Wunna Zaw

Wunna Zaw ဒူဘိုင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အကြံပေး

Currently, the Greece golden visa minimum investment amount stands at $250,000 for property purchases. The Greek governm...
09/01/2023

Currently, the Greece golden visa minimum investment amount stands at $250,000 for property purchases. The Greek government has announced a big change in the Greek golden visa scheme, starting from the minimum investment amount, which will be doubled to $500,000 for the property investment option.

Greek golden visa statistics in 2022

The Bank of Greece has reported that since the beginning of 2018 and until March 2022, property prices in Athens and the broader area of Attica have increased by 40%. Stats show that the center of Athens and the southern suburbs are the most expensive areas as foreign investors who take advantage of the golden visa program prefer to invest there.
In 2021, 25% of the foreign investments in Greek property came from the Greece golden visa program investors.

If you want a cheap Greek golden visa, now is the time!
Although the Greek prime minister announced that investors who would like to apply for a Greece golden visa using the property investment option would have to pay at least $500,000 in the future, it is still unclear when the change will be implemented.
This means that individuals who would like to benefit from one of the cheapest residency by investment programs available in the European Union, such as the Greece golden visa, should hurry up and apply sooner rather than later! The property investment option starting from $250,000 is now a limited-time offer. Greek property market statistics show that prices are on the rise, making property investments in the country an attractive option.

ရှန်ဂန်ဗီဇာအကြောင်းသိကောင်းစရာရှန်ဂန်ဗီဇာသည် နိုင်ငံပေါင်း ၂၆ နိုင်ငံပါဝင်သည့် ရှန်ဂန်ဒေသသို့ ယာယီဝင်ထွက်သွားလာနိုင်သော ...
20/10/2022

ရှန်ဂန်ဗီဇာအကြောင်းသိကောင်းစရာ

ရှန်ဂန်ဗီဇာသည် နိုင်ငံပေါင်း ၂၆ နိုင်ငံပါဝင်သည့် ရှန်ဂန်ဒေသသို့ ယာယီဝင်ထွက်သွားလာနိုင်သော ဗီဇာအမျိုးအစားဖြစ်သည်။ ရှန်ဂန်ဗီဇာရရှိထားသည့် ခရီးသွားများအနေဖြင့် ရှန်ဂန်ဒေသအတွင်း ရက်ပေါင်း ၁၈၀ ဆီတွင် စုစုပေါင်း ရက်ပေါင်း ၉၀ အထိ နေထိုင်ခွင့်ပြုသော ဗီဇာအမျိုးအစားဖြစ် သည်။ ရှန်ဂန်သဘောတူညီချက်အရ အဖွဲ့ဝင် ၂၆ နိုင်ငံသည် မိမိတို့ နိုင်ငံများအကြား ဗီဇာလျှောက် ထားစရာမလိုဘဲ လွတ်လပ်စွာသွားလာနိုင်သည်။ အဖွဲ့ဝင်နိုင်ငံနှစ်ခုဖြစ်သည့် အိုက်စလန်နှင့် မော်လ်တာမှလွဲ၍ ကျန် ရှန်ဂန်နိုင်ငံအားလုံးသည် ဥရောတိုက်အတွင်းတွင် တည်ရှိသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇) နိုင်ငံအနက် (၂၂) နိုင်ငံသည်လည်း ရှန်ဂန်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။ ရှန်ဂန်အဖွဲ့ဝင်နိုင်ငံမဟုတ်သေးသည့် ကျန်ရှိနေသော ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ (၅) နိုင်ငံအနက် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်နှင့် ရိုမေးနီးယား စသည့်နိုင်ငံ (၄) နိုင်ငံသည်လည်း သဘောတူညီထားချက်အရ အနာဂတ်တွင် ရှန်ဂန်အဖွဲ့ဝင်နိုင်ငံဖြစ်လာတော့မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇) နိုင်ငံအနက် အိုင်ယာလန်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများအား လုံးရှန်ဂန်အဖွဲ့ဝင်နိုင်ငံများဖြစ်လာကြမည်ဖြစ်သည်။

ရှန်ဂန်ဗီဇာကို ဘယ်အချိန်မှာလျှောက်သင့်သလဲ။

ရှန်ဂန်ဗီဇာအား နောက်အကျဆုံးအနေနှင့် ခရီးမထွက် အနည်းဆုံး (၁၀) ရက်အလိုတွင် လျှောက်ထားသင့်သည်။ အစောဆုံးလျှောက်ထားနိုင်သည့် ကာလမှာ ခရီးမထွက်မီ (၆) လအလိုတွင် ဖြစ်သည်။

ရှန်ဂန်ဗီဇာလျှောက်ထားရန်ကြာချိန်

ရှန်ဂန်ဗီဇာရရှိရန် ပုံမှန်အားဖြင့် ၁၅-၃၀ ရက်ခန့် ကြာနိုင်ပါသည်။ အချို့သူများအနေဖြင့် နှစ်ပတ်အတွင်းရနိုင်သလို အချို့သူများအတွက် ဗီဇာရရှိရန် ရက်ပေါင်း ၆၀ ခန့်အထိ ကြာမြင့်နိုင်ပါတယ်။

ရှန်ဂန်ဗီဇာလျှောက်ထားရန် ကုန်ကျစရိတ်
လူကြီးများအတွက် ရှန်ဂန်ဗီဇာလျှောက်ထားရန် ကုန်ကျစရိတ်မှာ ယူရို ၈၀ ဖြစ်ပြီး အသက် ၆ နှစ် မှ ၁၂ အထိ ကလေးများအတွက် ကုန်ကျစရိတ်မှာ ယူရို ၄၀ ဖြစ်သည်။
အခြားသော ထပ်တို့ကုန်ကျစရိတ်များလည်းရှိနိုင်ပြီး ဗီဇာမရရှိပါက လျှောက်ထားငွေကို ပြန်လည် ပေးအပ်ခြင်းမရှိပါ။

ရှန်ဂန်ဗီဇာလျှောက်ထားရန် အခြေခံလိုအပ်ချက်များ

- သက်တမ်းကျန်ရှိနေသေးသော ပတ်စ်ပို့
- ဓါတ်ပုံနှစ်ပုံ
- လက်ဗွေ
- ခရီးသွား ကျန်းမာရေးအာမခံ စာရွက်စာတမ်း
- လေယာဉ်လက်မှတ်
- ဘဏ်စာရွက်စာတမ်း တို့ပဲဖြစ်ပါတယ်။

မှတ်ချက်။ ။ PassportPro ကုမ္ပဏီအနေဖြင့် ရှန်ဂန်ဗီဇာအား လျှောက်ထားပေးခြင်းမရှိပါ။ ဗဟုသုတရ စေရန်အတွက်သာ ရေးသားတင်ဆက်ပေးခြင်းဖြစ်သည်။

မိတ်ဆွေအနေဖြင့် နိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်းအခြေချနေထိုင်ဖို့စဉ်းစားနေပါသလား❓ မိမိတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေနှင့် ပ...
12/10/2022

မိတ်ဆွေအနေဖြင့် နိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်းအခြေချနေထိုင်ဖို့စဉ်းစားနေပါသလား❓

မိမိတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေနှင့် ပိုင်ဆိုင်မှုတွေကို ပိုမိုစိတ်ချရတဲ့ နေရာတစ်ခုသို့ ရွှေ့ပြောင်းရင်းနှီး မြှုပ်နှံဖို့ စဉ်းစားနေပါသလား❓

