Welcome To Ngapali-Kaung Kaung

Welcome To Ngapali-Kaung Kaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Welcome To Ngapali-Kaung Kaung, Tokyo, New City, NY.

We would like to help to satisfy all the guests when they come to Ngapali Beach.Such as rooms & tickets,trip to pagodas,islands,elephants camp, & etc;
အခုအချိန်မှာတော့ ဖတ်မိသမျှ သုတ/ရသ စာပေလေးတွေကို ဝါသနာတူ အမျိုးများအတွက် ပြန်လည် ဝေမျှပေးနေပါသည်။

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ါShout out to my newest followers! Excited to have you onboard! Saw Yan Aung Soe, Hto...
09/23/2026

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ါ

Shout out to my newest followers! Excited to have you onboard! Saw Yan Aung Soe, Htoonam Phyoeaung, မိုးဒေ ဝါ, နယလ နယလ, Chit Oo Cho, သိန်း လွင်ဦး, နန်း နန်း, Yan Aye, ဦးခင်ဇော်, Htun Lin, Soe Win Naing, KoZaw Min, Aung Ko, Ya Min, Phaw Eh Sue, Vio Li Ne, Ban Ja Min, วิน ชอ, Grace Kyi, Thar Gyi, Kyauk Phyu Thar, Aung Myat, Zar Zar Aung, Tee Dar Cho, Sandar Oo, Cir Cle, ရာ ပြည့်, Myint Swe Oo, Win Naing Tun, Aung Zin Tun, Phwar Su Hlaing, အရှင် ဣဿ ရိယ, Thin Winmo, Thiha Aung, B Shine Poe, အဖြူရောင် မေမေ, ကျော်ခန့် ကြီး, Lîñ Lîññ, Aye Phyu, Moe Htet Nay Chi

"""အားမလျှော့လိုက်ပါနဲ့"""**************************နာကျင်ချိန်မှာ မငိုညည်းပါနဲ့။ရန်သူတွေ ဝမ်းသာကြလိမ့်မယ်။အမှောင်ဆုံးအခ...
09/22/2026

"""အားမလျှော့လိုက်ပါနဲ့"""
**************************

နာကျင်ချိန်မှာ မငိုညည်းပါနဲ့။
ရန်သူတွေ ဝမ်းသာကြလိမ့်မယ်။

အမှောင်ဆုံးအချိန်မှာ
မကြောက်ပါနဲ့..။
ကြယ်ပွင့်ကလေးတွေ
သူ့အလိုလို ကြွေကျလာလိမ့်မယ်။

ရှုံးနိမ့်ချိန်မှာ အားမလျှော့လိုက်ပါနဲ့။
တစ်ချိန်ပြန်ပြီး
အနိုင်ယူဖို့ အားမွေးရဦးမယ်လေ။

ဒုက္ခရောက်ချိန်မှာ---
စွန့်ခွာသွားသူတွေကို မမေ့ပါနဲ့။
အောင်မြင်ချိန်မှာ---
ပြုံးပြနှုတ်ဆက်ရဦးမယ်လေ...။

လိုအပ်ချိန်မှာ လွယ်လွယ်ပေးတဲ့
ကတိတွေကို အားမကိုးလိုက်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ်သာလျှင် အားကိုးထူမတ်.....
ကယ်တင်နိုင်တယ်ဆိုတာ မေ့လိုက်မှာစိုးတယ်လေ။

"ကဲ မိတ်ဆွေတို့ရော ဘယ်လိုထင်လဲ"



#ဘဝစာပေ
***********************************

““ဘယ်သူမှ မသိတဲ့    ကိုယ့်ရဲ့ပင်ပန်းမှုတွေ”"*****************************တစ်ခါတလေလူတစ်ယောက်ရဲ့ တိတ်ဆိတ်နေမှုကိုဘာမှမဖြစ်...
09/22/2026

