Ok land real estate

  • Home
  • Ok land real estate

Ok land real estate ယုံကြည်စိတ် ချရသော အိမ်ခြံမြေ ဝန်ဆောင်မှု Trusted real estate service

🏨 ရှုခင်းသာမြို့ပတ်လမ်းမမေးတင် ဟိုတယ်အရောင်းရင်းနှီးမြှုပ်နှံသူများအတွက် Location အထူးကောင်းမွန်ပြီး လုပ်ငန်းအသင့်စတင်နိ...
17/05/2026

🏨 ရှုခင်းသာမြို့ပတ်လမ်းမမေးတင် ဟိုတယ်အရောင်း

ရင်းနှီးမြှုပ်နှံသူများအတွက် Location အထူးကောင်းမွန်ပြီး လုပ်ငန်းအသင့်စတင်နိုင်မည့် အခွင့်အရေး!

✅ အသေးစိတ်အချက်အလက်များ

📍 တည်နေရာ: သာကေတ၊ရှုခင်းသာမြို့ပတ်လမ်းမပေါ် (နေရာကောင်း)

• မြေအကျယ် : ၁၂,၀၀၀ စတုရန်းပေ
• အဆောက်အဦး: ၂၄,၅၃၈ စတုရန်းပေ ( Pent House အပါ၁၀ ထပ် ) ပိုင်ဆိုင်မှု : ဂရန်
• အခန်းအရေအတွက် - (၃၀) ခန်း၊
• ဓာတ်လှေကား။ 315 KV Transformer ကားပါကင်ကျယ်
• အပိုဆောင်း: ၄၀' x ၆၀' မြေလွတ် (၃) ကွက် ထပ်မံကျန်ရှိသဖြင့် တိုးချဲ့ရန် အလွန်သင့်တော်သည်။

💰 ဈေးနှုန်း: ၂၅၀,၀၀၀ သိန်း

စိတ်ဝင်စား၍ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်နိုင်ပါသည်။

OK Land Real Estate 🏠
📲 09953143331
📲 09791350216 (Office / Viber )
🏘️ ရုံးခန်းလိပ်စာ - အမှတ် (ဒ-၃၂၃၇၄)၊ မိုးဝေလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#ရန်ကုန် #နေပြည်တော် #ခြံအရောင်း #မန္တလေး #နေရာကောင်း #စျေးအသင့်အတင့် #အိမ်ခြံမြေ #မြေကွက်အရောင်း #သာကေတ #ဟိုတယ်အရောင်း #ရှုခင်းသာ #သန်လျှင်

"အနာဂတ် သာကေတရဲ့ အချက်အချာကျတဲ့ ခရေလမ်းက အိမ်နဲ့ခြံ" 🏡သွားလာရတာလည်း လွယ်ကူရမယ်၊ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းပြီး စိတ်ငြိမ်...
10/05/2026

"အနာဂတ် သာကေတရဲ့ အချက်အချာကျတဲ့ ခရေလမ်းက အိမ်နဲ့ခြံ" 🏡

သွားလာရတာလည်း လွယ်ကူရမယ်၊ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းပြီး စိတ်ငြိမ်ရမယ်ဆိုရင် ဒီနေရာလေးကို လုံးဝ လက်လွှတ်မခံသင့်ပါဘူးခင်ဗျာ👇🏻🤩

🌉 သန်လျင်တံတားသစ်ကြီးနားမှာ ဖြစ်လို့ အိမ်ခြံမြေတန်ဖိုးကတော့ တက်ဖို့ပဲ ရှိပါတယ်။
🏫 ကလေးတွေအတွက်လည်း ရှုခင်သာ International ကျောင်းနဲ့ နီးလို့ ကျောင်းပို့/ကျောင်းကြို အရမ်းသက်သာပါတယ်။

📍 တည်နေရာ: ခရေလမ်းမေးတင်၊ သာကေတမြို့နယ် ၊ သန်လျှင်တံတားအိမ်ရာဝင်း

📏 အကျယ်: ပေ ၄၀ x ၆၀ (တစ်ထပ်အိမ်ပါ)

