသီ ရဲ့ အေးစိမ့်နေတဲ့ ရာသီဥတုနဲ့အတူ မိုးသားတိမ်တိုက်တွေကြားက Doi Inthanon တောင်ပေါ်သို့…မိုရေစက်တွေနဲ့ အေးချမ်းလ...
09/10/2026

🌧️ မိုးရာသီ ရဲ့ အေးစိမ့်နေတဲ့ ရာသီဥတုနဲ့အတူ မိုးသားတိမ်တိုက်တွေကြားက Doi Inthanon တောင်ပေါ်သို့…

မိုရေစက်တွေနဲ့ အေးချမ်းလွန်းတဲ့ ပတ်ဝန်းကျင်
တစ်ခုမှာ ပြီးပြည့်စုံတဲ့ သဘာဝအလှတရားများကို သွားကြည့်ရအောင်..☁

မြူခိုးတွေဖုံးလွှမ်းနေတဲ့ တောင်တန်းရှုခင်းတွေ

ရင်သပ်ရှုမောဖွယ် ဘုရင်နဲ့ မိဖုရားစေတီတော်

စိမ်းလန်းစိုပြေတဲ့ တောလမ်းလေးတွေ နှင့်

လှပတဲ့ ရေတံခွန်တွေကြားမှာ

သဘာဝရဲ့ အေးချမ်းမှုကို အပြည့်အဝ ရရှိစေတဲ့ ခရီးစဉ်လေးတစ်ခုအဖြစ် လိုက်ပို့ပေးခွင့်ရတဲ့အတွက် ကျေးဇူးပါ။ 📸🍃

အားလုံးကို ချစ်ခင်စွာဖြင့်



💢  ဒီသီတင်းကျွတ် ပိတ်ရက်လေးမှာ ထိုင်းနိုင်ငံရဲ့ အလှပဆုံး ခရီးစဉ်တွေနဲ့ အမှတ်တရ သစ်လေးတွေ ဖန်တီးကြမယ်။🔅 Chiang Mai 🍃ရှေးဟ...
09/10/2026

💢 ဒီသီတင်းကျွတ် ပိတ်ရက်လေးမှာ ထိုင်းနိုင်ငံရဲ့ အလှပဆုံး ခရီးစဉ်တွေနဲ့ အမှတ်တရ သစ်လေးတွေ ဖန်တီးကြမယ်။

🔅 Chiang Mai 🍃
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ကော်ဖီဆိုင် လှလှလေးတွေ၊ ဈေးဝယ်စရာနေရာတွေနဲ့ သဘာဝရှုခင်းတွေ ပေါင်းစပ်ထားတဲ့ တောင်ပေါ်မြို့လေးရဲ့ အလှကို စိတ်ကြိုက်လည်ပတ်ရင်း ခံစားကြမယ်။

🔅 Mon Jam 🌸
တောင်တန်းတွေရဲ့ အလှတရား၊ ရောင်စုံပန်းခင်းတွေနဲ့ ရှုခင်းလှလှလေးတွေကြား၊ Resort လှလှလေးတွေမှာ တစ်ည တည်းခိုရင်း အမှတ်တရအချိန်လေးတွေ ဖန်တီးကြမယ်။

🔅 Mae Kampong ☕
စိမ့်စမ်းရေသံလေးတွေနဲ့ သစ်တောစိမ်းစိမ်းတွေ ဝန်းရံထားတဲ့ တောင်ပေါ်ရွာလေးမှာ ကော်ဖီလေးသောက်ရင်း နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကို ခဏတာမေ့ပျောက်ပြီး သဘာဝတရားနဲ့အတူ အေးအေးချမ်းချမ်း အနားယူကြမယ်။

🔅 Doi Inthanon ⛰️

ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်တန်းကြီးပေါ်မှာ အေးမြတဲ့လေပြည်လေးကို ရှူရှိုက်ရင်း တိမ်ပင်လယ်တွေကြားက သဘာဝအလှတရားကို အပြည့်အဝ ခံစားကြမယ်။