““ဘယ်သူမှ မသိတဲ့
ကိုယ့်ရဲ့ပင်ပန်းမှုတွေ”"
**************************

***တစ်ခါတလေ
လူတစ်ယောက်ရဲ့ တိတ်ဆိတ်နေမှုကို
ဘာမှမဖြစ်ဘူးလို့ မထင်လိုက်ပါနဲ့။
မပြောတာက မခံစားရလို့ မဟုတ်ဘူး။
ပြောပြရင်လည်း ဘယ်သူက နားလည်ပေးမှာလဲဆိုတဲ့စိတ်နဲ့
တိတ်ဆိတ်နေခဲ့တာ ဖြစ်နိုင်တယ်။

***တချို့လူတွေက
နေ့တိုင်းပြုံးတယ်။
ပုံမှန်အတိုင်း အလုပ်လုပ်တယ်။
လူတွေနဲ့ စကားပြောတယ်။
“အဆင်ပြေပါတယ်” လို့လည်း
ပြောတယ်။
ဒါပေမယ့် အဲ့ဒီစကားနောက်မှာ
ဘယ်လောက်တောင် ပင်ပန်းနေကြလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

***ကိုယ်က သူများအခက်အခဲတွေကို နားလည်ပေးခဲ့တယ်။
သူများအမှားတွေကို ခွင့်လွှတ်ပေးခဲ့တယ်။
သူများစိတ်မကောင်းမှာစိုးလို့ ကိုယ့်စကားတွေကိုတောင် ချိန်ပြောခဲ့တယ်။
ဒါပေမယ့် ကိုယ်ပင်ပန်းတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်အားပေးနေရတယ်။

***ဒါကြောင့်---
ကိုယ့်ကိုယ်ကို
အရမ်းမတင်းကြပ်ပါနဲ့။
ဒီနေ့ လုပ်နိုင်တာနည်းနည်းပဲရှိရင်လည်း ရပါတယ်။
မပြီးသေးတဲ့အရာတွေကို မနက်ဖြန် ဆက်လုပ်လို့ရတယ်။
အိပ်မက်တွေ မပြည့်သေးရင် အချိန်နည်းနည်း ထပ်ယူလို့ရတယ်။
လမ်းမှားသွားရင်လည်း ပြန်လှည့်လို့ရတယ်။
ဘဝဆိုတာ သူများနဲ့ပြိုင်ပြီး
အမြန်ဆုံးရောက်အောင် ပြေးရတဲ့နေရာမဟုတ်ဘူး။
ကိုယ့်လမ်းကိုယ် ကိုယ့်အရှိန်နဲ့ သွားရတာပါ။

***မင်းပင်ပန်းနေတာက
မင်းအားနည်းလို့ မဟုတ်ဘူး။
အချိန်အကြာကြီး တောင့်ခံလာခဲ့လို့ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဒီညတော့
ကိုယ့်ကိုယ်ကို တစ်ခါလောက် ခွင့်လွှတ်ပေးလိုက်ပါ။
မပြီးသေးတာတွေ ရှိနေလည်း
ရပါတယ်။
မပြည့်စုံသေးတဲ့ဘဝလည်း
ရပါတယ်။
တစ်နေ့ကျရင် ဒီနေ့တွေကို ပြန်ကြည့်ပြီး—
“အဲ့ဒီအချိန်တုန်းကလည်း ငါတော်တော်ပင်ပန်းခဲ့တာပဲ…
ဒါပေမယ့် ငါဖြတ်ကျော်လာနိုင်ခဲ့တယ်”
လို့ ပြောနိုင်ပါလိမ့်မယ်။

***မိတ်ဆွေတို့ရော ဘဝမှာ ပင်ပန်းနေကြပြီလား။ရင်ဖွင့်ခဲ့လို့ရပါတယ်။
ဘာပဲဖြစ်ဖြစ် Fighting.!!!!.


#ဘဝစာပေ fans
***********************************

"""ရင့်ကျက်နိုင်အောင်ကြိုးစားပါ"""*************************************အထင်လွဲခံရပြီး ဘာမှ ပြန်မပြောခြင်းဟာ သဘောထား ကြီး...
09/21/2026

