AI Property Management Thailand

  • Home
  • AI Property Management Thailand

AI Property Management Thailand Thailand expert- Property Management- Thai, China, English, Burmese speaking 🇹🇭🇨🇳🇬🇧🇲🇲

🇹🇭 ထိုင်းအိမ်ခြံမြေ သတင်းကောင်း! 🇹🇭 (၂-၃ နှစ်အတွင်း ဈေးကွက် ပြန်လည်ဦးမော့လာနိုင်)ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အန...
20/11/2025

🇹🇭 ထိုင်းအိမ်ခြံမြေ သတင်းကောင်း! 🇹🇭
(၂-၃ နှစ်အတွင်း ဈေးကွက် ပြန်လည်ဦးမော့လာနိုင်)

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အနိမ့်ဆုံးကျဆင်းမှုအဆင့်ကို ကျော်လွန်သွားပြီဖြစ်လို့ လာမယ့် ၂ နှစ်မှ ၃ နှစ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်တဲ့ လက္ခဏာတွေ စတင်တွေ့ရှိနေရပြီလို့ Housing Business Association ဥက္ကဋ္ဌ Sunthorn Sathaporn က ပြောကြားလိုက်ပါတယ်။

အဓိက အချက်အလက်များ

✅ ပြန်လည်ကောင်းမွန်မည့် လက္ခဏာများ

အိမ်ထောင်စုကြွေးမြီ (Household Debt) ဟာ GDP ရာခိုင်နှုန်းနဲ့ယှဉ်ရင် ၉၁% ကနေ ၈၈% ဝန်းကျင်အထိ အနည်းငယ်ကျဆင်း လာပါတယ်။ ဒါဟာ ဘဏ်ချေးငွေရရှိဖို့ အလားအလာ ပိုကောင်းလာစေပါတယ်။

Developer များက ရပ်နားထားသော စီမံကိန်းများကို ပြန်လည်စတင် နေကြပြီ။

ပို့ကုန်တိုးတက်မှု၊ ခရီးသွားလုပ်ငန်း (Tourism) ပြန်လည်ကောင်းမွန်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များက ဈေးကွက်ကို ထောက်ပံ့ပေးပါလိမ့်မယ်။

❌ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုများ

"Credit Bottleneck" (ချေးငွေ ပိတ်ဆို့မှု) - ဘဏ်ချေးငွေရရှိရန် ခက်ခဲနေသေးပြီး၊ အထူးသဖြင့် ကွန်ဒိုဈေးကွက် က အထိနာနေဆဲ ဖြစ်ပါတယ်။

မြင့်မားနေဆဲဖြစ်သည့် အိမ်ထောင်စုကြွေးမြီကြောင့် ဝယ်လိုအားကို ဆက်လက်ထိခိုက်နေဆဲ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ အချက်- အိမ်ခြံမြေကဏ္ဍဟာ ပုံမှန်အားဖြင့် GDP တိုးတက်မှုနှုန်းထက် ၂ ဆ ပိုမြန် လေ့ရှိပါတယ်။ ဒါကြောင့် စီးပွားရေး တိုးတက်လာသည်နှင့်အမျှ အိမ်ခြံမြေကဏ္ဍသည် ပိုမိုမြန်ဆန်စွာ ဦးမော့လာနိုင်ပါတယ်။

Experts များက လာမယ့်နှစ်ကို ထိုင်းအိမ်ခြံမြေဈေးကွက်အတွက် သံသရာစက်ဝန်းအသစ်တစ်ခုရဲ့ အစ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ရင်းနှီးမြှုပ်နှံသူများနှင့် နေထိုင်သူများအတွက် အချိန်ကောင်းတစ်ခု ရောက်ရှိလာတော့မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref:Nation Thailand

#ထိုင်းအိမ်ခြံမြေ #ထိုင်းကွန်ဒို #ရင်းနှီးမြှုပ်နှံမှု

🔥 The NEXT Jedyod3 Condo - နှစ်ကုန် ရှင်းလင်းရောင်းပါမယ် (End-of-Year Clearance Sale) 🔥Nimman ရဲ့ နောက်ဆုံးပေါ် အဖိုးတန်...
19/11/2025

🔥 The NEXT Jedyod3 Condo - နှစ်ကုန် ရှင်းလင်းရောင်းပါမယ် (End-of-Year Clearance Sale) 🔥
Nimman ရဲ့ နောက်ဆုံးပေါ် အဖိုးတန် ကွန်ဒိုမီနီယမ် စီမံကိန်း! 🏠
ဒါက ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး အခွင့်အရေးပါ။

💰 ဈေးနှုန်း အထူးလျှော့ချခြင်း 💰
1Bed Room စုစုပေါင်းဈေးနှုန်း ထိုင်းဘတ်၂၃.၉သိန်း (2.39 Million THB) မှစဝယ်ယူနိုင်ပါပြီ! ⚡️
1+1Bed Room စုစုပေါင်းဈေးနှုန်း ထိုင်းဘတ်၂၉.၉သိန်း (2.99 Million THB) မှစဝယ်ယူနိုင်ပါပြီ!

✨ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် (Investment Highlights) ✨
✅ Excellent Rental Yield: 7% အထိ အကျိုးအမြတ် ရရှိနိုင်ခြင်း! (Up to 7% Rental Return!)
✅ အငှားလိုက်လံမှု လိုအပ်ချက် မြင့်မားခြင်း တစ်နှစ်ပတ်လုံး အခန်းရှာရခက်လောက်အောင် ငှားလိုသူများ များပြား! ⚠️ (High Demand - Rooms are rarely vacant!)
ငှားရမ်းသူ အဓိက အုပ်စုများ: တက္ကသိုလ်ကျောင်းသားများ (University Students)၉၀၀၀၀ကျော်ရှိပြီး နှင့် နိုင်ငံတကာမှ လာရောက်နေထိုင်သူများ (International Residents/Travelers) ၁၉၀၀၀၀ကျော်နေထိုင်ခြင်းမှ ဆက်တိုက် ငှားရမ်းနေခြင်း။

📍 နောက်နှစ်၆လပိုင်းပြီးစီးမည့်ကွန်ဒိုမီနီယမ် ဖြစ်တဲ့တွက် 30%စသွင်းပြီး ကျန်70%ကိုနောက်နှစ်၅လပိုင်းမှပေးသွင်းရမှာပဲဖြစ်တယ်။ ကွန်တိုတစ်ခန်းတည်းဖြင့် အားလုံးကို ပိုင်ဆိုင်လိုက်ပါ (All in One)!

Nimman-MAYA စီးပွားရေး ဗဟိုချက် (Core Business Area) အနီး၊Investmentအကောင်းဆုံးProject! 🛍️☕️

Chiang Mai ရဲ့ အကောင်းဆုံး Lifestyle နေရာမှာ နေထိုင်ပါ!

အခန်း အရေအတွက် နည်းပါးနေပါပြီ! နောက်ဆုံး အခွင့်အရေးကို လက်လွတ်မခံပါနဲ့! ယခုပဲ စုံစမ်းမေးမြန်းလိုက်ပါ!

🏡 Aspire Sukhumvit 103: ရင်းနှီးမြှုပ်နှံဖို့ အချိန်ကောင်း! 📈​⚠️ ၈% ဈေးတက်တော့မှာနော်!​Aspire Sukhumvit 103 ကို ဝယ်ယူဖို...
17/11/2025

🏡 Aspire Sukhumvit 103: ရင်းနှီးမြှုပ်နှံဖို့ အချိန်ကောင်း! 📈

​⚠️ ၈% ဈေးတက်တော့မှာနော်!