မိမိတို့ သား/သမီးတွေရဲ့ အနာဂတ်ပညာရေးအတွက် အနောက်နိုင်ငံရှိတက္ကသိုလ်ကြီးများတွင် ပညာဆက်လက်သင်ကြားစေဖို့အတွက် ပြင်ဆင်နေပါသလား❓ ❓

နိုင်ငံရပ်ခြားတွင် အခြားသူများ၏ အကျိုးဆောင်ဝန်ထမ်းအဖြစ်မဟုတ်ဘဲ အကျိုးအမြတ်ပြန်လည် ရရှိနိုင်သည့် အာမခံချက်ရရှိထားသော မိမိ၏ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေ့ပြောင်းအခြေချနေထိုင် လိုပါသလား။ ❓❓❓

💯💯💯မိတ်ဆွေတို့ရဲ့ အထက်ပါ လိုအပ်ချက်တွေနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ Holborn Myanmar မှ ကူညီပေးနိုင်ပါတယ်။ 💯💯💯

❗❗❗ကမ္ဘာထိပ်တန်းနိုင်ငံတွေဖြစ်ကြတဲ့ ကနေဒါနိုင်ငံနှင့် ပေါ်တူဂီနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း အားဖြင့် နိုင်ငံသားခံယူခွင့်၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ အခမဲ့ ပညာရေးဝန်ဆောင်မှု၊ နိုင်ငံပေါင်း (၁၀၀) ကျော်သို့ ဗီဇာရယူစရာမလိုဘဲခရီးသွားလာနိုင်ခွင့်၊ (ပေါ်တူဂီအစီအစဉ်တွင်) ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ နှင့် ဆွီဒင်နိုင်ငံများအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇) နိုင်ငံများအနက် မိမိနှစ်သက်ရာ နိုင်ငံတွင် အခြေချနေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့်တကွ အငြိမ်း စားယူခွင့် အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး မိမိ၏ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်လည်း ပြန်လည်ရရှိနိုင်သည့် အစီအစဉ်များလည်းဖြစ်သည်။ ❗❗❗

✅✅၁။ သားသား/မီးမီးများအား အနောက်နိုင်ငံများသို့ သွားရောက်ပညာသင်ကြားစေလိုသော မိဘများအတွက်...................

ကိုခက်နွယ်မှာ သားတစ်ယောက်/သမီးတစ်ယောက်ရှိပါတယ်။ နောက်နှစ်နှစ်အတွင်း တက္ကသိုလ် တက်ရောက်ရတော့မည့်သားကြီးအတွက်ကော ၊ မကြာမီနှစ်များအတွင်းသူ့အကို ကိုအမီလိုက်လာတော့မည့် သမီးငယ်တို့၏ တက္ကသိုလ်ပညာရေးအတွက်ပါ စတင်ပြင်ဆင်သင့်နေပြီဆိုတာကို ကိုခက်နွယ် သဘောပေါက်ထားပြီးဖြစ်ပါတယ်။ မိတ်ဆွေတွေရဲ့ သား/သမီးတွေ တူရကီ နှင့် ကနေဒါ ကဲ့သို့သော နိုင်ငံများသို့ ပညာသင်သွားရောက်ကြသည့်အတွက် ကိုခက်နွယ်လည်း မိမိနှင့် ဘဝတူ သူငယ်ချင်း၊ သားတစ်ယောက်/သမီးတစ်ယောက်တို့၏ ဖခင်ဖြစ်သူ ကိုနှောင်းခင်နှင့် သား/သမီးတို့၏ ပညာရေးအတွက်ဆွေးနွေးရန်ဖုန်းဆက်ဖြစ်လိုက်တော့ ကိုနှောင်းခင်ပြောပြသော သတင်းကြောင့် အံ့ဩတကြီးဖြစ်ရပါတယ်။

ကိုနှောင်းခင်တို့ မိသားစုတစ်ခုလုံး ကနေဒါ နိုင်ငံကို ပြောင်းရွှေ့နေထိုင်ကြတော့မယ်တဲ့လေ။ ကိုနှောင်းခင်ပြောပြခဲ့သော “ခက်နွယ်ရေ၊ သမီးငယ်တောင် မပါသေးဘဲ သားကြီးကျောင်းအပြီးထိကုန်ကျမယ့် စရိတ်လောက်နဲ့တင် မိသားစုတစ်ခုလုံး ကနေဒါနိုင်ငံသားခံယူခွင့်ရမယ့် အခွင့်အရေးရှိနေတော့လည်း ငါအဲ့ဒီလမ်းကြောင်းကိုပဲ ရွေးချယ်ဖြစ်လိုက်တော့တာပေါ့ကွာ” ဆိုတဲ့ စကားလေးက ခက်နွယ်ရဲ့နားမှာ ပဲ့တင်ထပ်ပြီး ကျန်နေခဲ့ပါတော့တယ်။

သူလည်း အဲ့ဒီအကြောင်းကို သိချင်တယ်ဆိုတော့ ကိုနှောင်းခင်က သူ အခုလောလောဆယ် မအားသေးကြောင်းနှင့် သတင်းအချက်အလက်အပြည့်အစုံပါတဲ့ Facebook Post ရဲ့ Link လေးကို ပို့ပေးလိုက်မယ့်အကြောင်းပြောလာပါတယ်။

🔅🔅 ကိုနှောင်းခင်ပို့ပေးလိုက်တဲ့ လင့်ခ်လေးကတော့ - https://m.facebook.com/story.php?story_fbid=105647655603881&id=100084759395438

✅✅၂။ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ပေါ်တူဂီ နှင့် ဆွီဒင်နိုင်ငံများအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇) နိုင်ငံများအနက် မိမိနှစ်သက်ရာ နိုင်ငံတွင် အခြေချနေထိုင်ချင်ပါက.........

ဦးသုခ ဒီရက်ပိုင်းတွင်း စိတ်သောကအတော်ရောက်ရပါတယ်။ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ လုပ်ငန်းတော်တော်များများရှိနေပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် စိတ်ပူပင်စရာမလို လောက်အောင် ရှာဖွေစုဆောင်းထားနိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် ဘန်ကောက်သို့ ဆေးကုသဖို့ခဏခဏ သွားနေရတဲ့ ဇနီးနှင့် ပြင်သစ်မှာအခြေချနေထိုင်ချင်သည့် သမီးငယ်တို့အကြား အတော်စိတ်ပင်ပန်းနေရသည်။ သားကြီးဖြစ်သူကတော့လိမ္မာတယ်ဆိုရမည်။ စီးပွားရေးကို ဦးစီးလုပ်ကိုင်နေပြီး မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အကျိုးအမြတ်လည်း ပိုမိုရရှိနိုင်ပြီး အခြားသော ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအကျိုးကျေးဇူးများရရနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံသားခံယူခွင့်ဆိုင်ရာ အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံဖို့ကိုလည်း မိမိကို အမြဲတိုက်တွန်းနေသည်။

