10/09/2023
ရွှေရင်ကျော် ဂိုဏ်းတော်၀င်များအတွက် လိုက်နာစောင့်ထိန်းသင့်သော စည်းကမ်းချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်ုပ်တို့ ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ပညာခံယူထားကြသော ဆရာ ဆရာမတို့သည် အင်မတန်အရေးကြီးသော စည်းကျမ်းပိုင်းများကို တဦးချင်းသိဘို့ တာ၀န်ကြီးပါသည်။
ဘာသာရေး ၊သာသနာေ၇း ၊လူမူရေးတို့နှင့် တိုင်းပြည်အတွက် အများကြီး အထောက်ကူဖြစ်သည့်အတွက် တိတိကျကျ လိုက်နာဘို့အထူးလိုပါသည်။
အထက်လမ်းဆရာပီပီ ၀တ်စားဆင်ယဉ်မူကအစ ပြောဆိုမူတို့ကိုပါ အေ၇းပါလှငည့်အတွက် အောက်ပါစည်းကမ်းချက်တို့နှင့်အညီ လိုက်နာရပေမည်။
၁။ ။ မိမိဆရာနှင့် ဆရာ့ဆရာကြီးများအား ပညာဝါနှင့် အညီ နေရာပေးမှုနှင့်တကွ ဆုံးမစကားများကိုနာယူမှတ်သားရမည်။
၂။ ။ မိမိထက် ပညာဝါနည်းသော ဆရာ ဆရာမတို့ကို လိုအပ်သော အကူညီနင့်တကွ ဦးစားပေးလေးစားမူရှိ၇ပါမည်။
၃။ ။ မိမိထက်အသက်အ၇ွယ်ကြီးသော ပုဂ္ဂိုလ်များကို ပညာဝါအဆင့်မထား ဂဏဝုတ္တိ ၀ရဝုတ္တိ နေရာပေး၇မည်။
၄ ။မိမိဂိုဏ်းတော်မူလွဲသော အခြား ဆေ၊အင်း၊လက်ဖွဲ့၊ ဓာတ်လုံး၊ ဂါထာ၊ မန္တယားတို့ကို သုံးခြင်းဆောင်ခြင်းမပြုရ။
၅။ ။ မိမိအားချီးမြှင့်ပေးထားသော စမ များကို မိမိ၏ ဥပဇ္စာယ်ဆရာ၏ ခွင့်ပြုချက်မ၇ဘဲ အခြားဆ၇ာများကိုပေးကမ်းခြင်း မပြုရ။
၆။ ။ မိမိဥပဇ္စာယ်ဆရာမှ့ပိုချ ပေးထားသော ကုထုံးကုကွက်မှလွဲ၍သော်၎င်း၊ ပြောဆိုမှုချမှတ်ပေးထားသော နည်းနာနိဿယမှ လွဲ၍ မလုပ်၇။
၇။ ။မိမိမှ့ ပညာပေးပြန့်ပွားနိုင်သည့် ဆရာကြီးပိုင်းမှာ မိမိ၏တပည့်များအား စုတ်ခွက် စုတ်တံပင့်၍ ဆေးတော်ဖြည့်ပေးခြင်းစသော ကိစ္စ၇ပ်များကို မိမိဆရာကြီးများကို အကြောင်းကြား တင်ပြ၇မည်။
၈။ ။ မိမိဆရာကြီးများကို ဝေဖန်ခြင်း ကျော်လွှားခြင်းနှင့် တကွ ပညာညီအကိုခြင်းကိုပါဝေဖန်ခြင်း ကျော်လွှာခြင်းမပြုလုပ်၇။
၉။ ။ ဂိုဏ်းတော်ကြီးမှ ပေးအပ်သောတာ၀န်နှင့် ချမှတ်သောမူ အရ ဆောင်ရွက်ရမည်။