​Aspire Sukhumvit 103 ကို ဝယ်ယူဖို့ စိတ်ဝင်စားသူများ အနေဖြင့်၊ လာမည့် သောကြာနေ့ မတိုင်ခင် ဘတ် ၅ သောင်း ပေးချေပြီး ကျွန်တော်တို့နှင့်အတူ အခန်းလာရောက်ရွေးချယ်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

​✨ စတင်စျေးနှုန်းနှင့် ငွေပေးချေမှု အစီအစဉ်
​အခန်းတန်ဖိုးက ၂.၅ MB ဝန်းကျင် ကနေ စတင်ပါတယ်။

​Booking Fees ဘတ် ၅ သောင်း ပေးသွင်းပြီးနောက်၊ တစ်လခန့်အကြာမှ အခန်းတန်ဖိုးရဲ့ ၁၂% ကိုသာ ပေးချေရမှာ ဖြစ်ပါတယ်။

​အခန်းအပ်နှံမှုကတော့ ၂၀၂၇ ခုနှစ် ဇူလိုင်လ မှာ ဖြစ်ပါတယ်။

​📍 နေရာကောင်း၊ အခွင့်အရေးကောင်း
​ဒီ Project ဟာ Udomsuk ရဲ့ နာမည်ကြီး Elio Del Nest နဲ့ မျက်နှာချင်းဆိုင် မှာ တည်ရှိမှာဖြစ်ပါတယ်။
​နေရာကောင်းဖြစ်တဲ့အတွက် အငှားစျေးကွက်က အလွန်ကောင်းမွန်ပါတယ်။ 1 Bedroom ကို ဘတ် ၁၅,၀၀၀ လောက်ကနေ စတင်ပြီး ငှားရမ်းနိုင်ဖို့ မျှော်မှန်းထားပါတယ်။

​နိုင်ငံပေါင်းစုံမှ လူမျိုးစုံ နေထိုင်ကြတဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ရောင်းချပေးနေတာဟာ Condo ကို ရောင်းတာထက် နေရာကောင်း တစ်ခုကို ရင်းနှီးမြှုပ်နှံဖို့ ရောင်းချပေးတာပါဆိုရင် ပိုမှန်ပါတယ်။

​🏗️ စီမံကိန်း အခြေအနေ
​Project မြေနေရာမှာ မြေစတင်တူးဖော်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ လာရောက်ကြည့်ရှုလိုပါက ကျွန်တော် လိုက်လံပြသပေးပါမယ်။
​လက်မလွှတ်သင့်တဲ့ အခွင့်အရေးမို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ

အသေးစိတ်ထပ်မံသိရှိလိုပါက ဘန်ကောက်အိမ်ခြံမြေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Page ရဲ့ Chat Box မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ! 💌

AI Property Management
📱Hotline - (+66) 090 199 5900
📩 Messenger - m.me/ai.rental9999
🌐 Social Media - openlink.co/ai_property9999

​

🐕🐈 Pet Friendly Condo ချင်းမိုင်မှာ... ဘတ် ၂၁ သိန်းနဲ့ အပန်းဖြေဖို့/အလုပ်လုပ်ဖို့! 💻​ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့...
17/11/2025

🐕🐈 Pet Friendly Condo ချင်းမိုင်မှာ... ဘတ် ၂၁ သိန်းနဲ့ အပန်းဖြေဖို့/အလုပ်လုပ်ဖို့! 💻

​ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ ချင်းမိုင်ရဲ့ အေးချမ်းတဲ့လေကို ရှူရှိုက်ရင်း... ကိုယ်ပိုင် Condo တစ်ခန်းကို ပိုင်ဆိုင်ချင်သူများအတွက်ပါ။

​WFH (Work From Home) သမားများနဲ့ အပန်းဖြေအနားယူလိုသူ ၂ ဦး အတွက် သင့်တော်ပြီး၊
​Top Developer Ornsirin ရဲ့ Off-Plan Project ကို ဘတ် ၂၁ သိန်း ဝန်းကျင်ကနေစပြီး ဝယ်ယူလို့ရပါပြီ။

​ဘာလို့ Off-Plan ကို ရွေးချယ်သင့်သလဲ?
အခန်းအပ်မှသာ လက်ကျန်ငွေပေးရသော စနစ်ကြောင့် စိတ်အေးလက်အေး ပိုင်ဆိုင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။

​ဘာလို့ Investment ဖြစ်သင့်သလဲ?
AirBNB အတွက် Demand မြင့်မားခြင်းကြောင့်ဖြစ်ပါတယ်။

​၂၀၂၆ Q1 မှာ အေးအေးဆေးဆေး ပိုင်ဆိုင်ဖို့၊ စျေးနှုန်းအသေးစိတ်သိရှိဖို့နှင့် Project ပုံများကို ကြည့်ရှုဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

အသေးစိတ်ထပ်မံသိရှိလိုပါက ထိုင်းနိုင်ငံ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Page ရဲ့ Chat Box မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ! 💌

AI Property Management
📱Hotline - (+66) 090 199 5900
📩 Messenger - m.me/ai.rental9999
🌐 Social Media - openlink.co/ai_property9999

#ချင်းမိုင်အိမ်ခြံမြေ

💥 𝐂𝐨𝐧𝐝𝐨 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧: အခွင့်အရေး လက်မလွတ်ပါနဲ့! 💰 စျေးနှုန်း: ဘတ် ၁၉.၉ သိန်း မှ စတင်! (𝟐𝟓 စတုရန်းမီတာ)🔑 ပိုင်ဆိုင်မှု လမ်းက...
14/11/2025

💥 𝐂𝐨𝐧𝐝𝐨 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧: အခွင့်အရေး လက်မလွတ်ပါနဲ့!
💰 စျေးနှုန်း: ဘတ် ၁၉.၉ သိန်း မှ စတင်! (𝟐𝟓 စတုရန်းမီတာ)

🔑 ပိုင်ဆိုင်မှု လမ်းကြောင်း:
* 𝟓𝟎% ပေးချေပြီး ချက်ချင်း နေထိုင် လို့ရပြီ!
* ကျန်ငွေကို ၁၈ လအတွင်း ၂ ကြိမ် ခွဲပေးရုံနဲ့ အခန်းပိုင် ဖြစ်ပြီ! (𝐈𝐧𝐬𝐭𝐚𝐥𝐥𝐦𝐞𝐧𝐭 စနစ်)

✨ ယခုအချိန် အထူး 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ရှိပါတယ်! ✨
𝐏𝐞𝐭 𝐅𝐫𝐢𝐞𝐧𝐝𝐥𝐲 𝐔𝐧𝐢𝐭 များလည်း ရနိုင်ပါတယ်။
အခန်း 𝐋𝐚𝐲𝐨𝐮𝐭 များက ကျယ်ဝန်း ပါတယ်။

🏢 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 အစုံအလင်:
* 🏊‍♂️ ရေကူးကန်
* 🏋️‍♀️ 𝐆𝐲𝐦
* 👨‍💻 𝐂𝐨 𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐒𝐩𝐚𝐜𝐞