မိမိမှာ ထိုအစီအစဉ်များနှင့် သိပ်မရင်းနှီးသော်လည်း သားကြီး၏ ပြောပြချက်များအရ ယုံကြည်စိတ်ချရပြီး အမြတ်အစွန်းလည်းသေချာပေါက်ရရှိမည့်အစီအစဉ်များဖြစ်ကြောင်း၊ အိမ်ခြံမြေလုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သဖြင့် မိမိတို့နှင့်လည်းမစိမ်းကြောင်း၊ အငှားဝင်ငွေကို ခြောက်နှစ်စာအထိ ကြိုတင်ရရှိနိုင်ကြောင်း၊ အာမခံဖြင့် ပြန်လည်ဝယ်ယူပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိနှင့် ဇနီးအတွက်လည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၇) နိုင်ငံအနက် မိမိနှစ်သက်ရာနိုင်ငံတွင် နေထိုင်နိုင်သောကြောင့် သမီးငယ်အနေနှင့်လည်း ပြင်သစ် တွင် နေထိုင်နိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားစဉ်အတွင်း မိမိတို့အနေဖြင့် မဖြစ်မနေ ပေါ်တူဂီ နိုင်ငံသို့ ရွှေ့ပြောင်းရန်မလိုအပ်သဖြင့် လုပ်ငန်းများကိုလည်း ဦးစီးနိုင်နေဦးမည်ဖြစ်ကြောင်း စသဖြင့် အကြမ်းဖျင်းအချက်အလက်များကိုတော့ သိထားပြီးဖြစ်သည်။

အခုမိမိအားနေတုန်း သေသေချာချာ သိရအောင်လေ့လာဖို့ရန်အတွက် သားကြီးကို ဖုန်းဆက်ပြီး Facebook Link ကိုပို့ထားခိုင်းလိုက်သည်။ ကော်ဖီသောက်ရင်း သေချာဖတ်ကြည့်ရဦးပေမည်။

သားကြီးပို့ထားသော လင့်ခ် -https://m.facebook.com/story.php?story_fbid=121452504023396&id=100084759395438

👨‍⚖️👩‍⚖️မိတ်ဆွေအနေဖြင့် အဆိုပါ အစီအစဉ်တွင်စိတ်ဝင်စားမှုရှိသည်ဆိုပါက -

နိုင်ငံသားခံယူခွင့်နှင့်အမြဲတမ်းနေထိုင်ခွင့်ဆိုင်ရာ အထူးကျွမ်းကျင်သူဖြစ်သည့် Mr James Mitchell မှနေ၍ Zoom Meeting ဖြင့် “အခမဲ့” ''တစ်ဦးချင်း'' ဆွေးနွေး ပေးမည်ဖြစ်သည်။ ဘာသာစကားအခက်အခဲရှိသူများအတွက်လည်း Holborn Myanmar ၏ မြန်မာလူမျိုး Business Development Manager ဖြစ်သူ ဦးဝဏ္ဏဇော်မှ Zoom Meeting အတူတက်ရောက်ပေးပြီး ကူညီတင် ဆက်ပေးမည်ဖြစ်သည်။


🙋‍♂️Zoom Meeting တွင်

✅လျှောက်ထားပုံ

✅ လုပ်ငန်းစဉ်အဆင့်ဆင့်

✅ သက်ဆိုင်ရာ ကုန်ကျစရိတ်များ

✅ လျှောက်ထားရန်ကြာချိန် အစရှိသည်တို့ကို အသေးစိတ် “အခမဲ့” ဆွေးနွေးပေးသွားမည်ဖြစ်ပြီး မိတ်ဆွေအနေဖြင့် အခြားသိရှိလိုသည်များကိုလည်း မေးမြန်းနိုင်ပါသည်။

ထိုသို့ ဆွေးနွေးပေးမှုအတွက် မည်သည့်အခကြေးငွေကိုမျှ “လုံးဝ” လုံးဝ ကောက်ခံမည်မဟုတ်ကြောင်းအာမခံပါသည်။

👉👉 Zoom Meeting ပြုလုပ်ရန်စိတ်ဝင်စားပါက ဖုန်းနံပါတ်၊ Viber နံပါတ်နှင့် အီးမေးလ်တို့အား Page တွင် ပေးပို့ထားခဲ့ပေးနိုင်ပါသည်။👈👈

Holborn Pass Myanmar ၏ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းနေထိုင်ခွင့်နှင့် ပတ်သက်ပြီးပိုမိုသိရှိိလိုပါက Page တွင်လည်းကောင်း ၊ Holborn ကုမ္ပဏီ၏ ဒူဘိုင်းရုံးမှ Business Development Manager ဖြစ်သူ မြန်မာနိုင်ငံသား ဦးဝဏ္ဏဇော်၏ Whatsapp Number +971 566516171 တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Holborn Pass Myanmar
Office Address - 15th Floor, Al Shafar Tower 1, Dubai Internet City, Barsha Heights, Dubai, UAE




အမေရိကန် ပြည်ထောင်စုမှာ မိသားစုလိုက် Green Card ဖြင့် နေထိုင်ခွင့်ရရှိနိုင်သည့် EB 5 Residency ProgrammeEB 5 Residency P...
08/09/2022

အမေရိကန် ပြည်ထောင်စုမှာ မိသားစုလိုက် Green Card ဖြင့် နေထိုင်ခွင့်ရရှိနိုင်သည့် EB 5 Residency Programme

EB 5 Residency Programme ဆိုတာကတော့ မိသားစုလိုက် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချနေထိုင်လိုသူများအတွက် Green Card ရရှိပြီး အမြဲတမ်းနေထိုင်ခွင့်ရရှိစေနိုင်မယ့် အစီအစဉ် တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသားများအနေနဲ့ အမေရိကန်ပြည်ထောင်စုရှိ စီးပွားရေးလုပ် ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး အမေရိကန်နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းသစ် ၁၀ ခုဖန်တီးပေးနိုင်ရမှာဖြစ်ပါတယ်။ EB 5 Residency Programme နဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူများအနေနှင့် မိမိတို့အပါအဝင် မိသားစုဝင်များပါ အမေရိကန်ပြည်ထောင်စုအတွင်း နှစ်သက်ရာပြည်နယ်တွင် နေထိုင်ခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့်များရရှိမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြလုပ်ရမယ့် ငွေကြေးပမာဏကတော့ အမေရိကန်ဒေါ်လာ ၉၀၀,၀၀၀ ပဲဖြစ်ပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအောက် အဆပေါင်းများစွာ လျော့နည်းပြီး အမြဲတမ်းနေထိုင်ခွင့်အပြင် နိုင်ငံသားခံယူခွင့်ပါ ရရှိနိုင်တာကတော့ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနိုင်ငံကြီးဖြစ်ပြီး ပြောင်းရွှေ့ နေထိုင်သူများအတွက် လုံခြုံစိတ်ချရမှု၊ စီးပွားရေးအခွင့်အလမ်းများပေါများမှု၊ ပညာရေးစနစ် ကောင်းမွန်မှု၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှု အစရှိသည့် ကောင်းကျိုးများစွာခံစားရနိုင်တဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သော ကနေဒါနိုင်ငံ ပဲဖြစ်ပါတယ်။

ကနေဒါနိုင်ငံတွင် ဖြစ်စေ၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင်ဖြစ်စေ မိသားစုလိုက် ပြောင်းရွှေ့အခြေချနေထိုင်ခြင်းနှင့် ပတ်သက်ပြီးသိရှိလိုပါက Page တွင်လည်းကောင်း ၊ Passport Pro ကုမ္ပဏီ၏ ဒူဘိုင်းရုံးမှ Business Development Manager ဖြစ်သူ မြန်မာနိုင်ငံသား ဦးဝဏ္ဏဇော်၏ Whatsapp Number +971 566516171 တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Passport Pro Myanmar
Office Address - 15th Floor, Al Shafar Tower 1, Dubai Internet City, Barsha Heights, Dubai, UAE




“ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၏ နိုင်ငံသားဖြစ်နေခြင်းက ကမ္ဘာပေါ်ရှိ အကောင်းတကာ့ အကောင်းဆုံးလို့ဆိုနိုင်တဲ့ နိုင်ငံရေး၊ ...
29/08/2022

“ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၏ နိုင်ငံသားဖြစ်နေခြင်းက ကမ္ဘာပေါ်ရှိ အကောင်းတကာ့ အကောင်းဆုံးလို့ဆိုနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးစနစ်တွေနှင့်အတူ လုံခြုံမှုအပြည့်နှင့် လူနေမှုအဆင့်အတန်းမြင့်မားစွာနေထိုင်ဖို့ အခွင့်အရေးအပြည့်အဝရရှိနေခြင်းပဲဖြစ်ပါတယ်။”
ဗီဗီယန်ရက်ဒင်းန်
ဥရောပသမဂ္ဂကောင်မရှင် ဒုဥက္ကဠဟောင်း

ဒီနေ့မှာတော့ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံ တွေမှာ မိသားစုလိုက်အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့် အမြန်ဆုံးရရှိနိုင်တဲ့ ပေါ်တူဂီ Golden Visa Program နဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြ သွားမှာဖြစ်ပါတယ်။
( Golden Visa ဆိုသည်မှာ အမြဲတမ်းနေထိုင်ခွင့် (PR) ကို ဆိုလိုခြင်းသာဖြစ်သည်။ )

အီးယူအဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိပြီးနောက် အီးယူနိုင်ငံသားခံယူပြီးပါက အီးယူအဖွဲ့ဝင်နိုင်ငံ (၂၇) နိုင်ငံအနက် မိမိနှစ်သက်ရာနိုင်ငံတွင် အခြေချနေထိုင်ခွင့်၊ အခမဲ့ (သို့) နိုင်ငံသားများနှင့်တန်းတူ ကုန်ကျစရိတ်အနည်းဆုံးဖြင့် ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝနှင့်အငြိမ်းစားယူနိုင်ခွင့်တို့ရရှိမည်ဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားခံယူပြီးပါက အီးယူနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရရှိမည် ဖြစ်ပြီး ၎င်း၏ အကျိုးခံစားခွင့်များထဲမှ အချို့မှာ -

✅ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပြင် နိုင်ငံပေါင်း (၁၅၀) ကျော် သို့ဗီဇာလျှောက်ထားစရာ မလိုဘဲ သို့ ဆိုက်ရောက်ဗီဇာရယူ၍ သွားလာနိုင်ခွင့်၊
✅- ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးတွင် “အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု”၊
✅- ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များနှင့် ကျောင်းများအားလုံးတွင် အခမဲ့ သို့ အခကြေးငွေအနည်းငယ်ဖြင့် ပညာသင်ကြားခွင့်၊
✅- ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးသို့ လွတ်လပ်စွာ သွားလာခွင့်၊ အခြေချနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်၊
အစရှိသည်တို့ဖြစ်ပါတယ်။

💡Portugal Golden Visa Program💡

၂၀၁၂ခုနှစ် ၊ အောက်တိုဘာလတွင် ပေါ်တူဂီအစိုးရမှ စတင်မိတ်ဆက်ခဲ့သည့် Portugal Golden Visa Program သည် ကမ္ဘာပေါ်တွင်အကျော်ကြားဆုံးနှင့် လူကြိုက်အများဆုံးနိုင်ငံသားခံယူခွင့်အစီအစဉ် များထဲမှတစ်ခုဖြစ်ပါတယ်။ စတင်မိတ်ဆက်ချိန်မှ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ ဆယ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံသူ ၂၈,၈၅၉ ဦးအား အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့်ထုတ်ပေးခဲ့ပြီးဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ ယုံကြည်အားထားရသည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။

💎 ပေါ်တူဂီနိုင်ငံကို ဘာ့ကြောင့်ရွေးချယ်သင့်သလဲ။💎

✅- ပေါ်တူဂီနိုင်ငံ၏ အဓိကမြို့တော် (၂) ခုဖြစ်သော လစ္စဘွန်းနှင့် ပေါ်တိုမြို့သည် ဥရောပတိုက် တစ်ခုလုံးရှိ သွားရောက်လည်ပတ်ရန်အကောင်းဆုံးမြို့များတွင် ထိပ်ဆုံးမှပါဝင်သော မြို့နှစ် မြို့ဖြစ်သည်။
✅- အခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နေထိုင်ရန်ကုန်ကျစရိတ်များ စွာ သက်သာသောကြောင့် ဥရောပတစ်ခွင်မှ အငြိမ်းစားယူပြီးသူအများအပြားပြောင်းရွှေ့အ ခြေချနေထိုင်သည့် နိုင်ငံတစ်ခုဖြစ်သည်။
✅- သမမျှတသည့် ရာသီဥတုရှိသော နိုင်ငံတစ်ခုဖြစ်သည့် ပေါ်တူဂီနိုင်ငံသည် ကမ္ဘာပေါ်တွင် လုံခြုံမှုအရှိဆုံးနိုင်ငံများစာရင်းတွင် တတိယနေရာမှ ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။
✅- ပေါ်တူဂီနိုင်ငံသည်ကမ္ဘာ့ထိပ်တန်းပညာရေး ရှိသည့်နိုင်ငံတစ်ခုဖြစ်ပြီး (၁၈) နှစ်အောက်နိုင်ငံ သားအားလုံးအတွက် ပညာသင်ကြားခွင့်သည် အခမဲ့ဖြစ်သည်။ ထို့အပြင် ပြင်သစ်၊ အီတလီ၊ စပိန် အစရှိသည့် နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အင်္ဂလိပ်စကားအသုံးပြုမှုပိုမိုမြင့်မားသည်။
✅- ပေါ်တူဂီနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ကမ္ဘာ့အဆင့် (၁၂) တွင်ရှိနေပြီး အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ကနေဒါ (အဆင့် ၃၀)၊ အမေရိကန်ပြည်ထောင်စု အဆင့် (၃၇) ၊ ယူကေ၊ ဂျာမနီ၊ ဆွီဒင် အစရှိသည့် နိုင်ငံများထက် သာလွန်ကောင်းမွန်သည်။
✅ - ပေါ်တူဂီနိုင်ငံသားများသည်လည်း ကမ္ဘာပေါ်တွင် အကျန်းမာဆုံးလူမျိုးများစာရင်းတွင် ထိပ်ဆုံးနေရာများမှ ဦးဆောင်နေသူများဖြစ်သည်။
✅- ပေါ်တူဂီနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သည် ကမ္ဘာပေါ်တွင် တတိယမြောက်အကောင်းဆုံး ပတ်စ်ပို့ဖြစ်ပြီး နိုင်ငံပေါင်း (၁၆၀) ကျော်သို့ ဗီဇာလျှောက်ထားရန်မလိုဘဲ သို့ ဆိုက်ရောက် ဗီဇာရယူပြီး သွားလာနိုင်သည်။

