OSC - Mindat Diocese - မင်းတပ်သာသနာ သတင်းပြန်ကြားရေးရုံး

  • Page d'Accueil
  • België
  • Leuven
  • OSC - Mindat Diocese - မင်းတပ်သာသနာ သတင်းပြန်ကြားရေးရုံး

OSC - Mindat Diocese - မင်းတပ်သာသနာ သတင်းပြန်ကြားရေးရုံး Office of Social Communication of the Catholic Diocese of Mindat, Southern Chin State, Myanmar

မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ ပုပ်ရဟန်းမင်းကြီး လေအိုနဲ့ တွေ့ဆုံ
06/06/2026

မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ ပုပ်ရဟန်းမင်းကြီး လေအိုနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံ ဆရာတော်ကြီးများ၏Ad Limina Apostolorum ခရီးစဉ် – ရောမမြို့  ဇွန်လ ၂ရက်နေ့ ၂၀၂၆ လုပ်ဆောင်ချက်များ-----------...
03/06/2026

မြန်မာနိုင်ငံ ဆရာတော်ကြီးများ၏
Ad Limina Apostolorum ခရီးစဉ် – ရောမမြို့
ဇွန်လ ၂ရက်နေ့ ၂၀၂၆ လုပ်ဆောင်ချက်များ
------------------------------------------------
Ad Limina Apostolorum ခရီးစဉ်အဖြစ် ရောမမြို့ကို ရောက်ရှိနေကြသော မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများသည် ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ဗာတီကန်ရှိ Dicastery များနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

နံနက်ပိုင်းတွင် Santa Marta ၌ သန့်ရှင်းသော မစ္ဆားတရားတော်ကို ဆရာတော် Felix Lian Khen Thang က ဦးဆောင်ပူဇော်ခဲ့ပြီး တရားဒေသနာ ဟောကြားခဲ့ပါသည်။

ထို့နောက် Dicastery for Laity, Family and Life တွင် ဆရာတော် Lucius Hre Kung က မြန်မာနိုင်ငံရှိ လူဝတ်ကြောင်၊ မိသားစုနှင့် အသက်တာဆိုင်ရာ သာသနာလုပ်ငန်းများကို တင်ပြခဲ့ပြီး CBCM ကိုယ်စား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။

Dicastery for Promoting Integral Human Development တွင် ဆရာတော် Raymond Sum Lut Gam က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို တင်ပြခဲ့ရာ Dicastery မှ တာဝန်ရှိသူများက လမ်းညွှန်ချက်များနှင့် အကြံပြုချက်များကို မျှဝေပေးခဲ့ကြပါသည်။

Caritas Internationalis ၌လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

နေ့လယ်ပိုင်းတွင် Dicastery for the Doctrine of the Faith ၌ ဂိုဏ်းချုပ်ဆရာတော် Basilio Athai က မြန်မာနိုင်ငံရှိ ကက်သလစ်အသင်းတော်၏ အခြေအနေများကို တင်ပြခဲ့ပါသည်။

ထို့အပြင် Synod of Bishops ၏ အထွေထွေအတွင်းရေးမှူးရုံး၌ ဆရာတော် John Saw Yaw Han က Synod ၏ နောက်ဆုံးစာတမ်းအား မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို တင်ပြခဲ့ပြီး အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ခဲ့ကြပါသည်။

ဤတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်၏ သာသနာပြုလုပ်ငန်းများ၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် Synodal Church တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ဗာတီကန်ရှိ သက်ဆိုင်ရာဌာနများထံ တင်ပြနိုင်ခဲ့ပြီး အနာဂတ်လုပ်ငန်းများအတွက် အားပေးမှုနှင့် လမ်းညွှန်မှုများကို ရရှိခဲ့ကြပါသည်။

🙏 ကျေးဇူးတော်ရှင် ဘုရားသခင်၏ လမ်းပြမှုနှင့်အတူ မြန်မာနိုင်ငံအသင်းတော်အတွက် ဆုတောင်းပေးကြပါစို့။
Credit to RVA Pwo Karen





မြန်မာနိုင်ငံ ဆရာတော်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များAppointments from The Second General Assembly of t...
01/06/2026

မြန်မာနိုင်ငံ ဆရာတော်ကြီးများ ၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များ
Appointments from The Second General Assembly of the Catholic Bishops’ Conference of Myanmar (CBCM), 2026, May 22-23 and 25