၁၀။ ။မိမိဂိုဏ်းတော်နှင့်တကွ အခြားသော ဂိုဏ်းဂဏများကို ပြိုင်ဆိုင်ခြင်း ပုတ်ခတ်ခြင်း တို့ကို လုံး၀ခွင့်မပြုလုပ်၇။
၁၁။ ။သမုဒိနတ်ဖြစ်သော အုပ်ချုပ်သူမင်း၊ အစိုးရတို့၏ ချမှတ်ထားသော စည်းကမ်းဥပဒေတို့ကို အစဉ်လေးစားလိုက်နာ၇မည်။
၁၂ ။အခြားဆရာများနှင့် စစ်ဆေးအပ်နှံထားသော လူနာများ၊ကုသဆဲလူနာများကို ကုသခြင်း၊ လက္ခံခြင်းမပြုလုပ်၇၊ ပထမဆရာက လွဲပြော်းအပ်နှံမှ ကုသရမည်။
၁၃။ ။ပညာပျက်ထားသောပုဂ္ဂိုလ် မိမိထံ၌ ပညာယူလို၍ လာရောက်၀န်ခံခဲ့သေ်ာ် ပထမဆရာထံ ပြန်လွတ်ပေး၇မည် ပထမဆရာသည် သေသွားသည်၎င်း၊ ပညာပျက်သွား၍၎င်း၊ မည်သူမှ ဆက်သွယ်မှုမလုပ်နိုင်သည့်ဘဝရောက်နေမှ့ မိမိဆရာအား အကြောင်းကြားပြီးမှ လုပ်ဆောင်၇မည်။
၁၄၊ ။အကြောင်းမဲ့ မြွေဖမ်းခြင်း၊ ကိုင်တွယ်ခြင်းနှင့်တကွ ပြိုင်ဆိုင်မူအနေနဲ့ အဆိပ်သောက်ခြင်း ငြင်းခုံခြင်း မပြုလုပ်၇။
၁၅။ ။နတ်စိမ်း နတ်ဝါးများ တင်မြှေက်ပြီးသား အစားအစာများ မစားမသောက်၇။
၁၆။ ။ မိမိတဦးတည်းအတွက်နှင့် ဂိုဏ်းတော်ကြီးနှင့်တကွ ဆရာ့ ဆရာများကို ထိခိုက်စေမှု မပြုလုပ်၇။
၁၇။ ။ကျင့်ကြံသင့်သော စရဏန်ှင့် သီလများကို အခါအခွင့်အ၇ ကျင့်ကြံအားထုပ်၇မည်။
၁၈။ ။ မိမိနှင့် ထိစပ်နေသော အသိုင်းအဝိုင်း ပတ်၀န်းကျင်ကို လိုက်လျှောညီထွေ ဆက်ဆံရမည်။
၁၉။ ။သင်္ခေပနယျ ကုထုံးကျမ်းစာအုပ်ကိုကြေညှက်၍ အဓိပ္ပယ်ဖော်ပြနိုင်၇မည်။
၂၀။ ။ နှစ်စဉ်ပူဇော်ပွဲအတွက် တာ၀န်ကြေပြီး မမေ့မလျှော့ ဆောင်ရွက်၇မည်။
၂၁။ ။မိမိနေအိမ်၌ ရှိနေသော ဘု၇ားကျောင်းအား တတ်နိုင်သမျှ သေသပ်ခန်းနားစေ၇န် စိုစိုပြေပြေဖြစ်၇န် ကျိုးစား လုပ်ဆောင်ရမည်။
၂၂ ဗုဒ္ဓဘာသာ အမည်ခံ ဂိုဏ်းတော်ဖြစ်သည့်အတွက် စာပေပဠိ၇ပ် ပဠိပတ်တို့ကို လေးစား၇န် အထူးသတိပြု၇ပေမည်။
#မူးရင်တင်ထားသူအားကျေးဇူးအထူးတင်ပါတယ်
🙏 ရွှေရင်ကျော် ဣစာသယ မဟီဒွီစေ ဂိုဏ်း 🙏
အဖဆရာဦးဝေဠုနိင်၏သားတပည့်
ဆရာဦးဝင်းမိုးကျော်(စုတ်တော်ပိုင်)
ပယောဂအတိုက်အခိုက်များစစ်ဆေးကုသပေးချင်း
ဂိုဏ်းတော်၏ပညာအမွေပေးအပ်ချင်
09687039557