Thoughts & Speak Out

Thoughts & Speak Out သင့်ဦးနှောက်စားမှ သင်ရမည်

01/03/2026

ကိုယ့်ဘက်က အရှုံးပိုများနေတဲ့
ဆက်ဆံရေးကို ဘယ်သူကမှ
ရေရှည်တွေးမှာ ဟုဘူး
အနည်းဆုံးတော့
တဝက်တဝက်ဖြစ်​ေနရင်တောင်
ချစ်မိမှ တွေဝေနေမှာလေး
မချစ်လို့ကတော့ ဘာမှ မတွေးဘဲနဲ့ကို
ကိုယ့်အရှုံးဖြစ်မယ့်အရေးကို
ဘယ်သူမှ ရေရှည်မတွေးဘူး
အကောင်းကြီး မဟုရင်တောင်
အနည်းဆုံးတော့
60% အကောင်း ဖြစ်သင့်တယ်လေးနော်
လူတယောက်နဲ့ ဆက်ဆံရေးတွေ
တည်ဆောက်ဖို့တွေးထားတယ်ဆို
ဒီလူနဲ့ဆို ကိုယ်ဟာ ဘယ်လိုဖြစ်လာမလဲ
အခု ကိုယ့်အခြေအနေနဲ့ရော
ဘာတွေ ဘယ်လို ကွာပြီး
ပြောင်းလဲလာနိုင်သလဲပေါ့
ဖြစ်နိုင်ချေတွေကို
အကုန် မြင်နေရတယ်လေးနော်
အဲ့တော့ မြင်တဲ့တိုင်းဘဲ ဆုံးဖြတ်လိုက်
စိတ်ကူးယဥ် မဆန်ချင်နဲ့
နောက်မှ ရူးသွားမယ်နော်

01/03/2026

ချစ်ဆိုတာဘာလဲ သိလား
ဘာမှ မဟုဘူး
ဒီတိုင်း မြတ်နိုးမိတဲ့
ခံစားချက်လေးတခုဘဲ

30/01/2026

စေတနာ မထားသင့်တဲ့သူ
မချစ်သင့်တဲ့သူ
မေတ္တာမထားသင့်တဲ့သူ
မရောနှောသင့်တဲ့သူ
ဆိုတာ တကယ်ရှိတယ်
အလိုက်မသိ
စည်းကျော် လာပြီဆို
ရှောင်လိုက်တာ ပိုကောင်းတယ်
ဘာမှ မတွေးပေး
ဘာမှ မထားတော့ဘဲနဲ့
အပြီးသာ ရှောင်လိုက်တာ ပိုကောင်းတယ်
အဲ့လိုလေး နေတတ်သွားမှဘဲ
ကိုယ့်စိတ်ရှင်းနေပြီး တနေ့တာအချိန်တွေ အေးချမ်းသွားမှာပေါ့

ကိုယ့်အကြောင်းကို ကိုယ်သိနေရုံနဲ့လုံလောက်ပါတယ် ဒါမယ့် ကိုယ်မပြောပြလဲ သူ့အလိုလိုနားလည်ပေးနိုင်တဲ့သူ ကိုယ့်စိတ်ကို သိတဲ့သူ...
27/12/2025

ကိုယ့်အကြောင်းကို
ကိုယ်သိနေရုံနဲ့လုံလောက်ပါတယ်
ဒါမယ့် ကိုယ်မပြောပြလဲ
သူ့အလိုလိုနားလည်ပေးနိုင်တဲ့သူ
ကိုယ့်စိတ်ကို သိတဲ့သူတစ်ယောက်သာ ရှိရင်
ဘဝက လုံလောက်တာထက်ပိုပြီမို့ ကျေနပ်ပါတယ်

စည်း မကျော်သင့်တဲ့စည်းကို ကျော်တော့ သူနဲ့သင့်ကြား အဆက်မရှိနိုင်တော့သလို  ပါစပ်စည်းမစောင့်နိုင်တော့ ဆက်ဆံရေးတွေ ပျက်ကုန်တ...
14/12/2025

