Royal Lotus Chiang Mai

Royal Lotus Chiang Mai 🌟 Car Rental Service @ Chiang Mai 🌟

💚 စိမ်းစိုနေတဲ့ မြင်ကွင်းတွေ နဲ့ အတူ Kaomai Lanna Resort เก๊าไม้ล้านนา รีสอร์ท 💚💚 ချင်းမိုင်ကနေ ၁ နာရီလောက် သွားရပြီး၊ D...
22/08/2026

💚 စိမ်းစိုနေတဲ့ မြင်ကွင်းတွေ နဲ့ အတူ Kaomai Lanna Resort เก๊าไม้ล้านนา รีสอร์ท 💚

💚 ချင်းမိုင်ကနေ ၁ နာရီလောက် သွားရပြီး၊ Doi Inthanon အသွားလမ်းမှာ ဝင်ဖြစ်တဲ့ ရှေးဟောင်း သမိုင်းဝင် ဆေးရွက်ကြီး အခြောက်ခံ အဆောက်အဦ များကို မူလ ပုံစံ မပျက်စေပဲအလှပဆုံး မွမ်းမံပြင်ဆင်ထားတဲ့ Boutique စတိုင် Resort လေး။

🍃 ဝင်လိုက်တာနဲ့ သဘာဝသစ်ပင်ကြီးများအုံ့ဆိုင်းနေပြီး၊ အရိပ်ရ သစ်ပင် နွယ်ပင် များ လွှမ်းခြုံထားတဲ့ပုံစံဖြင့် ပြန်လည်ဆန်းသစ်ထားတဲ့ စိတ်အေးချမ်းရာ အပန်းဖြေစခန်း တစ်ခုလည်းဖြစ်ပါတယ်။

🍃 ဒီနေရာလေးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ UNESCO Asia-Pacific Cultural Heritage Conservation Award (2018) အပါအဝင် နိုင်ငံတကာ ဗိသုကာ ဒီဇိုင်းဆုများစွာ ဆွတ်ခူးရရှိထားတာကြောင့် တစ်ခေါက်လောက် သွားရောက် လည်ပတ် ကြည့်ပါနော်။

🍃 Kaomai Lanna Resort အတွင်း ဘာတွေရှိလဲ ဆိုရင်...
☕️ ဆေးရွက်ကြီး အခြောက်ခံရုံ အဆောက်အအုံဟောင်းအတွင်း ဖွင့်လှစ်ထားတဲ့ Café Rong Bom ကော်ဖီဆိုင်လေးကလည်း ပိတ်ရက်တွေမှာ ဆို လာရောက်လည်ပတ်သူများနဲ့ စည်ကားလှပါတယ်။

🧋 Tao Cha Tea House မှာတော့ ကိုယ်ပိုင်ခြံထွက် လက်ဖက်ခြောက်များဖြင့် ဖော်စပ်ထားတဲ့ လက်ဖက်ရည်မျိုးစုံ ရရှိပါတယ်။

🍲 လတ်ဆတ်သော သဘာဝဟင်းသီးဟင်းရွက်များနှင့် ဒေသထွက် ဟင်းလျာများစွာ ရရှိတဲ့ Poliang Bistro စားသောက်ဆိုင်

🍃 Museum & Heritage Trail လိုသမိုင်းဝင် ဆေးရွက်ကြီး ထုတ်လုပ်မှု နောက်ခံသမိုင်းကြောင်းကို လေ့လာနိုင်တဲ့ ပြတိုက်နှင့် လျှောက်လမ်းများ အပြင်

ရေကူးကန်၊ Thakan Spa၊ Yoga သင်တန်းများ စုံလင်စွာရှိတာမို့ ဝင်ရောက်လေ့လာ ရင်း အပန်းဖြေနိုင်ပါတယ်။




🙏 ချင်းမိုင်မြို့က ဘုရားဖြူလို့ နာမည်ကြီးတဲ့ Wat Phra That Si Mueang Pong 🙏▫️ ချင်းမိုင်မြို့တွင်းက နာမည်ကြီး ဘုရားကျောင...
21/08/2026

🙏 ချင်းမိုင်မြို့က ဘုရားဖြူလို့ နာမည်ကြီးတဲ့ Wat Phra That Si Mueang Pong 🙏

▫️ ချင်းမိုင်မြို့တွင်းက နာမည်ကြီး ဘုရားကျောင်းတွေနဲ့ မတူ...သဘာဝတောတောင်အလှတွေ ခံစားရင်း၊ အေးချမ်းစွာ ဘုရားဖူးချင်သူများအတွက်...Wat Phra That Si Mueang Pong ကလည်း သွားရောက်သင့်တဲ့ ဘုရားကျောင်း တစ်ခု ဖြစ်လာပါတယ်။

