12/05/2023
UAE IT ပိုင်းနဲ့ ပတ်သတ်ပီး နည်းနည်း ရှယ်ပေးချင်လို့ပါ။ အလုပ်နဲ့ ပတ်သတ်ပြီး တစ်ပိုင်းချင်းစီ ကျွန်တော် တုန်းက ရခဲ့သလို ပြောပြပါ့မယ်။
Visa Requirement
ပထမဆုံး UAE မှာ အလုပ်လုပ်ဖို့က Residence Visa သို့ Emirates ID လိုပါတယ်။ ကိုယ်လုပ်မဲ့ အလုပ်ရဲ့ rank အပေါ်မူတည်ပီး submit လုပ်ရမဲ့ document လည်း ကွာသွားနိုငါပါတယ်။ အလုပ်ရသွားတာနဲ့ company တွေက support လုပ်ပါတယ်။ validity နှစ်နှစ် ရှိပီး contract နဲ့ အတူ ထပ် extend လုပ်လို့ ရပါတယ်။
Where To Apply Job
ဒါကတော့ အကုန်လုံး သိပြီးသားဖြစ်မဲ့ အရာဖြစ်ပါတယ်။ LinkedIn မှာ တော်တော် တွေ့ရပြီးတော့ aeindeed နဲ့ gulf talent job တွေမှာလည်း ရှာလို့ရပါတယ်။ နည်းပညာ အလုပ်ဖြစိတဲ့ အတွက် UAE က ဘွဲ့ က အရေးကြီးတယ်လို့ ယူဆပေမဲ့ proven လုပ်သက် ၅နှစ်ကျော်ရင် အလုပ်ရနိုင်ပါတယ်။ တခြား IT နဲ့ သက်ဆိုင်တဲ့ certificate တွေရှိထားရင်တော့ ပိုပီး ကောင်းတာပေါ့ဗျာ။
Recruitment Process
ကျွန်တော် တုန်းက LinkedIn ကနေ အလုပ်ရတော့ ပထမဦးဆုံး HR နဲ့ ပြောရပါတယ်။ Relocation နဲ့ တခြား အရင်အလုပ်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ မေးပါတယ် ။ တစ်ခု သတိထားရမှာက သူတို့က ကို CV မှာထည့်ထားတဲ့ အလုပ်မှန်သမျှကို တစ်ခုမကျန် ဖုန်းဆက်ပြီး verify လုပ်ပါတယ်။ အဲ့ အဆင့်ပြီးမှ second interview ကို Technical Team နဲ့ လုပ်ရတာပါ အင်တာဗျူး ကတော့ မြန်မာနိုင်ငံကလိုမျိုး ဘုရားရှင် အလိုရှိသလိုမျိုး မေးတာ မဟုတ်ပဲ ကိုယ် CV မှာ တကယ်ရေးထားတာကို တကယ် လုပ်တတ် ရင် တကယ်လုပ်ဖူးရင် အဆင်ပြေတာမျိုးပါ။
ကျွန်တော် တုန်းက တော့ System Engineer အနေနဲ့ အလုပ်ရခဲ့ပီး မြန်မာမှာ နှစ်လလောက် အရင် remote လုပ်ခိုင်းပါတယ်။ အာ့ပြီးမှ လိုအပ်သမျှ visa , hotel နဲ့ flight နဲ့ taxi အထိ အကုန် support လုပ်ပါတယ်။ ဒီဘက်မှာ လုပ်ခဲ့သမျှ document cost ကလွဲလို့ ကျန်တာ ဘာမှ မကုန်ခဲ့ပါဘူး။
Salary Range In UAE