🌠 Portugal Golden Visa Program ၏ အားသာချက်များ🌠

✅- အခြားသော ဥရောပနိုင်ငံများ၏ Golden Visa Program များနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုစရိတ်များစွာသက်သာပြီး နိုင်ငံသားခံယူခွင့်ရရှိရန် ကြာချိန်သည်လည်း များစွာ လျော့နည်းသည်။
✅- ပေါ်တူဂီနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကို (၁) နှစ်အတွင်းရရှိနိုင်ခြင်း။
✅- ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး နိုင်ငံသားခံယူခွင့်လျှောက်ထား ထားစဉ်အတွင်း ရင်းနှီးမြှုပ်နှံ သူလုပ်ငန်းရှင်အနေဖြင့် ပေါ်တူဂီနိုင်ငံတွင် နေထိုင်လိုခြင်းမရှိပါက အခြားနှစ်သက်ရာတိုင်း ပြည် သို့ မိခင်တိုင်းပြည်တွင် ဆက်လက်နေထိုင်ပြီး နှစ်အကန့်အသက်ပြည့်မြောက်ပါက နိုင်ငံသားခံယူခွင့်ကို မလွဲမသွေရရှိနိုင်ခြင်း။
✅- ရင်းနှီးမြှုပ်နှံမှုသည် ခိုင်မာမှုရှိပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုမှ အရင်းကော၊ အမြတ်ဝင်ငွေပါ ရရှိနိုင်ခြင်း။
✅- (၁၈) နှစ်အောက် ကလေးများအတွက် ကမ္ဘာ့ထိပ်တန်းပညာရေးဝန်ဆောင်မှုအား အခမဲ့ရရှိ နိုင်ပြီး မိဘများအတွက်လည်း ကမ္ဘာ့ထိပ်တန်းကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်ခြင်း။
✅- ကမ္ဘာလုံးဆိုင်ရာဝင်ငွေခွန်ပေးဆောင်ရန်မလိုအပ်ခြင်း။
✅- နိုင်ငံသားခံယူခွင့်ရရှိပြီးပါက ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀) ကျော်သို့ လွတ်လပ်စွာသွားလာနိုင် ခြင်း။
✅- ရင်းနှီးမြှုပ်နှံသူအပါအဝင် မိသားစုဝင်များပါ ပေါ်တူဂီနိုင်ငံတွင် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင် ခွင့်နှင့် ပညာသင်ကြားခွင့်ရရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

📜Portugal Golden Visa Program လျှောက်ထားရန် လိုအပ်ချက်များ📜

🏆🏆🏆''Portugal Golden Visa ရရှိနိုင်ရန်အတွက် ပေါ်တူဂီအစိုးရမှ အရည်အချင်းပြည့်မီသည်ဟု သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုတွင် အနည်းဆုံး ယူရိုငွေ ၂၈၀,၀၀၀ ( နှစ်သိန်းရှစ်သောင်းမှ) စတင်၍ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ''🏆🏆🏆

မြန်မာငွေစျေးသည် အချိန်နှင့်အမျှ အပြောင်းအလဲရှိသောကြောင့် ကုန်ကျစရိတ်အား မြန်မာကျပ်ငွေဖြင့် အတိအကျဖော်ပြမထားခြင်းဖြစ်သည်။

နိုင်ငံခြားသားတစ်ယောက် ပေါ်တူဂီနိုင်ငံသားခံယူရန်ကြာချိန်ကို ၂၀၁၈ ခုနှစ်တွင် (၆) နှစ်မှ (၅) နှစ် သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

✅- ပေါ်တူဂီနိုင်ငံသားခံယူခွင့်လျှောက်ထားရန် အသက်အရွယ်ကန့်သတ်သတ်မှတ်ထားခြင်း မရှိပါ။
✅- ပညာအရည်အချင်းလည်းကန့်သတ်ထားခြင်းမရှိပါ။
✅- ဘဏ္ဍာရေးဆိုင်ရာ အထောက်အထားများတင်ပြရန်မလိုအပ်ပါ။
✅- အင်တာဗျူးဖြေဆိုရန်မလိုအပ်ပါ။
✅- လုပ်ငန်းအတွေ့အကြုံကန့်သတ် သတ်မှတ်ထားခြင်းမရှိပါ။
✅- တရားဝင်ပတ်စ်ပို့၊ တရားဝင်နေထိုင်ခွင့်နှင့် တရားဝင်ကျန်းမာရေးစောင့်ရှောက်မှု အာမခံများ ရရှိမည်ဖြစ်သည်။

🏆Holborn's Success Story🏆

ကျွန်တော်တို့ Holborn Company သည် Portugal Golden Visa Program လျှောက်ထားရာတွင် ၁၀၀ ရာခိုင်နှုန်းအပြည့် အောင်မြင်မှုရရှိထားပါတယ်။ ကျွန်တော်တို့ Holborn ကုမ္ပဏီ၏ အပြည်ပြည်ဆိုင်ရာရုံးခွဲ (၁၅) ခုအနက် ပေါ်တူဂီနိုင်ငံရှိ ရုံးခွဲသည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံသားခံယူခွင့်လျှောက်ထားမှုပေါင်း (၁၃၀) အား အောင်မြင်စွာဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး ၎င်းပမာဏသည် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းမှလျှောက် ထားမှုအားလုံး၏ ၁၀ ရာခိုင်နှုန်းအား Holborn Company မှ လျှောက်ထားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီနိုင်ငံသားခံယူခွင့် ရရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့်လည်း Exclusive Deals များရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် လူကြီးမင်းတို့ အနေဖြင့် ယုံကြည်စိတ်ချစွာ လက်တွဲလုပ်ကိုင်နိုင်ပါတယ်။

Holborn Pass Myanmar ၏ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းနေထိုင်ခွင့်နှင့် ပတ်သက်ပြီးပိုမိုသိရှိိလိုပါက Page တွင်လည်းကောင်း ၊ Holborn ကုမ္ပဏီ၏ ဒူဘိုင်းရုံးမှ Business Development Manager ဖြစ်သူ မြန်မာနိုင်ငံသား ဦးဝဏ္ဏဇော်၏ Whatsapp Number +971 566516171 တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
Holborn Pass Myanmar
Office Address - 15th Floor, Al Shafar Tower 1, Dubai Internet City, Barsha Heights, Dubai, UAE




25/08/2022

🇹🇷🇹🇷🇹🇷 တူရကီနိုင်ငံတွင် နိုင်ငံသားခံယူခြင်း၏ အကျိုးကျေးဇူးများ🇹🇷🇹🇷🇹🇷

🤝နိုင်ငံသားဖြစ်ခွင့် လက်ဆင့်ကမ်းနိုင်မှု🤝
ပြန်လည် သိမ်းယူ၍မရနိုင်သော မိမိ၏ သား/သမီးမျိူးဆက်များအထိ နိုင်ငံသားခံယူခွင့် လက်ဆင့်ကမ်း ရယူနိုင်မှု။ အိမ်ထောင်ဖက်နှင့် အသက် (၁၈) နှစ်အောက်ကလေးများအားလည်း လျှောက်လွှာတွင် ထည့်သွင်းလျှောက်ထားနိုင်သည်။

📣ဗီဇာလျှောက်ထားစရာမလိုပဲခရီးသွားလာနိုင်ခွင့် 📣
စင်္ကာပူ၊ ဂျပန် ၊ ကာတာ နှင့် တောင်ကိုရီယားနိုင်ငံတို့အပါအဝင်
ကမ္ဘာ့နိုင်ငံပေါင်း ၁၁၁ နိုင်ငံသို့ ဗီဇာ လျှောက်ထားရန်မလိုအပ်ဘဲ ခရီးသွားလာနိုင်မှု