မြန်မြန်လာပါ! 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလအတွင်း ဒီစျေးနဲ့ရမှာ နောင်တမရစေဖို့ အခုပဲ ဆက်သွယ်ပါ။

🚗 𝐂𝐨𝐧𝐝𝐨 𝐓𝐨𝐮𝐫 အခမဲ့ လာကြိုပေးမယ်!
📲 အသေးစိတ်သိရှိလိုပါက/ 𝐂𝐨𝐧𝐝𝐨 𝐓𝐨𝐮𝐫 သွားရန် အခုပဲ ဆက်သွယ်လိုက်ပါ

​ #ရင်းနှီးမြှုပ်နှံမှု

🏙️ BEAT POP Ratchada–Kaset 🎧🎓Kasetsart University ကို လမ်းလျောက်သွားနိုင်မဲ့အပြင် ~ Green Line ပေါ် က Pet-friendly ဖြစ်တ...
12/11/2025

🏙️ BEAT POP Ratchada–Kaset 🎧

🎓Kasetsart University ကို လမ်းလျောက်
သွားနိုင်မဲ့အပြင် ~ Green Line ပေါ် က Pet-friendly ဖြစ်တဲ့ Low-rise Campus Condo။ ဒါ့အပြင် နာမည်ကောင်း အောင်မြင်ခဲ့တဲ့ Beat Brand ရဲ့ ပရောဂျက်အသစ်တစ်ခု ~
BEAT POP Ratchada–Kaset (off plan) အကြောင်း အသိပေးပါရစေ ခင်ဗျာ။

အခုမိတ်ဆက်ပေးချင်တဲ့ ပရောဂျက်ကို
🏗️အိမ်ခြံမြေလုပ်ငန်းမှာ နှစ် 30 ကျော်
အတွေ့အကြုံ ရှိပြီဖြစ်တဲ့~ Northland Development ကနေတာဝန်ယူထားပါတယ် ခင်ဗျာ။
Bangkok မှာ BEAT Bangwa Interchange နဲ့ BEAT Sukhumvit 93 ဆိုတဲ့ Low-rise Projects နှစ်ခုစလုံးကို Sold Out ကုန် လုနီးပါး ရောင်းချနိုင်ခဲ့ပြီး Rental Yield 6% အထိ ရရှိစေခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝရထားတဲ့ developer ဖြစ်ပါတယ်။

ဒီလိုအောင်မြင်မှုတွေ အပြီးမှာတော့ ယခု
BEAT POP Ratchada–Kaset ကို မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ် ခင်ဗျာ။

🌟 သူရဲ့ထူးခြားချက်တွေက ဘာလဲ?

📍နေရာကောင်း - Demand များ
🎓Kasetsart University ကို လမ်းလျောက်သွားနိုင်တဲ့အပြင် ~
Sripatum University, malls, markets တို့ကလဲအနီးမှာ တည်ရှိပါတယ်။
🟢BTS Green Line နဲ့ ချိတ်ဆက်ထားတဲ့အတွက် CBD Area တွေကို အလွယ်တကူသွားနိုင်မှာပဲဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းသားတွေ အပြင် မိသားစုနဲ့ နေမဲ့သူတွေ၊ ပရောဖက်ရှင် အလုပ်သမားတွေ အဓိကရွေးချယ်မဲ့နေရာ ဖြစ်လာမှာပါ။

အထူးသဖြင့် Green Line BTS အနီးမှာ ရှားပါး Pet-friendly Zone ရှိတဲ့ Condo လဲဖြစ်လို့ တိရစ္ဆာန်ချစ်သူတွေ အတွက်ပါ ရွေးချယ်စရာစရာဖြစ်နေမှာပါ ခင်ဗျာ။

📌 အငှား ဈေးကွက်ကောင်းပြီး သက်သာတဲ့ Entry Price
➡️ BEAT Brand ဟာ Low-rise ဖြစ်တာကြောင့် ဈေးနှုန်းသက်သာပြီး ROI ကလဲမြင့် လို့ Investor တွေအတွက် မျက်စိကျစရာ ဖြစ်နေပါတယ်။

💰 Studio unit ကို 1.9 MB ကနေ စတင်
ဝယ်နိုင်မှာဖြစ်ပြီး 2-Bedroom တောင်မှ 3.6 MB ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

🏡 Unit Types & Price
• Studio (23.5–23.7 sq.m) – 1.9 MB
• 1 Bedroom (24.6–29.8 sq.m) – 2.1 MB
• 1 Bedroom Plus (35.8–36.7 sq.m) – 3.2 MB
• 2 Bedroom (43.8–44.1 sq.m) – 3.6 MB

➡️ Green Line ပေါ် + Kasetsart U. အနီး က
Pet-friendly Condo ဆိုတဲ့ Unique Selling Point တွေကြောင့် အနာဂတ် Capital Gain အလားအလာက ကောင်းမွန်ဖို့ရှိပါတယ် ခင်ဗျာ။

🏖️အဆင့်မြင့်တဲ့ Facilities နဲ့ နေထိုင်မှု
Beat Popဆိုတဲ့ နာမည်အတိုင်း လူငယ်ဆန်တဲ့ Facility တွေနဲ့အတူ
Co-working, Co-kitchen, Fitness & Pilates, Rooftop Pet Garden, Live Room for Content Creators စသဖြင့် လိုအပ်တာမှန်သမျှကို ထည့်သွင်းပေးထားပါတယ် ခင်ဗျာ။

ဒါကြောင့် BEAT POP Ratchada–Kaset ကတော့ —�🚆 BTS Green Line ~ 📚Kasetsart U. အနီးမှာ ရှိတဲ့ ရှားပါး🐾Pet-friendly Condo တစ်ခု။ Low-rise ဖြစ်ပေမယ့် High Rental Yield မြင့်တဲ့ Beat Brand ဖြစ်တာကြောင့် Investorsတွေ ဝယ်ယူသင့်တဲ့ ပရောဂျက်ဖြစ်ပါတယ် ခင်ဗျာ။

💡 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗺𝗲𝗻𝘁 & 𝗢𝘄𝗻𝗲𝗿𝘀𝗵𝗶𝗽
• Free Hold • Installment Plan: 50% Down, 50% within 1 year with low interest

➡️ စျေးနှုန်းသက်သာပြီး အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်လို့ ကိုယ်တိုင်နေချင်သူတွေ အပြင် မိမိချစ်ရတဲ့Petလေးနဲ့အတူ နေထိုင်နိုင်မဲ့ပရောဂျက်ကလေးပါ ခင်ဗျာ။

အသေးစိတ်ထပ်မံသိရှိလိုပါက ဘန်ကောက်အိမ်ခြံမြေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Page ရဲ့ Chat Box မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ! 💌

AI Property Management
📱Hotline - (+66) 090 199 5900
📩 Messenger - m.me/ai.rental9999
🌐 Social Media - openlink.co/ai_property9999


#ဘန်ကောက်အိမ်ခြံမြေ #ကွန်ဒို #ရင်းနှီးမြှုပ်နှံမှု

အခု ဒီ November 10 ရက်နေ့ကနေ ၁၆ ရက်နေ့အထိပဲ VVIP Sale ရှိတာပါThai Quota စျေးနဲ့အတူ Foreig Quota အခန်းတွေရမှာဆိုတော့ မြန်...
10/11/2025