စေတီတော်ရင်ပြင်မှ လှမ်းမျှော်ကြည့်ရင် ပတ်ဝန်းကျင်က တောင်တန်းရှုခင်းတွေရဲ့အလှ Panoramic View ကိုလည်း ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ခရီးသွားဧည့်သည်များ လာရောက်မှု နည်းပါးသေးတဲ့အတွက် ဆိတ်ငြိမ်အေးချမ်းပြီး၊ တရားဘာဝနာ ပွားများချင်သူများအတွက် အထူးသင့်တော်ပါတယ်။

စေတီတော်ပေါ် သို့ သွားရာ တောင်ပေါ်လမ်းမှာ အလွန်မက်စောက်ပြီး၊ ကျဉ်းမြောင်းတဲ့အတွက် ကိုယ်ပိုင်ကား နှင့် ဆိုင်ကယ်များ အပေါ်အထိ တက်ခွင့်မပြုတော့ပဲ။
တောင်ခြေအောက်မှာ ရပ်နားထားပြီး၊ သဘာဝတောအုပ်ကြားမှ လှေကားထစ်ပေါင်း ၉၀၀ ကျော်ရှိတဲ့ခြေလျင်လမ်းကနေ တက်ရောက်နိုင်သလို...တောင်အောက်မှာ စီစဉ်ထားတဲ့ ကြိုပို့ယာဉ်များ နဲ့လည်း လွယ်ကူစွာ တက်ရောက်နိုင်ပါတယ်။



🍃 Beautiful  Evening Scenery…A memorable moment at a place on the banks of the Chao Phraya River in Bangkok.🍃 သာယာလှတဲ့ ...
21/08/2026

🍃 Beautiful Evening Scenery…

A memorable moment at a place on the banks of the Chao Phraya River in Bangkok.

🍃 သာယာလှတဲ့ ညနေခင်း ရှုခင်းလေးတွေ…

ဘန်ကောက်မြို့ ကျောက်ဖယားမြစ်ကမ်းတစ်နေရာရောက် အမှတ်တရ


19/08/2026

🌸 Ying Yong Flower Garden မှာ ခဏတာ 🌸

တောင်တန်းရှုခင်း တွေ၊ တိမ်တိုက် မြူခိုးတွေ၊ ပန်းခင်းတွေကြားက တံတားဖြူဖြူလေးပေါ် လမ်းလျှောက်ရင်း... သန့်ရှင်းတဲ့လေထု နဲ့ ပန်းရနံလေးတွေ ခံစားရင်း...စိတ်ကို ကြည်လင် လန်းဆန်းစေတဲ့ အခိုက်အတန့်လေး

▫️ ပန်းခင်းတွေ
▫️ View Point တွေ
▫️ လိမ္မော်ခြံတွေ
▫️ သိုးခြံတွေ
▫️ Coffee ဆိုင်လေးတွေ
▫️ ဖန်လုံးအိမ်လှလှလေးတွေ
တစ်နေ့တည်းနဲ့ စုံလင်အောင် လည်ပတ်ဖို့ ကျွန်တော်တို့ရဲ့ Private Car & Van Rental Service ဆက်သွယ်လိုက်ပါနော်။



💐 ဒီရက်ပိုင်း လာလည်သူလေးတွေ ဘာကြောင့် Mon Jam ကိုပဲ သွားနေကြလဲ ဆိုရင် 🌿အကြောင်းရင်းကတော့ ဒီလထဲ ပန်းခင်းလှလှလေးတွေ အသစ်ဖွ...
18/08/2026

💐 ဒီရက်ပိုင်း လာလည်သူလေးတွေ ဘာကြောင့် Mon Jam ကိုပဲ သွားနေကြလဲ ဆိုရင် 🌿

အကြောင်းရင်းကတော့ ဒီလထဲ ပန်းခင်းလှလှလေးတွေ အသစ်ဖွင့်လှစ်လိုက်တော့ Influencer တွေရဲ့အကြိုက်ပေါ့။

🌹 สวนกุหลาบโรแมนติกชิดขอบฟ้า_အရမ်းလှတဲ့ နှင်းဆီပန်းခင်းကြီး 🌹
တောင်တန်းရှုခင်းတွေကြားမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ကောင်းတဲ့နေရာ ✨