🔔 လူနေမှု အဆင့်အတန်း🔔
ကုန်ကျစရိတ်သက်သာပြီး အဆင့်အတန်းမြင့်မားသည့် လူနေမှုစနစ်

✅အမေရိကန်ပြည်ထောင်စု နှင့် ယူကေသို့ သွားရောက်နေထိုင်ခွင့်✅

တူရကီနိုင်ငံသားများအတွက် အမေရိကန်ပြည်ထောင်စု နှင့် ယူကေသို့သွားရောက်နေထိုင်ရန် လွယ်ကူရိုးရှင်းသော နည်းလမ်းများရှိနေပြန်သည်။
တူရကီနိုင်ငံသားများအနေနှင့် USA E-2 Investor Visa ဖြင့် အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်နိုင်သည်။ (US E-2 သဘောတူ စာချုပ်အစီအစဉ်သည် တူရကီနိုင်ငံအပါအဝင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံမှ နိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုတွင် စီးပွါး ရေးလုပ်ငန်းများ ဖွင့်လှစ်ခြင်းအားဖြင့် ပြောင်းရွှေ့နေထိုင်နိုင်ရန် ခွင့်ပြုထားသည်။ )

ထို့အပြင် တူရကီနိုင်ငံကူးလက်မှတ် ရရှိထားခြင်းသည် ယူကေသို့ ပြောင်းရွှေ့နေထိုင်ခွင့်ရရန် ပထမခြေလှမ်းဖြစ်သည်။ အန်ကာရာသဘောတူညီချက်အရ တူရကီနိုင်ငံသားများအနေဖြင့် အချိန် (၁) လအတွင်းယူကေတွင် စီးပွါးရေးလုပ်ငန်းစတင်ပြီး ပြောင်းရွှေ့နေထိုင်နိုင်သည်။ တူရကီစီးပွါးရေး လုပ်ငန်းရှင် ဗီဇာ လျှောက်ထားခြင်းသည်လည်း လွယ်ကူရိုးရှင်းသည့်လုပ်ငန်းစဉ်ဖြစ်သည့် အလျောက် ထိုနည်းလမ်းသည် ယူကေတွင် မိသားစုနှင့်တကွ ပြောင်းရွှေ့အခြေချနေထိုင်ရန် အလျင် မြန်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

Holborn Pass Myanmar ၏ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းနေထိုင်ခွင့် နှင့် ပညာသင်ကြားခွင့်အစီအစဉ်များနှင့်ပတ်သက်ပြီးသိရှိလိုပါကPage တွင်လည်းကောင်း ၊ Holborn ကုမ္ပဏီ၏ ဒူဘိုင်းရုံးမှ Business Development Manager ဖြစ်သူ မြန်မာနိုင်ငံသား ဦးဝဏ္ဏဇော်၏ WhatsappNumber +971 566516171 တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
Holborn Pass Myanmar
Office Address - 15th Floor, Al Shafar Tower 1, Dubai Internet City, Barsha Heights, Dubai, UAE





မင်္ဂလာပါ မိတ်ဆွေ။သင်နှင့် သင့်မိသားစုအနေဖြင့် ကနေဒါနိုင်ငံသားခံယူရန် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်းသိရှ...
25/08/2022

မင်္ဂလာပါ မိတ်ဆွေ။
သင်နှင့် သင့်မိသားစုအနေဖြင့် ကနေဒါနိုင်ငံသားခံယူရန် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်းသိရှိလိုပါက အောက်ပါလင့်ခ်မှတဆင့် မိမိကိုယ်တိုင်သွားရောက်စစ်ဆေးနိုင်ပါသည်။

Link - https://www.passportpro.net/canadian-permanent-residence

Passport Pro Myanmar ၏ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းနေထိုင်ခွင့် နှင့် ပညာသင်ကြားခွင့်အစီအစဉ်များနှင့်ပတ်သက်ပြီးသိရှိလိုပါကPage တွင်လည်းကောင်း ၊ Passport Pro ကုမ္ပဏီ၏ ဒူဘိုင်းရုံးမှ Business Development Manager ဖြစ်သူ မြန်မာနိုင်ငံသား ဦးဝဏ္ဏဇော်၏ WhatsappNumber +971 566516171 တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
Passport Pro Myanmar
Office Address - 15th Floor, Al Shafar Tower 1, Dubai Internet City, Barsha Heights, Dubai, UAE





သား၊သမီးတွေကို ကနေဒါမှာ ကျောင်းထားမလား သို့ ကနေဒါကို မိသားစုလိုက်ရွှေ့ပြောင်း နေထိုင်မလား။❓❓❓ကနေဒါနိုင်ငံဟာ နိုင်ငံတကာမှ...
22/08/2022

သား၊သမီးတွေကို ကနေဒါမှာ ကျောင်းထားမလား သို့ ကနေဒါကို မိသားစုလိုက်ရွှေ့ပြောင်း နေထိုင်မလား။❓❓❓

ကနေဒါနိုင်ငံဟာ နိုင်ငံတကာမှ လာရောက်ပညာသင်ကြားလိုသူများ၊ ရွှေ့ပြောင်းနေထိုင်လိုသူများအကြား ရေပန်းအစားဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီပို့စ်လေးမှာတော့ မိမိရဲ့ သားသမီးတွေ ကို ကနေဒါနိုင်ငံမှာ ပညာသင်လွှတ်ခြင်း နှင့် မိသားစုလိုက်ကနေဒါမှာ နိုင်ငံသားခံယူပြီးရွှေ့ ပြောင်းနေထိုင်​​​​ခြင်း - ဘယ်အရာက ကုန်ကျစရိတ် ပိုမိုသက်သာပြီး အကျိုးခံစားခွင့်ပိုမိုများပြားနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ကနေဒါနိုင်ငံမှာ ကျောင်းတက်ဖို့က လူငယ်အများစုရဲ့ အိပ်မက်ပဲဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ မိမိတို့သားသမီးတွေရဲ့ အိမ်မက်တွေကိုဖြည့်ဆည်းပေးဖို့ကြိုးစားကြပါတယ်။ ဒီပို့စ်မှာတော့ အခြားလုပ်ငန်းစဉ်တွေထက် ကနေဒါနိုင်ငံမှာ ကျောင်းတက်ဖို့အတွက် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ကုန်ကျစရိတ်ကိုတွက်ချက်ပြပြီး မိသားစုလိုက် PR & Citizenship ( အမြဲတမ်းနေထိုင်ခွင့် နှင့် နိုင်ငံသားခံယူခွင့် )လျှောက်ထားလျှင် ကုန်ကျမည်စရိတ်နှင့် နှိုင်းယှဉ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

🔼မှတ်ချက်🔽 ။ ယခုဖော်ပြမည့်စရိတ်များသည် ဝက်ဘ်ဆိုက်ပေါင်းများစွာအား သေချာလေ့လာသုံးသပ်ပြီးမှ စုစည်းဖော်ပြထားသောပျှမ်းမျှကုန်ကျစရိတ်သာဖြစ်သည်။