စည်း

မကျော်သင့်တဲ့စည်းကို ကျော်တော့ သူနဲ့သင့်ကြား အဆက်မရှိနိုင်တော့သလို
ပါစပ်စည်းမစောင့်နိုင်တော့
ဆက်ဆံရေးတွေ ပျက်ကုန်တာပေါ့
သူဆိုရတယ်
သူဆို ရလောက်တယ်
သူ နားလည်ပေးမှာပါ
ကိုယ့်ကိုဆို သူသည်းခံမှာပါ
အကောင်းဆုံးလုပ်ပေးမှာပါ ဆိုတဲ့ အချက်တွေ
မထားအပ်နဲ့ စည်းကျော်တဲ့ မျှော်လင့်ချက်တွေ
စည်းကျော်တဲ့ အပြုအမှုတွေ လုပ်မှတော့
ဘယ်လိုဆက်ဆံရေးအဆင်ပြေတော့မှာလဲ
အဲ့ဒီလို ကိုယ်တိုင်က စည်းမရှိ
စည်းမစောင့်တတ်မှတော့
ဘယ်လို အတူတူ ပေါိင်းလို့
ရှေ့ဆက်လို့ရတော့မှာလဲ
ပျက်သွားတဲ့ ခင်မင်မှုတွေ
အချစ်ရေးတွေ
ဘယ်ဆက်ဆံရေးမှာ မဆို
အကြောင်းပြချက်လေးက
စည်းမစောင့် စည်းမရှိ ​
ဒါကနေ စမှန်းတောင်
မသိကြတဲ့သူတွေ ရှိသေးတယ်
စည်းထားပြီး စည်းလဲစောင့်တဲ့
ကိုယ်ကဘဲ ချေသလိုလို
မာနကြီးသလိုလိုနဲ့ ဖြစ်သွားရော
ဒါကြောင့် ဘယ်ဆက်ဆံရေးမဆို
ရေရှည်သွားဖို့ တွေးထားတယ် ဆိုရင်
စည်းထားပြီး စည်းစောင့်ဖို့ မမေ့ပါနဲ့
ကိုယ်ကိုတိုင်က စည်းထားပြီး စောင့်တတ်မှလည်
သူများတွေ ကိုယ့်စည်းကို မကျော်ရဲမှာပါနော်

သူဌေးတွေနဲ့ တကယ့်မချစ်ဘဲနဲ့ တွဲနေတဲ့ ရည်းစားတွေ အတူတူဘဲ လိုရင်တမျိုး မလိုရင် တမျိုး  အချိုးတွေက ကျမတို့မှာ မှတ်လောက်တဲ့ဉ...
13/12/2025

သူဌေးတွေနဲ့ တကယ့်မချစ်ဘဲနဲ့ တွဲနေတဲ့ ရည်းစားတွေ အတူတူဘဲ

လိုရင်တမျိုး မလိုရင် တမျိုး
အချိုးတွေက ကျမတို့မှာ
မှတ်လောက်တဲ့
ဉာဏ်မရှိသလောက် ဖြစ်သွားတယ်
နည်းနည်း လူမကျတာနဲ့ဘဲ မျက်နှာက ဆူ
မျက်စီအမြင်အာရုံဘဲ မကောင်းတော့သလိုလိုနဲ့
လာလာစပ်နေရုံမက မသိသလိုလို လာလုပ်ကြတယ်
လူလဲကျ အလုပ်လဲ များရော့😅😅
လာရှာရှည်ရုံမက လာလာပြီးတော့
ကောင်း''စားကြ ပင်ပန်းလား ဘာညာပေါ့😅
အံသြလို့မဆုံးဘူး
သူ့တို့အတွက် အကျိုးအမြတ်တခုအပေါ်မှာဘဲ မူတည်ပြီး သူတို့မှုက ပြောင်းသွားတာ
ကိုယ့်အလုပ်ကြိုးစားပြီး သူတို့အပေါ်မှာဘဲ
သစ္စာရှိရှိနဲ့ လုပ်ပေး နေပေးလဲ လစာမတိုး
အပြစ်မရှိအပြစ်ရှာ
လူကျင့်ဝတ်လဲ မရှိ
လစာတိုးပေးမယ် တိုးပေးမယ်နဲ့
လာလာဆွဲဆောင်ပြီးတော့
ကိုယ်က အယုံလွယ်ပြီး ဖင်ယားမိတော့
ဆက်လုပ်ပေး နေပေးဖြစ်ရော😂 ဒါမယ့်
လစာထုတ်တော့ ရနေကျပမာဏ(ဒဏ်ရာတွေ ဟန်ဆောင်မှုတွေ) နဲ့ဘဲ ဖြေသိမ့်ရပြန်တယ်