📜 ဂရန်အမည်ပေါက်
ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် အဆင့်မြင့်မြင့် နေထိုင်ဖို့ပဲဖြစ်ဖြစ် အကောင်းဆုံး ရွေးချယ်မှုပါ။

💰 ရောင်းဈေး: ၁၅,၀၀၀ သိန်း (ညှိနှိုင်း)

စိတ်ဝင်စား၍ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်နိုင်ပါသည်။
OK Land Real Estate 🏠
📲 09953143331
📲 09791350216 (Office / Viber )
🏘️ ရုံးခန်းလိပ်စာ - အမှတ် (ဒ-၃၂၃၇၄)၊ မိုးဝေလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#ရန်ကုန် #နေပြည်တော် #ခြံအရောင်း #မန္တလေး #နေရာကောင်း #စျေးအသင့်အတင့် #အိမ်ခြံမြေ #မြေကွက်အရောင်း #ပုဗ္ဗသီရိ #ဒက္ခိဏသီရိ #သန်လျှင် #သာကေတ

🏡 နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် (၁၀၀' x ၁၀၀') မြေကွက်ကျယ် အမြန်ရောင်းမည်။နေပြည်တော်ရဲ့ သွားလာရေးအဆင်ပြေဆုံးနဲ့ ပတ်ဝန်းက...
01/05/2026

🏡 နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် (၁၀၀' x ၁၀၀') မြေကွက်ကျယ် အမြန်ရောင်းမည်။

နေပြည်တော်ရဲ့ သွားလာရေးအဆင်ပြေဆုံးနဲ့ ပတ်ဝန်းကျင်ကောင်းမွန်တဲ့ ဒက္ခိဏသီရိမြို့နယ် ထဲက နေရာကွက်လပ်ကောင်းတစ်ခုကို ရောင်းချပေးပါမည်ခင်ဗျာ။

✅ မြေကွက်အချက်အလက်များ

• တည်နေရာ: မဉ္ဇူသကလမ်းတည့်ပေါက်၊ စစ်တောင်းလမ်းနှင့် ဇီဇဝါလမ်းထောင့် (လမ်းဆုံလမ်းခွနီး နေရာကောင်း)

• အကျယ်အဝန်း: ၁၀၀ ပေ x ၁၀၀ ပေ (Square Type မြေကွက်ကျယ်)

• ပိုင်ဆိုင်မှု: ဂရန်အမည်ပေါက် (စာရွက်စာတမ်း အရှုပ်အရှင်းကင်း၊ ပိုင်ဆိုင်မှုခိုင်မာသည်)

✨ ဘာကြောင့် ဝယ်ယူသင့်သလဲ?

• နေရာကောင်း: လမ်းတည့်ပေါက်နှင့် လမ်းထောင့်ဖြစ်၍ စီးပွားရေးလုပ်ငန်းလုပ်ရန် သို့မဟုတ် ခန့်ညားထည်ဝါသော Villa အိမ်ကြီးများဆောက်ရန် အထူးသင့်တော်ခြင်း။

• ရင်းနှီးမြှုပ်နှံမှု: နေပြည်တော်၏ ဖွံ့ဖြိုးမှုအရှိန်ရနေသော နေရာဖြစ်သဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးတက်လာမည့် အလားအလာရှိခြင်း။
• အဆင်သင့်: စာရွက်စာတမ်း ဂရန်အမည်ပေါက်ဖြစ်၍ စိတ်ချလက်ချ ချက်ချင်းဝယ်ယူနိုင်ခြင်း။
💰 ရောင်းဈေး - ၅,၂၀၀ သိန်း (ညှိနှိုင်း)

ပိုင်ဆိုင်မှု စိတ်ချရပြီး နေရာကောင်း မြေကွက်ရှာနေသူများအတွက် လက်မလွှတ်သင့်သော အခွင့်အရေးတစ်ခု ဖြစ်ပါတယ်ခင်ဗျာ 🙌🏻

