Siam Burma Real Estate BKK

Siam Burma Real Estate BKK ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Siam Burma Real Estate BKK, ผู้พัฒนาด้านอสังหาริมทรัพย์, Bangkok.

02/06/2024
02/06/2024
Bangkok မှာ Condo ဝယ်မယ်ဆိုရင်...𝗖𝗮𝗽𝗶𝘁𝗮𝗹𝗶𝘇𝗮𝘁𝗶𝗼𝗻 𝗥𝗮𝘁𝗲 ဆိုတာကို နားလည်ထားရင် ပိုကောင်းပါတယ်။ Bangkok မှာမှ မဟုတ်ပါဘူး၊ Rea...
02/06/2024

Bangkok မှာ Condo ဝယ်မယ်ဆိုရင်...

𝗖𝗮𝗽𝗶𝘁𝗮𝗹𝗶𝘇𝗮𝘁𝗶𝗼𝗻 𝗥𝗮𝘁𝗲 ဆိုတာကို နားလည်ထားရင် ပိုကောင်းပါတယ်။ Bangkok မှာမှ မဟုတ်ပါဘူး၊ Real Estate Valuation or Comparison (တန်ဖိုးဖြတ်ခြင်း/ နှိုင်းယှဉ်ခြင်း) လုပ်တဲ့အခါ ဒါဟာ အသုံးဝင်တဲ့ (Metrics) ညွှန်းကိန်းတစ်ခု ဆိုရင် မမှားပါဘူး။

*****
𝐂𝐚𝐩 𝐑𝐚𝐭𝐞 = 𝐍𝐞𝐭 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐧𝐠 𝐈𝐧𝐜𝐨𝐦𝐞 / 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐕𝐚𝐥𝐮𝐞

Capitalization Rate ကို သိချင်ရင် Condo အခန်းရဲ့ တစ်နှစ်စာ ဝင်ငွေ ကိုတည်ပြီး Condo ရဲ့ ကာလတန်ဖိုးနဲ့ စားရမှာပါ။

*****
𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐕𝐚𝐥𝐮𝐞 = 𝐍𝐞𝐭 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐧𝐠 𝐈𝐧𝐜𝐨𝐦𝐞 / 𝐂𝐚𝐩 𝐑𝐚𝐭𝐞

အလားတူပဲ ... Condo ရဲ့ တန်ရာတန်ကြေးကို သိချင်ရင်လဲ သူ့ရဲ့ NOI ကို တည်ပြီး CR ရဲ့ စားရင် Property Value ကိုရပါတယ်။

*****
AP Thailand ရဲ့ The Address Asoke Condo ကို ဥပမာပေးပါမယ်။

The Address Asoke , အဆင့်မြင့် ကွန်ဒို
Built 2012 , ၁၀ နှစ်သက်တမ်း
2 Mins to MRT, နေရာကောင်း မြို့လယ်ခေါင်, MRT အနီး

Price 6,590,000 baht
Price per Square Metre 144,000 baht

20,000 baht per Month အခန်းငှားခ တစ်လစာ
တစ်နှစ်စာ 12 x 20,000 = 240,000 baht / annum

Minus Agent Fees ပွဲစားခ တစ်လစာနှုတ် 20,000
Maintenance Fees တစ်နှစ်စာနှုတ် ခန့်မှန်း 30,000

Net Operating Income 240,000 - (20,000+30,000)
190,000 baht

Cap Rate = 190,000 / 6,590,000
2.88 %

2.88% ဆိုတော့ ဒီကွန်ဒိုကို ဒီဈေးနဲ့ ဝယ်မယ်ဆိုရင် ကိုက်မယ် ထင်လား ? ဒါမှမဟုတ် တခြားနေရာမှာ Invest လုပ်မလား ?

အကယ်၍ ဒီကွန်ဒိုကို အရင်က ဈေးသက်သက်သာသာနဲ့ ဝယ်ထားတယ် ဆိုပါစို့။ ကွန်ဒိုက တန်ဖိုးတက်လာပေမယ့် ဝင်ငွေက တက်မလားဘူးဆိုရင် (Cap Rate decreased) ကွန်ဒိုကိုရောင်း၊ ငွေဖော်ပြီး ဘဏ်ထဲ ထည့်ထားရင် ဘဏ်တိုးက ပိုကိုက်မလား ???