🔅 Chiang Rai 🤍
ကမ္ဘာကျော် အနုပညာလက်ရာမြောက်တဲ့ ဘုရားကျောင်းတွေ၊ ထူးခြားတဲ့ ဗိသုကာလက်ရာတွေရဲ့ အလှတရားကို ကိုယ်တိုင်သွားရောက် ခံစားကြမယ်။

🔅 Chiang Dao ⛰️
ခမ်းနားလှတဲ့ တောင်တန်းကြီးတွေနဲ့ တိမ်မြူတွေကြားက အေးချမ်းတဲ့ သဘာဝအလှတရားကို ခံစားရင်း မြို့ပြရဲ့ ဆူညံမှုတွေကနေ ခဏတာဝေးကွာပြီး စိတ်အေးလက်အေး အနားယူကြမယ်။

💚 ဒီလို အမှတ်တရကောင်းတွေ ပြည့်နေမယ့် ခရီးစဉ်လေးတွေကို ကျွန်တော်တို့နဲ့ အတူဖန်တီးလိုက်ကြရအောင်ပါ။

မိမိတို့ စိတ်ကြိုက်ခရီးစဉ် တွေနဲ့ အတူ ကားငှားချင်တာပဲဖြစ်ဖြစ်၊ ဟိုတယ် Booking တင်ချင်တာပဲဖြစ်ဖြစ်၊ ရထားလက်မှတ် ကားလက်မှတ်ဝယ်ချင်တာပဲဖြစ်ဖြစ်၊ အားလပ်ရက် ခရီးစဉ်လေးတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ နဲ့ အတူ စောင့်ကြိုနေပါတယ်။

👉 Contact Us :

☎️ Phone : +66 829919238
📱 Line / WhatsApp : +66 829919238
💌 Email : [email protected]

👉 For Easy Booking

🌏 www.royalsmartgo.com
( Download Now and Get 10% Discount )


#သီတင်ကျွတ်ပိတ်ရက် #ချင်းမိုင်အလည်အပတ်

🔅 လွန်ခဲ့တဲ့ ၃ လ လောက်က မှတ်မှတ်ရရ လေဆိပ်ကြို တစ်ကြောင်း အတွက် Van ကားလေး လာငှားသွားခဲ့တယ်။ချင်းမိုင် လေဆိပ်ရောက်မယ့်နေ့...
08/10/2026

🔅 လွန်ခဲ့တဲ့ ၃ လ လောက်က မှတ်မှတ်ရရ လေဆိပ်ကြို တစ်ကြောင်း အတွက် Van ကားလေး လာငှားသွားခဲ့တယ်။
ချင်းမိုင် လေဆိပ်ရောက်မယ့်နေ့ မှာပဲ လာကြိုပေးဖို့ ဆက်သွယ်လာတော့...အဲ့ဒီနေ့ ထိုင်းနိုင်ငံရုံးပိတ်ရက်ရှည်နဲ့ တိုက်ဆိုင် နေလို့ ကားတွေ မအားတဲ့ကြားက အဆင်ပြေအောင် မနည်း စီစဉ်ပေးလိုက်ရတာ။
ဒါပေမယ့် နောက်ဆုံးတော့လည်း အဆင်ပြေသွားခဲ့ပါတယ်။

🔅 အကို အမတို့ရဲ့ အသိအမှတ်ပြုမှု လေးကို ရလိုက်တာကတော့...
နောက်နေ့မှာ မထင်မှတ်ပဲ ထပ်မံဆက်သွယ်လာပြီး၊ ကားလေး တစ်စီး ကို လချင်းပေးနဲ့ ငှားသွားခဲ့တဲ့ အပြင်၊

🔅 ဒီနေ့လည်း ညီမလေး တစ်ယောက် အတွက် ကားလေး နောက်တစ်စီး ရက်ရှည်ထပ်ငှားသွားပြန်တယ်။

အခုလို ယုံကြည်စွာအားပေးမှုလေးတွေကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိမိပါတယ်။
ဘဝမှာ ဒီလို မိတ်ကောင်း ဆွေကောင်း တွေနဲ့တွေ့ဆုံခွင့် ရခြင်းကလည်း တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ဆုလာဒ်တစ်ခု မို့...တန်ဖိုးထားပြီး အသိအမှတ်ပြုပါရစေ။

