09/21/2026
W2 အလုပ်က ကောင်းတဲ့အချက်တွေ အများကြီး ရှိပါတယ်။ ကျွန်မတို. 1099 သမားတွေ ဒါတွေလိုချင်ရင်တောင် မရပါဘူး။
၁) 401k
မိမိရဲ. employer ကလုပ်ပေးပါတယ်။ pay check ထဲက ပိုက်ဆံ နည်းနည်းဖြတ်သွားတယ်။ ကိုယ်က ဖြတ်မဲ့ % ကို ရွေးချယ်လို.ရပါတယ်။ အလုပ်ရှင် တော်တော်များများက employer match လုပ်ပါတယ်။ maximum limit ရှိပါတယ်။ တချို.က paycheck က ဖြတ်တဲ့အတွက် မကြိုက်ပါဘူး။ state job တွေ gov job တွေမှာ ဆိုရင် ၅% တခြား အလုပ်တွေမှာ average 3% match လုပ်ကြပါတယ်။ တစ်နာရီ ၂၀ ဒေါ်လာ ရတဲ့ လူတစ်ယောက်ဟာ တစ်ပတ်မှာနာရီ ၄၀ လုပ်လို. ၈၀၀ ရရင် တစ်လကို ၃၄၆၆ လောက် ပျမ်းမျှရတယ်။ ၃% ဆိုရင် လစဥ် ၁၀၄ ကျပ်အစု ဖြစ်တယ်။ ကိုယ်ထည့်လိုက်တဲ့ ပိုက်ဆံဟာ employer match ၃% ကုမ္ပဏီက စုပေးတယ်ဆိုရင် တစ်လအတွင်းမှာ ၂၀၈ကျပ်ဖြစ်သွားတယ်။ ဘယ် stock မှ ဒီ consistent instant return ကို မပေးပါဘူး။ ဒီလောက် ၁၀၀% မြတ်တာ မရှိဘူး။ အိမ်အတိုး တစ်နှစ် ၇% ကို အရမ်းကြောက်ပေမဲ့ အဲ့ဒီ ကိုယ်၇မဲ့ အတိုး တစ်လ ၁၀၀% ကိုကျ မစုသူတွေရှိပါတယ်။ အဲဒီ investment account ကိုလည်း ကိုယ်ကြည့်နေစရာ မလိုဘူး။ investment သူ.ဘာသူ လုပ်ပြီး ငွေက တိုးပွားနေတယ်။ အလိုလို နေရင်း ရတာ ၂ဆ အပြင် နှစ်ရှည်စောင့်ရင် ၄ဆ ၅ဆ ပွားချင်တိုင်းပွားနေတယ်။ အလုပ်လုပ်တဲ့နှစ်နဲ. စုနှုန်းအပေါ်မူတည်ပြီး ရေရှည် W2 လုပ်နေတဲ့ လူတစ်ယောက်ဟာ မှန်မှန်စုရင်အသက် ၆၀ ကျော်မှာ 401k ထဲမှာ ဒေါ်လာ ၂သိန်းကျော် လောက် average စုမိပါတယ်တဲ့။ လခကောင်းရင် မီလီယံချီပါတယ်။ လခဘယ်လောက်ရရ employer က ဘယ်လောက် ပေးပေး ငါ့ပိုက်ဆံ ငါလုပ်ချင်သလို လုပ်မယ် မဖြတ်နဲ. ဆိုတဲ့ လူက မရပါဘူး။ တစ်နာရီ ကို ၁၄ကျပ်ပဲရရ စုတဲ့သူက ရတယ်။ ဒါပါပဲ။ same concept for 457 (b) and 403 (b). 401k account ရဲ. beneficiary ကို ကိုယ့် trust သို. သားသမီးကို ပေးခဲ့နိုင်ပါတယ်။
၂) Social Security Benefit
