Gold Star

Gold Star Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gold Star, Real Estate, 6 Calga Street, Wavell heights, Brisbane.

04/08/2023

ဆရာကြီးဦးအောင်သင်းပြောတဲ့ စာဖတ်ခြင်း

ခွေးတကောင်ဟာ
မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ
နောက်တကောင်က ထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ ပူတဲ့ကိစ္စကို
တခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး
ဘာဖြစ်လို့လည်းဆိုတော့
သူတို့မှာ ဘာသာစကားမရှိလို့
ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစ ခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ

တို့တတွေလူတွေမှာတော့
အဲ့ဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
မင်းတို့ ငယ်ငယ်ကတည်းက
တပါးသူရဲ့ အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက
အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား
မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ် .

အောက်ဆီဂျင်ကို
ခုချက်ခြင်း
မင်း ဓာတ်ခွဲခန်းထဲမှာ
မင်း ရှာဖွေထုတ်နိုင်တယ်
အဲ့ဒီအောက်ဆီဂျင်ကို မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်
ရှာတွေ့ခဲ့တဲ့ ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ချင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကို လက်ဆင့်ကမ်းတာပဲ
ပညာသင်တယ်
ပညာရှာတယ်ဆိုတာ ဒါပဲလေ

ဘာသာစကားရှိလို့
တပါးသူရဲ့ အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းကြတယ်
ဒါကြောင့်လည်း
လူ့လောကကြီးက
တဆင့်ပြီးတဆင့် တိုးတက်ပြောင်းလဲလာတာပေါ့

အတွေးအကြံ ၊အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ
နှစ်မျိုးရှိတယ်
တခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တခုက
သူ့ရဲ့ အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ

ဥပမာ
အောင်မြင်သူတွေရဲ့
အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ ၊အတွေ့အကြုံတွေ
မင်း ရလာမယ်
မင်း စိတ်ဓာတ်တွေ မာကျောလာမယ်
အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ
ဖြစ်လာမယ်
အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက
ရုန်းထကြတာကိုး

ဒါမို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့ နေရာမှာလည်း
နည်းနည်းဖတ်မိတောင် များများတွေးပါ
လိုက်နာပါ ကျင့်သုံးပါ
သူတပါးရဲ့ အတွေ့အကြုံကို
ကိုယ့်ရဲ့ အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ
ကိုယ့်ကိုကိုယ်ခိုင်း
ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ်
စဉ်းစားတွေးတောပေးရတယ်
ဦးနှောက်ကို ခါးတောင်းကျိုက်ပါ
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့

စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ
တပါးသူရဲ့ အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တပါးသူရဲ့ အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ် ရယူတာပဲ

လူလိမ္မာတို့သည် တပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့

စာကြည့်တိုက်တတိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်

မင်းကိုယ်မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ

မင်းတို့တတွေ
ဗဟုသုတကို ရှာဖွေပါ လေ့လာပါ ဆည်းပူးပါ
စာဖတ်ပါ
တပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ

ဘဝကို
ဦးနှောက်က ဦးဆောင်တာဖြစ်တဲ့အတွက်
ဦး‌နှောက်ကို ဦးစားပေးတဲ့စာမျိုး
များများဖတ်စေချင်တယ် ။

Exterior repainting renovation Queenslander house complete finishing lever at water front in Brisbane!! Please feel free...
04/12/2022

Exterior repainting renovation Queenslander house complete finishing lever at water front in Brisbane!!
Please feel free to get a quote on 043411149

Address

6 Calga Street, Wavell Heights
Brisbane, QLD
4012

Telephone

+61434110149

Website

Alerts

Be the first to know and let us send you an email when Gold Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gold Star:

Share

Category