စိတ်ဝင်စား၍ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်နိုင်ပါသည်။
OK Land Real Estate 🏠
📲 09953143331
📲 09791350216 (Office / Viber )
🏘️ ရုံးခန်းလိပ်စာ - အမှတ် (ဒ-၃၂၃၇၄)၊ မိုးဝေလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#ရန်ကုန် #နေပြည်တော် #ခြံအရောင်း #မန္တလေး #နေရာကောင်း #စျေးအသင့်အတင့် #အိမ်ခြံမြေ #မြေကွက်အရောင်း #ပုဗ္ဗသီရိ #ဒက္ခိဏသီရိ

📌 လယ်ယာမြေ အရောင်းအဝယ် လုပ်မယ်ဆိုရင် သိထားသင့်တာများ━━━━━━━━━━━━━━━🔹 ပုံစံ (၇)👉 လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်🔹 ပုံစံ...
30/04/2026

📌 လယ်ယာမြေ အရောင်းအဝယ် လုပ်မယ်ဆိုရင် သိထားသင့်တာများ

━━━━━━━━━━━━━━━

🔹 ပုံစံ (၇)
👉 လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်

🔹 ပုံစံ (၁၀၅)
👉 မြေတည်နေရာပြ မြေပုံ
👉 အနား ၄ ရပ် (အရှေ့/အနောက်/တောင်/မြောက်)
👉 ဘေးနားမြေ၊ လမ်း စသဖြင့် ဖော်ပြထား

🔹 ပုံစံ (၁၀၆)
👉 မြေအမျိုးအစား
👉 အကျယ်အဝန်း
👉 ဦးပိုင်အမှတ် / ကွင်းအမှတ်
👉 မြေရာဇဝင်

⚠️ သတိပြုရန်
ပုံစံ (၇) + (၁၀၅/၁၀၆) ရှိတာနဲ့
👉 မြေကွက်ရိုက်ပြီး မရောင်းနိုင်ပါ ❌

━━━━━━━━━━━━━━━

📍 အခြားနည်း သုံးစွဲခွင့် (Change of Use)

👉 လယ်မြေကို အခြားလုပ်ငန်းအတွက် အသုံးပြုခွင့်

📌 ဥပမာ
• ဓါတ်ဆီဆိုင်
• ဖူဆယ်ကွင်း
• ဂိုဒေါင်
• စက်ရုံ
• ဆိုင်ခန်း စသဖြင့်

━━━━━━━━━━━━━━━

📋 လျှောက်ထားရန် လိုအပ်ချက်များ

1️⃣ ပုံစံ (၇) ရှိရမည်
2️⃣ NRC + အိမ်ထောင်စုစာရင်း
3️⃣ လုပ်ငန်းအမျိုးအစား သတ်မှတ်
4️⃣ အနား ၄ ရပ် မြေပိုင်ရှင် ထောက်ခံချက်
5️⃣ ၅ ဦးကော်မတီ ထောက်ခံချက်
6️⃣ ဌာနဆိုင်ရာ (လမ်း၊ မီးသတ်၊ စိုက်ပျိုးရေး…) ထောက်ခံချက်
7️⃣ မြေစာရင်းရုံးတွင် စီမံချက်တင်
8️⃣ ကွင်းဆင်းစစ်ဆေး
9️⃣ ပုံစံ (၁၀၅/၁၀၆) ထုတ်
🔟 ဘဏ်တွင် ငွေသွင်း
1️⃣1️⃣ ၁ လ ကြေညာ (ကန့်ကွက်)
1️⃣2️⃣ အဆင့်ဆင့် အတည်ပြု
1️⃣3️⃣ စီမံချက်အတိုင်း မလုပ်ပါက ခွင့်ပြုချက် ပယ်ဖျက်