👨‍🎓👩‍🎓ကနေဒါမှာ ကျောင်းတက်ကြမယ်👨‍🎓👩‍🎓

၂၀၂၁/၂၂ ပညာသင်နှစ်တွင် ကနေဒါနိုင်ငံရှိနိုင်ငံခြားကျောင်းသား/သူများအတွက် စာသစ်နှစ်တစ်နှစ်စာ ကျောင်းစာရိတ်သည် ယခင်နှစ်များထက် ၄.၉ ရာခိုင်နှုန်း ခန့်မြင့်တက်သွားပါတယ်။ သက်ဆိုင်ရာကျောင်းနှင့် တက်ရောက်သည့် မေဂျာအလိုက် စျေးနှုန်း အပြောင်းအလဲရှိနိုင်သော်လည်း နိုင်ငံခြားကျောင်းသား/သူတစ်ယောက်အတွက် ပျှမ်းမျှ ကျောင်းစရိတ်မှာ ကနေဒီယံဒေါ်လာ ( ၂၇,၀၀၀ - ၃၃,၀၀၀ ) ကြားမှာရှိနိုင်ပါတယ်။

ကျောင်းသား/သူ တစ်ယောက်လျှင်ကုန်ကျစရိတ်

✅ ကျောင်းလခ = ၂၇,၀၀၀ - ၃၃,၀၀၀ ( ကနေဒီယံဒေါ်လာ)
✅ အိမ်ငှါးစရိတ် = ၄,၈၀၀ - ၉,၆၀၀ (ကနေဒီယံဒေါ်လာ)
✅ အစားအသောက် နှင့် အထွေထွေကုန်ကျစရိတ် = ၉,၆၀၀ - ၁၂,၀၀၀ (ကနေဒီယံဒေါ်လာ)

💰💰 တစ်နှစ်စာ စုစုပေါင်းပျှမ်းမျှကုန်ကျစရိတ် = ၄၁,၄၀၀ - ၅၁,၆၀၀ ( ကနေဒီယံဒေါ်လာ)
တက္ကသိုလ်တက်ရန်ပျှမ်းမျှကြာချိန် = ၃-၄ နှစ်
ဘွဲ့ရရန် ပျှမ်းမျှကုန်ကျစရိတ် = ၁၆၅,၆၀၀ - ၂၀၆,၄၀၀(ကနေဒီယံဒေါ်လာ)
အမေရိကန် ဒေါ်လာအားဖြင့် ၁၂၇,၇၈၀ - ၁၅၉,၂၆၂ ကြား ကျသင့်မှာ ဖြစ်ပါတယ်။

🔑🔑ကနေဒါသို့ မိသားစုလိုက် ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း🔑🔑

တစ်နှစ်အတွင်း ကနေဒါနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိပြီး၊ (၃) နှစ်နေထိုင်ပြီးပါက မိသားစုလိုက်နိုင်ငံသားခံယူခွင့်ရနိုင်သည့် Program တစ်ခု၏ ကုန်ကျစရိတ်မှာ USD 170,000 သာ ကျသင့်မှာဖြစ်ပါတယ်။

ကျောင်းတက်ပြီးနောက်ရရှိနိုင်သည့် အကျိုးခံစားခွင့်များ 🎁

ကနေဒါနိုင်ငံတွင် ကျောင်းတက်ရောက်ပြီးစီးသည့် ကျောင်းသားတစ်ယောက်အတွက် PR ရရှိနိုင်သည့် နည်းလမ်းများရှိသော်လည်း အဲ့ဒီလို အမြဲတမ်းနေထိုင်ခွင့်ရရှိရန်အတွက် နှစ်အတော်ကြာ စောင့်ဆိုင်းရနိုင်ပါတယ်။ ယခင်ကကျောင်းသား/သူများအတွက် ကျောင်းတက်နေစဉ်ကာလအတွင်း အုပ်ထိန်းသူတစ်ဦးလိုက်ပါနေထိုင်သော်လည်း ယခုအခါထိုသို့ လိုက်ပါနေထိုင်နိုင်တော့မည်မဟုတ် ပါ။ ကျောင်းသား/သူများအနေဖြင့် မိမိတို့ပညာရေးပြီးဆုံးပါက Post Graduate Work Permit (PGWP) ဆိုသည့် ကျောင်းပြီးလျှင် ကနေဒါနိုင်ငံအတွင်းဆက်လက်နေထိုင်၍ အလုပ်လုပ်ကိုင်ခွင့်ရရှိနိုင်ပါတယ်။ သို့သော် PGWP အားကျောင်းတိုင်းမှ ထုတ်မပေးသောကြောင့် မိမိတို့တက် ရောက်မည့်ကျောင်းတွင် PGWP ပေး/မပေးကို ဦးစွာစုံစမ်းသင့်ပါတယ်။ ထို့အပြင် ကနေဒါနိုင်ငံတွင် မြန်မာနိုင်ငံသားများပညာသင်ကြားရန်လျှောက်ထားမှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် (၇၂) ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ်တွင် (၄၂) ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။

ကနေဒါတက္ကသိုလ်တစ်ခုမှဘွဲ့ရရှိပြီးသူများ PR လျှောက်ထားနိုင်သည့်နည်းလမ်းအချို့အား ဤ လင့်ခ် https://www.canadianimmigration.com/study-in-canada/permnanent-resident-status/ တွင်သွားရောက်ဖတ်ရှုနိုင်ပါတယ်။ အစီအစဉ်အများစုတွင် ကနေဒါနိုင်ငံရှိ Skilled Occupation လုပ်ငန်းအတွေ့အကြုံနှင့် အခြားသောလိုအပ်ချက်အသီးသီးရှိကြပါတယ်။ ကျောင်းတက်နေစဉ်အတွင်းအချိန်ပိုင်းဝင်ရောက်လုပ်ကိုင်သည့် လုပ်ငန်းအတွေ့အကြုံများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ကနေဒါနိုင်ငံတွင် သွားရောက်ပညာသင်ကြားခြင်းအားဖြင့် ကျောင်းသား/သူအတွက် အကျိုးကျေးဇူးများစွာ ရှိသော်လည်း မိသားစုအတွက်အကျိုးခံစားခွင့်နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုရှု့ထောင့်မှသုံးသပ်မည်ဆိုပါက မိသားစုတစ်ခုလုံး ကနေဒါနိုင်ငံသားခံယူခြင်းသည် ပိုမိုသာလွန်ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဟုဆိုနိုင်ပါသည်။