အခု ဒီ November 10 ရက်နေ့ကနေ ၁၆ ရက်နေ့အထိပဲ VVIP Sale ရှိတာပါ

Thai Quota စျေးနဲ့အတူ Foreig Quota အခန်းတွေရမှာဆိုတော့ မြန်မြန်ဆက်သွယ်မှ ရမယ်နော်...(iPhone ဝယ်သလိုပဲ 😁)

မြန်မာငွေ သိန်း ၃၀၀ ပေးထားရုံနဲ့ ၂၀၂၇ မှာ ဘန်ကောက်မှာ Condo တစ်ခန်းပိုင်မှာပါ။

ဘယ်လိုကွန်ဒိုမျိုးပိုင်ဆိုင်ရမလဲဆိုရင် အငှားသွက်ပြီး နေပျော်မဲ့ နေရာမျိုးမှာ ပိုင်ဆိုင်ရမှာပါ။

ဘာလို့ ဒီလိုအာမခံပြီး ပြောရဲလဲဆိုတော့ ခု Project က BTS Station နဲ့ မီတာ ၉၀၀ သာ အကွာအဝေးမှာ ရှိတာတစ်ကြောင်း၊ Bangkok ရဲ့ Sukumvit (Udomsuk) လိုနေရာမျိုးမှာ Pet Friendly ဆိုတာ အတော်ရှားတာပါ။

Udomsuk ဆိုတဲ့နေရာကလည်း စားစရိတ်သက်သာပြီး နေပျော်တဲ့နေရာလေးဆိုလည်း မမှားပါဘူး။

ပိုင်ဆိုင်မှူကရော ဘယ်လိုပိုင်ဆိုင်ခွင့်ရမလဲဆိုရင် Foreigner Quota ဖြစ်လို့ Free Hold( သားစဥ်မြေးဆက်ပိုင်ဆိုင်ခွင့်) ရမှာပါ။

ဒီလိုနေရာမျိုးမှာ ဆောက်လုပ်မဲ့ Developer ကို ကြည့်တော့လည်း AP က ဆောက်မှာဖြစ်ပါတယ်။ AP ဆိုတာ ဘန်ကောက်ရဲ့ Top-Tier Developer တစ်ခုပဲဖြစ်ပါတယ်။

ဒီတော့ အပေါ်မှာ ရှင်းပြထားတဲ့ အားသာချက်တွေများတဲ့ Off-plan Project ကို စိတ်ချစွာ ကျွန်တော်ညွှန်းပေးတာတော့ ခုလို VVIP Sale ကာလမှာ ဝယ်ထားမှသာ စိတ်ချရတာဖြစ်လို့ပါ ဒါကတော့ အတန်ဆုံးအချိန်ဖြစ်ပါတယ်။

ရေရှည်ရင်းနှီးမြုပ်နှံဖို့ပဲဖြစ်ဖြစ်၊ နေဖို့ပဲဖြစ်ဖြစ် Bangkok မှာ Condo ပိုင်ဆိုင်ဖို့ ခုချိန် မြန်မာငွေ သိန်း ၃၀၀ ပေးပြီး အခန်းစုစုပေါင်း တန်ဖိုး မြန်မာငွေ သိန်း ၂၂၀၀ လောက် ၂၀၂၇ မှာ ပေးဖို့ လက်ထဲရှိထားပြီဆိုတော့ အမြန်သာဆက်သွယ်ဖို့ တိုက်တွန်းလိုပါတယ်။

📱 +66979411507 ( Viber/WhatsApp)
Line ID : azymg

🇹🇭 ဘန်ကောက်ကွန်ဒို ရင်းနှီးမြှုပ်နှံမှု လမ်းညွှန်: နိုင်ငံခြားသားများအတွက် လုံခြုံသော အရစ်ကျနှင့် သက်တမ်းရွေးချယ်ခြင်း 🔑...
08/11/2025

🇹🇭 ဘန်ကောက်ကွန်ဒို ရင်းနှီးမြှုပ်နှံမှု လမ်းညွှန်: နိုင်ငံခြားသားများအတွက် လုံခြုံသော အရစ်ကျနှင့် သက်တမ်းရွေးချယ်ခြင်း 🔑

လေးစားအပ်ပါသော Client များခင်ဗျာ၊

ဘန်ကောက်တွင် အိမ်ခြံမြေ ဝယ်ယူခြင်းသည် အရေးပါသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံခြားသား (မြန်မာနိုင်ငံသား) များအနေဖြင့် ဝယ်ယူရာတွင် လိုက်နာရမည့် ဥပဒေအရ လိုအပ်ချက်များ၊ Developer တိုက်ရိုက် အရစ်ကျစနစ် နှင့် တိုက်သက်တမ်းအသစ် ကိုသာ အဘယ်ကြောင့် ရွေးချယ်သင့်သည်ကို တိကျစွာ လေ့လာတင်ပြအပ်ပါသည်။

၁။ ✅ လုံခြုံသော ရွေးချယ်မှု- Developer တိုက်ရိုက်
မိမိ၏ ရင်းနှီးမြှုပ်နှံမှု လုံခြုံရေးအတွက်၊ ဂုဏ်သိက္ခာကြီးမားပြီး ငွေကြေးခိုင်မာသော Developer များထံမှ တိုက်ရိုက် ဝယ်ယူခြင်းသည် အန္တရာယ်ကင်းဆုံးသော လမ်းကြောင်းဖြစ်ပါသည်။

💰 နိုင်ငံခြားသားများအတွက် ငွေပေးချေမှု ၃-ဆင့် စနစ်နှင့် ဥပဒေလိုအပ်ချက်
Developer များသည် နိုင်ငံခြားသား ဝယ်လက်များအတွက် ဆောက်လုပ်ဆဲကာလတွင် လစဉ်ငွေပေးသွင်းရန် မလိုဘဲ၊ အောက်ပါအတိုင်း သုံးဆင့်ဖြင့် ရိုးရှင်းစွာ တောင်းခံလေ့ရှိပါသည်။

ပထမအဆင့် (Booking & Down Payment): Booking Fee ပေးသွင်းပြီးနောက် တစ်လအတွင်း အခန်းတန်ဖိုး၏ ၁၂% မှ ၃၀% ကြားရှိသော Down Payment ကို တစ်လုံးတည်း ပေးသွင်းရပါသည်။

ဒုတိယအဆင့် (ဆောက်လုပ်ဆဲကာလ): ကွန်ဒိုတည်ဆောက်နေသည့် ကာလတစ်လျှောက်လုံးတွင် မည်သည့်ငွေမျှ ထပ်မံပေးသွင်းရန် မလိုပါ။

တတိယအဆင့် (Key Handover): ကွန်ဒိုပြီးစီးပြီး သော့အပ် သည့်နေ့တွင်မှ ကျန်ရှိသော ငွေပမာဏ (၇၀% မှ ၈၈% ခန့်) ကို တစ်လုံးတည်း ပေးချေခြင်းဖြစ်သည်။