⏳ ကြာချိန်
👉 ၈ လ လောက် ကြာနိုင်

━━━━━━━━━━━━━━━

⚠️ အထူးသတိထားရန်

❌ ၁ လအတွင်း ရမယ်ဆိုတာ လိမ်လည်မှု ဖြစ်နိုင်
❌ အခြားနည်းခွင့်ရှိပြီးသား မြေကို
👉 အကွက်ရိုက်ပြီး အိမ်ဆောက်မရ ❌

👉 ခွင့်ပြုချက် ဘာလုပ်ငန်းအတွက်လဲ
👉 အရင်ဆုံး စစ်ဆေးပါ

━━━━━━━━━━━━━━━

📢 အရေးကြီး

🚫 လယ်ယာမြေကို လူနေမြေကွက်ဆိုပြီး
အကွက်ရိုက်ရောင်းတာ မဝယ်မိပါစေနဲ့

🚫 ပုံစံ (၁၀၅/၁၀၆) ရှိတယ်ဆိုပြီး
ပိုင်ဆိုင်မှု လုံးဝမှားမထင်ပါနဲ့

🚫 “အခြားနည်းသုံးစွဲခွင့်” ဆိုတာ
👉 စီမံချက်အတိုင်းပဲ သုံးခွင့်ရှိတာပါ

━━━━━━━━━━━━━━━

📌 လုပ်မယ်ဆိုရင်
👉 မြို့နယ် မြေစာရင်းရုံးမှာ
တိုက်ဆိုင်စစ်ဆေးပြီးမှ ဆုံးဖြတ်ပါ

━━━━━━━━━━━━━━━

မူရင်းရေးသားထားသူအား credit ပေးပါတယ်ခင်ဗျာ။

📍နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ဥယျာဉ်ခြံမြေ ရောင်းရန်ရှိသည် 📍နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ၊ ...
25/04/2026

📍နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ဥယျာဉ်ခြံမြေ ရောင်းရန်ရှိသည် 📍

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ၊ ကိုယ်ပိုင်အပန်းဖြေခြံ ပြုလုပ်ရန်ဖြစ်စေ အလွန်သင့်တော်သော ဥယျာဉ်ခြံမြေကွက်ကို ရောင်းချမှာဖြစ်ပါတယ်ခင်ဗျာ။
📌တည်နေရာ: နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးတင်၊ ပန်းတင်ရွာ။
📌မြေအမျိုးအစား: ယာမြေ (ပုံစံ-၇ ကျပြီး)
📌မြေအကျယ်အဝန်း: ၄.၇၂ ဧက
📌ဈေးနှုန်း: သိန်း ၃၆၀၀ (ညှိနှိုင်း)

🌟အားသာချက်များ:
☑️ရန်ကုန်-မန္တလေး လမ်းဟောင်း မေးတင်ဖြစ်၍ သွားလာရေး အလွန်လွယ်ကူခြင်း။
☑️ခြံအတွင်း ဇီးပန်းသီးပင် နှင့် သရက်ခြံများ ရှိပြီးသားဖြစ်ခြင်း။
☑️ခြံစည်းရိုး သံဆူးကြိုး ခတ်ထားပြီးဖြစ်ခြင်း။☑️လျှပ်စစ်မီး သွယ်တန်းပြီး၊ အဝီစိတွင်း တူးထားပြီးဖြစ်ခြင်း။
☑️ (၁) ထပ် အဆောက်အဦးတစ်ခု နှင့် ရေစင်ပါရှိခြင်း။

စိတ်ဝင်စား၍ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်နိုင်ပါသည်။
OK Land Real Estate 🏠
📲 09953143331
📲 09791350216 (Office / Viber )
🏘️ ရုံးခန်းလိပ်စာ - အမှတ် (ဒ-၃၂၃၇၄)၊ မိုးဝေလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

မြေကွက်ကောင်းကောင်း၊ အိမ်ခြံမြေနေရာကောင်းကောင်း ရှာဝယ်ဖို့အခက်တွေ့နေပါသလား? ကျွန်တော်တို့ OK Land Real Estate ကိုသာဆက်သွယ်လိုက်ပါခင်ဗျ ✨🙏🏻