💐 The First Miracle Flower Castle_ရဲတိုက်ပုံစံလေး တည်ဆောက်ထားတဲ့ ပန်းခင်း 💐
ထူးခြားတဲ့ ပန်းခင်းအပြင်အဆင် နဲ့ ဓာတ်ပုံရိုက်ချင်သူတွေအတွက်

🌸 Ying Yong Flower Garden_တောင်စောင်းပေါ်က တံတားလေးနဲ့ ပန်းခင်းလေး 🌸
တောင်တန်းရှုခင်း၊ လတ်ဆတ်တဲ့လေထု နဲ့ ပန်းခင်းတွေရဲ့အလှကို တစ်နေရာတည်းမှာ ခံစားနိုင်မှာပါ။

🌼 Pang Hwa_ပန်းခင်းတွေနဲ့ လိမ္မော်ခြံလေး 🍊
သဘာဝဆန်ဆန်နေရာလေးကိုလည်း သွားကြည့်သင့်ပါတယ်။

☕️ YODDOI Cafe ☕️
တောတောင်ရှုခင်းတွေကို ကြည့်ရင်း Coffee လေးသောက်ပြီး အေးအေးဆေးဆေး နားလို့ကောင်းတဲ့ ဆိုင်လေး 🌿☕️

☕️ R Roon Cafe 🌸
ပန်းခင်းတွေနဲ့အတူ Coffee သောက်ရင်း အေးချမ်းတဲ့ Mon Jam ရဲ့ အလှကို ခံစားလို့ရတဲ့နေရာလေး 💐☕️

☕️ WTF Coffee Camp 💦
ရေတံခွန်လေးနဲ့ သဘာဝတောတောင်ရှုခင်းတွေကြားမှာ Coffee သောက်လို့ရတဲ့ အမိုက်စားနေရာလေး 🌿☕️

📸 ပန်းခင်းတွေ • တောင်တန်းရှုခင်းတွေ • လိမ္မော်ခြံတွေ • သိုးခြံတွေ • Coffee ဆိုင်လေးတွေ
တစ်နေ့တည်းနဲ့ လည်ပတ်စရာတွေ အများကြီးရှိနေပြီမို့ ဒီရက်ပိုင်း Chiang Mai ရောက်နေတယ်ဆိုရင် Mon Jam ကို မမေ့နဲ့နော် 💚

ဒီနေရာလေးတွေ သွားချင်ရင် ဆက်သွယ်လိုက်ပါနော်။



#မွန်းဂျမ်အလည်အပတ်ခရီး

🔅 ဒီလို Review ကောင်းလေးတွေ ရထားတဲ့ ကား နှင့် ကားဆရာတွေ ရှိလို့၊ Royal Lotus Chiang Mai နဲ့ လာလည်ဖူးတဲ့ Customer တွေ ဆီက...
16/08/2026

🔅 ဒီလို Review ကောင်းလေးတွေ ရထားတဲ့ ကား နှင့် ကားဆရာတွေ ရှိလို့၊ Royal Lotus Chiang Mai နဲ့ လာလည်ဖူးတဲ့ Customer တွေ ဆီက တဆင့် နောက်ထပ် Customer အသစ်လေးတွေ ထပ်မံရရှိနေတာ ဖြစ်ပါတယ်။

ပွင့်လင်းရာသီ ဆို Booking တွေ ရက်တိုင်းလိုလို ပြည့်နေတဲ့ ကားကောင်း ကားသန့်လေးတွေ ရဖို့ရယ်
အဆင်ပြေတဲ့ ကားဆရာတွေ နဲ့ စိတ်အေးချမ်း စွာ ခရီးသွားနိုင်ဖို့ရယ်
လူကြီးမင်းတို့ လာမယ့်ရက်လေးတွေ သေချာပြီဆိုရင် အခုကတည်းက ကြိုတင် Reserve လုပ်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။

🔅 အထူးသဖြင့် လာလည်သူများတဲ့ ရက်တွေက
▪️ မြန်မာ သီတင်းကျွတ် ကျောင်းပိတ်ရက်
▪️ ထိုင်းလွယ်ကထုံ ပွဲတော်ရက်
▪️ နှစ်သစ်ကူး ပွဲတော်ရက်
တွေမှာ တချို့ကားလေးတွေ Booking ပြည့်နေပါပြီ။