🔅 မိတ်ဆွေတို့လည်း ချင်းမိုင်မြို့လေးမှာ ကားငှားဖို့ လိုအပ်ပြီ ဆိုရင် ဘယ်အချိန် ဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ်။ အတတ်နိုင်ဆုံး အဆင်ပြေအောင်၊ ဈေးနှုန်း မှန်ကန်အောင် စီစဉ်ပေးပါမယ်။

🔅 အခုလည်း ချင်းမိုင် ရာသီရောက်လာပြီဆိုတော့ မိတ်ဟောင်း မိတ်သစ်များ ကားငှားချင်ရင် ကားမရ တာမျိုး မဖြစ်ရလေအောင်၊ လာမယ့်ရက်လေးတွေ သေချာပြီဆိုတာနဲ့ ကြိုတင် Booking တင်ထားပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။

💛 အားလုံးကို ချစ်ခင်လေးစားစွာဖြင့် 💛


# Bangkok

07/10/2026

🔅 Chiang Mai ~ Chiang Rai 🔅 နေ့ချင်းပြန်ခရီးစဉ် မှတ်တမ်းလေး

မနက် ၇ နာရီလောက် ချင်းမိုင်မြို့ကနေ စထွက်ပါတယ်။

▪️ ပထမဆုံး ဝင်ဖြစ်တာတော့ Mae Kachan Hot Springs ရေပူစမ်း ဖြစ်ပါတယ်။
မနက်စာစား ဖို့ ခဏနားရင်း၊ ရေပူစမ်းနဲ့ ဓာတ်ပုံတွေ ရိုက်၊ ရေနွေးပူ စမ်းချောင်းလေးထဲ ခြေထောက်စိမ်၊ ရေပူစမ်းထဲ ကြက်ဥ၊ ငုံးဥလေးတွေ ထည့်ပြုတ်စားနိုင်တဲ့ ခရီးစဉ် တစ်ထောက်နားရာ နေရာလေးပါ။

▪️ ပြီးရင် Akha FarmVille ဆိုတဲ့ သိုးခြံကို ဝင်ရောက် လည်ပတ် ဖြစ်ပါတယ်။
တောင်ပေါ်ရှုခင်းလှလှတွေကို နောက်ခံထားပြီး၊ သိုးလေးတွေကို အစာကျွေး၊ ဓာတ်ပုံရိုက် နိုင်ပါတယ်။
သိုးခြံဝင်ကြေးက တစ်ယောက်ကို ဘတ် ၁၀၀ ပေးရပြီး၊ ဝင်ကြေးကို Free Drink ၃ မျိုးထဲက မိမိနှစ်သက်ရာ တစ်ခွက်နဲ့ လဲသောက်လို့ ရပါတယ်။
မြင်းလှည်းချားရဟတ် ( Carousel ) စီးချင်ရင်တော့ ဘတ် ၁၀၀ ထပ်ပေးရပါတယ်။

▪️သိုးခြံကထွက်လာပြီး ၁ နာရီလောက် သွားရင်တော့ ဘုရားဖြူ ( White Temple ) လို့ လူသိများတဲ့ Wat Rong Khun ဘုရားကို ရောက်မှာဖြစ်ပါတယ်။
ဒီတစ်ခေါက်တော့ ရှုခင်းလှလှလေး ကြည့်ဖို့ Doi Chang တောင်ပေါ်ကနေ ပတ်ပြီး၊ ပြန်ဆင်းလာခဲ့ပါတယ်။
ဒီနေရာမှာ Resort လှလှလေးတွေ နဲ့ အေးဆေး ညအိပ် အပန်းဖြေလို့ရတဲ့ တောင်ပေါ် အပန်းဖြေစခန်းလေးလည်း ရှိပါတယ်။
ဘုရားဖြူရောက်တော့ ဖြူဖွေးတောက်ပ နေတဲ့ ဗိသုကာလက်ရာတွေနဲ့ မှန်စီရွှေချ အနုပညာတွေက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါ။
ဝင်ကြေးက ဘတ် ၂၀၀ ပေးရပါတယ်။
ဒီအနီးအနားမှာတော့ အရသာရှိတဲ့ ဒေသစာတွေ နှင့် ဘူဖေး ဆိုင်တွေမှာ နေလည်စာ စားဖြစ်ခဲ့ပါတယ်။

▪️နောက်ထပ် ဝင်ရောက်ဖူးမြော်လည်ပတ်မှာကတော့ ဘုရားပြာ ( Blue Temple ) လို့ ခေါ်တဲ့ Wat Rong Suea Ten ဖြစ်ပါတယ်။
အပြာရောင် နှင့်ရွှေအိုရောင်ပေါင်းစပ် အလှဆင်ထားတဲ့ ဘုရားကျောင်းဆောင်အတွင်း အဖြူရောင် ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ နံရံဆေးရေးပန်းချီတွေဟာ အလွန်သပ္ပာယ်ပြီး စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။

▪️နောက်တစ်နေရာကတော့ Lalitta Café ပါ။ ဒီနေရာလေး ကလည်း ခရီးစဉ်ထဲ မပါမဖြစ် နေရာလေးတစ်ခု။
အရမ်းလှတဲ့အတွက် လာလည်သူတွေ အမောပြေစေဖို့ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ သဘာဝ ကျောက်ဆောင်တွေ၊ ရေတံခွန်တွေ၊ ရောင်စုံပန်းလေးတွေနဲ့ ရေခိုး ရေငွေ့လေးတွေ အုံ့ဆိုင်းနေတာကြောင့် စိတ်ကူးယဉ် နိဗ္ဗာန်ဘုံလေးတစ်ခုထဲ ရောက်သွားသလို ခံစားရစေမှာပါ။
ဝင်ကြေး တစ်ယောက်ကို ဘတ် ၆၀ ပေးရပါတယ်။

▪️နောက်ဆုံးမှာတော့ Wat Huay Pla Kang ( ကွမ်ရင်မယ်တော်ကျောင်း) ဒီနေရာမှာတော့ ဝေးကနေ လှမ်းကြည့်ရင်တောင် မြင်တွေ့နိုင်တဲ့ အလွန်ကြီးမားလှတဲ့ "ကွမ်ရင်မယ်တော် ဆင်းတုတော်ကြီး" ကို ဖူးမြော်ရမှာ ဖြစ်ပါတယ်။ နဂါးလှေကားထစ် ဘုရားကျောင်းဆောင်ကနေ
ကွမ်ရင်မယ်တော်ကြီးရဲ့ ဦးခေါင်းတော်အတွင်းပိုင်းအထိ ဓာတ်လှေကားနဲ့ တက်ရောက်ကာ ချင်းရိုင်မြို့ ရဲ့ ရှုခင်းကို အပေါ်စီးကနေ တစ်ဝကြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဓာတ်လှေကားနဲ့ အပေါ်တက်ဖို့ တစ်ယောက်ကို ဘတ် ၄၀ ပေးရပါတယ်။

ညနေ ၅ နာရီလောက်မှာတော့ချင်းရိုင်ကနေ ပြန်ပါပြီ။

ချင်းမိုင်ခရီးစဉ် လေးတွေ အေးအေးဆေးဆေး စိတ်ချမ်းသာစွာလည်ပတ်ဖို့ ဆိုရင်
Royal Lotus Chiang Mai က
အားလုံးကို နွေးထွေးစွာ ကြိုဆိုလျှက်ပါ

👉 ရနိုင်တဲ့ ကားအမျိုးအစားများ
🚗 4-Seater ( Sedan )
🚘 6-Seater ( SUV )
🚐 10-Seater ( VIP Van )

