06/06/2026
📈 Bangkok မြေဈေးတွေ ဆက်တိုက်မြင့်တက်နေဆဲ — စီးပွားရေးနှေးကွေးနေသော်လည်း!
ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်နှေးကွေးနေချိန်မှာတောင် Bangkok ရဲ့ မြေဈေးတွေကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
Colliers International (Thailand) ရဲ့ 2025 Report အရ Bangkok CBD (Central Business District) အတွင်းရှိ မြေကွက်များဟာ စံချိန်တင်ဈေးနှုန်းများနဲ့ ဆက်လက်ရောင်းဝယ်နေပြီး မြေပိုင်ရှင်အများစုကလည်း ရောင်းချဖို့ စိတ်မဝင်စားကြသေးပါဘူး။
Developer ကြီးများနဲ့ ရင်းနှီးမြှုပ်နှံသူများက Bangkok မြို့ကို ဆက်လက်စိတ်ဝင်စားနေကြတာကြောင့် မြေဈေးကျဆင်းမယ့် အလားအလာကို မတွေ့ရသေးပါ။
📊 2025 ခုနှစ် ပထမ 7 လအတွင်း မြေယာနှင့် အိမ်ခြံမြေ အရောင်းအဝယ်တန်ဖိုး စုစုပေါင်းမှာ ဘတ် 403.9 Billion ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက 41.4% လျော့နည်းခဲ့ပါတယ်။
ဒါပေမယ့် ဒီကျဆင်းမှုဟာ Asset Value ကျဆင်းခြင်းမဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတွင်း မသေချာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုသတိထားလာခြင်းကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
🏆 2025 ခုနှစ် Bangkok ရဲ့ ဈေးအကြီးဆုံး မြေနေရာ 10 ခု
1️⃣ Wireless Road – 4,000,000 THB / Sq.Wah
2️⃣ Chidlom – 3,200,000 THB / Sq.Wah
3️⃣ Ploenchit – 3,000,000 THB / Sq.Wah
4️⃣ Silom – 2,700,000 THB / Sq.Wah
5️⃣ Sukhumvit – Thonglor – 2,600,000 THB / Sq.Wah
6️⃣ Sathorn – 2,500,000 THB / Sq.Wah
7️⃣ Sukhumvit – Asoke – 2,550,000 THB / Sq.Wah
8️⃣ Yaowarat – 1,900,000 THB / Sq.Wah
9️⃣ Phaya Thai – 1,800,000 THB / Sq.Wah
🔟 Sukhumvit – Ekkamai – 1,800,000 THB / Sq.Wah
💡 Colliers Thailand မှ Research Director ဖြစ်သူ Phattarachai Taweewong ၏ သုံးသပ်ချက်အရ Lang Suan, Silom, Sathorn နှင့် Sukhumvit တို့သည် Bangkok ရဲ့ Demand အမြင့်ဆုံးနှင့် ဈေးအကြီးဆုံး Zone များအဖြစ် ဆက်လပ်တည်နေဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြေဈေးတက်ပြီးသွားရင် ပြန်ကျတာ ရှားပါးလေ့ရှိတဲ့အတွက် Bangkok CBD မြေဈေးများဟာ 2026 အထိ ဆက်လက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Bangkok ဟာ အရှေ့တောင်အာရှရဲ့ အရေးကြီးဆုံး Real Estate Investment Destination တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
📍 သင်သာ ရင်းနှီးမြှုပ်နှံသူဆိုရင် ဘယ် Area ကို စိတ်ဝင်စားဆုံးလဲ?