UAE မှာက intern တို့ Junior တို့ခေါ်တယ်ဆိုတာ တော်တော်ကိုရှားပါတယ်။ Experience ရှိပြီး Independence ဖြစ်တဲ့ လူတော်တော်များများကို ခေါ်လေ့ရှိတဲ့ အတွက် Senior level အများစု ဖြစ်ပါတယ်။ Senior System Engineer သို့ Devops Engineer တစ်ယောက်ရဲ့ base salary က တစ်လကို AED ၁၂၀၀၀ လောက်ကနေ စရတတ်ပါတယ်။ ဒီ အချက်ကို google သွားခေါက်ရင်လည်း အဲ့လောက် ဝန်းကျင် မတိမ်းမယိမ်းပဲ တွေ့မှာပါ ။ ကို experience နဲ့ interview performance အပေါ်မူတည်ပြိး အဲ့ ဝန်းကျင်မှာပဲ လိုတိုး ပိုလျော့ ဖြစ်သွားမှာပါ။
ကျွန်တော် ဒီအလုပ်ရပြီးတော့ AbuDhabi က ဖြေဖြစ်လိုက်သေးတဲ့ first interview တစ်ခုဆိုရင် base salary ကို ၁၈၀၀၀ ထိ ပေးတာ မြင်ဖူးပါတယ်။ ဒါဟာ လက်ရှိမှာ DevOps နဲ့ SRE Engineer ကို ပေးတဲ့ base salary ဖြစ်ပါတယ်။ ဒီလစာ ရဖို့ ဘာတွေ လိုအပ်လဲကို နောက် တစိနေရမှာ ရေးပါမယ်။
Technical Trend
UAE မှာ လက်ရှိ trend အဖြစ်ဆုံးနဲ့ ပိုက်ဆံ ပေးနိုင်တဲ့ IT အလုပ်တွေကို ကြည့်လိုက်ရင် micro services architecture သုံး တဲ့ အလုပ်မျိုးတွေပါ။ အထူးသဖြင့် traditional ဘက်ထက် ဒီဘက် modern technology တွေဖြစ်တဲ့ ဟာမျိုးတွေ ဥပမာ - cloud တို့ k8s နဲ့ တခြားသော ci/cd , source code management, automation tools, containerization toolsတွေ application networking မျိုးတွေ သိရင် လုပ်ဖူးတဲ့ proven experience ရှိရင် တကယ်ကို ရနိုင်ပါတယ်။ ကျွန်တော် တုန်းက interview မှာ kubernetes မေးတော့ မသိဘူး လို့ဖြေလိုက်ပေမဲ့ container တော့ သိတယ် အဲ့တော့ ငါလေ့လာဖို့ အခြေခံ ရှိတယ်ဆိုရင်တောင် သေချာလေး ပြောပြနိုင်ရင် သူတို့ အခွင့် အရေးပေးပါတယ်။ နောက် ဒီ technology တွေက တကယ် အချိန်ပေးပြီး စာလုပ်ရင် ဘာမှ မခက်တဲ့ ဟာမျိုးတွေပါ။
Home Rental & General Expense
UAE မှာ studio room ငှါးမယ်ဆိုရင် AED 2500 - 3000 ဝန်းကျင်ကုန်ကျပါလိမ့်မယ်။ ဒါကတော့ မီတာခ တွေ ရေဖိုးတွေ သုံးတာအပေါ်မူတည်ပီး အပြောင်းအလဲရှိပါမယ်။ တခြားသော deposit ပေးရတာတွေ ဖယ်လိုက်ရင် အိမ်စငှါးရင် တော်တော် ကုန်ပါတယ်။
စားစရိတ်ကတော့ ချက်စားရင် သက်သာပေမဲ့ မြန်မာတွေ များတော့ မှာစားလည်း အဲ့လောက်မကုန်ကျပါဘူး။
….
နောက်ဆုံး အနေနဲ့ကတော့ ဒီ ဟာက ကျွန်တော် လက်ရှိ ဖြတ်သန်းခဲ့တဲ့ အရာကို ရေးထားတော့ သိချင်တာ ရှိရင် လာမေးလို့ ရသလို အမှားပါရင်လည်း ဖြည့်စွက်ရေးပေးလို့ရပါတယ် ။