အထူးအရေးကြီးသော ဥပဒေလိုအပ်ချက် (FET):
နိုင်ငံခြားသားအနေဖြင့် ထိုင်းကွန်ဒိုကို တရားဝင် ပိုင်ဆိုင်နိုင်ရန်အတွက်၊ ဝယ်ယူငွေအားလုံး ကို ပြည်ပနိုင်ငံမှ ထိုင်းနိုင်ငံသို့ နိုင်ငံခြားငွေ (Foreign Currency) ဖြင့်သာ လွှဲပြောင်းပေးသွင်းရပါမည်။ ဘဏ်မှ ထုတ်ပေးသော "Foreign Exchange Transaction (FET) Form" (ယခင်က Tor Tor 3) စာရွက်စာတမ်းကို သိမ်းဆည်းထားရန် မဖြစ်မနေ လိုအပ်ပါသည်။ ဤစာရွက်စာတမ်းသည် ပိုင်ဆိုင်မှု လွှဲပြောင်းရာတွင် မရှိမဖြစ် လိုအပ်ပါသည်။

၂။ 🏢 တိုက်သက်တမ်း- ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကို ထိန်းသိမ်းပါ
ကျွန်တော်တို့၏ အဓိက တိုက်တွန်းချက်မှာ တိုက်သက်တမ်း အသစ် (New Condo) များကိုသာ ရွေးချယ်ရန်ဖြစ်သည်။ တိုက်အဟောင်းများ၏ နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားရန် အရေးကြီးပါသည်။

တန်ဖိုးထိန်းသိမ်းခြင်း: တိုက်အသစ်များသည် ပြန်လည်ရောင်းချရာတွင် ဈေးကောင်း ရရှိနိုင်ခြင်း။

စရိတ်သက်သာခြင်း: တိုက်အသစ်များတွင် ရေပိုက်၊ လျှပ်စစ်စနစ်များ အသစ်ဖြစ်၍ ပြုပြင်ထိန်းသိမ်းမှုစရိတ်များ ကြီးမားလာသော ပြဿနာကို ရှောင်ရှားနိုင်ခြင်း။

ဘဏ်အခက်အခဲ: သက်တမ်းကြာ ကွန်ဒိုများအတွက် ဘဏ်များမှ ချေးငွေပေးရန် တွန့်ဆုတ် ကြသောကြောင့် နောင်တွင် ပြန်လည်ရောင်းချရန် ခက်ခဲစေခြင်း။

၃။ 🛑 အန္တရာယ်ကြီးမားသော လမ်းကြောင်း- Company မှ Resale အရစ်ကျ (လုံးဝရှောင်ပါ)
Agency သို့မဟုတ် ကုမ္ပဏီတစ်ခုက ၎င်းတို့ပိုင်ဆိုင်သည့် အခန်းကို "၅ နှစ် အရစ်ကျ" စသည့် သီးခြား စာချုပ်ဖြင့် ရောင်းချခြင်းသည် ငွေကြေးဆုံးရှုံးနိုင်ခြေ မြင့်မားသောကြောင့် လုံးဝရှောင်ရှားသင့်ပါသည်။

ပိုင်ဆိုင်မှု အာမခံချက်မရှိခြင်း: အရစ်ကျကာလ ပြီးဆုံးသည်အထိ ပိုင်ဆိုင်မှု စာချုပ်သည် သင့်လက်သို့ ရောက်မည်မဟုတ်ဘဲ၊ သင်သည် ဥပဒေအရ အပြည့်အဝ အကာအကွယ်မရသေးပါ။

ကုမ္ပဏီ၏ ပြဿနာများ: ရောင်းချသူ ကုမ္ပဏီသည် ဒေဝါလီခံခြင်း သို့မဟုတ် အခန်းကို ဘဏ်တွင် အပေါင်ခံထားခြင်း စသည့် ပြဿနာများ ပေါ်ပေါက်လာပါက၊ သင်၏ ပေးသွင်းပြီးငွေများနှင့် ပိုင်ဆိုင်ခွင့်သည် ဆုံးရှုံးနိုင်ခြေ မြင့်မားသည်။

နှစ်ထပ်ကွမ်း ထိခိုက်မှု: တိုက်အဟောင်း ကိုမှ Company မှ အရစ်ကျဝယ်ယူပါက ပြုပြင်စရိတ်နှင့် ငွေဆုံးရှုံးနိုင်ခြေ နှစ်မျိုးစလုံးကို ရင်ဆိုင်ရမည်ဖြစ်သည်။

🔑 စာရေးသူ၏ အကြံပြုချက်

Client များ၏ ရင်းနှီးမြှုပ်နှံမှု အောင်မြင်စေရန်နှင့် စိတ်အေးချမ်းသာစေရန်အတွက် သက်တမ်းအသစ် ကွန်ဒို ကိုသာ ရွေးချယ်ပြီး ဂုဏ်သိက္ခာရှိသော Developer ၏ တရားဝင် ၃-ဆင့် စနစ် ဖြင့် တိုက်ရိုက်ဝယ်ယူကာ၊ လိုအပ်သော FET စာရွက်စာတမ်းများကို စနစ်တကျ ပြုလုပ်ထားရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

မည်သည့် စာချုပ်မဆို လက်မှတ်မရေးထိုးမီ ယုံကြည်စိတ်ချရသော ထိုင်း ရှေ့နေ (Legal Consultant) နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုအပ်ပါသည်။

အသေးစိတ်ထပ်မံသိရှိလိုပါက ထိုင်းနိုင်ငံ အိမ်ခြံမြေ နှင့် ပတ်သက်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင်ပေးပါသည်။

ဆက်သွယ်လိုပါက Page ရဲ့ Chat Box မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ! 💌

Ai Property Management မှ Jeffery

#ဘန်ကောက် #ကွန်ဒို #ရင်းနှီးမြှုပ်နှံမှု #အိမ်ခြံမြေ ​

📢 မဖြစ်မနေ ဖတ်သင့်တဲ့ စစ်တမ်း- ဘန်ကောက် ကြိုပွိုင့် ကွန်ဒို ဝယ်ယူခြင်း!ဘန်ကောက်မြို့ရဲ့ အိမ်ခြံမြေစျေးကွက်ဟာ မြန်မာရင်းန...
07/11/2025

📢 မဖြစ်မနေ ဖတ်သင့်တဲ့ စစ်တမ်း- ဘန်ကောက် ကြိုပွိုင့် ကွန်ဒို ဝယ်ယူခြင်း!

ဘန်ကောက်မြို့ရဲ့ အိမ်ခြံမြေစျေးကွက်ဟာ မြန်မာရင်းနှီးမြှုပ်နှံသူတွေကြားမှာ အမြဲတမ်း ရေပန်းစားနေပါတယ်။ ဒါပေမဲ့ "ကြိုပွိုင့်" (Pre-Sale) ကွန်ဒို ဝယ်ယူဖို့ ဆုံးဖြတ်တဲ့အခါ ဘယ်လို အကျိုးအမြတ်နဲ့ အန္တရာယ်တွေ ရှိနေလဲ? ရန်ကုန်နဲ့ ဘယ်လို ကွာခြားလဲ? ဒီဆောင်းပါးကနေ စေ့စေ့စပ်စပ် ရှင်းပြပေးလိုက်ပါတယ်။

🤔 အပိုင်း (၁) ဘန်ကောက် ကြိုပွိုင့် ကွန်ဒို ဝယ်ယူခြင်း- စဉ်းစားသင့်တဲ့ အချက်များ.