2.88% ဟာ မြန်မာပြည်က ဘဏ်တိုးနဲ့ ယှဉ်ရင်တော့ မကိုက်ပါဘူး။ သို့ပေမဲ့ နိုင်ငံရပ်ခြားမှာတော့ အတိုးနှုန်း အင်မတန်နည်းပါတယ်။ ထိုင်းဘဏ်တွေရဲ့ စုငွေအတိုးနှုန်းဟာ တစ်နှစ်ကို 1% အောက်ပဲ ရပါတယ်။ ဘဏ်တိုးထက် သာတာကြောင့် ထိုင်းလူမျိုးတော်တော်များများဟာ Property Invest လုပ်ကြပါတယ်။ ကျွန်တော်အရင်က ငှားနေတဲ့ Condo ပိုင်ရှင် ထိုင်းလင်မယားဆို Condo ၅ ခန်းလောက်ပိုင်ပါတယ်။

ကဲ ... အပေါ်က ဥပမာအရဆို ဒီ Property ရဲ့ Cap Rate ဟာ 2.88% ရှိတယ်။ အဲ့နားပတ်ဝန်းကျင်မှာ ရှိတဲ့ အလားတူ အဆင့်တူ Property တွေကို 2.8 to 3% Cap Rate နဲ့ တန်ဖိုးဖြတ်ကြည့်ကြရအောင် ...

*****
The Address ရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ Segment တန်းတူ Villa Asoke Condo ဆိုရင် 46sqm အခန်း တစ်လငှားခဟာ 19,000 ပါ။ ဒီအခန်းရဲ့ တန်ဖိုးကို ခန့်မှန်း သိချင်ရင်

Propert Value = 180,000 / 2.88% = 6,250,000 baht
ဝန်းကျင် ကျသင့်တယ်လို့ ခန့်မှန်းလို့ရပါတယ်။

*****
ကျွန်တော်တို့ Property တွေကို တန်ဖိုးဖြတ်တဲ့အခါ Cap Rate Method တစ်ခုတည်းကိုပဲ အမှီပြုလို့တော့ မရပါဘူး။ တခြားနည်းလမ်းတွေနဲ့ ပေါင်းစပ်နှိုင်းယှဉ်ပြီး သုံးရင်တော့ ပိုပြီး နီးစပ်ပါလိမ့်မယ်။

Cap Rate များရင် ဝင်ငွေများတယ်၊ ဝယ်ထားတဲ့ဈေးထက် ဝင်ငွေက ပိုကောင်းတယ် ဆိုတဲ့သဘော။ High Risk လဲ ဖြစ်ပါတယ်။

Cap Rate နည်းရင်တော့ အမြတ်များများလိုချင်တဲ့ Investor တွေက Low Risk ဆိုပေမဲ့ သိပ်သ‌ဘောမတွေ့ကြပါဘူး။

BKK CONDO TOUR

#ထိုင်းကွန်ဒို

 # # (5)နှစ်ထိသက်တမ်းတိုးနိုင်မယ့် ထိုင်း Destination Visa (DTV) အသစ်  # #ထိုင်းက စီးပွားရေးလုပ်ငန်းများမြှင့်တင်ဖို့အတွ...
02/06/2024

# # (5)နှစ်ထိသက်တမ်းတိုးနိုင်မယ့် ထိုင်း Destination Visa (DTV) အသစ် # #

ထိုင်းက စီးပွားရေးလုပ်ငန်းများမြှင့်တင်ဖို့အတွက် Visa ဖြေလျော့မှုတွေ လုက်လိုက်ပါတယ်။

အဲ့ထဲက (၅)နှစ်ထိ သက်တမ်းတိုးနေထိုင်နိုင်မယ့် DTV Visa ကို ယခုလာမယ့် June လ တစ်ရက်နေ့ကနေ စတင်ခွင့်ပြုလိုက်ပါတယ်။

👉Destination Visa ကို လျှောက်ထားနိုင်မယ့် သူများကတော့

🔸ပညာ အရည်အချင်းရှိတဲ့ နိုင်ငံခြားသားများ
🔸ဒစ်ဂျစ်တယ် ပညာရှင်များ
🔸နိုင်ငံခြားမှ အလုပ်တွေကို ထိုင်းမှာ အွန်လိုင်းကနေ လာရောက်လုပ်ကိုင်သူများ။
🔸Freelancer များ
🔸မွေထိုင်း သင်တန်း တက်သူများ
🔸ထိုင်း ဟင်းချက်နည်း သင်တန်း တက်သူများ
🔸အားကစား သင်တန်းတက်သူများ
🔸ဆေးကုသသူများ
🔸နိုင်ငံတော်အဆင့် အစည်းအဝေး တက်ရောက်သူများ
🔸အနုပညာနဲ့ ဂီတ ပွဲတော် လာရောက်သူများ
🔸DTV ရထားသူများရဲ့ ခင်ပွန်း၊ ဇနီးနဲ့ အသက် ၂၀ နှစ်အောက် သားသမီးများ