#ရန်ကုန် #နေပြည်တော် #ခြံအရောင်း #မန္တလေး #နေရာကောင်း #စျေးအသင့်အတင့် #အိမ်ခြံမြေ #တိုက်ခန်းအရောင်း #ယာမြေအရောင်း

"မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာတဲ့ နှစ်ဆန်း (၁) ရက်နေ့မှာ လူသားအားလုံး ...
17/04/2026

"မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာတဲ့ နှစ်ဆန်း (၁) ရက်နေ့မှာ လူသားအားလုံး ဘေး အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။🙏🏻

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများတစ်လုံး တစ်ဝတည်း ပြည့်ဝကြပါစေကြောင်း ကျွန်တော်တို့ OK Land မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏🏻

#မြန်မာ့နှစ်သစ်ကူး
#နှစ်ဆန်း၁ရက်နေ့
#အိမ်ခြံမြေ

💦 "နှစ်သစ်ဆုတောင်း" 💦မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန် နှစ်သစ်ကူး အချိန် အခါသမယမှာ မြန်မာပြည်သူပြည်သားအာ...
13/04/2026

💦 "နှစ်သစ်ဆုတောင်း" 💦

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန် နှစ်သစ်ကူး အချိန် အခါသမယမှာ မြန်မာပြည်သူပြည်သားအားလုံး ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံ၍ ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ချမ်းသာ၊ ရွှင်လန်းချမ်းမြေ့ပါစေ၊အလုပ် အကိုင်တွေအဆင်ပြေပြီး အမြဲတမ်းလှူဒါန်းနိုင်တဲ့ ပုဂ္ဂိလ်များ ဖြစ်ပါစေ ၊ဘေးဒုက္ခ အန္တရာယ်တွေမှကင်းဝေးပါစေကြောင်း OK Land မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏🏻💦

နှစ်သစ်မှာအိမ်အသစ်နဲ့အခြေချချင်လား? မြေကွက်တိုးချဲ့ပြီးစီးပွါးရေးလုပ်ချင်လား? ဘာပဲလိုလို OK Land Real Estate ရှိပါတယ်နော် 🙋‍♂️

#အိမ်ခြံမြေ

#နှစ်သစ်ဆုတောင်း
#မြန်မာနှစ်သစ်ကူး

‼️မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်‼️☑️မြေကွက်ဝယ်တော့မယ်ဆိုရင် နွေးထွေးတဲ့ မိသားစုအိမ်လေးဟာ လူသားတိ...
22/03/2026

‼️မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်‼️☑️

မြေကွက်ဝယ်တော့မယ်ဆိုရင် နွေးထွေးတဲ့ မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက် လိုအပ်ပါတယ်။ ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်းမဖြစ်ရလေအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပိုင်ဆိုင်မှု ခိုင်မာစေရန် အသေးစိတ်စစ်ဆေးခြင်း
ပိုင်ဆိုင်မှု ခိုင်မာပါစေ၊ ငွေပေါ်ပေါ်ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနည်းစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှ လွယ်လွယ်နဲ့ မဆုံးရှုံးချင်ပါနဲ့။ ဒါကြောင့် ပထမဆုံးအနေနဲ့ -
• (က) မိမိဝယ်ယူလိုတဲ့ မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ။
• (ခ) မြေပိုင်ဆိုင်မှု အထောက်အထား။
• (ဂ) စာရွက်စာတမ်းတွေ စုံ/မစုံ။
• (ဃ) မူရင်းစစ်မှန်မှု ရှိ/မရှိ၊ အရှုပ်အရှင်း ကင်း/မကင်း။
• (င) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ/မရှိ။
• (စ) မြေပုံ/မြေရာဇဝင် နဲ့ (ဆ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲ ဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ☑️
ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊ လယ်မြေ၊ ရွာမြေ၊ ယာမြေလား၊ ပုံစံ-၇ ရထားတဲ့ မြေလားဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ ရောင်းချသူ၏ ပိုင်ဆိုင်မှုကို စစ်ဆေးပါ☑️
မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ်ဆိုတာကို စစ်ဆေးပါ။ မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်။