ဘန်ကောက် ကြိုပွိုင့် ကွန်ဒို ဝယ်ယူခြင်းဟာ ရင်းနှီးမြှုပ်နှံသူကို အခွင့်အရေးများစွာ ပေးနိုင်ပါတယ်။

✅ အားသာချက်များနှင့် အခွင့်အရေးများ:

စျေးနှုန်း အကောင်းဆုံး ရခြင်း: စီမံကိန်း အစောပိုင်း ကာလမှာ စျေးနှုန်းက ဆောက်လုပ်ပြီးစီးတဲ့ အခန်းတွေထက် ပိုသက်သာပြီး ပရိုမိုးရှင်းတွေလည်း များပါတယ်။

အခန်းရွေးချယ်ခွင့် အများဆုံး: အကောင်းဆုံး View၊ အလွှာနှင့် နေရာ ရှိတဲ့ အခန်းတွေကို ပထမဆုံး ရွေးချယ်နိုင်ပါတယ်။

အရစ်ကျ ပေးချေမှု ပုံစံ: ကနဦး ပေးသွင်းရမယ့် ငွေပမာဏ (Down Payment) ၅% မှ ၁၅% ခန့်သာ လိုအပ်ပြီး ကျန်တာကို ဆောက်လုပ်ရေးကာလအတွင်း အရစ်ကျ ခွဲပေးနိုင်တာမျိုး ရှိပါတယ်။

တန်ဖိုးတက်နှုန်း မျှော်မှန်းချက်: စီမံကိန်း ပြီးစီးချိန်မှာ အခန်းတန်ဖိုးက သိသိသာသာ မြင့်တက်လာနိုင်တဲ့အတွက် ရောင်းထုတ်ရင် အမြတ်ကောင်းကောင်း ရနိုင်ပါတယ်။

🛑 အားနည်းချက်များနှင့် စွန့်စားရမှုများ:

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း: စီမံကိန်း ပြီးစီးဖို့ ၂ နှစ်ကနေ ၄ နှစ်အထိ စောင့်ဆိုင်းရနိုင်ပြီး ပြီးစီးမယ့်ရက် လွဲချော်နိုင်ခြေလည်း ရှိပါတယ်။

အရည်အသွေး ကွာခြားမှု: ရောင်းချချိန်က Model Room (ပုံစံတူ အခန်း) နှင့် လက်တွေ့ ဆောက်လုပ်ပြီးစီးတဲ့ အခန်းရဲ့ အရည်အသွေး (Quality) ကွာခြားနိုင်ပါတယ်။

စျေးကွက်အပြောင်းအလဲ: ဝယ်ယူထားတဲ့ ကာလအတွင်းမှာ ဘန်ကောက်ရဲ့ အိမ်ခြံမြေစျေးကွက် အခြေအနေ ပြောင်းလဲသွားရင် တန်ဖိုးကျဆင်းတာ မျိုးတွေ ဖြစ်နိုင်ပါတယ်။

👨‍👩‍👧‍👦 အပိုင်း (၂) ဘယ်သူတွေ ဝယ်သင့်လဲ၊ မဝယ်သင့်ဘူးလဲ?

🎯 ဝယ်ယူရန် သင့်တော်သူများ:

ရေရှည် ရင်းနှီးမြှုပ်နှံသူများ (Long-Term Investors): စီမံကိန်း ပြီးဆုံးချိန်အထိ စောင့်ပြီး အငှားချကာ ပုံမှန် ဝင်ငွေလိုချင်သူများ သို့မဟုတ် တန်ဖိုးတက်မှ ပြန်ရောင်းလိုသူများ။

ကနဦး ငွေပမာဏ နည်းပါးသူများ: လက်ရှိ ငွေသား အများကြီး မသုံးဘဲ အဆင့်ဆင့် ပေးချေလိုသူများ။

အန္တရာယ်ခံနိုင်စွမ်းရှိသူများ: Developer ရဲ့ နောက်ခံကို စနစ်တကျ လေ့လာဆန်းစစ်နိုင်ပြီး၊ ဆောက်လုပ်ရေး အချိန်ကြာမြင့်မှုကို လက်ခံနိုင်သူများ။

⛔ ဝယ်ယူရန် မသင့်တော်သူများ:

အမြန်ငွေ လိုအပ်သူများ (Need Quick Income): အခန်းဝယ်ပြီး ချက်ချင်း အငှားချကာ ဝင်ငွေ ရလိုသူများ။ (၎င်းတို့သည် ဆောက်လုပ်ပြီးစီးပြီးသော အခန်းများကိုသာ ရွေးချယ်သင့်သည်)

စွန့်စားမှု လုံးဝ မယူလိုသူများ: စီမံကိန်း ပျက်ကွက်ခြင်း သို့မဟုတ် ပြီးစီးမှု လွဲချော်ခြင်းကို လုံးဝ လက်မခံနိုင်သူများ။

🇹🇭 အပိုင်း (၃) ရန်ကုန်နှင့် ဘန်ကောက် ကွာခြားချက် (မြန်မာရင်းနှီးမြှုပ်နှံသူများအတွက် အရေးအကြီးဆုံး)

🇹🇭 ဘန်ကောက် (Bangkok) နဲ့ 🇲🇲 ရန်ကုန် (Yangon) ရဲ့ အိမ်ခြံမြေစျေးကွက်ဟာ မြန်မာရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး နှိုင်းယှဉ်စရာပါ။ အောက်မှာ အဓိက ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

​1. နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်နှင့် တရားဝင်မှု (Legal Ownership)

​ဘန်ကောက် မှာ နိုင်ငံခြားသားတွေဟာ ကွန်ဒိုအခန်း (Condo Unit) ကို စုစုပေါင်း ၄၉% အထိ Freehold (သက်တမ်းအကန့်အသတ်မရှိ ပိုင်ဆိုင်ခွင့်) နဲ့ တရားဝင် မှတ်ပုံတင် ပိုင်ဆိုင်နိုင်ပါတယ်။ ဒီအချက်က ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ချလုံခြုံမှု အများဆုံး ပေးပါတယ်။

​ရန်ကုန် မှာတော့ ကွန်ဒိုဥပဒေအရ နိုင်ငံခြားသားကို ၄၀% အထိ ခွင့်ပြုထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်ရာမှာ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုတွေ၊ ဥပဒေပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် စိတ်ချရမှု အားနည်းနေပါသေးတယ်။

​2. ငွေဖြစ်လွယ်မှုနှင့် ဝယ်လိုအား (Liquidity & Demand)

​ဘန်ကောက် ရဲ့ စျေးကွက်ဟာ နိုင်ငံတကာ အဆင့်မီပြီး အလွန် ငွေဖြစ်လွယ် (Highly Liquid) ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများ၊ နိုင်ငံတကာမှ လာရောက်အလုပ်လုပ်သူများ (Expats) အများအပြား ရှိနေတာကြောင့် အငှားချဖို့ရော၊ ပြန်လည်ရောင်းချဖို့ပါ ပိုမို လွယ်ကူမြန်ဆန်ပါတယ်။
​ရန်ကုန် ရဲ့ စျေးကွက်ကတော့ ပြည်တွင်း ဝယ်လိုအားပေါ် အဓိက မှီခိုနေရပြီး၊ စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေတွေ မတည်ငြိမ်မှုကြောင့် ငွေဖြစ်လွယ်မှု (Liquidity) နည်းပါးတာကို တွေ့ရပါတယ်။

​3. ငွေချေးစနစ် (Mortgage Availability)