👉 Booking ပြုလုပ်ချင်ရင်တော့ အသေးစိတ်ကို

📩 Page Messenger မှ ဖြစ်စေ

📱+66 829919238 ( Line / WhatsApp ) မှဖြစ်စေ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🌏 www.royalsmartgo.com
မှာလည်း ကိုယ်တိုင်ဝင်ရောက် Booking ယူနိုင်ပြီ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါး ပါရစေ။

Thanks_for_Your_Reviews




#ချင်းမိုင်အလည်အပတ် #ပွင့်လင်းရာသီ

14/08/2026

🌷🌷🌷 Romantic Rose Garden 🌷🌷🌷
🌷🌷 အရမ်းလှတဲ့ နှင်းဆီပန်းခင်း 🌷🌷

🌷 Mon Jam ရဲ့ တောင်တန်း ရှုခင်းတွေ နှင့် သဘာဝအလှအပတွေကြားက အားလုံးမျှော်လင့်နေကြတဲ့ နှင်းဆီပန်းခင်းကြီးပြန်လည်ဖွင့်လှစ်နေပါပြီ။

ဒီရက်ပိုင်း လာလည်မယ့်သူတွေ သွားရောက်လည်ပတ်နိုင်ဖို့ Comment မှာ Location လေး ထည့်ပေးထားပါတယ်။

Mon Jam ခရီးစဉ်လေးမှာ အမှတ်တရ မျိုးစုံ ခံစားနိုင်ဖို့...
• ပန်းခင်း တွေ
• လိမ္မော်ခြံ တွေ
• သိုးခြံ တွေ
• ကော်ဖီဆိုင် လှလှလေးတွေ
• စမ်းချောင်းဘေးက စားသောက်ဆိုင်လေးတွေ
ဆီလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

🌷 မကြာမှီ အေးချမ်းတဲ့ ရာသီဥတု နဲ့ အတူ ပြန်လည် စည်ကား လာတော့မယ့် Mon Jam 🌷

ဒီလို လှပတဲ့ နေရာလေးတွေ စုံလင်အောင် သွားရောက် ခံစားချင်ရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်။




#နှင်းဆီပန်းခင်းကြီး #ချင်းမိုင်အလည်အပတ်

✨ ချင်းရိုင်_မယ်ဆိုင်_ရွှေတြိဂံ ခရီးစဉ် ✨ မှသည်စက်လှေလေး စီးကာ လာအိုဘက်သို့ အလွယ်တကူ သွားရောက်နိုင်ပါတယ်။လာအိုဘက်သို့ ရေ...
13/08/2026

✨ ချင်းရိုင်_မယ်ဆိုင်_ရွှေတြိဂံ ခရီးစဉ် ✨ မှသည်စက်လှေလေး စီးကာ လာအိုဘက်သို့ အလွယ်တကူ သွားရောက်နိုင်ပါတယ်။

လာအိုဘက်သို့ ရောက်ရှိပါက Tram ကားလေးနဲ့ သွားနိုင်ပါတယ်။ Guide တစ်ယောက် က လည်ပတ်သင့်တဲ့ နေရာတွေကို ရှင်းပြ ပြီး၊ ပို့ဆောင်ပေး ပါတယ်။

လာအိုဘက်ခြမ်း မှာတော့ ခေတ်မှီ အဆောက်အဦးများနှင့် ကာစီနို ရုံများ ကို သွားရောက်လေ့လာနိုင်မယ့် အတွေ့အကြုံ တစ်ခုပါ။ ဘုရားကျောင်းများ၊ အပန်းဖြေစခန်းများ၊ စားသောက်ဆိုင်များ စုံလင်စွာ သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ချင်းရိုင် မယ်ဆိုင် ခရီးစဉ်က နေ့ချင်းပြန်သွားရင် နေရာစုံ ရောက်ဖို့ မလွယ်တာမလို့၊ ညအိပ်ခရီးစဉ်လေးတွေ သွားကြပါတယ်။

ပုံလေးတွေကတော့ အရင်နှစ်က လာလည်သွားတဲ့ အန်တီ နှင့် ညီမလေးတို့ အဖွဲ့၊ ပုံလေးတွေ တင်ခွင့်ပေးလို့ ကျေးဇူးပါ။


#အလည်အပတ်ခရီး
#ကားငှားဝန်ဆောင်မှု #ချင်းမိုင်ကားအငှား

💥 Royal Smart Go 💥 ကတော့ 🪷 Royal Lotus Chiang Mai 🪷 ရဲ့ Official Booking Platform ဖြစ်ပြီး၊ ကျွန်ုပ်တို့ရဲ့ Car Rental &...
12/08/2026