W2 သမားတွေ နောက်ထပ် မပေးမဖြစ် ပေးရတာတော့ social security benefit ပါ။ auto ဖြတ်သွားတာပေ့ါနော်။ လစာကနေ gross income ရဲ. 6.2% ကို ဖြတ်ပါတယ်။ Employer ကလည်း 6.2% ကို match လုပ်ပေးနေပါတယ်။ အဲဒီမှာ တစ်ခါ နှစ်ဆ တိုးပါတယ်။ social security က နှစ်ပေါင်း ၃၅နှစ် အလုပ်လုပ်ထားတဲ့ work history က highest income တွေကို တွက်ပြီး အလုပ်လုပ် အခွန်ဆောင်ထားတဲ့ လူတွေကို retirement မှာ မိမိ ကွယ်လွန်ချိန်အထိ ပေးနေတာ ဖြစ်ပါတယ်။ Eligible ဖြစ်ဖို.လိုပါတယ်။ တချို.လူတွေ W2 နည်းနည်းလုပ်လိုက် ပြန်ထွက်လိုက် tax နည်းနည်းပဲဆောင်ပြီး 1099 လုပ်လိုက် လုပ်နေရင် အများကြီး မရပါဘူး။ နှစ်ပေါင်း များစွာ အလုပ်လုပ် နေပေမဲ့ cash job ချည်း လုပ်နေလို. eligible မဖြစ်သူတွေ ရှိပါတယ်။ Higher Income သမားတွေလည်း eligible မဖြစ်ပါဘူး။ Consistent income ရှိဖို.လိုပါတယ်။ အလုပ် လုပ်နေတဲ့ ပုံမှန် နစ် များလေလေ ပိုကောင်းလေလေ ဖြစ်ပါတယ်။ work credit ပြည့်ရပါမယ်။ social security က အမြင့်ဆုံး 4100 ကျော်အထိ ရနိုင်ပါတယ်။
အမျိုးသမီးတွေက လင်က social security ရှိရင် လင်ရဲ. တစ်ဝက်ကို claim လုပ်လို.ရပါတယ်။ လင်က အပြည့်ရ မယားက တစ်ဝက်ရပေ့ါနော်။ အနည်းဆုံး ၁၀နှစ်လက်ထက်ပြီးတော့ ကွဲသွားရင်လည်း တစ်ဝက် claim လုပ်လို.ရပါသတဲ့။ လင် ၄ ယောက်လောက် ယူ တစ်ယောက်စီ ၁၀နှစ်ပေါင်းရင် ကွာပစ်ရင်ကော အားလုံးရဲ.တစ်ဝက်ရမလား စုံစမ်းကြည့်ရပါအုံးမယ်။ တစ်လ ၈၀၀၀ ဆိုရင် ဒီမှာက နေပျော်ပါတယ်။ ပေါင်းနေတဲ့လင် ဆုံးသွားရင်တော့ မယားက 100% ရပါတယ်။ လင်ရော မယားရောမှာ social security ရှိရင် တစ်ယောက်က ဆုံးသွားရင် တစ်ယောက်က ပိုများတဲ့ social security ကို ရပါတယ်။ နှစ်ယောက်စာ မရပါဘူး။ မေးပြီးသွားပြီ။ ဥပမာ လင်က ၄၀၀၀ ရတယ် မယားက ၂၀၀၀ ရတယ်ဆိုရင် မယားဆုံးရင် လင်က ၄၀၀၀ ပဲထပ်ရမယ်။ လင်ဆုံးရင် မယားက ၄၀၀၀ ရပါမယ်။
တွက်နည်းကတော့ ကျွန်မတို.လို နောက်ကျမှ ဒီရောက်တဲ့လူတွေက ၁၀နှစ်ပဲ အလုပ်လုပ်ဖြစ်တယ်။ တခြားနှစ်တွေက အလုပ် ခရက်ဒစ် မပြည့် အလုပ်မလုပ်ဖြစ်လို. ဒီအတိုင်းပဲ နေပြီး အသက် ၆၇ ပင်စင်ယူလိုက်ရတယ်ဆိုပါစို.။ အဲဒီ လုပ်သက် ၁၀နှစ်မှာ average 50000 တစ်နှစ်ကို ရရင်
At Age 62 (Early Retirement): $750 per month
At Age 67 (Full Retirement Age): $1,070 per month
At Age 70 (Delayed Retirement): $1,330 per month
ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါသည် နောင်နှစ်ပေါင်း ၂၀ လောက် မှာဆိုရင် furture value နဲ. ရပါမယ်။ လက်ရှိ အသက် ၄၄ နှစ် နဲ. တွက်ကြည့်တယ် ဆိုပါစို.။ ၁၀ နှစ်လုပ်ထားပြီး မလုပ်တော့ဘူး။
At Age 62 (in 18 years): $1,170 to $1,280 per month
At Age 67 (in 23 years): $1,890 to $2,110 per month
At Age 70 (in 26 years): $2,530 to $2,870 per month
နောင် ၂၃နှစ်မှာ inflation rate နဲ. ထည့်တွက်ပြီး ဒီလောက် ရပါမယ်။
တကယ်လို. ကျွန်မက အနှစ် ၂၀ အလုပ်လုပ်ရင်
Age 62 (Early) $1,620 – $1,770 / month🏢
Age 67 (Full)1$2,620 – $2,930 / month🚀
Age 70 (Delayed)$3,500 – $3,970 / month
ဒါတစ်နှစ်ကို ၅သောင်း လခနဲ.ပဲ တွက်တာပါ။ ပိုရတဲ့လူတွေ တွက်ကြည့်ပေါ့နော်။ Social Security ကတော့ မိမိ တသေ အထိ ရပါတယ်။ သားသမီးအတွက် ချန်ခဲ့လို. မရပါဘူး။ retirement မတိုင်ခင် ဖြုတ်ခနဲ သေသွားခဲ့ရင်တော့ အစိုးရ အတွက် လက်ဆောင်လို.ယူဆလို.ရပါတယ်။ သေသွားတာဟာ ပြသနာမဟုတ်။ ဘာမှ မရှိပဲနဲ. အသက်ရှည်နေတာက ပြသနာ ပိုကြီးပါတယ်။ ဒါကြောင့် ခုတည်းက ငါမသထာဘူး လို. သဘောမထားပါနဲ.။ မဟုတ်လည်း ပေးရမဲ့တူတူ အသက်ရှည်ရှည် နေနိုင်အောင် ကြိုးစားကြပါစို.။
ဒါကြောင့် W2 က ဟိုဖြတ်ဒီဖြတ် ဖြတ်တယ်ဆိုပေမဲ့ ကိုယ့်. အတွက် ကောင်းတာတွေလည်း အများကြီး ရှိတယ်ပြောတာပါ။ ကိုယ်လိုတဲ့ ငွေကို side job နဲ. part time job နဲ. supplement လုပ် ရှာလို.ရတယ်။ ဒီလို employer match တွေက W2 မှာပဲ ရှိပါတယ်။ မိမိ အိမ်လေးလည်း အကြွးကျေ နောက်ထပ် အငှားအိမ် တစ်လုံးနစ်လုံးလောက်. လည်းရှိ။ social security လည်းရလာတဲ့ အချိန်မှာ ဘဝက အများကြီး နေပျော်လာပါအုံးမယ်။ လိုအပ်ရင်လည်း anytime 401k ထုတ်ပြီး မြန်မာပြည် ပြန်လို.ရပါတယ်။ penalty လေး ပေးပြီးတော့ပေါ့။ မြန်မာပြည်ပြန် retire ယူရင်လည်း social ကို တစ်လ တစ်ခါ ထုတ်လို.ရပါတယ်။ ၁၀နှစ်လောက်ပဲ လုပ်လိုက်ရတော့ ၁၂၀၀ ဆိုလည်း ထိုင်း မလေးရှား မြန်မာဘက်မှာ သုံးပျော်တာပေ့ါ။ နည်းလား။ ဒါကြောင့် ရေရှည်အတွက် စဥ်းစားပါရှင်။ self employed သမားတွေ အတွက် လာပါအုံးမယ်။
ခိုင်သွယ်