​ဘန်ကောက် မှာ နိုင်ငံခြားသားတွေအတွက်တောင် သတ်မှတ်ထားတဲ့ ဘဏ်အချို့ကနေ ချေးငွေ (Bank Loan) ရရှိရန် အခွင့်အလမ်းတွေ ရှိပါတယ်။ ဒါဟာ ငွေကြေးစီမံခန့်ခွဲရာမှာ အလွန် အထောက်အကူပြုပါတယ်။
​ရန်ကုန် မှာတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘဏ်ချေးငွေ လက်တွေ့အားဖြင့် ရရှိဖို့ အလွန်ခက်ခဲပါတယ်။

​4. ရင်းနှီးမြှုပ်နှံမှုရဲ့ အဓိက ပုံစံ (Investment Goal)

​ဘန်ကောက် မှာ ရင်းနှီးမြှုပ်နှံသူတွေဟာ အဓိကအားဖြင့် ပုံမှန် အငှားဝင်ငွေ (Rental Yield) ရရှိဖို့နဲ့ နှစ်ရှည် တန်ဖိုးတက်ခြင်း ကို မျှော်မှန်းကြပါတယ်။
​ရန်ကုန် မှာ ရင်းနှီးမြှုပ်နှံမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ငွေကြေး ဖောင်းပွမှု ဒဏ်ကို ကာကွယ်ဖို့နဲ့ ငွေကြေးတန်ဖိုး ထိန်းသိမ်းရန် (Store of Value) အတွက် ဖြစ်ပါတယ်။

​5. အခြေခံ အဆောက်အဦ (Infrastructure)

​ဘန်ကောက် ဟာ BTS/MRT ရထားလိုင်းများ ဖြင့် မြို့အနှံ့ ချိတ်ဆက်ထားတဲ့အတွက် သွားလာရေး အဆင်ပြေပါတယ်။ လျှပ်စစ်မီး၊ ရေနဲ့ အင်တာနက်တို့ကလည်း နိုင်ငံတကာ စံနှုန်းအတိုင်း တည်ငြိမ် ပါတယ်။
​ရန်ကုန် မှာတော့ သွားလာရေး အခက်အခဲ၊ လျှပ်စစ်ဓာတ်အားလို အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။

​💡 စဉ်းစားစရာ: တည်ငြိမ်မှု၊ တရားဝင်ပိုင်ဆိုင်ခွင့်နဲ့ အငှားစျေးကွက်ကောင်းကို လိုချင်ရင် ဘန်ကောက်က ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

ဘန်ကောက် ကြိုပွိုင့် ကွန်ဒို ဝယ်ယူခြင်းသည် ရန်ကုန်နှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမို တရားဝင်မှု၊ လုံခြုံမှုနှင့် နိုင်ငံတကာ အဆင့်မီသော ငွေဖြစ်လွယ်မှု ကို ပေးနိုင်ပါသည်။ သို့သော် မိမိ၏ ငွေကြေးအခြေအနေနှင့် ရေရှည် စောင့်ဆိုင်းနိုင်မှုကို သေချာစွာ စဉ်းစားပြီးမှသာ ရင်းနှီးမြှုပ်နှံသင့်ပါသည်။ အကောင်းဆုံး ရလဒ်အတွက်၊ နာမည်ကောင်းရ Developer များ ကို ရွေးချယ်ပြီး BTS/MRT လိုင်းများအနီး ရှိ စီမံကိန်းများကိုသာ ဦးစားပေးသင့်ပါသည်။

ဒီဆောင်းပါးကနေ ရန်ကုန်နဲ့ ဘန်ကောက် အိမ်ခြံမြေစျေးကွက်အကြောင်း အချက်အလက်များစွာ ရရှိခဲ့မယ်လို့ ယုံကြည်ပါတယ်။

သင့်ရဲ့ အမြင်တွေကို မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်
❓ မေးခွန်း- သင်သာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တည်ငြိမ်ပြီး တရားဝင်မှုရှိတဲ့ ဘန်ကောက် ရဲ့ ကွန်ဒိုကို ရွေးမလား၊ ဒါမှမဟုတ် တန်ဖိုးတက်နိုင်ခြေ မြင့်မားတဲ့ ရန်ကုန် ရဲ့ အိမ်ခြံမြေကိုပဲ ရွေးမလား?

Comment မှာ အဖြေပေးခဲ့ပါဦး

👉 Share လုပ်ပေးပါ- ဘန်ကောက်မှာ ကွန်ဒိုဝယ်ဖို့ စဉ်းစားနေတဲ့ သင့်သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေရှိရင် ဒီဆောင်းပါးကို 'Share' လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ သူတို့အတွက်လည်း အမှန်တကယ် အထောက်အကူပြုပါလိမ့်မယ်။

🔔 Follow လုပ်ပါ- နောက်ထပ် စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှု ဆောင်းပါးတွေကို လက်မလွတ်ရအောင် ကျွန်ုပ်တို့ရဲ့ Page ကို Follow/Like လုပ်ထားဖို့ မမေ့ပါနဲ့နော်

#ဘန်ကောက်ကွန်ဒို #ထိုင်းအိမ်ခြံမြေ #ရန်ကုန်နဲ့ဘန်ကောက် #ကြိုပွိုင့်ဝယ်ယူခြင်း #ရင်းနှီးမြှုပ်နှံမှု
#ဘန်ကောက်ကွန်ဒို #ထိုင်းအိမ်ခြံမြေ #ရန်ကုန်နဲ့ဘန်ကောက် #ကြိုပွိုင့်ဝယ်ယူခြင်း #ရင်းနှီးမြှုပ်နှံမှု

🚀 အခွင့်အရေးကို လုံးဝ လက်မလွှတ်ပါနဲ့! နိုင်ငံခြားသားခွဲတမ်း (Foreign Quota) ကို ထိုင်းစျေးနှုန်း (Thai Quota) နဲ့ တန်းတူ...
07/11/2025

🚀 အခွင့်အရေးကို လုံးဝ လက်မလွှတ်ပါနဲ့! နိုင်ငံခြားသားခွဲတမ်း (Foreign Quota) ကို ထိုင်းစျေးနှုန်း (Thai Quota) နဲ့ တန်းတူရယူမယ့် သမိုင်းဝင်အခွင့်အရေး!

Aspire Sukhumvit 103 - ဘန်ကောက်ရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်း!

💥 မြန်မာငွေ သိန်း ၃၀၀ ဝန်းကျင် (Down Payment) ပေးထားရုံနဲ့ ဘန်ကောက်မြို့ရဲ့ အရေးပါတဲ့ BTS Udom Suk ဘူတာနဲ့ ၉၀၀ မီတာ အကွာမှာရှိတဲ့ Luxury Condo ကို ပိုင်ဆိုင်လိုက်ပါ။

🆚 ဘာလို့ Aspire Sukhumvit 103 ကို ရွေးသင့်တာလဲ? (Life Udomsuk နှင့် နှိုင်းယှဉ်ချက်)
ဟိုတစ်လောက အရမ်း Hot ဖြစ်သွားတဲ့ Off-Plan စီမံကိန်းဖြစ်တဲ့ Life Udomsuk ပြီးတဲ့နောက် နောက်ထပ်အသစ် ထပ်ဆောက်မယ့် စီမံကိန်းက Aspire Sukhumvit 103 ပဲ ဖြစ်ပါတယ်။

Life Udomsuk | Udom Suk အနီး | ဘတ် ၅ သန်း ဝန်းကျင်မှ စတင် | Luxury High-Rise Vs
| Aspire Sukhumvit 103 | Udom Suk အနီး | ဘတ် ၂ သန်း ဝန်းကျင်မှ စတင် | Pet-Friendly Low-Rise

💡 မြင်သာတဲ့ အချက်: နေရာချင်းနီးစပ်ပေမယ့်၊ Aspire Sukhumvit 103 ရဲ့ စျေးနှုန်းက Life Udomsuk ထက် နှစ်ဆကျော် သက်သာနေပါတယ်! ဈေးတန်တန်နဲ့ Location ကောင်းကောင်း ရဖို့ ဒီအခွင့်အရေးကို လက်လွှတ်မခံပါနဲ့!

