Nang.Hseng.shwe

Nang.Hseng.shwe Nang.Hseng.shwe. [email protected]

03/11/2022

❛ ဂရု မစိုက်နဲ့ ❜
❒❒❒❒❒❒❒❒❒❒

☛ မင်းမှန်နေပေမဲ့ မင်းကိုမှားတဲ့လို့ပြောနေကြတဲ့

လူတွေကို ❛ ဂရုမစိုက်နဲ့ ❜
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ ကိုယ့်မှာရှိတဲ့အခက်အခဲ့တွေ ကိုယ်ပဲသိတာ

သူတို့သိမှာမဟုတ်ဘူး ရှင်းပြဖို့လည်းမလိုဘူး

❛ ဂရုမစိုက်နဲ့ ❜
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ မင်းဆုံးဖြတ်ချက်တွေအကြောင်း မင်းအသိဆုံး

တခြားလူတွေရဲ့ မေးခွန်းပေါ်အဖြေပေးနေစရာ

မလိုဘူး 'ဂရုမစိုက်နဲ့
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ မင်းဘယ်လောက်ပဲသစ္စာရှိရှိနေပေး

မင်းကိုမယုံကြည် တဲ့သူအတွက်

ငါ့ကိုယုံပါ လို့ ပြောစရာမလိုဘူး ဂရုမစိုက်နဲ့
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ မင်းဘယ်လောက်ပဲချစ်ပေးချစ်ပေး

မင်းအချစ်ကိုအလေးမထားတဲ့လူအတွက်

ချစ်နေစရာမလိုဘူး ဂရုမစိုက်နဲ့
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏
☛ တခြားလူတွေမင်းယုံကြည်ဖို့ထက်

မင်းကိုယ်မင်းယုံ့ကြည်ဖို့လိုတယ်
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

☛ တခြားလူတွေ ရဲ့ အထင်အမြင်တွေကို

ဂရုစိုက်ဖို့ထက် မင်းကိုယ်မင်း ဂရုစိုက်ဖို့လိုတယ်
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

ကိုယ့်လမ်းကိုလျှောက်✔
ကိုယ့်ကိုယ်ကို ဂရုစိုက်✔
ကိုယ့်ကိုယ်ကို တန်ဖိုးထား✔
ကိုယ့်ကိုယ်ကို ချစ်✔
﹏﹏﹏﹏﹏﹏﹏﹏﹏⊙﹏﹏﹏﹏﹏﹏﹏﹏﹏

📚 စာပေချစ်သူများအားလုံး အစဉ်လေးစားလျှက်🤝

ဆရာမလေး💕
ပန်းပျိုးလက် ✍️
ကျွန်မဖတ်ဖို့ 🎗️

03/11/2022

ငွေရှာဖို့မပျင်းပါနဲ့
💸💸💸💸💸💸

ငွေရှာဖို့မပျင်းပါနဲ့
ရွှေရှိ ငွေရှိမှ ဆွေမျိုးတော်ချင်တဲ့
အမျိုးတုတွေ ရှိနေသေးတာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
ကျွေးနိုင် မွေးနိုင်မှ
ပေါင်းသင်းချင်တဲ့ မိတ်ဆွေ
အတုတွေရှိနေသေးတာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းညံ မင်းအ တယ် မင်းတုံးတယ်ဆိုပြီး
အပစ်ပေါင်းစုံပြောနေတဲ့ လူတွေကို
ဒီငွေကပဲ မင်းတော်တယ်
မင်းကောင်းတယ်ဆိုပြီးပြောလာအောင်
လုပ်ပေးနိုင်တာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းမှာ ငွေရှိမှ မင်းရဲ့မိဘနှစ်ပါး
အေးချမ်းစွာ အနားယူနိုင်မှာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းမှာ ငွေရှိမှ မင်းရဲ့မိသားစု
လူတွေ အနိမ်မခံ အပြောမခံရမှာမို့..။

ငွေရှာဖို့မပျင်းပါနဲ့
မင်းမှာငွေရှိမှ မင်းမှာအိမ်ကြီးအိမ်ကောင်းရှိမှ
မင်းမှာ ကားအကောင်းစား
ဆိုင်ကယ်အကောင်းစား ရှိမှ
သူလိုအပ်သမျှ မင်းဖြည့်ဆည်းပေးနေမှ
မင်းကိုအရမ်းချစ်ပြနေမယ့် လူတစ်ယောက်ရှိနေမှာမို့..။

ငွေရှာဖို့လဲမပျင်းပါနဲ့
ကတ်စေးလဲကုတ်မနေပါနဲ့
ပေးသင့်တဲ့ လူကိုပေးလိုက်ပါ
ကျွေးသင့်တဲ့ လူကိုကျွေးလိုက်ပါ
သုံးသင့်တဲ့ နေရာမှာသုံးလိုက်ပါ
ပိုက်ဆံကို အလကားဖြုံးတီးမပြစ်လိုက်ပါနဲ့မိတ်ဆွေ..။
ငွေဆိုတာက လူတိုင်းကို
ပြောင်းလဲစေနိုင်တဲ့
ခေတ်ကြီးမို့..။

19/10/2022

စစ်မှန်တဲ့တန်ဖိုးဆိုတာ
=================

"လောကကြီးမှာ"
ကိုယ့်အပေါ်မကောင်းပြောနေလည်း ကိုယ်ကပြန်မပြောမိပါစေနဲ့.!

"ကိုယ့်အပေါ်"
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့.!

"ကိုယ့်အပေါ် "
အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း ကိုယ်ကအမြင်မစောင်းတစ်မျိုး မထင်မိပါစေနဲ့.!

"ကိုယ့်အပေါ် "
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း ကိုယ်က သူ့အပေါ်မေတ္တာ
မပျက်မိပါစေနဲ့.!

သူက ဘာပေးပေး ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေးလိုက်ပါ"


မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက် အကောင်းဆုံးပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်"

ဒီဘဝမှာ အမုန်းတွေရှိရင်လည်း ကျေပါစေ"

အငြိုးတွေရှိရင်လည်း ကျေပါစေ"

ဒီဘဝမှာ အကြွေးဆပ်ဖို့အကြောင်းပါလာရင် ဒီဘဝမှာပဲ
အကျေဆပ်ခဲ့လိုက်ပါ...

နောက်ဘဝတွေ အထိယူမသွားပါနဲ့.!

မိတ်ဆွေ "သိထားရမည့်အရာက---

ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို ချမနင်းဘဲ နေတတ်ရမယ်"

ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နာစရာစကားကိုဆင်ခြင်ပြောဆိုတတ်ရမယ်"

ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်"

ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို ငဲ့ညှာတတ်ရမယ်"

ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကိုမလုပ်မိအောင် စာနာတတ်ရမယ်"

ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်"

ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို ခံစားပေးတတ်ရမယ်"

ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်"

ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို နားလည်ပေးနိုင်ရမယ်...

ဒါဟာ ကိုယ်ချင်းစာတရားပဲ"
ကိုယ်ချင်းစာတတ်ပါစေ. . .


Sharing by.♥ Zawgyi Yan Naing ♥

04/10/2022
06/08/2022

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Nang.Hseng.shwe publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager