Paung pdf သတင်း မျှဝေရာ

07/06/2022

" မာဂုဏ် ရှိတဲ့ဘက်က အသာစီးရမှာပဲ..."

မင်းအောင်လှိုင်က သူအသက်ရှင်နေထိုင်ရေးအတွက်
ဘာမဆိုလုပ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး ဆိုတာကို
နဖူးတွေ့ ဒူးတွေ့ တွေ့မြင်ခဲ့ပြီးဖြစ်တယ်...

ယုတ်အစွဆုံး ေ-ခွးနဲ့ဓာတ်တိုင်ကျန်ခဲ့ရင် ေ-ခွးနဲ့ဓာတ်တိုင်ပဲ
အုပ်ချုပ်မယ်ဆိုတဲ့ တစ်ဘို့တည်းသမား ၊ ငတေမာ...

နောက်ပြီးတော့ မင်းအောင်လှိုင်ကို ဘုရားနဲ့လည်း မခြောက်နဲ့
ဘုရားလည်းကြောက်မှာမဟုတ်ဘူး..သူသိပ်ပြီးတော့ကြောက်တာ
က အိမ်နိမ့်စံဘဝကိုရောက်ရှိပြီးတော့ ကွပ်မျက်ခံရမှာကို ကြောက်
တာပါ...

တကယ်တန်း သူ့ဘက်ကလည်း ဖောင်ဖျ-က်ထားတယ်ဆိုတာ
လုံးဝ မေ့ထားလို့မရပါ...ဒီပွဲက သမိုင်းတစ်လျှောက် အပြင်းထန်
ဆုံး မြန်မာဒါဘီပွဲလို့ ပြောမယ်ဆိုရင်လည်း မမှားဘူး...

ကျနော် ဘာကိုရည်ရွယ်ပြီးပြောချင်တာလည်းဆိုတော့ မအလ
အုပ်စုက တွေ့ဆုံညှိနှိုင်းအဖြေရှာရေးနဲ့ဒီမိုကရေစီ လမ်းကြောင်း
ပေါ် ပြန်လည်ရောက်ရှိရေးဆိုတဲ့ သဘာဝယုတ္တိမကျတဲ့ စကား
တွေကို မျှော်ကိုးပြီး အချိန်ကကုစားသွားမယ်ထင်နေသူတွေကို
အသိပေးချင်တဲ့သဘောပါ... ဒါ ပထမအချက်...

ဒုတိယအချက်အနေနဲ့ မင်းအောင်လှိုင်ဆုံးဖြတ်ထားတာက
သူ့ကိုသစ္စာမခံသူဟူသမျှ တစ်ယောက်မကျန် သု-တ်သင်ဖို့ထိ
ဆုံးဖြတ်ချက်ချပြီးဖြစ်ပါတယ်...

ငါတို့ရှုံးရင် တစ်နိုင်ငံလုံးကို ပြ-ာချခဲ့မယ်ဆိုတဲ့ထိ
အော-က်တန်းကျစွာ ပြောဆိုခဲ့တာကို မှတ်မိမယ်ထင်ပါ
တယ်...

တတိယပြောချင်တဲ့အချက်ကတော့ လက်ဦးမှုရယူဖို့ပါ...
အချိန်ဟာ အကောင်းဆုံးကုစားနိုင်တဲ့သမားတော်ဖြစ်တယ် ၊
အချိန်တစ်ခုပေးရမယ်ဆိုတာ မှန်သင့်သလောက်မှန်ပေမယ့်
ဒီ့ထက်ထိ အချိန်ဆွဲကစားလို့တော့ မကောင်းတော့ဘူး...

ပွဲချိန်ကြာမြင့်လေ ဆုံး-ရှုံးမှုတွေ အဆမတန်မြင့်တက်လေပါပဲ...

ဒါဆို စစ်အုပ်စုနိုင်နေပြီလားမေးရင် စစ်အုပ်လည်းမနိုင်သေးပါ
ဘူး... ဖြည်းဖြည်းနဲ့မှန်မှန် စစ်အုပ်စုကလည်း ပွဲပန်းမှုဒဏ်ကို
အလူးအလဲ ခံစားနေရပါတယ်...

ဒေါ်လာနဲ့ပက်သက်ပြီးတော့လည်း စစ်အုပ်စုလက်ထဲမှာ
မရှိသလောက်ရှားပါးနေပြီဖြစ်လို့ ကျရှုံးနိုင်ငံတစ်ခုဆီကို
ဦးတည်နေပါပြီ...

ပြည်သူတွေကလည်း ကုန်စျေးနှုန်းကြီးမြင့်ဒဏ် ၊ ပျ-က်စီး
ဆုံးရှုံးမှုဒဏ်နဲ့ အသက်အန္တရာယ်ခြိမ်းခြေ-ာက်မှု ဒဏ်တွေကို
ကျောကော့အောင် ခံစားနေရတာပါပဲ...

ဆိုတော့ မာဂုဏ်ရှိတဲ့ဘက်က နောက်ဆုံးအောင်ပွဲခံသွားမှာပဲ...

အနောက်အုပ်စုက မကြပ်ဘူးလားဆိုတော့ ကြပ်ပါတယ်...
အနောက်အုပ်စု အလိုက်သင့်ကြပ်ပေးနေလို့လည်း မအလ
အထီးကျန်နေတာပါ...

မေ-သခင်အပုပ်နံ့ တထောင်းထောင်းထွက်နေသူအတွက်
နေရာမရတာဘဲကြည့်ရင်သိပါတယ်...

ယူကရိန်းလောက်ထောက်ပံ့မပေးတာက ယူကရိန်းစစ်ပွဲဟာ
ကမ္ဘာ့ပထဝီနိုင်ငံရေးကို ပြောင်းလဲသွားစေနိုင်တာဖြစ်လို့
ယူကရိန်းလို အထောက်အပံ့မရတာဖြစ်ပါတယ်...

ပြီးတော့ ကျူးကျော်စစ်နဲ့ ပြည်တွင်းစစ် မတူကွဲပြားတာကို
ကျနော်တို့ နားလည်ထားရမယ်...

မည်သို့ပင်ဆိုစေကာမူ ပြည်သူသည်သာ အခရာကျပါတယ်လေ...

တူမီးနဲ့စတဲ့ခရီး တစ်ဝက်ကျော်ပေါက်လာခဲ့ပြီပဲ...
အောင်မှတ်ကိုကျော်လွန်ပြီး ဂုဏ်ထူးတန်းဝင်တယ်လို့
ဆိုရပါမယ်..

ပြည်ပကို မျှော်ကိုးလို့မဟုတ်ပေမယ့် သံတမန်ရေးထိုးနှပ်ချက်က
စစ်အုပ်စုကို အရှိုက်ထိစေတာတော့ သေချာပါတယ်...

အခု နောက်ဆုံးသိရတဲ့သတင်းတစ်ခုမှာတော့
အမေရိကန် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် အာဆီယံ
နိုင်ငံတချို့နဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမယ်လို့
သိရပါတယ်...

ထို့အပြင် ဩစတြေးလျ ဝန်ကြီးချုပ်ကလည်း အင်ဒိုခရီးစဉ်မှာ
မြန်မာလူ့အခွင့်အရေးနဲ့ပက်သက်ပြီးတော့ လွန်စွာစိုးရိမ်ကြောင်း
ထုတ်ဖော်ပြောဆိုလိုက်ပါတယ်...

ရှင်းအောင်ပြောရရင် စစ်အုပ်စုအဖို့ကား သံတမန်ရေးမှာ
လူရာမဝင်ဘဲ ယက်ကန်ယက်ကန်ဖြစ်နေခြင်းကိုက ပြည်သူ
တွေ နှာတဖြားသာနေပါတယ်...

တစ်ခုရှိတာက တယု-ပ်ထောက်ခံမှုနဲ့ ဝါးလုံးခေါင်းထဲမှာ
လသာနေကြတဲ့ စစ်အုပ်စုဟာ ပြည်တွင်းကို အမှုန့်ကြိ-တ်
ရသလောက်ဆွဲခေါ်သွားမည်ကို မေ့မထားသင့်ပါကြောင်း...

ဒါ့ကြောင့် မာဂုဏ်ရှိတဲ့ဘက်က နောက်ဆုံးအောင်ပွဲခံသွားမှာပါ...
ပြည်သူတွေရဲ့ တောင့်ခံမှုစွမ်းအားက အချိန် ၁နှစ်ခွဲ ကြာမြင့်ချိန်
ထိ ကြံ့ကြံ့ခံနိုင်ကြောင်း သက်သေပြခဲ့ပြီဖြစ်တယ်...

ဆိုတော့ကား စိတ်ဓာတ်မကျပါနဲ့ တောင့်ထားပါ...

မြေကြီးလက်ခပ်မလွဲ ပြည်သူတွေအောင်ပဲရပါလိမ့်မယ်...

🖊️🖊️🖊️
အင်းဝသားကြီး ဖော်ကောင်ငထင်

06/06/2022

တပ်တွင်းရှိ ငှက်ပျောတောများ လျင်မြန်စွာ ပြုန်းတီးလာသဖြင့် အလွန်စိုးရိမ်ကြောင်း သစ်တောဦးစီးဌာန က ထုတ်ပြန်။ 🤣

PDF တပ်ဖွဲ့က ထောင်ထားသည့် မိုင်းကို ဖြုတ်သိမ်းပြီး မိုင်းနှင့်အတူ ဓာတ်ပုံတွဲရိုက်စဉ် မိုင်းပေါက်ကွဲ၍ စခ (၅) ဦး သေဆုံးD D...
05/06/2022

PDF တပ်ဖွဲ့က ထောင်ထားသည့် မိုင်းကို ဖြုတ်သိမ်းပြီး မိုင်းနှင့်အတူ ဓာတ်ပုံတွဲရိုက်စဉ် မိုင်းပေါက်ကွဲ၍ စခ (၅) ဦး သေဆုံး

D Day News
ဇွန်လ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးရွာအနီးတွင် နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲ့ ထောင်ထား သော မိုင်းနှစ်လုံးကို ဖြုတ်သိမ်းပြီး ချိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဘေးတွင် မိုင်းနှင့်အတူ ဓာတ်ပုံတွဲရိုက်စဉ် ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့(ဇွန်လ ၅ ရက်) နံနက် ၈ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာနှင့် ချိုင်းကြီးရွာကြားတွင် အ ကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေခြင်း၊ ချိုင်းကြီး ဘုန်း ကြီးကျောင်းပေါက်တွင် စစ်ဆေးရှာဖွေခြင်းပြုလုပ်ခဲ့ရာ နယ်စည်းမခြား စစ်ကိုင်းသားတပ်ဖွဲ့ကလည်း ယင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရန် မိုင်းထောင်ထားခဲ့ခြင်းဖြစ်သည်။

“ဒီမနက် ၈ နာရီအချိန်မှာ ဖြစ်တာ၊ နယ်စည်းမခြား စစ်ကိုင်းသား ထောင်ထားတဲ့ မိုင်း နှစ်လုံးကို စခတွေ ဖြုတ် သိမ်းသွားပြီးတော့ ချိုင်းကြီးဘုန်းကြီးကျောင်းဘေးမှာ မိုင်းနဲ့အတူ ဓာတ်ပုံတွဲရိုက်ရင်း မိုင်းထကွဲတာ၊ ၅ ဦး သေ တယ်လို့ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာနှင့် ချိုင်းကြီးကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီကားများ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရပြီး စခများ အသေအပျောက်အများဆုံးနေရာလည်း ဖြစ်သည်။

Telegram Link-https://t.me/ddaynewsmyanmar/

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #စစ်ကိုင်းမြို့နယ်

Public Media

05/06/2022

ရော့ အဲ့မှာ တကွက်
******************
၅-၆-၂၂ ရက်နေ့....

အကြံပိုင်တဲ့ တလရတပ်ဖွဲ့ပါ.....

လပ်တီးလာတဲ့ စစ်ကြောင်းမှာ...

လမ်းလယ်မှာ သစ်တုံး ပိတ်ခံထားပြီး...

စခတို့ လာဆင်းဖယ်ခါမှ....

နှစ်ဆင့်မိုင်းစာကျွေးလိုက်ရာ...
စခ(၃၀)ခန့်...ဒွမ်...

အခုမှ ပူပူနွေးနွေးရှိသေးတာမို့.....

နယ်မြေဒေသ မပြောပြသေးတာနော်.....

အဲ့မှ တကွက် ပြလိုက်တာ.....
ဘယ်နယ်ရှိစ....မသာ ဘဝ....
🇲🇲K.K.S

နိုင်ငံပျောက်သူကြည့်ပြီး မျက်ရည်များတောင်ကြတယ်ဆိုတဲ့ဟာတွေ သိဖို့။လွင်ကိုလတ် တူတဝမ်းကွဲ အမျိုးနှစ်ဆယ်လောက် အဆိုင်လန်လျောက...
05/06/2022

နိုင်ငံပျောက်သူကြည့်ပြီး မျက်ရည်များတောင်ကြတယ်ဆိုတဲ့ဟာတွေ သိဖို့။

လွင်ကိုလတ် တူတဝမ်းကွဲ
အမျိုးနှစ်ဆယ်လောက် အဆိုင်လန်လျောက်ထား။

အမတ် သောက်စုတ်တွေမိသားစုလိုက်ပြေး။
သူတို့ အမျိုးနွယ်တွေပါ ပြေးကြ။

မဲဆောက်မှာ မူရီးကားသွားဖို့ ကျပြိဆိုရင်
ပါတီတွေလုပ်ကြ။

ဟန်ထူးလွင် မေရိကန်ရောက်။
ဒေါင်းက သွားရန်လျောက်ထားနေ။

ဏကြီးနဲ့ ပိုင်ဖြိုးသုက မဲဆောက်ဟိုတယ် မှာ ၃ ရက်နေ့ကပဲ အမေရိကန် အင်တာဗျူး။သွားတော့မယ်။

မင်းမော်ကွန်းက သြဇီမှာ

လင်းလင်း ချစ်သုဝေက
အမေရိကန်သွားရန်တရက်အလို။

ရည်မွန့်သမီးက တစ်လ ဒေါ်လာငါးသောင်းပေးရတဲ့ မေရီလန်း ဆေးတက္ကသိုလ် တက်။

ဇော်ဝေစိုးသမီးက စလုံးမှာ ပျော်နေတာ
အင်စတာဂရမ်မှာမြင်မကောင်း။

နိုင်ငံတွေပျောက်နေ့ကြတာမြင်မကောင်းဘူး။

Crd ရဲဘော် ဆင်မကြီး

05/06/2022

ဖရဲသီးရှာမရလို့
တစ်စခန်းလုံး ဖမ်းထားတယ်တဲ့။
ဖရဲသီး ရှာချင်တာများ
စျေးထဲ သွားပါလား။
ဥာဏ်ပုလေးတွေ
crd

စစ်ကောင်စီ စစ်သင်္ဘော (၃) စီး လမ်းခုလတ်တွင်အနီးကပ်စောင့်ကြိုတိုက်ခိုက်ခံရပြီး သင်္ဘောစလင်ကိုကျည်ထိမှန်လို့ စစ်တပ်ဘက်က ထိ...
05/06/2022

စစ်ကောင်စီ စစ်သင်္ဘော (၃) စီး လမ်းခုလတ်တွင်အနီးကပ်စောင့်ကြိုတိုက်ခိုက်ခံရပြီး သင်္ဘောစလင်ကိုကျည်ထိမှန်လို့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှ်ိနိုင်

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်

ရွှေကူမြို့မှ စုန်ဆင်းထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစီးကို ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် မြို့လှ KPDF တပ်မှ လမ်းခုလတ် မြစ်ကမ်းတနေရာတွင် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF ထံကသိရသည်။

"ဒီနေ့တိုက်ပွဲမှာသေဆုံးမှုကိုတော့ ကျွန်တော်တို့ အတိအကျမသိရဘူး။ ဘာလို့ဆိုတော့ သူတို့ဖက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတာရယ် သူတို့သင်္ဘောအနီးကို လုံခြုံရေး အပြည့်ယူထားတာရယ်ကြောင့် မျက်မြင်တွေ့ရှိသူတွေ သိနိုင်ဖို့မလွယ်ဘူး။အနီးကပ်တေ့ပစ်တော့ စစ်တပ်ဘက်က ထိခိုက်မှုတော့ရှိနိုင်တယ်" လို့ မြို့လှ KPDF မှ တာဝန်ရှ်ိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီရေယာဥ်ပစ်ခတ်တိုက်ခိုက်ခံရမှုသည် မိုးကြိုးဦးဆောင်သော မြို့လှ KPDF တပ်ခွဲ (၁) မှ တပ်စုမှူး ရွှေဒေါင်းဦးဆောင်ပြီး လင်းဝါနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် ကျောက်ကြီးရွာနှင့် ဆင်ကုန်တိုင်ရွာကြား မြစ်ကမ်းတနေ့ရာမှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မြို့လှ KPDF ကဆိုသည်။

ထို့ပြင် H-22 လက်လုပ်ရှေ့ပြေးမိုင်း ၄ လုံး၊ Gun ငယ်အပါအဝင် လက်ထောက်သီး ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး ရ အတန်းလိုက်စုန်ဆင်းလာသည့် သင်္ဘောသုံးစီးအနက် နောက်ဆုံးအစီး၏ စလင်ခန်းသို့ လက်နက်ထိမှန်ခဲ့သည် ဟု၎င်း တပ်ဖွဲ့ဝင်ကဆက်လက်ပြောဆိုသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီသင်္ဘောမှာ အထိနာသွားပြီး သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ပြီး ဘိုကုန်းရွာ၌ ဆိုက်ကပ်သွားခဲ့ပြီး မြို့လှ KPDF တပ်မှ အထိအခိုက်မရှိပဲ အသာစီးရယူ ပစ်ခတ်နိုင်ခဲ့သည်ဟု မြို့လှ PDFက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း မေလ ပထမပတ်ကစတင်ပြီးစစ်ကောင်စီပျူစေားထီးပူးပေါင်းအဖွဲ့နှင့်ဒေသကာကွယ်ရေးတပ်တို့အကြား နေ့စဥ်တိုက်ပွဲများပိုမိုပြင်းထန်လာပြီး စစ်တပ်က ပြည်သူများနေအိမ်တွေက်ို အဆက်မပြတ် မီးတင်ရှို့နေကြောင်းဒေသခံများထံကသိရှိရသည်။

http://lm.facebook.com/l.php?u=http%3A%2F%2Fwww.daweiwatch.com%2F2022%2F06%2F05%2Fnews%2F40928%2F&h=AT3XTXY28RuNyYymhP1Q...
05/06/2022

http://lm.facebook.com/l.php?u=http%3A%2F%2Fwww.daweiwatch.com%2F2022%2F06%2F05%2Fnews%2F40928%2F&h=AT3XTXY28RuNyYymhP1Q_IRj1VH-uJ0ZGVBffO2tkqWnUqmlVTQWm7jV4ItcCYftoBPR4EEHSuyJYysxSywVWEHdkh-IFwK2f0KPVs9AvxqSjp6J2D-Z3WJdq9i1T132Luk

“အရှေ့ကမ်းရော အနောက်ကမ်းရော လူမရှိတော့ဘူး။ တောထဲအကုန် ဝင်ပြေးကုန်ကြပြီ” ဟု လယ်သစ်ရွာသားတစ်ဦးက ပြောသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Paung pdf โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์