၄။ စာချုပ်စာတမ်း စုံ/မစုံ စစ်ဆေးပါ☑️
စာချုပ်စာတမ်း စစ်ဆေးရာမှာ -
• ဂရန်မြေဆိုရင်: (က) မြေချမိန့်မူရင်း၊ (ခ) ငွေသွင်းပြေစာမူရင်း၊ (ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်၊ (ဃ) မှတ်ပုံတင်စာချုပ် အဆက်ဆက်၊ (င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်၊ (စ) တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)၊ (ဆ) ကိုယ်စားလှယ်နဲ့ချုပ်ဆိုခဲ့ဖူးရင် GP, SP ကိုယ်စားလှယ်စာများ။
• ဘိုးဘွားပိုင်မြေဆိုရင်: (က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်၊ (ခ) မြေပုံ/မြေရာဇဝင်၊ (ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်၊ (င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်၊ (စ) တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)၊ (ဆ) ကိုယ်စားလှယ်နဲ့ချုပ်ဆိုခဲ့ဖူးရင် GP, SP ကိုယ်စားလှယ်စာများ။
• ပုံစံ-၇ ထုတ်ပေးထားတဲ့ မြေဆိုရင်: (က) ပုံစံ-၇ မူရင်း၊ (ခ) မြေပုံ/မြေရာဇဝင်၊ (ဂ) ရပ်/ကျေးမှတ်တမ်း၊ (ဃ) စာချုပ်အဆက်ဆက်၊ (င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်၊ (စ) တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)၊ (ဆ) ကိုယ်စားလှယ်နဲ့ချုပ်ဆိုခဲ့ဖူးရင် GP, SP ကိုယ်စားလှယ်စာများကို စုံလင်အောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း☑️
စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရန်ပေးစာချုပ် (ကတိစာချုပ်) ချုပ်ဆိုခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူ ရှိ/မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ/မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွက်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး၊ အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်း အကုန်ယူထားရပါမယ်။
အထက်ပါအဆင့်တွေ အားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။
ထပ်ဆင့်ကူးယူဖော်ပြပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်...🙏🏻

#အိမ်ခြံမြေ #

ရင်းနှီးမြုပ်နှံဖို့လား၊ နေထိုင်ဖို့အတွက်လား အားလုံးအဆင်ပြေသွားစေမယ့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိနေရာကောင်း အ...
01/02/2026

ရင်းနှီးမြုပ်နှံဖို့လား၊ နေထိုင်ဖို့အတွက်လား အားလုံးအဆင်ပြေသွားစေမယ့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိနေရာကောင်း အဖိုးတန် #မြေကွက်အရောင်း ရှိနေပြီနော်‼️

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဧရာဝတီလမ်းမကြီးအနီး၊ ပိတောက် (၆)လမ်းနှင့် စစ်တောင်း (၁၆)လမ်းထောင့်ရှိ မြေကွက်အရောင်းဖြစ်ပါတယ်ခင်ဗျ။

📝 ပေအကျယ်အဝန်း - ၆၀x၈၀ ပေ
🧑🏼‍💻 ပိုင်ဆိုင်မှု - ဂရန်
💵 စျေးနှုန်း - ၃၀၀၀ သိန်း
☑️ ဂရန်မြေဖြစ်ပြီး အနာဂတ်တန်ဖိုးကောင်းလာနိုင်
☑️ နေထိုင်ရန် (သို့မဟုတ်) ရင်းနှီးမြုပ်နှံရန်အတွက်ကောင်းမွန်
☑️ နေရာလမ်းပန်းဆက်သွယ်ရေးကောင်း၊ သွားလာရအဆင်ပြေလွယ်ကူ