"""ရင့်ကျက်နိုင်အောင်ကြိုးစားပါ"""
**********************************

***အထင်လွဲခံရပြီး ဘာမှ ပြန်မပြောခြင်းဟာ သဘောထား ကြီးမှု တစ်မျိုးပါ။အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

***စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ စိတ်ရင်းကောင်းမှု
တမျိုးပါ။မေတ္တာရဲ့ အအေး အနွေးဟာ အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်။

***အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါ။အကျင့်ကောင်းတယ် မကောင်ဘူး ဆိုတာ အချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ်။

***ဘာကိစ္စအတွက်ပဲ ဖြစ်ဖြစ်
စိတ်လောပြီး မငြင်းဆိုပါနှင့်။

***ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနှင့်။

***နားလည်ပြီးသား သူအတွက်
ရှင်းပြဖို့ "မလိုအပ်" သလို---

နားမလည်ချင်တဲ့သူအတွက် ရှင်းပြလည်း "အပို" ဖြစ်နေတတ်တယ်။

***စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့ ပါးစပ် ပိတ်တတ်ဖို့ သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး။

ဝမ်းနဲစရာ ကောင်းတာက အခုထက်ထိ ပါးစပ်က လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း။

***အမြင့်ဆိုတာ---
ပညာ ဘယ်လောက်တတ်တယ်
ဗဟုသုတ ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ။

ဒေါင်ကျကျ ပြားကျကျ အပြုံး မပျက်တဲ့ မဟာသဘောထားမျိုးကို
ဆိုလိုပါတယ်။

***စိတ်သဘောထား ကြီးတယ်ဆိုလဲ
သင် လူဘယ်လောက်များများ သိတယ်-- ဘယ်လောက်များများ ခင်မင် တာနဲ့လဲ မသက်ဆိုင်ပါ။

သင်လူ ဘယ်လောက်များများ ကို
လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ်။

***လောက နိယာမအရ
အနစ်နာခံတဲ့လူဟာ နောက်ဆုံးမှာ တကယ်မနစ်နာသလို---
ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး။

ကိုယ့်ကိုကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။

***မိတ်ဆွေတို့ အမြင်လေးတွေကိုလည်း မျှ​ဝေခဲ့စေချင်ပါတယ်***



#ဘဝစာပေ
***********************************

"""မေတ္တာထား၍ လွှတ်ထားလိုက်ပါ"""**********************************လောကထဲရောက်ပြီဆိုတာနဲ့ကိုယ့်သမိုင်းနဲ့ ကို လာတာမို့ ကိ...
09/20/2026

"""မေတ္တာထား၍ လွှတ်ထားလိုက်ပါ"""
**********************************

လောကထဲရောက်ပြီဆိုတာနဲ့
ကိုယ့်သမိုင်းနဲ့ ကို
လာတာမို့ ကိုယ့်နေထိုင်းမှု
မှန်အောင်ပဲ နေပါတယ် ။

ကိုယ်ပြု ကိုယ်ခံရ
ဘယ်သူမှ အစားထိုးခံ မရပါဘူး။

သူဆိုးတိုင်း ကိုယ်က
ဆိုးစရာ မလိုပါဘူး ။

ကိုယ်လမ်းနဲ့ ကို လျှောက်ပါ ။

ကိုယ့်ကို လာဟောင်ရင်လဲ
ဘေးမဲ့သာ လွှတ်ထားလိုက်ပါ။

ပြန်ပြောနေလို့လဲ
ကိုယ့်အတွက် အကျိုးမရှိဘူးလေ။

"မိတ်ဆွေတို့ရော ဘယ်လိုထင်လဲ"



#ဘဝစာပေ
***********************************

"""ဂုဏ်ယူ ဝမ်းသာရပါသည်"""*****************************ကမ္ဘာ့ဖလိုင်းဝိတ် (Flyweight) ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ...
09/20/2026

"""ဂုဏ်ယူ ဝမ်းသာရပါသည်"""
*****************************

ကမ္ဘာ့ဖလိုင်းဝိတ် (Flyweight) ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့တဲ့ Joshua Van

"အခုရော သူတို့ ဘာတွေ ပြောကြဦးမလဲ...?"