👉Destination Visa ရဲ့ လိုအပ်ချက်များကတော့

🔸အသက် ၂၀ ပြည့်ပြီးသူ ဖြစ်ရပါမည်။
🔸အနည်းဆုံး ဘတ် ၅ သိန်းနဲ့ ညီမျှတဲ့ Financial Proof တင်ပြရပါမည်။

👉Destination Visa ရဲ့ သက်တမ်း ကတော့

🔸Destination Thailand Visa (DTV) ဟာ သက်တမ်းအားဖြင့် တစ်ကြိမ်လျှင် ရက်ပေါင်း (၁၈၀) ရရှိမှာ ဖြစ်ပြီးတော့ (၅) နှစ်အထိ သက်တမ်းတိုးပြီး နေထိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ Visa သက်တမ်းတစ်ကြိမ်တိုးတိုင်း ရက်ပေါင်း (၁၈၀) အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

👉Visa Feeကတော့

🔸Visa Fee က ဘတ် ၁၀,၀၀၀ ဖြစ်ပြီး သက်တမ်းတိုးတိုင်း နောက်ထပ် ဘတ် ၁၀,၀၀၀ ပေးဆောင်ရမှာပါ။


#ထိုင်းကွန်ဒို

🚶‍♀️🌟 ဘန်ကောက် ဆိုတဲ့ english စကားလုံးကနေ ထိုင်းဘာသာရော ပြီးပြောင်းလိုက်တဲ့ Bangkok က trourist attraction Place တစ်ခု  🌟...
02/06/2024

🚶‍♀️🌟 ဘန်ကောက် ဆိုတဲ့ english စကားလုံးကနေ ထိုင်းဘာသာရော ပြီးပြောင်းလိုက်တဲ့ Bangkok က trourist attraction Place တစ်ခု 🌟🚶‍♂️

ဒီ Pathumwan လမ်းဆုံက ONESIAM skywalk ကတော့ Bangkok ဆိုတဲ့စာလုံးကြောင့် ဓာတ်ဖမ်းတဲ့သူတွေများအပြားရှိနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့်ဒီရက်ပိုင်းမှာ တော့ ထိုင်း- english စာရောလိုက်တာကြောင့် လာသူတစ်ချို့ကလည်း သဘောမကျဖြစ်နေကြတာပါ။ 🌆✨


နှစ်တော်​တော်ကြာ အောင်ဒီနေရာလေးက လည်းဘန်ကောက်မြို့တည်းက လည်စရာကောင်းတဲ့နေရာ လေးဖြစ်ခဲ့ပေမယ့် Bangkok ဆိုတဲ့ စာသားလေးပါတွဲမြင်နေကြမလို့ ပုံတစ်ပုံပြတာနဲ့ ဘယ်နေရာဆိုတဲ့ Signature တစ်ခုလို့တောင်ဖြစ်နေခဲ့ပါပြီ။ 🙌❤️

ဘန်ကောက်ရဲ့အကောင်းမွန်ဆုံး မိုးပျံလမ်းလျှောက်များထဲမှ တစ်ခုဖြစ် သလို ဒီလိုပြောင်းလဲမှုတွေရှိလာတော့ အခုဖတ်ရှုနေတဲ့သူတွေကော ဘယ်လိုများမြင်ကြပါသလဲ။ 🌉


#ထိုင်းကွန်ဒို

သေချာရဲ့လား ⁉️ ထိုင်းမှာ ကွန်ဒို ဝယ်ရင် 4️⃣9️⃣ % ပဲ ပိုင်ဆိုင်နိုင်မယ်ဆိုတာ၊ 🇹🇭 ထိုင်းနိုင်ငံသား နာမည်ခံ လိုကို လိုတယ်ဆိ...
02/06/2024

သေချာရဲ့လား ⁉️ ထိုင်းမှာ ကွန်ဒို ဝယ်ရင် 4️⃣9️⃣ % ပဲ ပိုင်ဆိုင်နိုင်မယ်ဆိုတာ၊ 🇹🇭 ထိုင်းနိုင်ငံသား နာမည်ခံ လိုကို လိုတယ်ဆိုတာ …