ယခုလိုစျေးသင့်ပြီး နေရာအချက်အချာကျ သင့်တော်တဲ့ ဒီလိုမြေကွက်အရောင်းကိုလူကြီးမင်းတို့နှင့် လွဲချော်မသွားရဖို့ ကျွန်တော်တို့ OK Land Real Estate ထံသို့အမြန်ဆုံးဆက်သွယ်ဝယ်ယူလိုက်တော့နော်။🤙🏻☎️

စိတ်ဝင်စား၍ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်နိုင်ပါသည်။
OK Land Real Estate 🏠
📲 09953143331
📲 09791350216 (Office / Viber )
🏘️ ရုံးခန်းလိပ်စာ - အမှတ် (ဒ-၃၂၃၇၄)၊ မိုးဝေလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

#ရန်ကုန် #နေပြည်တော် #ခြံအရောင်း #မန္တလေး #နေရာကောင်း #စျေးအသင့်အတင့် #အိမ်ခြံမြေ #မြေကွက်အရောင်း #ပုဗ္ဗသီရိ

မြို့ထဲမှာလဲဖြစ် စျေးနီး၊ ကျောင်းနီး ၊ Shopping center ၊ ဘဏ်နဲ့လဲနီးပြီး မိန်းလမ်းမပေါ်မှာရှိလို့ လူကြီးမင်းတို့ ကျိန်းသ...
14/01/2026

မြို့ထဲမှာလဲဖြစ် စျေးနီး၊ ကျောင်းနီး ၊ Shopping center ၊ ဘဏ်နဲ့လဲနီးပြီး မိန်းလမ်းမပေါ်မှာရှိလို့ လူကြီးမင်းတို့ ကျိန်းသေစိတ်ဝင်စားကြမယ့်
#တန်ဖိုးသင့်တိုက်ခန်းအရောင်းလေးမိတ်ဆက်ပေးပါရစေ

စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းမကြီးပေါ် ၊KBZ / MOB Bank အနီး၊ စမ်းချောင်း အ.ထ.က (၂)၊ Junction square နှင့် Time City အနီးလမ်းမပေါ် တတိယထပ်၊ နေအိမ်အခန်း (၄)ခန်းပါ တိုက်ခန်းအရောင်းပါခင်ဗျ။

📌 တည်နေရာ : ကျွန်းတောလမ်းမကြီးပေါ်၊ စမ်းချောင်းမြို့နယ်။
📌ပေအကျယ်အဝန်း : ၂၈ပေ x ၇၇ပေ
📌 စျေးနှုန်း : ၅၅၀၀ သိန်း

စိတ်ဝင်စား၍ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ်ဆက်သွယ်နိုင်ပါသည်။
OK Land Real Estate 🏠
📲 09953143331
📲 09791350216 (Office / Viber )
🏘️ ရုံးခန်းလိပ်စာ - အမှတ် (ဒ-၃၂၃၇၄)၊ မိုးဝေလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

မြေကွက်ကောင်းကောင်း၊ အိမ်ခြံမြေနေရာကောင်းကောင်း ရှာဝယ်ဖို့အခက်တွေ့နေပါသလား? ကျွန်တော်တို့ OK Land Real Estate ကိုသာဆက်သွယ်လိုက်ပါခင်ဗျ ✨🙏🏻

#ရန်ကုန် #နေပြည်တော် #ခြံအရောင်း #မန္တလေး #နေရာကောင်း #စျေးအသင့်အတင့် #အိမ်ခြံမြေ #တိုက်ခန်းအရောင်း #စမ်းချောင်း #ကျွန်းတော်လမ်းမပေါ် #စျေးနီး #ကျောင်းနီး

Address

D32374/Moewai Street/Dakhinathiri/Naypyitaw

15011

Telephone

+959953143331

Website

Alerts

Be the first to know and let us send you an email when Ok land real estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ok land real estate:

  • Want your business to be the top-listed Realtor/realty Service?

Share