👉 Contact Us :
☎️ Phone : +66 829919238
📲 Line / WhatsApp : +66 829919238



#ချင်းမိုင်အလည်အပတ် #ချင်းမိုင်ကားအငှား
#ချင်းရိုင်ခရီးစဉ်

🌸 🌺 နှစ်စဉ် ဒီဇင်ဘာလဆို ကျင်းပနေကျ ချင်းမိုင် ပန်းပွဲတော်လေး 🌺 🌸 🌷 နေ့လည်ဘက်ဆို ပန်းအမျိုးအစား စုံလင်စွာ အလှဆင်ထားတော့ ပ...
06/10/2026

🌸 🌺 နှစ်စဉ် ဒီဇင်ဘာလဆို ကျင်းပနေကျ ချင်းမိုင် ပန်းပွဲတော်လေး 🌺 🌸

🌷 နေ့လည်ဘက်ဆို ပန်းအမျိုးအစား စုံလင်စွာ အလှဆင်ထားတော့ ပန်းချစ်သူများနဲ့ အလွန်စည်ကားလှပါတယ်။

💥 ညဘက်ဆိုလည်း မီးရောင်စုံတွေ နဲ့ လှပနေတော့ လာလည်သူတွေ အပြည့်နဲ့ ချစ်စရာ ညချမ်းလေးပါ။

အရင်နှစ်က နဲ့ အမှတ်တရပုံလေးတွေ
ဒီနှစ်လာလည်မယ့်သူလေးတွေအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် ချင်းမိုင်မြို့ထဲ သွားလို့ရတဲ့ နေရာလေးတွေ ထဲက တစ်ခု အဖြစ် မျှဝေပေးလိုက်တာပါ။

အားလုံးကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

👉 Car Rental Services @ Chiang Mai.
🚗 4-Seater ( Sedan )
🚘 6-Seater ( SUV )
🚐 10-Seater ( VIP Van )

Contact Us :

☎️ Phone : +66 829919238

📲 Line / WhatsApp : +66 960303534

ချစ်ခင်စွာဖြင့်




#ချင်းမိုင်ပန်းပွဲတော် #ချင်းမိုင်အလည်အပတ်

06/10/2026

🌲 ထင်းရှူးပင်တန်း တွေ မြူခိုးတွေကြားက...ကမ္ဘာငယ်လေး Pang Oung Lake🌲

ဒီနေရာလေးက Ban Rak Thai ကအပြန် မဖြစ်မနေ ဝင်လည်ကြတဲ့ နေရာလေးပါ

ထင်းရှူးပင်တန်း ရဲ့ အလှတရားများ အပြင်
ဆောင်းရာသီဆို ရေကန်ပြင်ပေါ် မြူခိုးတွေဝေလို့
တောင်တန်းတွေနဲ့ လှပတဲ့ ရှုခင်းတွေကြားမှာ ဝါးဖောင်လေး စီးရင်း

အမှန်တကယ် စိတ်ကိုအေးချမ်းစေမယ့် နေရာလေး🍃

ထင်းရှူးတောထဲမှာ Tent လေးတွေငှားပြီး တစ်ညအိပ်မှ ဆောင်းရာသီ မနက်ခင်း မြူခိုးဝေတဲ့ အလှဆုံးအချိန်ကို ခံစားနိုင်မှာပါ။

ချင်းမိုင်မှာ အေးအေးဆေးဆေး စိတ်ချမ်းသာစွာလည်ပတ်ဖို့ ဆိုရင် Royal Lotus Chiang Mai က
အားလုံးကို နွေးထွေးစွာ ကြိုဆိုလျှက်ပါ။

👉 Car Rental Service @ Chiang Mai
🚗 4-Seater ( Sedan )
🚘 6-Seater ( SUV )
🚐 10-Seater ( VIP Van )

Contact Us :

☎️ Phone : +66 829919238
📲 Line / WhatsApp : +66 829919238




#ချင်းမိုင်အလည်အပတ် #ချင်းမိုင်ကားအငှား

Address

Village No. 1, San Sai District
Singapore
50210

Alerts

Be the first to know and let us send you an email when Royal Lotus Chiang Mai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Lotus Chiang Mai:

Shortcuts

Share