ထိုင်းကွန်ဒို ဥပဒေ ပုဒ်မ (၁၉) အရ နိုင်ငံခြားသား သီးသန့် အထူး ရောင်းချပေးနေလို့

✅ ထိုင်း နာမည်ခံ လုံးဝ မလိုအပ်တဲ့

✅ ဝယ်ယူသူတိုင်း 100 % တိတိ ကိုယ့်အမည်ပေါက် နဲ့ကိုယ် ပိုင်ဆိုင်နိုင်မယ့်

Regent Home Bangna Tower C မှာ ဆိုရင်တော့ ဒါဟာ လုံးဝ ဥဿုံ မှားပါတယ် …

ဒါ့အပြင် ကွန်ဒို မြေဧရိယာကိုပါ 4️⃣9️⃣ % တိတိ Co-Owner အနေနဲ့ စပ်တူ ပိုင်ဆိုင်နိုင်ဦးမှာ ဖြစ်တာကြောင့်

နိုင်ငံခြားသားတစ်ယောက် အနေနဲ့ 💯 တင်းပြည့် ကျပ်ပြည့်တာထက်တောင် ကျော်လွန်ပြီးတော့ ပိုင်ဆိုင်နိုင်တယ်လို့ ဆိုရမှာပါ …

စျေးနှုန်းအားဖြင့် ဆိုရင်လည်း ဘန်ကောက်မှာရော၊ ရန်ကုန်မှာပါ မြေလှန်ရှာရမယ့် ကွန်ဒိုစျေး

မြန်မာငွေ သိန်း 1400 ပတ်ချာလည်တည်းကိုမှ အရစ်ကျနဲ့ ဝယ်ယူနိုင်မှာ ဖြစ်တာကြောင့်

Regent Home Bangna ဟာ ထိုင်းနိုင်ငံရဲ့ အရောင်းအသွက်ဆုံး ကြိုပွိုင့် ကွန်ဒိုတွေထဲက တစ်ခု ဖြစ်လို့ နေပါတယ် …

လက်ရှိမှာဆို Tower A, C နဲ့ D တို့မှာဆို ထိုင်းရှယ်ယာ 96% အထိ ရောင်းချပြီးဖြစ်ပြီး Tower C မှာလည်း အခန်း အရေ အတွက် အနည်းငယ်သာ ကျန်တော့လို့

သင်ရော ဘယ်လိုလဲ ❓ ဘယ်တော့လဲ ❓ နောက်ကျမှတော့ နောင်တ မရစေနဲ့နော်

➖➖➖

Are you sure that if you buy a condo in Thailand, you will have to give up 51% of the condo ownership to a Thai national ⁉️

Well, it may be true in many cases, but not at Regent Home Bangna Tower C.

There, you are entitled to own a condo totally by yourself, as it is sold exclusively to foreigners in accordance with Thai Condominium Act 19.😇

Moreover, you are eligible to possess 49% of the total saleable area of the condo land.

And in addition to its reasonable price of only 1.4 million THB with installment plans, It has become one of the best-selling condos in 🇹🇭 Thailand.

As of right now, it has sold over✨ 96% of the Thai Share at Towers A, B, and D, and only a few units are available at Tower C.

So what about you ❓
If you don’t want to miss out on this opportunity, don’t hesitate to reach out to us.

📨 Direct message us.

#ထိုင်းကွန်ဒို #ဘန်ကောက်ကွန်ဒို



မြန်မာငွေလက်ရှိပေါက်ဈေးအရ သိန်း၁၆၀၀ မှ သိန်း၁၈၀၀ အောက်ထစ် တန်ဖိုးရှိပါသော ဆောက်လက်စကြိုပွိုင့် Condo တွင် အခန်းများ ရောင...
01/06/2024

မြန်မာငွေလက်ရှိပေါက်ဈေးအရ သိန်း၁၆၀၀ မှ သိန်း၁၈၀၀ အောက်ထစ် တန်ဖိုးရှိပါသော ဆောက်လက်စကြိုပွိုင့် Condo တွင် အခန်းများ ရောင်းပါမည်ခင်ဗျာ။ ထိုင်းငွေဆိုရင် ဘတ် ၁.၄သန်းမှ၁.၆သန်းကြားပါ။ 2024 December တွင် အခန်းအပ်ပါမည်။ အက်မင်ကိုယ်တိုင်ရောင်းချပေးထားတာ အခန်းအများကြီးရှိထားပြီးပါပြီဗျာ။ မြန်မာငွေကြေးထပ်မကျခင်ဝယ်ယူသင့်ပါတယ်ဗျ။