🐶🐱 အထူးခြားဆုံး အားသာချက် - Pet-Friendly Condo
ဒါတင်မကသေးပါဘူး! Aspire Sukhumvit 103 ဟာ ဘန်ကောက်မှာ ရှားရှားပါးပါး အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့်ပြုထားတဲ့ (Pet-Friendly) ကွန်ဒို တစ်ခုဖြစ်လာမှာပါ။ Pet Lover တွေအတွက်သာမက၊ Pet-Friendly အိမ်ရာငှားရမ်းလိုသူများအတွက်ပါ ငှားရမ်းခဈေးကွက်ကောင်းကောင်း ရနိုင်ပါတယ်!

📢 ကျွန်တော်တို့ရဲ့ အကြံပြုချက်
ကျွန်တော် တော်ရုံတန်ရုံဆိုရင် ကြိုပွိုင့်တွေ ဝယ်ဖို့ သိပ်အားပေးလေ့မရှိပါဘူး။ ဒါပေမဲ့ ဒီတစ်ခုကတော့ ချွင်းချက်ပါ!

လက်ထဲမှာ မြန်မာငွေ သိန်း ၃၀၀ ဝန်းကျင် ရှိရင်၊ အခုပဲ Booking Fee ပေးပြီး Foreign Quota (နိုင်ငံခြားသားခွဲတမ်း) ကို Thai Quota (ထိုင်းစျေးနှုန်း) နဲ့ တန်းတူရတုန်း၊ စျေးအတန်ဆုံးနဲ့ အခန်းကောင်းကို လက်ဝယ်ယူထားသင့်တဲ့ Project ပါ။

ကျွန်တော့်ကို ယုံကြည်ပြီး Condo ဝယ်မယ်ဆိုတဲ့သူတွေအတွက် အသင့်တော်ဆုံးနဲ့ လုံးဝတန်တဲ့ Project ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ် ခင်ဗျာ။

🎁 မမေ့ပါနဲ့! အထူးပရိုမိုးရှင်း ကာလ! (နိုဝင်ဘာ ၁၀ - ၁၆)
* အခန်း ၁ ခန်း ဝယ်ယူလျှင်: ဘတ် ၁ သိန်း လျှော့စျေး + IKEA ဘောက်ချာ ဘတ် ၆၀,၀၀၀
* အခန်း ၃ ခန်း ဝယ်ယူလျှင်: ဘတ် ၁ သိန်း လျှော့စျေး + IKEA ဘောက်ချာ ဘတ် ၆၀,၀၀၀ + ၃% ထပ်ဆောင်းလျှော့စျေး! (ရင်းနှီးမြှုပ်နှံသူများအတွက် အကြီးမားဆုံး အခွင့်အရေး)

📞 အခန်းရွေးချယ်ရန်နှင့် အသေးစိတ်သိရှိရန် ယခုပဲ

AI Property Management

📱Hotline - (+66) 090 199 5900
📩 Messenger - m.me/ai.rental9999
🌐 Social Media - openlink.co/ai_property9999

#ဘန်ကောက်ကွန်ဒို #ရင်းနှီးမြှုပ်နှံမှု

~Luxury အိမ်ဝယ်ပြီး နေဖို့ခွင့်ပါ တစ်ခါတည်းရမဲ့ တစ်လုံးထဲသောအိမ်ကို စျေးအတန်ဆုံးနဲ့ ရမဲ့ အခွင့်အရေး တစ်ခါပဲ ရပါမယ်~“ချင်...
04/11/2025

~Luxury အိမ်ဝယ်ပြီး နေဖို့ခွင့်ပါ တစ်ခါတည်းရမဲ့ တစ်လုံးထဲသောအိမ်ကို စျေးအတန်ဆုံးနဲ့ ရမဲ့ အခွင့်အရေး တစ်ခါပဲ ရပါမယ်~

“ချင်းမိုင်ရဲ့ Luxury Project တစ်ခုက အိပ်ခန်း (၃) ခန်းပါတဲ့အိမ်တစ်လုံးကို အထူးဈေးနဲ့ရမယ်…”
ချင်းမိုင် Ring 2 ပေါ်မှာ ခမ်းခမ်းနားနားနဲ့ Luxury ဆန်ဆန်လေး နေချင်တဲ့သူတွေအတွက် အိပ်ခန်း (၃) ခန်းအထိပါတဲ့ အိမ်တစ်လုံးကို အထူးဈေးနဲ့ရရှိမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ The Britt Chiang Mai က 173 Sq.m အကျယ်ရှိတဲ့ Baron အိမ်အမျိုးအစားပဲဖြစ်ပါတယ်။
အိပ်ခန်း (၃) ခန်း၊ ရေချိုးခန်း (၄) ခန်းနဲ့ ကားပါကင် (၂) နေရာစာပါဝင်တာကြောင့် Mid-sized မိသားစုတွေအတွက် တကယ်ကိုသင့်တော်တဲ့ အိမ်ကောင်းတစ်လုံးဖြစ်ပါတယ်။ အိမ်အတွက် သုံးပေးထားတဲ့ပစ္စည်းတွေက နိုင်ငံတကာက ကွာလတီကောင်းတဲ့ Imported Materials တွေကိုပဲ သုံးပေးထားတာမလို့ Built Quality အတွက်လည်း စိတ်ချရပါတယ်။
ဒီလိုအိမ်မျိုးကို အထူးဈေး 8.69MB (မြန်မာငွေ သိန်းတစ်သောင်းကျော်) နဲ့ရရှိမှာဖြစ်ပါတယ်။ အထူးဈေးနဲ့ရမဲ့အိမ်ကလည်း တစ်လုံးပဲရှိတာမလို့ ဈေးတန်တန်နဲ့ဝယ်ချင်တယ်ဆိုရင် သူများထက်လက်ဦးဖို့ လိုပါမယ်ခင်ဗျာ…။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်လို့ရမဲ့ Thailand Elite Visa (၅) နှစ်စာကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။

House tour အတွက် အစအဆုံး အခမဲ့ စီစဥ်ပေးပါသည်။

အသေးစိတ်ထပ်မံသိရှိလိုပါက ထိုင်းနိုင်ငံ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Page ရဲ့ Chat Box မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ! 💌

AI Property Management Thailand

📱Mobile : (+66) 090 199 5900
📩 Messenger - m.me/ai.rental9999
🌐 Social Media - openlink.co/ai_property9999

Address


Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+66828281500

Website

Alerts

Be the first to know and let us send you an email when AI Property Management Thailand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Realtor/realty Service?

Share