1. Bishop Henry Eikhlein is appointed as the new chair bishop for the Episcopal Commission for Clergy.
ပုသိမ်ဆရာတော် ဟန်နရီ အိုင်ခလိန် ကို မြန်မာနိုင်ငံ ဘုန်းတော်ကြီးများ တာဝန်ခံ ဆရာတော်အဖြစ် တာဝန်ပေးခြင်း
2. Fr. Ivan Shine Ko Ko from the Archdiocese of Mandalay is appointed as Secretary of the Episcopal Commission for Liturgy.
မန္တလေး သာသနာမှ ဘုန်းတော်ကြီး အိုင်ဗင် ရှိုင်းကိုကို ကို ဝတ်ပြုကိုးကွယ်ခြင်းကော်မရှင်၏ အတွင်းရေးမှူးခန့်အပ်ခြင်း
3. Fr. Francis Aung Seng Naw from the Diocese of Banmaw is appointed as professor of Church History.
ဗန်းမော်သာသနာမှ ဘုန်းတော်ကြီး ဖရန်စစ် အောင် စိုင်နော်ကို အသင်းတော်သမိုင်းအကြောင်းသင်ကြားပေးရန် စာချဘုန်းတော်ကြီးအဖြစ်ခန့်အပ်ခြင်း
4. Fr. Robert Kyaw Thu, MSP, is appointed as visiting professor of Missiology.
စိန်ပေါလ်သာသနာပြုအသင်းဂိုဏ်းမှ ဘုန်းတော်ကြီး ရောဘတ်ကျော်သူကို သာသနာပြုခြင်းအကြောင်း သင်ကြားပေးရန် ယာယီ စာချဘုန်းတော်ကြီး ခန့်အပ်ခြင်း

မြန်မာနိုင်ငံမှ ဆရာ​တော်ကြီးများ ပုပ်ရဟန်းမင်းကြီး လေအိုကိုသွားရောက်တွေ့ဆုံရန်ထွက်ခွာကြ
26/05/2026

မြန်မာနိုင်ငံမှ ဆရာ​တော်ကြီးများ ပုပ်ရဟန်းမင်းကြီး လေအိုကိုသွားရောက်တွေ့ဆုံရန်ထွက်ခွာကြ

Sr. Francisca Aung Leng (FMM) ၏ ငွေစင် ဂျူဗလီထီးလင်းစီရင်စုခေါက်ထားရွာမေ ၂၁… ၂၀၂၆
22/05/2026

Sr. Francisca Aung Leng (FMM) ၏ ငွေစင် ဂျူဗလီ
ထီးလင်းစီရင်စု
ခေါက်ထားရွာ
မေ ၂၁… ၂၀၂၆

10/11/2025

ဂျူဗလီ သီချင်း
Mindat Diocese
"Jubilee of Education''
Lukse
8.11.2025

မင်းတပ် ကက်သလစ် သာသနာပိုင် ဆရာတော်၊ ဘုန်းတော်ကြီးများ နှင့် အမေရိကရောက် ကက်သလစ် ဘာသာတူများ တွေ့ဆုံမှုကို အောက်တိုဘာလ ၄ ရ...
04/10/2025

မင်းတပ် ကက်သလစ် သာသနာပိုင် ဆရာတော်၊ ဘုန်းတော်ကြီးများ နှင့် အမေရိကရောက် ကက်သလစ် ဘာသာတူများ တွေ့ဆုံမှုကို အောက်တိုဘာလ ၄ ရက် ၊ စနေနေ့ နံနက် ၉ နာရီတွင် zoom meeting ဖြင့် ပြုလုပ်ခဲ့ကြသည်။

ဓမ္မ ဆရာ ဆရာမများ ဂျူဗလီ ကျင်းပခြင်းလုပ်ရှဲဇုံလုပ်ရှဲမင်းတပ်သာသနာစက်တင်ဘာလ ၂၄ ရက်နေ့https://youtu.be/M8rLz2otx_E?si=45oS...
27/09/2025

ဓမ္မ ဆရာ ဆရာမများ ဂျူဗလီ ကျင်းပခြင်း
လုပ်ရှဲဇုံ
လုပ်ရှဲ
မင်းတပ်သာသနာ
စက်တင်ဘာလ ၂၄ ရက်နေ့
https://youtu.be/M8rLz2otx_E?si=45oSJMLrKZaVHyn2

မင်းတပ် ကက်သလစ် သာသနာပိုင် ဆရာတော် Augustine Thang Zawm Ghung သည် ၂၀၂၅ စက်တင်ဘာလ ၂ ရက်နေ့၌ ရောမမြို့သို့ ကောင်းမွန် စွာ ...
03/09/2025

မင်းတပ် ကက်သလစ် သာသနာပိုင် ဆရာတော် Augustine Thang Zawm Ghung သည် ၂၀၂၅ စက်တင်ဘာလ ၂ ရက်နေ့၌ ရောမမြို့သို့ ကောင်းမွန် စွာ ရောက်ရှိသွားပါကြောင်း သတင်းရရှိပါသည်။

Adresse

Naamsestraat 40
Leuven
3000

Heures d'ouverture

Lundi 08:00 - 22:00
Mardi 08:00 - 22:00
Mercredi 08:00 - 22:00
Jeudi 08:00 - 22:00
Vendredi 08:00 - 22:00
Samedi 08:00 - 22:00
Dimanche 08:00 - 12:00

Téléphone

+32465809969

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque OSC - Mindat Diocese - မင်းတပ်သာသနာ သတင်းပြန်ကြားရေးရုံး publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à OSC - Mindat Diocese - မင်းတပ်သာသနာ သတင်းပြန်ကြားရေးရုံး:

Raccourcis

Partager