Regent Bangna condo ကတော့ ဘန်ကောက်မြို့အတွင်း Bangna Area မှာ ဆောက်လုပ်လျှက်ရှိပြီး
🍏Tower {A,B,C,D} ၄ခုဖြစ်ကာ Tower C ၁ခုထဲက အိမ်ခန်းတွေကိုပဲ နိုင်ငံခြားသားဝယ်ယူနိုင်တာဖြစ်ပါတယ်။
🍏Total unit 5000ကျော်ဖွဲ့တည်ဆောက်နေပြီး Tower C မှာတော့ Unit 1,660 ရှိပါမယ်
🍏Car Parking area 1620 unit လို့အကြမ်းဖျင်းသတ်မှတ်ထားပေးပါတယ်။

🛍️Regent Bangna condo ကိုဝယ်ယူမယ်ဆိုရင် မြေဈေးစတင်တက်နေပြီဖြစ်တဲ့ မိုးပျံရထားအစိမ်းရောင်လိုင်းဘေးမှာ သိန်း၂၀၀၀မပြည့်တဲ့ပမာဏနဲ့အိမ်ခန်းသန့်သန့်လေးရရှိပါမယ်။ မိုးပျံရထားလိုင်းမှတဆင့် ဘန်ကောက်မြို့ရဲ့ ပျော်ရွှင်ဖွယ်စည်းစိမ်ပြည့်နေရာတွေကို ကားကြပ်ပြီးလမ်းစားရိတ်ဈေးကြီးစွာဖြင့်သွားစရာမလိုတော့ပါဘူး။ ရထားနဲ့အေးဆေးပေါ့ပါးတနေရာပြီးတနေရာဝယ်ခြမ်းလည်ပတ်ရုံပါပဲ။
🎁အိမ်ပရိဘောဂတွေဝယ်ယူမယ်ဆိုရင်လည်း Homepro,IKEA,BigC,Lotus,Index Living တို့လို နာမည်ကြီးတွေက Bangna area ထဲမှာဖြစ်တဲ့အတွက် ဘယ်နားသွားရှာရမလဲခေါင်းစားနေစရာမလိုပါဘူး။
သိပ်မကြာတော့တဲ့နှစ်မှာ အရှေ့တောင်အာရှတွင်အကြီးဆုံးဖြစ်တဲ့ Bangkok Mall လည်းပေါ်လာအုန်းမှာဖြစ်ပါတယ်။

🧧ငွေကြေးကိစ္စအတွက် Condo ပတ်လည်မှာ SCB,Kasikorn,Bangkok bank တွေရှိပါသေးတယ်။ ပညာရေးအတွက် University ရှိပြီး မွေထိုင်းသင်ချင်ရင်တောင်ရပါသေးတယ်ဗျ။

📮ရောင်းချပေးတဲ့ ဘတ်ငွေ ၁.၄သန်းမှ၁.၆သန်းကြား (မြန်မာငွေသိန်း၁၆၀၀-၁၈၀၀အောက်ထစ်) ဆိုတဲ့ငွေကြေးပမာဏသုံးပြီး ပြန်ရမယ့်နေထိုင်မှုဘဝပုံစံက ထိုက်တန်တယ်လို့ခံစားရစေပါတယ်။ ဈေးနှုန်းထက်ရေရှည်နေထိုင်ရမယ့် ခံစားချက်ကိုကြည့်ရင်ပိုတောင်တန်နေပါသေးတယ်။

🚦ဘတ်ဂျက်ကွန်ဒိုဖြစ်လို့ ဝယ်သူအတွက် အိမ်ခန်းသန့်သန့်လေးထဲမှာ ဘိုထိုင်အိမ်သာ၊ရေချိုးခန်းကြွေပြားကပ်၊မီးဖိုချောင်နဲ့ဝရံတာမှန်တံခါးကန့်/ကြွေပြားကပ်ပေးမှာကလွဲရင် အခြားမည့်သည့်ပရိဘောဂမှ မပါဝင်ပါဘူးဗျ။
အိမ်ခန်းလေးဝယ်လိုက်ပြီးရင်တော့ အိမ်တွင်းပိုင်းပြင်ဆင်မှုက မိမိစိတ်ကြိုက်မွမ်းမံခြယ်သနိုင်ပါတယ်။