အမြဲတမ်းနေထိုင်ခွင့်နှင့်နိုင်ငံသားခံယူခွင့်အစီအစဥ်၏ အကျိူးကျေးဇူးများ🎁

✅ မိသားစုတစ်ခုလုံးတစ်ပြိုင်နက်တည်း အမြဲတမ်းနေထိုင်ခွင့် (PR) ရှိမည်ဖြစ်သည်။
✅မိသားစုတစ်ခုလုံးကနေဒါနိုင်ငံတွင် နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ရရှိ မည်ဖြစ်သည်။
✅ အမြဲတမ်းနေထိုင်ခွင့်(PR)ဖြင့်နေထိုင်သူများသည် ကနေဒါနိုင်ငံရွေးကောက်ပွဲတွင် မဲပေးခွင့်မှလွဲ၍ အခြားကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးဆိုင်ရာအကျိုးခံစားခွင့်များရ ရှိမည်ဖြစ်သည်။
✅(၃) နှစ်အတွင်းမိသားစုတစ်ခုလုံး ကနေဒါနိုင်ငံသားခံယူနိုင်မည့် ခိုင်မာသည့်လမ်းကြောင်း ဖြစ်သည်။
✅ကနေဒါနိုင်ငံသားခံယူပြီးပါက ကနေဒါနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အပြင် ကနေဒါနိုင်ငံသား တစ်ဦးရသင့်ရထိုက်သည့် အခွင့်အရေးများအားလုံးရရှိမည်ဖြစ်သည်။
✅ ကနေဒါနိုင်ငံကူးလက်မှတ်သည် ကမ္ဘာပေါ်ရှိအကောင်းဆုံး ပတ်စ်ပို့ (၁၀) တွင် တစ်ခုအပါအ ဝင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း (၁၉၅) နိုင်ငံရှိပြီး ကနေဒါနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်ထားသူသည် နိုင်ငံပေါင်း (၁၈၃) နိုင်ငံသို့ ဗီဇာလျှောက်ထားစရာမလိုဘဲ သွားရောက်နိုင်မည်ဖြစ်သည်။
✅ကနေဒါနိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် (၉) ခုမြောက်အကြီးဆုံးဖြစ်ပြီး လုပ်ငန်းအမျိုး စားစုံလင်စွာပေါင်းစည်းပါဝင်သည်။
✅ အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိထားသူများအတွက် ကနေဒါနိုင်ငံတွင် အသက် (၁၈) နှစ်အထိ အခမဲ့ပညာသင်ကြားခွင့်ရရှိမည်ဖြစ်သည်။ တက္ကသိုလ်ပညာရေးအတွက်လည်း ကနေဒါနိုင် ငံသားများနှင့် တန်းတူသာကုန်ကျမည်ဖြစ်ပြီး အင်တာနေရှင်နယ်ကျောင်းသားများထက် ကုန်ကျစရိတ် (၆၀)ရာခိုင်နှုန်း မှ (၈၀) ရာခိုင်နှုန်းအထိ သက်သာသွားမည်ဖြစ်သည်။

အချုပ်အားဖြင့်သုံးသပ်လျှင် ကနေဒါနိုင်ငံသို့ ကျောင်းသားတစ်ဦးပညာသွားရောက်သင်ကြားလျှင် ကုန်ကျမည့်စရိတ်နှင့် မိသားစုလိုက်နိုင်ငံသားခံယူခွင့်ရနိုင်မည့်ကုန်ကျစရိတ်သည် ပျှမ်းမျှအားဖြင့် ဒေါ်လာ ၁၀,၀၀၀ မှ ၃၀,၀၀၀ ခန့်အထိသာ ကွာခြားမှုရှိနိုင်ပြီး ဒုတိယအစီအစဉ်မှ ရရှိနိုင်သည့်အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များသည် ပိုမိုသာလွန်ကောင်းမွန်ပြီး ရေရှည်တွင်ပိုမိုအကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါသည်။

နိုင်ငံသားခံယူခွင့်နှင့်အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်များနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက Page အား Like & Follow လုပ်ထားပေးပါရှင့်။
ကနေဒါနိုင်ငံသို့ ပညာသင်သွားရောက်ရန်ဖြစ်စေ၊ မိသားစုတစ်ခုလုံးကနေဒါနိုင်ငံသားခံယူခွင့်အစီအစဉ်နှင့်ဖြစ်စေ ပိုမိုသိရှိလိုပါက
Page တွင်လည်းကောင်း ၊ Holborn ကုမ္ပဏီ၏ ဒူဘိုင်းရုံးမှ Business Development Manager ဖြစ်သူ မြန်မာနိုင်ငံသား ဦးဝဏ္ဏဇော်၏ WhatsappNumber +971 566516171 တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Holborn Pass Myanmar
Office Address - 15th Floor, Al Shafar Tower 1, Dubai Internet City, Barsha Heights, Dubai, UAE



#ကနေဒါပညာရေး


Holborn Pass Myanmarသင့်အတွက် ပိုမိုယုံကြည်စိတ်ချရသော အနာဂါတ်ဆီသို့၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Holborn Assets Com...
16/08/2022

Holborn Pass Myanmar

သင့်အတွက် ပိုမိုယုံကြည်စိတ်ချရသော အနာဂါတ်ဆီသို့

၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Holborn Assets Company သည် ကမ္ဘာ့အထင်ကရ မြို့ကြီးများရှိ ရုံးခန်းပေါင်း ၁၁ ခုတွင် ဝန်ထမ်းပေါင်း ၄၅၀ ကျော်ဖြင့် လုပ်ငန်းရှင်ပေါင်း ၂၀,၀၀၀ ကျာ်ကို ကမ္ဘာ့ထိပ်တန်းဝန်ဆောင်မှုများ ပေးအပ်နေသည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဝန်ဆာင်မှု ကုမ္ပဏီတစ်ခုဖြစ်သည်။ ဗြိတိသျှမိသားစုပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံသားခံယူခွင့်နှင့် အမြဲတမ်းနေထိုင်ခွင့်၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး၊ အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၊ အာမခံလုပ်ငန်း နှင့် အခွန်ဆိုင်ရာ ဝန်ဆောင်မှုများအပြင် လုပ်ငန်းရှင်များ၏ ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များကို ဂုဏ်ယူအောင်မြင်စွာ ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
Holborn၏ အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသားခံယူခွင့် အစီအစဉ်များသည် လုပ်ငန်းရှင်များနှင့် မိသားစုများ အား ၎င်းတို့၏ အနာဂါတ်ဘဝလုံခြုံမှု၊ ပုဂ္ဂိုလ်ရေးနှင့် စီးပွါးရေးလုပ်ငန်းဆိုင်ရာ လွတ်လပ်မှုများ ရရှိနိုင်ရန်တို့အတွက် အထောက်အကူပြုနိုင်သော အစီအစဉ်များဖြစ်သည်။ ကျွန်ုပ်တို့ထံ အလုပ်အပ် နှံသူ လုပ်ငန်းရှင်များအား ၎င်းတို့၏ လိုအပ်ချက်များအတိုင်း ကမ္ဘာအနှံ့သို့ လွယ်ကူစွာ သွားလာနိုင်ရေး၊ ၎င်းတို့၏ အနာဂါတ်ဘဝ နှင့် ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ ယုံကြည်စိတ်ချရမှု နှင့် လုပ်ငန်းရှင် တို့၏ အနာဂါတ်မျိုးဆက်များ အကောင်းဆုံးပညာရေးအခွင့်အလမ်းများ ရရှိနိုင်ရေးတို့သည် ကျွန်ုပ်တို့၏ ပထမဦးစားပေးဝန်ဆောင်မှု ဖြစ်သည်။

Holborn Pass Myanmar ၏ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းနေထိုင်ခွင့် နှင့် ပညာသင်ကြားခွင့်အစီအစဉ်များနှင့်ပတ်သက်ပြီးသိရှိလိုပါကPage တွင်လည်းကောင်း ၊ Holborn ကုမ္ပဏီ၏ ဒူဘိုင်းရုံးမှ Business Development Manager ဖြစ်သူ မြန်မာနိုင်ငံသား ဦးဝဏ္ဏဇော်၏ WhatsappNumber +971 566516171 တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
Holborn Pass Myanmar
Office Address - 15th Floor, Al Shafar Tower 1, Dubai Internet City, Barsha Heights, Dubai, UAE




Address

The Onyx Tower 2, Office P305/P307, First Street, The Greens, U. A. E
Dubai

Alerts

Be the first to know and let us send you an email when Wunna Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wunna Zaw:

Share

Category