သူငယ်ချင်းအဖြစ် အနားမှာ မထားသင့်သည့် လူမျိုး မျက်နှာ ပြောင်တဲ့သူ  သူလုပ်တာကို မလုပ်ဘူး  သူ့ ​ပြောတာကို မပြောဘူး လုပ်တဲ့သ...
12/12/2025

သူငယ်ချင်းအဖြစ် အနားမှာ မထားသင့်သည့် လူမျိုး

မျက်နှာ ပြောင်တဲ့သူ

သူလုပ်တာကို မလုပ်ဘူး
သူ့ ​ပြောတာကို မပြောဘူး လုပ်တဲ့သူ

ရှေ့တမျိုးကွယ်ရာ တမျိုး ဖြစ်နေသူ

စိတ်ပူသလိုလိုနဲ့ ကိုယ့်ကို မမေးဘဲ တခြားသူကို မေးပြီး အပြစ်ပြောတဲ့သူ

စကားကို ဟိုပို့ဒီပို့ လုပ်တဲ့သူ

ဖားတတ်တဲ့သူ

မလုံမလဲ ဖြစ်နေတတ်သူ
သူလုပ်တာကျ မသိဘဲနဲ့ သူများလုပ်တာကျ အသေးစိတ်ကစ မြင်နေသူ

ရင်ဖွင့် ပြောပြသမျှ လက်နက်အဖြစ် အသုံးချ တတ်သူ...

04/12/2025

အကြောင်းပြလို့မရတဲ့ ပင်ပန်းမှုတွေ.....

တချို့နေရာတွေမှာ  ကိုယ့်ဖြစ်တည်မှုအမှန်ကို ချပြစရာမလိုပါဘူးကိုယ်လုပ်နိုင်မှန်း လုပ်တတ်မှန်း အသိပေးစရာ လုပ်ပေးစရာ မလိုပါဘ...
26/10/2025

တချို့နေရာတွေမှာ
ကိုယ့်ဖြစ်တည်မှုအမှန်ကို ချပြစရာမလိုပါဘူး
ကိုယ်လုပ်နိုင်မှန်း လုပ်တတ်မှန်း အသိပေးစရာ
လုပ်ပေးစရာ မလိုပါဘူး
ကိုယ့်ချပြလဲ ပြန်ရတာကတော့
မယုံကြည်မှု အထင်လွှဲမှု
သူတို့ကိုယ် သူတို့ရဲ့ သိမ်ငယ်စိတ် အားငယ်စိတ် အဆိုးမြင်စိတ်တွေကို အားပေးသလို ဖြစ်တတ်မှန်း ဒီချိန်မှ သိတော့တယ်

19/03/2025

ဒီလိုဘဲ တွေဝေမှုတွေနဲ့ပြည့်နေတယ် 😟
K2001

အဓိပ္ပာယ်ရှိသော စာသားလေးများအရာအားလုံးက ခနတာပါ၊ စိတ်မဖိစီးပါနဲ့။ဘဝက တစ်ခါတစ်လေ နာကျင်တယ်ဆိုရင်တောင်မှ သန်မာအောင်နေပီး ပြ...
31/12/2024

အဓိပ္ပာယ်ရှိသော စာသားလေးများ

အရာအားလုံးက ခနတာပါ၊ စိတ်မဖိစီးပါနဲ့။

ဘဝက တစ်ခါတစ်လေ
နာကျင်တယ်ဆိုရင်တောင်မှ
သန်မာအောင်နေပီး ပြုံးလိုက်ပါ။

နာကျင်မှုတိုင်းက သင်ခန်းစာကိုပေးပြီး၊ သင်ခန်းစာတိုင်းက လူတစ်ယောက်ကိုပြောင်းလဲစေပါတယ်။

တစ်ယောက်ယောက်က
မင်းဆီခါထွက်သွားချင်တဲ့အခါမျိုးဆို
သူတို့အတွက် တံခါးဖွင့်ပေးလိုက်ပါ။

ခါးသက်တဲ့အဆုံးသတ်တွေက
ပိုကောင်းမွန်တဲ့စတင်ခြင်းအတွက်ပါ။

ကျဆုံးဖို့အတွက်
ဆင်ခြေပေါင်းများစွားပေးမယ့်အစား
ပျံသန်းဖို့ရာ အကြောင်းပြချက်တစ်ခုရှာလိုက်ပါ။

(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ဘယ်လောက...
31/12/2024

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက်
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

Address

Shin Kalay

Website

Alerts

Be the first to know and let us send you an email when Thoughts & Speak Out posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category