ပရိသတ်တွေ အားလုံး ရင်တဖိုဖိုနဲ့ စောင့်ကြည့်ခဲ့ရတဲ့ UFC 331 ပြိုင်ပွဲကြီးမှာတော့ အားလုံးရဲ့ အာရုံစိုက်မှုတွေကို သိမ်းပိုက်သွားခဲ့တဲ့ ပွဲစဉ်တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင် ဝေဖန်နေသူတွေ ဘာပြောကြမလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အချိန်ပါပဲ။

ဒီကနေ့ ယခုလေးတင်ပဲ ပြီးဆုံးသွားခဲ့တဲ့ ပွဲစဉ်မှာတော့ Joshua Van ဟာ ပြိုင်ဘက်ဖြစ်သူ Alexandre Pantoja ကို အမှတ်ပေးဒိုင်တွေရဲ့ တညီတညွတ်တည်း အဆုံးအဖြတ် (Unanimous Decision) နဲ့ အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ Joshua Van ဟာ ကမ္ဘာ့ဖလိုင်းဝိတ် (Flyweight) ချန်ပီယံခါးပတ်ကြီးကို ဆက်လက်ထိန်းသိမ်းကာကွယ်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်နေပါစေ၊ လက်စွမ်းပြပြီး ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်းကို Joshua Van က သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ပွဲပြီးခါစ ပူပူနွေးနွေး ထွက်ပေါ်လာတဲ့ ဒီနိုင်ပွဲရလဒ်ကြောင့် ပရိသတ်တွေကြားမှာတော့ အရမ်းကို လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီပဲ ဖြစ်ပါတယ်။ (ယခုသတင်းအား Crypto.com မှ ကမကထပြု တင်ဆက်ထားခြင်း ဖြစ်ပါသည်။)

"""Congratulations JOSHUA VAN"""
****************************




*********************************

"""တချို့သော အခက်အခဲတွေကဘဝကိုပိုမို သန်မာစေပါတယ်"""************************************သာမာန် လူတစ်ယောက်ပါ။အမြဲတမ်း မသန်...
09/19/2026

"""တချို့သော အခက်အခဲတွေက
ဘဝကိုပိုမို သန်မာစေပါတယ်"""
*********************************

***သာမာန် လူတစ်ယောက်ပါ။
အမြဲတမ်း မသန်မာနိုင်ပါဘူး။
လူမသိအောင် မျည်ရည်ကျခဲ့ရတဲ့
အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။

***နေရာတိုင်း မတော်ပါဘူး။
အားနည်းချက်ရှိတယ်။
အားသာချက် ရှိတယ်။

***ကြိုးစားရုန်းကန်ရတဲ့သူမို့
အမြဲတမ်းလှလှပပ မနေနိုင်ပါဘူး။

***အဆင်မပြေမှုတွေအမျိုးမျိုးနဲ့
ရင်ဆိုင်ရတာများတဲ့ အခါမှာ အားငယ်တတ်ပါတယ်။

***ဒါပေမဲ့ ဘဝကို
လွယ်လွယ်နဲ့ ဘယ်တော့မှ
အသနားခံပြီး အရှုံးပေးမှာ
မဟုတ်ပါဘူး။

***ကိုယ့်မှာ လဲကျလို့မဖြစ်ဘူး။
တကယ် ကိုယ့်မှာ လဲကျလို့မဖြစ်တဲ့ အကြောင်းပြချက်တွေ
အများကြီးရှိတယ်။

**ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ၊
ဘယ်လိုအတိုက်အခိုက်တွေ
ရှိနေပါစေ၊
ကိုရောက်ချင်တဲ့ နေရာ
ကိုယ်ရည်မှန်းချက် ချထားတဲ့
ပန်းတိုင်ကိုရောက်ဖို့
မနက်ဖြန်တိုင်းကို ရှေ့ဆက် ကြိုးစားနေဦးမှာပါ။

Fighting.!!!!!



fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
************************************

Address

Tokyo
Ngapali Beach

Website

Alerts

Be the first to know and let us send you an email when Welcome To Ngapali-Kaung Kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share