⛺️အိမ်ခန်းအကျယ်ကတော့ 28sq.m ဖြစ်ပြီး အိပ်ခန်းပြန့်ဖွဲ့နေလည်းရသလို ကိုယ့်မိသားစုချည်းပဲဆိုရင် အဆင်ပြေသလိုနေထိုင်နိုင်မှာဖြစ်ပါတယ်ဗျ။

💎ဘတ်ဂျက်ကွန်ဒိုလေးဆိုပေမယ့် အလွှာအမြင့်ဆုံး ၃၂လွှာထိရှိပြီး ရှုခင်းလှတဲ့အပြင် Facilities တွေလည်းကောင်းလို့ အက်မင်ကတော့ ဈေးတန်တယ်လို့ခံစားရပါတယ်။
💎Facilities တွေကတော့ Ground Floorမှာ စိမ်းစိုလန်းဆန်းတဲ့ ဥယျာဉ်မြေပါဝင်ပြီး private lobby, Private area လည်းထားပေးမှာလို့သိရပါတယ်။
4th floor မှာတော့ ကလေးတွေကစားဖို့နေရာ၊ ရေကူးကန်အကြီး/အသေး၊Fitness room,Yoga room, Boxing room,Sky Foliage Garden, Floating Garden စတာတွေ အတော်လေးစုံစုံလင်လင်ပါဝင်ပါသေးတယ်ဗျ။
💎အမြင့်ဆုံး ၃၂လွှာမှာဆိုရင်လည်း လှပတဲ့ရှုခင်း/နေထွက်နေဝင်အချိန်တွေကိုခံစားလို့ရမယ့် Skyview Co-working space လည်းပါဝင်ပါသေးတယ်ဗျ။

Condo တခုရဲ့တန်ဖိုးဆိုတာကလည်း နေရာကောင်း/ထိန်းသိမ်းမှုကောင်းရင် တန်ဖိုးကလည်း တက်နေဆဲဖြစ်တာမို့ ကိုယ်တိုင်နေဖို့ပဲဖြစ်စေ၊ပိုငွေလေးမြှုပ်ရင်းထားချင်လို့ဖြစ်စေ 🦋တန်ကောင်းသက်သာနေချင်စရာ🦋Regent Bangna project လေးကိုရွေးချယ်တာတော့မမှားပါဘူးခင်ဗျ။

🙏ကွန်ဒိုမဝယ်ခင် လိုက်ကြည့်ချင်ပါက Page CB မှာစာပို့ချိန်းဆိုနိုင်ပါတယ်ဗျ။
Page မှာဖော်ပြထားတဲ့ အခြားသော ကွန်ဒိုတွေကိုလည်းရွေးချယ်နိုင်ပါတယ်။

13000နဲ့ Elio Del Nest လို Facility မိုက်တဲ့ Condoမှာနေရမယ်အရှေ့မှာလည်း Makro ရှိပြီး လမ်းထိပ်တွင်လည်း BTS နဲ့ မုန့်ဈေးတ...
01/06/2024

13000နဲ့ Elio Del Nest လို Facility မိုက်တဲ့ Condoမှာနေရမယ်
အရှေ့မှာလည်း Makro ရှိပြီး လမ်းထိပ်တွင်လည်း BTS နဲ့ မုန့်ဈေးတန်းရှိပါတယ်။

No Agent fee

Project Name: Elio Del Nest

Property Overview
•Type: Condominium Complex
•Location: Udomsuk, Bangna
•Near BTS Udomsuk
•Layout: 1 Bedroom, 1 Bathroom
•Area: 28 Sq.m.
•Floor: 30 Floor

Key Features
•Interior Highlights: Fully Furnished + Electrical Appliances
•Kitchen
•Electricity: အစိုးရစျေး
•Water: အစိုးရဈေး

Facilities
•Proper Condo Management
•Gym Facilities
•Swimming Pool
•Security System

Financial Details
•Per Month: 13,000 Baht (1 Year Contract)
•Noted: 2 Months Deposit | 1 Month Advance

Ph/Line -0990574235
Vb-09972957008

ที่อยู่

Bangkok
10240

เบอร์โทรศัพท์

+66947734005

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Siam Burma Real Estate BKKผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์