18/07/2026
𝐀𝐬𝐬𝐞𝐭 𝐅𝐢𝐯𝐞 𝐆𝐫𝐨𝐮𝐩 (𝐀𝟓) ကနေပီး အိမ် ၁၈ လုံးပဲ ပါတဲ့ 𝐮𝐥𝐭𝐫𝐚 𝐥𝐮𝐱𝐮𝐫𝐲 𝐩𝐫𝐢𝐯𝐚𝐭𝐞 𝐞𝐬𝐭𝐚𝐭𝐞 ဖြစ်တဲ့ 𝐂𝐈𝐍𝐐 𝐑𝐨𝐲𝐚𝐥 𝐓𝐡𝐞 𝐄𝐢𝐠𝐡𝐭𝐞𝐞𝐧 𝐁𝐚𝐧𝐠𝐧𝐚 𝐊𝐌.𝟕 ရဲ့ မိတ်ဆက်ပွဲ 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 ကို ညီလေး ကိုသူ က လိုက်ခဲ့ ဆိုပီးခေါ်တာနဲ့ညနေက ရောက်ဖြစ်ခဲ့တယ်ပေါ့။
𝐁𝐚𝐧𝐠 𝐍𝐚 က ကျနော်ဘန်ကောက်ပြောင်းကာစ လွန်ခဲ့တဲ့ ၄ နှစ်ခွဲနဲ့ မတူတော့ဘူး။ 𝐁𝐚𝐧𝐠𝐤𝐨𝐤 ရဲ့ 𝐍𝐞𝐰 𝐆𝐫𝐨𝐰𝐭𝐡 𝐃𝐢𝐬𝐭𝐫𝐢𝐜𝐭 ကြီးကို ဖြစ်လာနေတာ မျက်စိရှေ့တင်။
အိမ်စျေးတွေက လည်း ဘတ် သန်း ၁၃၀ ကနေ သန်း ၁၅၀ အထက်ဆိုတော့ 𝐂𝐍𝐈𝐐 𝐑𝐨𝐲𝐚𝐥 မှာအိမ်ဝယ်တာထက် 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 နဲ့ 𝐥𝐢𝐟𝐞 𝐬𝐭𝐲𝐥𝐞 တစ်ခုကို ရင်းနှီးမြှုပ်နှံတာလို့ပဲ ပြောရမယ်ထင်တယ်။
အိမ်ရဲ့ အပေါ်ဆုံးထပ် ၃ လွှာကနေ 𝐌𝐮𝐚𝐧𝐠 𝐊𝐚𝐞𝐰 𝐆𝐨𝐥𝐟 𝐂𝐨𝐮𝐫𝐬𝐞 ကို လှမ်းမြင်နေရတာကတော့ အမိုက်ဆုံးပါပဲ။ ⛳️