💥 Royal Smart Go 💥 ကတော့ 🪷 Royal Lotus Chiang Mai 🪷 ရဲ့ Official Booking Platform ဖြစ်ပြီး၊
ကျွန်ုပ်တို့ရဲ့ Car Rental & Travel Services တွေကို Online မှတဆင့် ပိုမိုလွယ်ကူစွာ Booking ပြုလုပ်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးနေတဲ့ Platform ဖြစ်ပါတယ်။

💻 Booking တင်ရန်
🌐 www.royalsmartgo.com

Royal Lotus Chiang Mai 🤝 Royal Smart Go
Same Trusted Service • Easy Online Booking

💥 Our New Website is Live Now! 💥

Royal Lotus Chiang Mai မှ ဝန်ဆောင်မှုပေးနေသော Car Rental Services များကို အခုဆိုရင် Online မှာ ပိုမိုလွယ်ကူစွာ စိတ်တိုင်းကျ Booking ပြုလုပ်နိုင်ပါပြီ။

✨ Royal Smart Go_Car Rental Service ✨

🚘 Private Car & Van Rental

✈️ Airport Transfer

🗺️ Chiang Mai Day Trips

👨‍✈️ Professional Driver Services

💻 Easy Online Booking

တို့ကို လွယ်ကူစွာ ကြည့်ရှုနိုင်ပါတယ်။

👉 Visit Our Website
🌐 www.royalsmartgo.com

သင့်ခရီးစဉ်အတွက် Reliable • Comfortable • Professional Car Rental Service ကို ရွေးချယ်လိုက်ပါ။

🤝 Your Trusted Travel Partner in Chiang Mai

Royal Smart Go_Car Rental Service
Powered by Royal Lotus Chiang Mai
8.8.2026

🏨 ချင်းမိုင်ကို လာရောက် လည်ပတ်သူတွေ ဘာကြောင့် Thapae Place Chiang Mai ဟိုတယ် ကို ရွေးချယ်ကြသလဲ?📍 Location အရ Old City တိ...
12/08/2026

🏨 ချင်းမိုင်ကို လာရောက် လည်ပတ်သူတွေ ဘာကြောင့် Thapae Place Chiang Mai ဟိုတယ် ကို ရွေးချယ်ကြသလဲ?

📍 Location အရ Old City တို့ ၊ Tha Phae Gate တို့ နဲ့ဈေးဝယ်လို့ကောင်းတဲ့ Warorot Market ၊ မြို့ထဲက ဘုရားကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ လည်း နီးတာကြောင့်
ကားမငှားပဲ Chiang Mai ကို လည်ပတ်ချင်သူများအတွက်လည်း အဆင်ပြေပါတယ်။

💰 နေရာအနေအထား ကျယ်ဝန်းပြီး၊ အခန်းဈေးနှုန်းလည်း ချိုသာတဲ့ အတွက် Budget Save ဖြစ်ချင်သူတွေ၊ ရက်ကြာကြာ နေမယ့်သူတွေ၊ လူများများ လာလည်ကြတဲ့သူတွေ အတွက် ပိုပြီး အဆင်ပြေပါတယ်။

🍳 ဧည့်သည်တွေ အထူး သဘောကျကြတဲ့အချက်တစ်ခုက Breakfast ပါ။ ရွေးချယ်စရာများပြီး အရသာကောင်းသလို ပေးရတဲ့ စျေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တန်တယ်လို့ ပြောကြပါတယ်။

😊 ဝန်ထမ်း တွေရဲ့ ဝန်ဆောင်မှုကလည်း ကောင်းမွန်ပြီး Friendly ဖြစ်တဲ့ အတွက်စိတ်ချမ်းသာစွာ တည်းနိုင် ကြပါတယ်။

Chiang Mai ကို လာရောက်လည်ပတ်ဖို့ သုံးချင်တဲ့ Budget အလိုက် အခန်း အငှား နှင့် ကားအငှား လိုအပ်ရင် အချိန်မရွေး ဆက်သွယ်လို့ရပါတယ်နော်။

💕 လာလည်သွားတဲ့ ညီမလေးတို့ မိသားစု ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။




#ဟိုတယ် #ကားအငှား

Address

Village No. 1, San Sai District
Singapore
50210

Alerts

Be the first to know and let us send you an email when Royal Lotus Chiang Mai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Lotus Chiang Mai:

Shortcuts

Share